Tuesday, July 17, 2012

မြန်မာပြည် နှင့် စင်ကာပူ (Senior Software Developer)

Senior Software Developer
- Manage the team
- Database Design and Coding
- C#,SQL Server, MVC 3 Razor framework
- Good to have knowledge in cloud computing
- Mobile Knowledge for Android and iphone
- 150000 kyats to 300000 kyats
- Depend on experience

Credit goes to: http://www.myanmarcv.com/  

မြန်မာပြည်ပြန်ပြီး Senior Software Developer ပြန်လုပ်ရင် လခဘယ်လောက်ရမလဲ စိတ်ဝင်စားမိပါရဲ့ 
အဲဒီ link လေးမှာ လုပ်သက် ငါးနှစ်ရှိတဲ့ Senior Software Developer တစ်ယောက်အနေနဲ့ team ကို lead သို့မဟုတ် manage လုပ်နိုင်ရမယ်။ Database Design နဲ့ coding လဲ ကျွမ်းကျင်ပိုင်နိုင်မယ်ဆိုရင် လခ တစ်သိန်းခွဲ ကျပ်နှင့် သုံးသိန်းအကြား တောင်းလို့ ရကောင်းရနိုင်ပါမယ်။ (လုပ်သက်နဲ့ ကျွမ်းကျင်မှု ပေါ် ညှိနှိုင်းလစာ အနေနဲ့)

တခြား ကုမ္ပဏီတစ်ခုကတော့ သုံးသိန်း နဲ့ ငါးသိန်းကြား ပေးမယ်လို့ ကြားမိပါတယ်။ တကယ်လျှောက်ရင် တကယ်ပေးမပေးတော့ မသိဘူးနော်။ စင်ကာပူမှာဆိုရင်တော့ အဲဒီလုပ်သက်မျိုး ကျွမ်းကျင်မှုမျိုးဆို စင်ကာပူ ဒေါ်လာ 2500 ကနေ 3000 ကြားက တောင်းမလွဲ ရပါတယ်။ (.net နဲ့ mobile app ကိုပြောတာပါ။) PR (အမြဲတမ်းနေထိုင်ခွင့် ရပြီးသား) မလို့ ဘာ pass မှ လျှောက်ပေးစရာတောင် မလိုရင်တော့ လခ 3000 အထက်ရပါတယ်။ ပြောချင်တာက စင်ကာပူမှာ အလုပ်လုပ်နေဆဲသူတွေ ပြန်သင့်ပြီးလား စဉ်းစားရင် လစာ နှိုင်းယှဉ်ပြီး ကိုယ်ပိုမဲ့ ပိုက်ဆံနဲ့ ကိုယ့်အိမ်ကိုပြန်ပေးနိုင်မဲ့ ပမာဏ ပြန်တွေးပြီးတော့ မပြန်ချင်သေးပါဘူး။ နေခွင့်လုပ်ခွင့် ရှိသေးရင်တော့ နေချင် အလုပ်လုပ်ချင်ပါသေး၏။

အခုနောက်ပိုင်း လတ်တလောမှာတင် စင်ကာပူမှာ PR မကျသေးသူများအတွက်ကတော့ pass renewal လုပ်ချိန်၊ pass အသစ်လျှောက်ချိန်တိုင်းမှာ လွန်ခဲ့တဲ့ နှစ်များကထက် ပိုပြီး ရင်ခုန်ရင်း ဆင့်ကာပူနေရဆဲပါ။ 

စင်ကာပူကို အလုပ်လာရှာဖို့ ကြိုးစားချင်သူတွေ အတွက်ကတော့ အစစအရာရာ ထောင့်စေ့အောင် ပြင်ဆင်ပြီးမှ လာသင့်မယ်ထင်ပါရဲ့။ မဟုတ်ရင် အလုပ်တော့ ရပါ၏။ လစာကနည်းပြီး pass ကလဲ approve မဖြစ်လို့ ပြည်တော်ပြန်ရရင် နေစရိတ် စားစရိတ် ခရီးစရိတ် ကုန်ပြီး မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဖြစ်မှာ စိုးရိမ်ပါရဲ့။ သေချာဆုံးဖြတ် နှစ်ခါပြန်အောင် စဉ်းစားပြီးမှ အလုပ်လာရှာစေချင်ပါတယ်။ ထွက်မလာဖြစ်သေးလဲ မြန်မာမှာတင် လစာ နှစ်သိန်း သုံးသိန်းနဲ့ အလုပ်ရနိုင်ရင် တစ်နှစ်လောက် လုပ်သက်အတွေ့အကြုံစု ထပ်စောင့်ပြီး စင်ကာပူမှာ pass တွေ အခြေအနေကောင်းအောင် စောင့်ကြည့်ပြင်ဆင်ရင် သင့်တော်မယ်လို့ စဉ်းစားမိပါတယ်။ 

အဲလိုမှမဟုတ်လဲ မြန်မာပြည်ကနေ အလုပ်လှမ်းလျှောက်ပြီး စင်ကာပူက ကုမ္ပဏီက pass လျှောက်ပေးလို့ approve ဖြစ်ပြီး သေချာချိန်မှ လာမယ်ဆိုရင်တော့ အတိုင်းထက်အလွန် အဆင်ပြေမှာပါ။

ဒီရက်ပိုင်း အလုပ်ရပြီး Pass reject ဖြစ်လို့ ပြန်သွားဖြစ်တဲ့ သူငယ်ချင်း၊ မောင်နှမတွေလဲ အမြန်ဆုံး approve ဖြစ်ပြီး ပြန်လာနိုင်စေကြောင်း ဆုများလဲ တောင်းပေးပါ၏။ ပြန်မလာဖြစ်တော့သော သူငယ်ချင်း၊ မောင်နှမများလဲ လစာကောင်း အလုပ်အကိုင်ကောင်းများနဲ့ အဆင်ပြေစေကြောင်း ဆုမွန်ကောင်းလဲ တောင်း၏။ 


မှတ်ချက်။ ။ IT နှင့် ပါတ်သက်သော အလုပ်ရှာသူများအတွက် မျှဝေခံစားပါသည်။