Monday, February 1, 2010

မြန်မာများ အတွက် မြန်မာ

မြန်မာများ အတွက် မြန်မာဆိုသည်မှာ

မြန်မာများ အတွက် မြန်မာ (M4M Group) သည် မည်သည့် နိုင်ငံရေး၊ ဘာသာရေး၊ စီးပွားရေး များ နှင် ပတ်သက် ဆက်နွယ်မှု မရှိဘဲ အနှောင်အဖွဲ့ ကင်းရှင်းစွာဖြင့် မြန်မာ နိုင်ငံသားများ အတွက် သာရေး၊ နာရေး စသော လူမှုရေး လုပ်ငန်းများနှင့် ဖွံ့ ဖြိုးရေး လုပ်ငန်းများကို သာ ဦးတည် ဆောင်ရွက်ရန် ရည်ရွယ် ပြီး နိုင်ငံ အသီးသီးရှိ မြန်မာလူငယ်အချို့မှ စေတနာ သန့်သန့်ဖြင့် စုစည်း ထားသည့် အပျော်တမ်း အွန်လိုင်း လူမှုရေး အစုအဖွဲ့ငယ် ( Online Community Group) တစ်ခု သာလျှင် ဖြစ်ပါသည်။

၂၀၀၈ ခုနှစ် မေလအတွင်း မြန်မာနိုင်ငံ အတွင်း ၀င်ရောက်တိုက်ခတ်ခဲ့ သော နာဂစ် မုန်တိုင်းကြောင့် ထိခိုက် ဆုံးရှုံးခဲ့ရသည့် ပြည်သူများကို ပြည်တွင်းသာမက ပြည်ပရှိ မြန်မာ နိုင်ငံသားများမှ တတ်စွမ်းသမျှ ပံ့ပိုးကူညီ လှူဒါန်းမှု များ ကိုယ်စီကိုယ်ငှ ပြုလုပ် ခဲ့ကြပါသည်။ ထိုသို့ အထောက်အပံ့ ပေးခဲ့ကြသူများတွင် နာမည်ကြီး မြန်မာ ဖိုရမ်ကြီးတစ်ခု အတွင်း စုံဆည်း မိတ်ဆွေ ဖြစ်ခဲ့ကြသော မြန်မာ လူငယ်များမှ ဖိုရမ်ပေါ်တွင် တိုင်ပင်ကာ မိမိတို့ တတ်စွမ်း သလောက် ငွေကြေး စုစည်းပြီး မြန်မာ ပြည်တွင်းရှိ လှုမှုရေး လုပ်ငန်းများကို လက်တွေ့ လုပ်ကိုင် နေကြသော အဖွဲ့ အစည်းများ သို့ လှူဒါန်း ထောက်ပံ့ ခြင်းများ အပြင် အသိ မိတ်ဆွေများမှ တစ်ဆင့် လေဘေး ဒုက္ခသည် များကို တိုက်ရိုက် လှူဒါန်းမှု များကိုလည်း လုပ်ကိုင် ခဲ့ကြပါသည်။

နာဂစ်မုန်တိုင်း အလွန် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ကိုင် ရာတွင် ရေရှည် လုပ်ကိုင်ရန် လိုအပ်သည့် လုပ်ငန်းများ အနက် မုန်တိုင်းကြောင့် ခိုကိုးရာမဲ့ ကလေး သူငယ်များ၏ စား-၀တ်-နေရေး၊ ပညာ သင်ကြားရေး အတွက် တတ်စွမ်း သလောက် အထောက်အကူ ပေးနိုင်ရန် နှင့် နောင်တွင် မြန်မာနိုင်ငံ အတွင်း နာဂစ် ကဲ့သို့သော သဘာဝ ကပ်ဘေးများ ကြုံတွေ့ လာပါကလည်း ချက်ချင်း စုဆည်း ကူညီ ထောက်ပံ့ နိုင်ရန် အတွက် နည်းလမ်းများကို ၀ိုင်းဝန်း စဉ်းစားကြရာမှ “မြန်မာများအတွက် မြန်မာ” ဟူသည့် (Online Community Group) ငယ်တစ်ခု အဖြစ် စုစည်း ထောက်ပံ့ကြရန် ဆုံးဖြတ်တည်ထောင်ခဲ့ကြပါသည်။


မြန်မာများ အတွက် မြန်မာ၏ ရည်မှန်းချက် ဆောင်ရွက်ချက်များ

M4M Group အနေဖြင့် ကနဦး ခိုကိုးရာမဲ့ ကလေး သူငယ်များ ၏ နောင်ရေးအတွက် ထိုကလေး သူငယ်များကို ပြုစု ပျိုးထောင်ပေးရေး အပိုင်းကို ကနဦး ဦးစားပေး အစီအစဉ် အနေဖြင့် ဦးတည်ထားပြီး

* လူငယ် ဖွံ့ဖြိုးရေး ပရဟိတ ကျောင်းများ၊
* မိဘမဲ့ ပြုစုပျိုးထောင်ရေး ဂေဟာများ၊ သာသနာပြု အဖွဲ့အစည်းများ

ကို ရံပုံငွေ အထောက်အပံ့များ ပေးအပ် လှူဒါန်း သွားမည် ဖြစ်ပါသည်။

နောင် တွင် စွမ်းဆောင်နိုင်စွမ်းပေါ် မူတည်ပြီး ထူးချွန်သူ လူငယ်များအား ပညာသင်ဆုများ ပေးအပ်ခြင်း၊ ပညာသင် ထောက်ပံ့ ကြေးများ ပံ့ပိုးပေးခြင်းများ ကိုလည်း ဆောင်ရွက် နိုင်ရန်လည်း စီစဉ် ရည်မှန်းထားပါသည်။

No comments: