Thursday, April 29, 2010

သင်တန်းဖွင့်လှစ်မည်

“Administering the Standardized Network”

သင်တန်းဖွင့်လှစ်မည်

သတင်းအချက်အလက် နှင့် ဆက်သွယ်ရေးနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း (MCPA) နှင့် Assembler, Compu -Tech, M.S.T, BizNet Computer Center တို့ ပူးပေါင်းစီစဉ်မှုဖြင့် လက်တွေ့လုပ်ငန်းခွင်တွင် ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်စေရန် နှင့် MCPA Exam တွင် ဖြေဆို အောင်မြင်သူတိုးတက်လာစေရန် ဟူသော ရည်ရွယ်ချက်ဖြင့် “Administering the Standardized Network” သင်တန်းအား ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ Myanmar Info-Tech ရှိ အဆောင်(၁) သင်တန်းခန်းတွင် မေလ (၁၃) ရက်နေ့မှ မေလ (၁၆) ရက်နေ့အထိ နံနက်(၈း၃ဝ)နာရီ မှ ညနေ(၅း၃ဝ) နာရီအထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။ သင်တန်းကြေးမှာ ၇၅ဝဝဝ ကျပ်ဖြစ်ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းဝင်များအား ၁ဝ% Discount ပေးမည်ဖြစ်သည်။

အဆိုပါသင်တန်းတွင် ကွန်ပျူတာအခြေခံအဆင့် လေ့လာထားပြီး၊ Computer Network ချိတ်ဆက် ထိန်းသိမ်းမှုကို စိတ်ဝင်စားစွာလေ့လာလိုသူများ၊ ကုမ္ပဏီများ၊ ဌာနဆိုင်ရာများတွင် Computer Network ဖြင့် နေ့စဉ် ထိတွေ့လုပ်ကိုင်နေရပြီး သင်တန်းအတွက် အချိန်များစွာ မပေးနိုင်သူများ၊ ကွန်ပျူတာသင်တန်းများ၊ တက္ကသိုလ်များမှ ကျောင်းဆင်းပြီး Computer Network ဘာသာရပ်ကို အထူးပြုလေ့လာနေသူများ၊ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ စစ်ဆေးလျှက်ရှိသော Network စာမေးပွဲများကို ဝင်ရောက်ဖြေဆိုရန် လေ့လာနေသူများအတွက် Network အခြေခံသဘောတရားများ၊ Standard များမှ အစပြုပြီး၊ အဆင့်မြင့် မျက်မှောက် နည်းပညာရပ်များ IPv6, Cat6Cabling, Hotspot, Info security, WAN Technologies, Server Managements များစာတွေ့၊ လက်တွေ့ပါဝင်ပြီး MCPA စာမေးပွဲများနှင့် Network အထူးပြု Certification များဖြေဆိုရာတွင် အထောက်အကူရရှိပါမည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ်-၆၅၂၂၇၆ သို့ မေလ (၁o)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ကြောင်း သတင်းရရှိသည်။

Friday, April 23, 2010

မြန်မာ နဲ့ စလုံး မှာ အလုပ်လုပ်ရတဲ့ကွာခြားချက်(၁)

မြန်မာ နဲ့ စလုံးမှာ အလုပ်လုပ်ရတဲ့ကွာခြားချက်လေးကို ကိုယ်တွေ့ အတွေ့အကြုံတွေရော .... ကြားဖူးနားဝတွေရော ... ဘါတွေရော ညာတွေရော အကြောင်း ပြောပြစေချင်ပါတယ်လို့ ထိုင်ဝမ်မှာ အလုပ်လုပ်နေတဲ့ ညီမငယ်တစ်ယောက်က သိချင်လို့ မေးထားပေမဲ့ မဖြေဖြစ်ခဲ့ဘူး။

ဒီလထဲမှာ အားနေတော့မှပဲ ကိုယ်ဘာသာကိုယ်လဲ ပြန်သုံးသပ်မိတာလေးတွေကို ချရေးထားမိတယ်။

၁) အလုပ်ချိန်

မြန်မာမှာတုန်းက တစ်ရက်ကို အလုပ်ချိန် ရှစ်နာရီ တစ်ပတ်ကို ခြောက်ရက်နဲ့ ဂဇက်တက်ရုံးပိတ်ရက်ကို အလှည့်နဲ့တစ်လှည့်စီ နားတဲ့ ကုမ္ပဏီမျိုးလဲ လုပ်ဖူးတယ်။ တစ်ရက်ကို အလုပ်ချိန် ရှစ်နာရီ တစ်ပတ်ကို ငါးရက်နဲ့ ဂဇက်တက်ရုံးပိတ်ရက်တိုင်း အပြည့်အ၀ နားခွင့်ရတဲ့ ကျောင်းမျိုးမှာလဲ လုပ်ဖူးပါတယ်။ တစ်နှစ်ကို ကျန်းမာရေးခွင့် (နာမကျန်းခွင့်) ဆယ်ရက်တော့ ရပါတယ်။ နှစ်စဉ် ခရီးသွားဖို့ သို့မဟုတ် အိမ်ပြန်ဖို့ သော်လည်းကောင်း စာမေးပွဲတွေ သင်တန်းတွေတက်ဖို့သော်လည်းကောင်းအတွက်ကတော့ လစာမဲ့ ခွင့်ယူခဲ့ရတာပဲ များပါတယ်။

စင်ကာပူမှာကတော့ တစ်ရက်ကို အလုပ်ချိန် ၉နာရီ (ထမင်းစားချိန် တစ်နာရီထည့်တွက်ထားတာပါ) နဲ့ တစ်ပတ်ကို ငါးရက်၊ public holiday တိုင်းနားရပြီး တစ်နှစ်ကို ကျန်းမာရေးခွင့် MC 10days နဲ့ annual leave 12days ရပါတယ်။

ကျွန်မအမြင်ကတော့ ကုမ္ပဏီတွေအနေနဲ့ကတော့ ဘာမှ ထူးခြားလှစွာ မကွာခြားပါဘူး။ လူကိုယ်တိုင် အလုပ်တာဝန်အပေါ် commitment ယူတတ်တာနဲ့ ကိုယ့်ရဲ့ သက်မွေးဝမ်းကြောင်း အလုပ်အကိုင်ရဲ့ လုပ်ငန်းသဘောအပေါ်မှာပဲ မူတည်သွားတာပါ။ ခုလက်ရှိ အလုပ်မှာဆို အလုပ်ချိန်လဲ flexible ဖြစ်ပြီး annual leave ကလဲ fair ဖြစ်ပါတယ်။ အိုဗာတိုင်နဲ့ လစာ+bonus ကိစ္စတွေကတော့ အလုပ်မခန့်ခင်ကတည်းက contract အနေနဲ့ဖြစ်ဖြစ် permanant staff အနေနဲ့ပဲ ဖြစ်ဖြစ် ရှင်းလင်းစွာ ညှိနှိုင်းခဲ့ပြီးတဲ့ အတိုင်း carry on ဖြစ်သွားတာပါပဲ။ OT ကိစ္စတွေ လစာကိစ္စတွေနဲ့ ပတ်သက်ပြီး MOM ကို တိုင်ကြားစရာ အကြောင်းလဲ မရှိသလို ဖြေရှင်းပေးမှာလဲ မဟုတ်ပါဘူး။

ကြုံဖူးတဲ့ ပြဿနာတွေကတော့ Abuse လုပ်တာမျိုးဆန်တဲ့ အိမ်ရှင်၊ အိမ်ဖော်ကိစ္စနဲ့ အလုပ်ချိန်ပိုပြီး မတရားခိုင်းစေတာမျိုးခံရတဲ့ အလုပ်သမားကိစ္စတွေလောက်ပါပဲ။

ဒါတွေကတော့ ယေဘုယျ ကျွန်မရဲ့ သဘောထားအမြင်တွေပါ။
အသေးစိတ်ထပ်ပြီး သုံးသပ်ဦးမယ်ဆိုရင်တော့.....

မြန်မာမှာတုန်းက သူများတွေနားရက်မှာ gazetted holiday ဖြစ်ရက်နဲ့ ကိုယ်က အိုဗာတိုင်ကြေး မရပဲ အလုပ်တက်နေရတာမျိုးနဲ့၊ စာမေးပွဲဖြေဖို့ စာကျက်ဖို့တောင် ခွင့်ရက် လုံလုံလောက်လောက်မရတာမျိုးမှာဖြစ်ဖြစ်၊ ဒါမှမဟုတ် တစ်ရက်ကို အလုပ်ချိန် ၈နာရီကျော်အောင် ကျားကုတ်ကျားခဲ အလုပ်လုပ်နေသူဖြစ်ပေသိ ညနေအစား ည၈နာရီကျော်၊ ၉နာရီကျော်ပြန်သော်ငြား မနက် ရုံးချိန် ၉နာရီထက်နောက်ကျရက်များလို့ လုပ်အားခရဲ့ အဆနဲ့ လစာ ဖြတ်တောက်ခံရလို့ တစ်လကို နှစ်သောင်းခွဲမှ လေးသောင်းခန့်ထိ အဖြတ်ခံရတဲ့အခါမျိုးမှာ အလုပ်သမားကောင်စီလဲ အားကိုးမရ ဒီလိုပဲ ခေါင်းငုံ့ မျက်ရည်ကျ မန်နေဂျာဘ၀မျိုးလဲ အမှတ်ရမိသေးတယ်။

စင်ကာပူမှာတော့ MOM က ဘာမှ လုပ်ပေးတာ မလုပ်ပေးတာ အပြစ်ပြောစရာ ကိစ္စကလဲ မပေါ်ပေသိ မြန်မာသံရုံးကတော့ သူတို့ဆီကို ပြဿနာ တစ်စုံတစ်ရာ တိုင်ကြားမယ်ဆိုရင် English လို ပြောဆို တိုင်ကြားရပြီး နောက်ဆုံးရတဲ့ suggestion ကတော့ မိမိကိုယ်သာ ကိုးကွယ်ရာ ဖြစ်ပါတယ်။

ဝန်ခံချက်။ ။ မြန်မာတွင် အလုပ်လုပ်စဉ် ရုံးတက်နောက်ကျခဲ့၍ လစာဖြတ်ခံရသော်လည်း အမှတ်မရှိသော ကျွန်မ self discipline မရှိသောကျွန်မ၊ စင်ကာပူ ကုမ္ပဏီတွင်လည်း မနက် ၁၀နာရီမှသာ ရုံးရောက်လေ့ ရှိသော so called web developer သာဖြစ်ကြောင်း... သို့သော် ဤရုံးတွင် မရှိမဖြစ် တောက်တိုမယ်ရ အလုပ်မြဲနေသော ရွှေမြန်မာ ကျွန်မဖြစ်ကြောင်း...


ဆက်ရေးပါဦးမည်။

double equal & single equal (in javascript) ရဲ့ ခြားနားချက်

Java မှာဆိုရင်တော့ ဘယ်လိုလဲ မသိပါဘူး
Javascript နဲ့ တခြား programming language တွေမှာတော့ ပုံမှန်အားဖြင့်

== double equal sign for char and string . e.g if (name=="a" or "mimi")
singal qual sign = is used for expression like ( sum = 3 or a+b= c )

မှတ်ချက်။ ။ ညီမငယ်တစ်ယောက် google မှာလဲရှာမတွေ့ဖူးဆိုပြီး မေးထားဖူးလို့ ပြန်ဖြေပေးဖူးတာလေးပါ။

Friday, April 2, 2010

ညီမလေးဖတ်ဖို့....

ညီမငယ်လေးရေ

ခွဲခွာသွားသူနဲ့ ကျန်ရစ်ခဲ့သူမှာတော့ ကျန်ရစ်ခဲ့တဲ့သူတိုင်းအတွက် ပိုပြီးဝမ်းနည်း မဖြေသိမ့်နိုင်စရာ ခံစားရတာ လောကတရားပဲကွယ့်

အတိတ်က ပျော်ရွှင်ခဲ့ရတဲ့နေ့ရက်တွေကို ပျော်ရွှင်စရာအမှတ်တယ အနေနဲ့ပဲ သိမ်းထားပြီး ပြန်တမ်းတ စိတ်မကောင်းမဖြစ်ကြေး စိတ်နာစရာတွေရှိခဲ့လဲ အချစ်စမ်းခဲ့ကြတာပဲမို့ မေ့ပစ်ကြေးလေ
ညီမငယ်လေး သူ့ကို ချစ်ပြီး ပျော်ရွှင်တဲ့ဘဝလေး အိမ်မက်လေးမက်ဖူးတာကို သတိရရင်း သူလဲ သူလုပ်ချင်တဲ့ ဟိုစပ်စပ် ဒီစပ်စပ်လေးတွေ လွတ်လပ်ပျော်ရွှင်စွာ လုပ်ကိုင် နေထိုင်ရင်း မိတ်ဆွေသူငယ်ချင်းတွေအနေနဲ့ပဲ ဝေမျှခံစားကြတာပေါ့

ပြောမဲ့သာပြောတာပါ အစ်မလဲ ညီမလေးအရွယ်တုန်းက အဲလိုအချိန်မှာ အဲဒီလိုကြုံလာရင် ဒေါသတွေ၊ နာကျည်းချက်တွေနဲ့ပဲ ခံစားပြီး အထက်ကပြောသလို ဖြေတွေးနေနိုင်မယ်လို့တော့ မထင်ပါဘူးကွယ်။

