Thursday, January 14, 2010

Myanmar ICT Awards ပြိုင်ပွဲဝင်များကို ဖိတ်ခေါ်ခြင်း

အကြောင်းအရာ။ ။ Myanmar ICT Awards ပြိုင်ပွဲဝင်များကို ဖိတ်ခေါ်ခြင်း။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်း နှင့် ကွန်ပျူတာပညာရှင်အသင်းတို့မှ ကြီးမှူး၍

Myanmar ICT Award အတွက်ပြိုင်ပွဲကို ကျင်းပပြုလုပ်ရန် စီစဉ်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ အဆိုပါ Award ပြိုင်ပွဲဝင်လိုသူများသည် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၊ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းရုံးခန်း၊

Myanmar Info-Tech, (Hlaing Campus)၊ ဖုန်း-၆၅၂၂၃၈ သို့ လည်းကောင်း၊ အောက်ပါ email သို့ attachment file ဖြင့် လည်းကောင်း၊ ဇန်နဝါရီလ (၁၅) ရက်

နောက်ဆုံးထားပေးပို့နိုင်ပါကြောင်း အသိပေးအပ်ပါသည်။


မှတ်ချက်။ ။ ပြိုင်ပွဲ နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက www.myanmarictawards.org တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။




လေးစားစွာဖြင့်
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း

No comments: