Monday, May 7, 2012

MIDO ဘာလဲ၊ ဘယ်လဲ?

MIDO လို့ နာမည် ကြားတယ်။ ဘာလဲ ဆိုတာသိချင်မိတယ်။ နေဘုန်းလတ် ဦးဆောင်ပြီး မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုတွေကို ယုံကြည်စွာနဲ့ တိုင်းပြည်ရဲ့ ရှေ့ဆက်သွားရမဲ့ တည်ဆောက်ရေး လုပ်ငန်းတွေမှာ အားအင်တစ်ခုအဖြစ် ပါဝင်နိုင်ဖို့အတွက် မြန်မာ အိုင်စီတီ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ | Myanmar ICT Development Organization (MIDO) ဆိုတဲ့ အမည်သစ်လေးနဲ့ အဖွဲ့အစည်းလေးတစ်ခု ပြန်လည် မွေးဖွားလာခဲ့တာပါတဲ့။ 

ဒါဆို MIDO ဘယ်လဲဆိုတာကို မေးလာခဲ့ရင်....
ဒီမှာ ကိုယ်တိုင် ဖတ်ကြည့် သိနိုင်ပါ၏။

နေဘုန်းလတ်က MIDO အဖွဲ့အနေဖြင့် မြန်မာနိုင်ငံနည်းပညာ ဖွံ့ဖြိုးမှုအားနည်းသည့် ဒေသများတွင် ကွန်ပျူတာ အခြေခံအသုံးပြုနည်း၊ အင်တာနက် အခြေခံအသုံးပြုနည်းများ သင်တန်းများ အပြင် ရေရှည်အားဖြင့် မြန်မာနိုင်ငံ အမျိုးသားအဆင့် ဆက်သွယ်ရေး ဆိုင်ရာမူဝါဒများ ပေါ်ထွန်းလာဖို့ အကြံပြုသွားမည့် ရည်ရွယ်ချက်မျိုးအထိ ထားရှိသည်ဟု စာနယ်ဇင်း ရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။



MIDO နှင့်အတူ ဘာတွေ ဖြည့်ဆည်းပေးနိုင်ပါသလဲ? MIDO နှင့်လက်တွဲကူညီလိုသူ၊ စေတနာ့ဝန်ထမ်းလုပ်ဆောင်ပေးလိုသူ တစ်ယောက်ဖြစ်မယ်ဆိုရင် ဒီနေရာက volunteer form လေးကို ဖြည့်စွက်နိုင်ပါတယ်။
MIDO လှမ်းနေတဲ့ ခြေလှမ်းလေးတွေ ခြေရာခံမယ်ဆိုရင်တော့ မျက်နှာစာအုပ်မှာ  MIDO ရှိ၏။

ဧပြီလမှာ လှူဒါန်းခဲ့တဲ့ အလှူရှင်များ ဖြစ်တဲ့
  1. မကြည်ဖြူသျှင်
  2. မချစ်သုဝေ(ထရီဇာ)
  3. ကိုဟန်မြင့်စိန် + မသီရိအောင်
တို့ကိုလဲ လေးစားအားကျ သာဓုခေါ်ပါတယ်။

MIDO အဖွဲ့လည်း vision & mission အတိုင်း ခြေလှမ်းမှန်မှန်နဲ့ ပန်းတိုင်ရောက် အောင်မြင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်နော်။

2 comments:

ပီကေ said...

လွန်ခဲ့တဲ့ သုံးနှစ်က လုပ်ဖို့ အားယူခဲ့တဲ့ အစီအစဉ်၊ အလုပ်မဖြစ်ခဲ့တဲ့ အစီအစဉ်တွေကို ဒီ MIDO အဖွဲ့အနေနဲ့ အကောင်းဆုံး၊ အန္တရာယ်ကင်းစွာ လျှောက်လှမ်းနိုင်ပါစေ လို့ပဲ အဝေးတစ်နေရာကနေ ဆုတောင်းပေးနေရုံပါပဲ မမီရယ်။ ဒါပေမယ့် ကူညီပေးနိုင်တာ ကူညီပေးဖို့ အဆင်သင့်ပါပဲ။ ရန်ကုန်က အဖွဲ့ကိုလည်း အကြောင်းကြား ထားပါတယ်။ အဖွဲ့စဖွဲ့မယ်ဆိုတာ ဆုဝေ ပြောပြလို့ သိနှင့်ပြီးသားပါ။ အသင်းရဲ့ လုပ်ဆောင်ချက် တချို့ကိုလည်း ထိုက်သင့်သလောက် သိနေရတယ်။ ဘာပဲဖြစ်ဖြစ် တိုင်းပြည်အကျိုး လူမျိုးအကျိုး အားရပါးရ ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ မမီတို့လည်း အဝေးရောက်ဖြစ်နေမယ့် ကူညီပေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်။

သိ င်္ဂါ ရ said...

ကိုနေဘုန်းလတ် ပြောတဲ့ ... လွှတ်တော်ပြင်ပ နိုင်ငံရေး ဆိုတာမျိုးပေါ့ ... ။ နိုင်ငံ ပြောင်းလဲဖို့ အတွက် ဆိုတာ နိုင်ငံသား အားလုံး နဲ့ သက်ဆိုင်တာမို့ ... ဒီလို အချိန်ပေးပြီး လုပ်နိုင်ကြသူတွေ ၊ လုပ်ဖြစ်တဲ့ အစီအစဉ်တွေ အကြောင်း သိရတာ ၀မ်းသာ ဂုဏ်ယူမိပါတယ် ခင်ဗျာ ...