တစ်ရက်တုန်းက နာတဲ့တရားထဲမှာလေ...
လမ်းခွဲရတာ ဝမ်းနည်းစရာလားတဲ့...
ရှင်ခွဲနဲ့သေခွဲရှိတယ်လေ၊ ရှင်ခွဲမှာ ဝမ်းနည်းစရာကောင်းတာနဲ့ ဝမ်းနည်းစရာမကောင်းတဲ့ လမ်းခွဲမှုမျိုးရှိသတဲ့ (သေချာဆက်ဖတ်နော် ရောင်းမစားတဲ့ တရားတွေလေ..)
တဏှာနဲ့ တက်မက်ပြီး မခွဲနိုင်မခွာရက် လမ်းခွဲကြရင် အတိတ်ကို တမ်းတ၊ ပစ္စုပ္ပန်ကို အလိုမကျ ဝမ်းနည်းစရာကောင်းတဲ့ လမ်းခွဲမှုမျိုးတဲ့ (တွေ့မြင်ဖို့ ကိုယ့်အနားပြန်ရောက်ဖို့ တမ်းတ ကြိုးပမ်းအားထုတ်မှုမျိုး) အဲဒါမျိုး ပူဆွေးဝမ်းနည်းနေတာက အားနေလို့တဲ့ :P
နောက်တစ်မျိုးက မေတ္တာနဲ့လမ်းခွဲတာမျိုး... ဘဝမှာ လောကရဲ့ ဓမ္မအရ အရမ်းချစ်တဲ့သူနှစ်ဦးတောင် တစ်နေ့လုံး အိမ်သာထဲအတူ မခွဲမခွာ မရှင်သန်နိုင်ဘူး ခွဲကြရတဲ့ အချိန်တွေရှိသတဲ့
အဲဒီလိုမျိုး ဘဝမှာ သူ့အကြောင်းတရားနဲ့သူ သူလျှောက်ရမဲ့လမ်း သူရွေး ကိုယ်လျှောက်မဲ့လမ်းကိုယ်ဆက်လျှောက် ခွဲခွာသွားသူလဲ သူ့ဘဝနဲ့သူ အဆင်ပြေပါစေ ကိုယ်တတ်နိုင်သလောက် စောင့်ရှောက်ပေးခဲ့ပြီးသားဆိုတဲ့ မေတ္တာနဲ့ လမ်းခွဲမှုမျိုးကျ ဝမ်းနည်းစရာ မဟုတ်ဘူးတဲ့..

ကဲ... ညီမငယ်လေးရော

သံသရာ ကြီးက မြစ်ကြီးနဲ့ တူသတဲ့
ဘဝဆိုတာရထားတဲ့ လူတွေကတော့ ဒိုက်ပင်ဗေဒါတွေနဲ့ တူသတဲ့
ကံကြမ္မာဆိုတာက လေနဲ့တူသတဲ့
အဲဒီ ကံကြမ္မာလေက တိုက်လိုက် အဲဒီဒိုက်တွေ ဗေဒါတွေက မြစ်ကြီးထဲမှာ လေတိမ်းရာလိုက်ယိမ်းရင်း အရှေ့၊ အနောက်၊ တောင်နဲ့ မြောက်တွေကို ရွေ့နေကြရသတဲ့
အဲလို တိမ်းရင်းယိမ်းရင်း ဒီဘက်ဒိုက်ပင်အုပ်စုတွေနဲ့ ပူးသွားလိုက် ခွာသွားလိုက်တဲ့၊ တခါတလေကျတော့လဲ လေကြောင်းသင့်လို့ ခွဲခွာခဲ့တဲ့ ဒိုက်ပင်တွေနဲ့ ပြန်ပေါင်းလိုက်ကြနဲ့ပဲလေတဲ့။
(ကံမကုန်လို့ ပြန်ဆုံတယ်ပြောပြောပေါ့နော်)

ညီမငယ်လေးရေ နားလည်တယ်နော်...

စာလဲရှည်သွားပြီ မပြန်ရေးလဲ ရတယ်နော်
ရင်ထဲပေါ့သွားအောင် ပြောပြချင်တဲ့သဘောရယ် နာမိတဲ့ တရားလေးကို ပြန်ရေးပြောချင်တာရယ်လေ (ဘလော့က မရေးတော့ပေမဲ့ အကျင့်ပါနေလို့) :P

Wish you all the best!

ထာဝရ ညီမလေးရဲ့....

သူ ပျော်ပါစေ တောင်းဆုဖြင့်သာ

သံယောဇဉ်ဖြင့် ရင်မှာနှောင်ရစ်၊

ဝေဒနာအပူတစ်စ သူ မျှကာ မပေးလည်း၊

နားလည်တတ်စွာ ပျောက်ဆုံးနေသော စကားလုံးများကို မဖွေရှာခဲ့၊

သူ ရှိနေသည် အသိကသာ လန်းဆန်းစေသော အားဆေးတစ်ခွက်၊

တွေး၍မပူ၊ ပူ၍မဆွေး

ကိုယ်စီ အကြောင်းပြချက် ရှိလိမ့်မြဲဟု

သူ ပျော်ပါစေ တောင်းဆုဖြင့်သာ

ဒီမြေ ဒီနေရာမှာ နေတတ်ခဲ့ပြီ။


Remark: ကြိုက်လို့တင်ထားပါသည်။ ဘယ်ကရမှန်းမမှတ်မိပါ