Thursday, May 13, 2010

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အသိအမှတ်ပြုစာမေးပွဲများ

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အသိအမှတ်ပြုစာမေးပွဲများ

ကျင်းပမည်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အသိအမှတ်ပြုစာမေးပွဲများကို ၂ဝ၁ဝ ပြည့်နှစ်၊ ဇွန်လတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနှင့် အသင်းခွဲများရှိရာ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း နှင့် ရှမ်းပြည်နယ်တို့တွင် တပြိုင်နက် ကျင်းပစစ်ဆေးသွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်း၏ စာမေးပွဲများမှာ အိုင်တီ ပညာရှင်များအဖြစ် အသက်မွေးဝမ်းကျောင်းပြုလိုသော ကျောင်းသူ ကျောင်းသား များ၊ အသင်းဝင်များအတွက် အရည်အချင်း ကို အသိအမှတ်ပြုခံနိုင်ရေးအတွက် ဦးတည်စစ်ဆေးသော စာမေးပွဲများဖြစ်သည်။

အဆိုပါစာမေးပွဲများသည် Professional နယ်ပါယ်သို့ စတင်ဝင်ရောက်ရန်အတွက် အဓိကလိုအပ်သော အသိပညာ များနှင့် ကျွမ်းကျင်မှုများကို ဦးတည်စစ်ဆေးသော စာမေးပွဲများဖြစ်သည်နှင့်အညီ စာမေးပွဲအောင်မြင်သူများသည် ပညာရှင် နယ်ပယ်တွင် စတင်လုပ်ကိုင်သည့် အခြေအနေသို့ရောက်မည်ဖြစ်သည်။

စာမေးပွဲအမျိုးအစားများ - (1) MCPA Certified Fundamental Software Engineer (FSE)

(2) MCPA Certified Network Associate (NA)

စာမေးပွဲကျင်းပမည့်နေ့ - ၂ဝ၁ဝ ပြည့်နှစ်၊ ဇွန်လ (၂ဝ) ရက် (တနင်္ဂနွေနေ့)

စာမေးပွဲပြုလုပ်မည့်အချိန် - နံနက် (၉း၀၀) နာရီမှ နေ့လည် (၁၂း၀၀) နာရီအထိ

နောက်ဆုံးစာရင်းပေးမည့်ရမည့်နေ့ - ၂ဝ၁ဝ ပြည့်နှစ်၊ ဇွန်လ (၁၆) ရက် (ဗုဒ္ဓဟူးနေ့)

စာမေးပွဲကြေး - ၅ဝဝဝ ကျပ်

(MCPA အသင်းဝင်များအား ၁ဝ% Discount ပေးပါမည်။)

ကျင်းပမည့်နေရာ - Function Hall (2), မြန်မာအင်ဖိုတက်ခ်, လှိုင်တက္ကသိုလ်နယ်မြေ

ရန်ကုန်။

အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ မြန်မာအင်ဖို တက်ခ်၊ လှိုင်တက္ကသိုလ်နယ်မြေ၊ ဖုန်းနံပါတ် ၆၅၂၂၇၆ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။


လေးစားစွာဖြင့်
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း

No comments: