Sunday, May 31, 2009

ခံစားမိသော...

ကျွန်တော်တို့က အမေ မကြောက်တဲ့ သေနတ်ပြောင်းကို
ကြောက်တဲ့ အမေ့သားတွေ

ကျွန်တော်တို့က အမေ မုန်းတဲ့ ဖိနှိပ်မှုနဲ့
အသားကျနေတဲ့ အမေ့သမီးတွေ

ကျွန်တော်တို့က
ဒေါင်းယောင်ဆောင်ထားတဲ့ ကျီးမိုက်တွေပါ အမေ

ဒီလူတွေက
အမေ့ရင်ကို လေးစေတဲ့အခါ
အမေ့သွေးကို အေးစေတဲ့အခါ
အမေ့နားကို ခါးစေတဲ့အခါ

အမေ ခွင့်မလွှတ်လိုက်ပါနဲ့ အမေ ...

(မောင်ပွတ်)

ကျွန်တော်တို့က အမေ မုန်းတဲ့ ဖိနှိပ်မှုနဲ့
အသားကျနေတဲ့ အမေ့သမီးတွေ လားလေ...
အင်း ဒီကဗျာကို ကြိုက်တယ်ဆိုတာထက်ကို...
ကျွန်တော်တို့က အမေ မုန်းတဲ့ ဖိနှိပ်မှုနဲ့
အသားကျနေတဲ့ အမေ့သမီးတွေ ဆိုတာကို လေးလေးနက်နက် ခံစားမိတယ်ကွာ...


အပြည့်အစုံဖတ်ရန် ဒီမှာ

Saturday, May 30, 2009

Nothing In Vain?

(This photo got from CMS which taken at London on 18 May)

They establish their wish to be free Aunty Su. They are starving and
giving efforts day by day! Not only London but also Singapore ... We
can say global action. Hope nothing in vain and wish everyone realize
that never defeat until quit from any game or battle!


(Praying for Aunty Su's free @Toapayoh Monastery, SG on 24th May)

Thursday, May 21, 2009

သူမက ကျမအတွက်တော့ ဓူဝံကြယ်...

ကြယ်တစ်ပွင့်တိုးလာလို့ ကောင်းကင်ကြီးကျဉ်းကျပ်သွားတာမှ မဟုတ်တာလို့ တစ်ယောက်ကပြောတယ်...

ငါသိနေတယ်.. အဲဒီကြယ်က ဓူဝံကြယ်ဖြစ်မှာ မြေခွေးတွေက ကြောက်သတဲ့...


ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို တရားခံဟုရေးခြင်းသည် အသရေဖျက်ခြင်းဟု ဘီအယ်လ်စီ ပြောတယ်။ ပုပ်သိုးနေတဲ့ ပုဒ်မရော အမှန်အကန်ပုဒ်ထီးရောတော့ ငါ နားမလည်ဘူး။
ဒါပေသိ ငါ့အထင်က ..မှန်၏....တရားခံဆိုတာထက် မတရားစွဲဆိုထားခြင်းခံရသူ.. အတိုချုပ်ရေးချင်ရင်လဲ မတရားခံလို့ ရေးသင့်၏..


What so ever, I wish Aunty Su got better days at soonest. I cannot wait it till tomorrow...

I have nothing to do but praying..



Monday, May 18, 2009

ဘာတွေဖြစ်ဦးမလဲ...

ဘာတွေဖြစ်ဦးမလဲ...

ကျမ်းကျိန်တယ်ဆိုတာ မှန်ရာထွက်ဆိုရတယ်တဲ့ မမှန်မကန်ထွက်ဆိုရင် ကျမ်းစာမှာပါတဲ့အတိုင်း ကျမ်းစူးပါစေလို့ ကျိန်ရတယ်လေ..အဲဒီကျိန်စာကို ယုံလား...
တရားရုံးမှာ ကိုင်ရတဲ့ ကျမ်းထုပ်အနီရောင်ထဲမှာပါတဲ့ ကျမ်းကျိန်စာအပြည့်အစုံကို သိသလား ဖတ်ဖူးသလား...
မလိမ်နဲ့ မမှန်မကန်မထွက်ဆိုနဲ့ မထိမ်ချန်နဲ့။ ထိမ်ချန်ရင် မမှန်တာကို ထွက်ဆိုရင် ဘေးဒုက္ခအပေါင်းနဲ့ ကြုံမှာ။

ကျမ ကျိန်စာတွေကို တကယ်တော့ မယုံပါဘူး။ ကျိန်စာသင့်တယ်ဆိုတာ ရှေးရှေးတုန်းက ပြောခဲ့ကြတဲ့ ဒန်နာရီပုံပြင်တွေပါ။ လူတစ်ယောက်ဟာ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။ လုပ်သမျှ ဆောင်ရွက်သမျှရဲ့ အကျိုးအပြစ်ကို သူခံစားရမယ်။ သက်ရောက်မှုတိုင်းအတွက် သူနဲ့ညီမျှတဲ့ တန်ပြန်သက်ရောက်မှုရှိတယ်။ ဒါကို ကျမယုံတယ်။ ဒါပေမဲ့ စာရွက်တစ်ရွက်ကိုင်ပြီး လိမ်ညာပြောရုံနဲ့ အန္တရာယ်ဆိုးတွေ ကြုံရမယ်ဆိုတာက ဖြစ်နိုင်ပါ့မလား။

သက်သေတွေကို ကျမ်းကျိန်ခိုင်းတဲ့အခါ ကျမ်းရဲ့ အနှစ်ချုပ်အဓိပ္ပါယ်ကိုပဲ ကျိန်ခိုင်းတာက အချိန်မကုန်အောင်လို့ပါ။ တကယ့်ကျမ်းရင်းက အရှည်ကြီးပဲ။ နတ်ဒေဝတာတွေနဲ့တိုင်တည်ပြီး ကျမ်းကျိန်ရတာ။

နမောတဿ ဘဂဝတော အရဟတော သမ္မသမ်ဗုဒ်ဓဿ လို့စဆိုရတယ်။ ပြီးတော့ ဂင်္ဂါသဲလုံးနှင့်အမျှ ပွင့်တော်မူကုန်သော ပညာဓိကဘုရား၊ ဝိဇ်ဇာဓိကဘုရား၊ သဒ်ဓါဓိကဘုရားအပေါင်းတို့ကို စောင့်ရှောက်ကုန်သော နတ်မင်းကြီးအပေါင်းက စောင့်ရှောက်ပါစေ။ ဟုတ်မှန်ရာကို ဆိုရမည်။ မဟုတ်မမှန်ဆိုခဲ့ပါက ဘုရားရှင်ကိုယ်တော်မြတ်ကို စောင့်သောနတ်တွေက သေအောင်သတ်ပါစေတဲ့။ အဲဒီအပြင် ဘုရားရဲ့ ဓာတ်တော်မွေတော်တွေကို စောင့်တဲ့နတ်တွေကလည်း သတ်ပါစေတဲ့။ လက်ယာရံ ရှင်သာရိပုတ္တရာ၊ လက်ဝဲရံ ရှင်မောဂ်ဂလန် စသော ရဟန္တာမြတ်တို့ရဲ့ ဓာတ်တော်မွေတော်တွေကို စောင့်တဲ့နတ်ကလည်း သတ်ပါစေ၊ အိုအစုံပဲ။ ဗေဒင်ကျမ်းစောင့်တဲ့နတ်၊ သာသနာတော် စောင့်တဲ့နတ်၊ ကျွန်းတွေစောင့်တဲ့နတ်။ မြစ်ချောင်း တွေကို စောင့်တဲ့နတ်တွေ မသေသေအောင် သတ်ပါစေတဲ့။

ဒါတင် ဘယ်ဟုတ်ဦးမလဲ။ သွေးခဲသွေးနက် ပွက်ပွက်ထွက်ပြီး ကိုယ်လက်ပြောင်းပြန် သွေးခဲအန်၍ သေစေသော ဆိုတာလည်းပါတယ်။ ဘေးရှစ်ပါး ဒဏ်ဆယ်ပါးလည်း သင့်ပြီး လတ်လတ်ချင်းချင်းသေပါစေ ဆိုတာပါတယ်။ ကိုယ်တွင်မကဘူး။ ကိုယ့်ရဲ့ သားသမီး မြေးတွေပါ ဥစ္စာပျက်စီးစေရမယ်။ ရေကိုသွားလည်း ရေသတ္တဝါတွေ မိကျောင်းလပိုင် ညွံထိကိုင်၍ မကာန်းလိပ်ငါး စား၍မနေ သေစေသော တဲ့

ကျမ်းကျိန်တဲ့စာလွှာက တစ်ပေခွဲအကွာလောက် ရှည်တယ်

ရေသွားရေသတ္တဝါ ကုန်းသွားရင် ကုန်းသတ္တဝါ ကျား၊ သစ် ဆင်၊ စိုင်၊ ဝက်အကောင်တွေ ကိုက်စားလို့ ထွားထွားညက်ညက် ကိုယ်လုံးပျက်ပြီး သေပါစေတဲ့။ မြွေပွေးမြွေဟောက် ငန်းပြောက်ငန်းကျား ပေါက်ထမနေ သေစေသောတဲ့။ လူဖြစ်ရင်လည်း လူချင်းမတူ နူနာရောဂါ ခရုသင်းစွဲပါစေ။ သေပြီးရင်လည်း ငရဲကြီး ရှစ်ထပ်၊ ငရဲငယ် တစ်ရာ့ဆယ့်နှစ်ထပ်နဲ့ အပါယ်လေးပါး လားစေသော တဲ့။

ကိုးကား။ ။ ဂျူး- သူမင်းကို ဘယ်တော့မှ (စာမျက်နှာ ၃၇၅-၃၇၆)

အမယ်လေး ဘုရားဘုရားလို့တောင် တမိပါတယ်။

ရုံးတင် အစစ်ခံရတဲ့သူတွေကတော့ ကျမ်းကျိန်ပါပြီ။ ကျမ်းစူးတာက တရားခံနဲ့ သက်သေတွေ မမှန်မကန်ထွက်ဆိုရင်ပဲလား။
တကယ်လို့ မမှန်မကန် ဆုံးဖြတ်ချက်ချတဲ့သူနဲ့ မမှန်မကန် တရားစွဲဆိုတဲ့သူတွေရော...

တကယ်တမ်း ပြောရရင် ဥပဒေဆိုတာ...
အဲဒီဥပဒေကို ထိန်းသိမ်း စောင့်ရှောက်သူတွေလောက်
ကြောက်စရာ မကောင်းပါဘူး။
(ချင်းတွင်းမဂ္ဂဇင်း အမှတ် ၃၅
စာမျက်နှာ ၆၃။ )


ဘာတွေဖြစ်ဦးမလဲ...ကိုယ်မေးမယ်...

Saturday, May 16, 2009

Friday, May 15, 2009

မန်းမြေကို လွမ်းသေပဲ...

For below, credit goes to ourmandalay.net, KoMgHla, KoChan!

နှစ်(၁၅၀)ပြည့်အခမ်းအနား မှတ်တမ်းပုံများ





မင်းတုန်းမင်းတြားကြီး ရုပ်တုဖွင့်ပွဲ မှတ်တမ်းပုံများ





၁၄ရက်ကနေ ၁၆ရက်နေ့ထိ သုံးရက်တောင် မန်းလေးမြို့တည် နှစ်၁၅၀ပြည့်ပွဲတော်ကျင်းပနေတဲ့ ခုလို အချိန်မျိုးမှာ ကိုယ့်မန်းမြေကို သေလောက်အောင် လွမ်းနေတာ... တင်ပေးတဲ့ဓာတ်ပုံတွေကြည့်ရင်း သီချင်းတွေနားထောင်ရင်းပဲ ရသေ့စိတ်ဖြေနေတော့မယ်... :(

ကိုမောင်လှ ရိုက်တင်ပေးထားတဲ့ ပုံတွေ...

ကိုချမ်းစုထားတဲ့ မန်းလေးအလွမ်းပြေ သီချင်းတွေ...

Mandalay Songs

Monday, May 11, 2009

How well do you know Melody Maung?

How well do you know Melody Maung?

1) What is my favorite drink?

a) Beer

b) Coffee

c) Tea

d) Liquor

e) Water


2) What is my sexiest feature?

a) Dress(Clothes)

b) Hair color

c) Eye contact

d) Laughing

e) Voice


3) If I had 1day left to live, how would I live it?

a) in my sweetheart's arms for whole day

b) gathering with friends for picnic or party

c) doing meditation at home alone

d) try to exchange with other's live as good deed

e) nothing speical for action and scaring to face it


4) How old was I when I went on my first date?

a) 30

b) 25

c) 18

d) 22

e) 16


5) What city was I born in?

a) Yangon

b) Mogoke

c) Sagaing

d) Thibaw

e) Mandalay


6) Who would I most like to meet within this year 2009?

a) sweetheart

b) family

c) childhood friends

d) old flame

e) who save my life


7) If I won the lotto, what is the craziest thing I would do?

a) go back to Mandalay

b) go to London so as to...

c) visiting around singapore

d) shopping at bangkok

e) meet with friends all over the world

ဘာညာပိစိကတော့ 85% မှန်ပြီး နံပါတ်တစ် ချိတ်ထားတယ်... ဖြေစေချင်တဲ့သူတွေ ဖြေထားပြီးတာမလို့တော့ ပျော်ပါတယ်။ ဘယ်သူတွေ ဆက်ဖြေဦးမလဲနော်..

ပုံထဲမှာ အဖြေတွေ ချောင်းမကြည့်ပဲ ဒီမှာ သွားဖြေကြည့်နော် ၁၀၀% မှန်ရင် ကော်ကော်တိုက်မယ် တကယ်.. here:



Result: ဆရာတေးက သူများအကြောင်းကို တော်တော်သိနေတယ် ၅၇% တောင်မှန်၏။ ကျော်ကျော်ဌေးကတော့ ဘဲဥမကွဲဘူးဗျာ။ သူတို့နှစ်ယောက်ရဲ့ result ကတော့မဆန့်တော့လို့ ဒီပုံထဲမှာမပါလိုက်ဘူး။ so sorry naw!

Sunday, May 10, 2009

နို့နှစ်လုံးဖိုးလုံးကျေပါတယ်

နို့နှစ်လုံးဖိုးလုံးကျေပါတယ်

အရှင်ဘုရား...
မြတ်စွာဘုရားရှင်ဟာ မိခင်ကျေးဇူးကို နို့တစ်လုံးဖိုးပဲ ကျေအောင် ဆပ်နိုင်ခဲ့တယ်ဆိုတာ မှန်ပါသလား ဘုရား။
မောင်မိုးကျော်သူ၊ ရန်ကုန်မြို့။

ဆရာတော် အရှင်ဆန္ဒာဓိက >>
ဒကာ မိုးကျော်သူရေ...
ဦးဇင်းတို့ လူဝတ်ကြောင်ဘဝ ငယ်ငယ်တုန်းက တက္ကသိုလ်အေးမောင်ရဲ့ ဘယ်ပန်းချီရေးလို့မမီ သီချင်းကို အရူးအမူး စွဲလမ်းခဲ့ဖူးပါတယ်။ အဲဒီသီချင်းများ ရေဒီယိုက မလာလိုက်နဲ့၊ အသက်ရှူဖို့မေ့သွားမတတ် ရှိရှိသမျှ သမာဓိတွေကို သီချင်းဆီ စုပြုံပို့ပြီး နှစ်နှစ်ခြိုက်ခြိုက် နားထောင်တော့တာပါပဲ။ ငယ်ဘဝရဲ့ တသသ သီချင်းတွေထဲမှာ အဲဒီ သီချင်းလည်း ထိပ်ဆုံးက ပါတာပေါ့။ မိဘမေတ္တာနဲ့ ပတ်သက်တဲ့ သီချင်းဆိုရင် ကလေးတိုင်း ကြိုက်ကြတာပဲ မဟုတ်လား။
မီဘမေတ္တာကို ဖွဲ့ဆိုတဲ့ သီချင်းတွေ ဇတ်လမ်းတွေဟာ သားသမီးတွေကို မိဘမေတ္တာနားလည်စိတ်၊ မိဘကျေးဇူးဆပ်လိုစိတ် ထက်သန်လာအောင် လှုံ့ဆော်တဲ့ နေရာမှာ စာပေထက်တောင် ပိုပြီး ထိရောက်ပါတယ်။ အနုပညာ ရသပါတဲ့အတွက် သားသမီးတွေရဲ့ ရင်ထဲကို စွဲစွဲနစ်နစ် ဝင်ရောက်သွားလို့ပါ။ အဲဒီအတွက် သက်ဆိုင်ရာ အနုပညာရှင်များကို အထူး ကျေးဇူးတင်မိပါတယ်။
ဒါပေမဲ့ ကိုယ်ဖန်တီးလိုက်တဲ့ မိဘမေတ္တာဖွဲ့ အနုပညာပစ္စည်းထဲမှာ မှားယွင်းတဲ့ အချက်အလက်တွေ၊ လွဲချော်တဲ့ အတွေးအခေါ်တွေ ပါနေရင်တော့ အဲဒီအချက်အလက်၊ အတွေးအခေါ်ကို အမှန်လို့ သတ်မှတ်သွားသူတွေရဲ့ အသိမှား အမှတ်မှားဟာ ကိုယ်ပေးလိုက်တဲ့ အကုသိုလ် အစိုင်အခဲကြီး ဖြစ်နေတာမို့ ကိုယ်လည်း အကုသိုလ်ရှယ်ယာ ဝေစုခွဲပြီးသား ဖြစ်သွားပါတယ်။
မိဘမေတ္တာအကြောင်း ရေးကြ၊ ဖွဲ့ကြပြီဆိုရင် ဗုဒ်ဓစာပေ(ပိဋကတ်တော်)ထဲက အဆုံးအမတွေ၊ အချက်အလက်တွေကို အများဆုံး ကိုးကားကြတာ တွေ့ရပါတယ်။ ဗုဒ်ဓစာပေနဲ့ မိဘမေတ္တာ၊ မိဘမေတ္တာနဲ့ ဗုဒ်ဓစာပေ ခွဲခြားလို့တောင် မရပါဘူး။ မိဘကျေးဇူးသိရမယ်၊ ဆပ်ရမယ် လို့ ပြောလိုက်ရင်ကိုပဲ ဒါ ဘာသာရေးအဆုံးအမ၊ ဒါ ဗုဒ်ဓလမ်းညွှန်ချက်လို့တောင် သတ်မှတ်နားလည်လိုက်ကြတဲ့ အထိပါပဲ။
ဗုဒ်ဓစာပေကို မှီငြမ်းတဲ့ မိဘမေတ္တာဖွဲ့တွေမှာ မြတ်စွာဘုရားရှင်တောင်မှ မိခင်ကျေးဇူးကို နို့တစ်လုံးဖိုးပဲ ကျေအောင် ဆပ်နိုင်ခဲ့တယ် ဆိုတဲ့ အချက်ကို တွေ့ရတော့ သိပ်ကို အံ့သြမိပါတယ်။ ပိဋကတ်တော်မှာ မပါတဲ့ အကြောင်းအရာတစ်ခုကို ပါသလိုလို ရေးသားပြောဆိုတာဟာ အရမ်းအရမ်းကို အပြစ်ကြီးပါတယ်။ နို့တစ်လုံးဖိုးပဲ ကျေတယ်ဆိုတဲ့ အချက်ကို မြတ်စွာဘုရားရှင် ကိုယ်တော်တိုင်လည်း ဟောကြားတော်မမူခဲ့သလို အဌကထာဆရာ၊ ဋီကာဆရာတွေကလည်း ဖွင့်ဆိုတော် မမူခဲ့ကြပါဘူး။
သားသမီးတွေ အပေါ်မှာ မိခင်ကျေးဇူး ကြီးမားတာမှန်ပါတယ်။ ဒါပေမဲ့ မိခင်ကို အမွှန်းတင်ချင်လွန်းတာနဲ့ မြတ်စွာဘုရားရှင်ကို ပုတ်ခတ်စော်ကားသလို ဖြစ်သွားတာကတော့ လုံးဝမသင့်တော်ပါဘူး။ ဘုရားတောင်မှ မိခင်ကျေးဇူး နို့တစ်လုံးဖိုးပဲ ကျေတယ်လို့ ပြောတဲ့သူဟာ ဘုရားကိုလည်း စော်ကားရာရောက်သလို တရားကိုလည်း ဖျက်ဆီးရာ ရောက်ပါတယ်။ သာသနာဖျက်တဲ့သူ လို့တောင် ပွင့်ပွင့်လင်းလင်း ပြောနိုင်တဲ့အထိ အကုသိုလ် ကြီးပါတယ်။
မြတ်စွာဘုရားရှင်ဟာ မိခင်ကျေးဇူးကို နို့နှစ်လုံးဖိုးလုံး ကျေအောင် ဆပ်နိုင်ခဲ့ပါတယ်။ မြတ်စွာဘုရားရှင်မှာ မိခင်အပေါ် နို့ဖိုးကြွေး လုံးဝမကျန်တော့ပါဘူး ဆိုတဲ့ မိန့်ဆိုရေးသားချက် ပိဋကတ်တော်(ထေရဝါဒ စစ်စစ် ဗုဒ်ဓစာပေ) မှာ အခိုင်အမာ အထင်အရှား ရှိပါတယ်။ ပါဠိတော်မူရင်း ကတော့ ဗန်ဓနာရက္ခနေ မယှံ၊ အနဏော တွံ မဟာမုနေ ပါ။(စာမျက်နှာ အညွှန်းနဲ့ ပါဠိအနက်ကို ဆောင်းပါးအဆုံးမှာ ဖေါ်ပြပေးထားပါတယ်)
.......................................................
.......................................................
(ဒီ အစက်တွေမှာ ဝှက်ပြီး ရေးထားတာတွေ အပြည့်အစုံဖတ်ဖို့ ဆက်ဖတ်ရန် ဆိုတာလေးကို နှိပ်နော် )
မိထွေးတော် ဂေါတမီ ထေရီမကြီး ပရနိဗ်ဗာန်စံဝင်ခါနီး (သေလွန်ခါနီး)မှာ မြတ်စွာဘုရားရှင်ကို စကားအတော်များများ လျှောက်ထားသွားခဲ့ပါတယ်။ အဲဒီ လျှောက်ထားချက်များစွာထဲက တစ်ခုကတော့ မြတ်စွာဘုရားရှင်ရဲ့ နို့ဖိုးကြွေးနဲ့ ပတ်သက်နေပါတယ်။ လျှောက်ထားပုံက ဒီလိုပါ။
မြတ်စွာဘုရား...၊ အရှင်ဘုရားကို တပည့်တော်က လောကနို့ရည် တိုက်ကျွေးပြီး အရှင်ဘုရားရဲ့ ရူပကာယ(ရုပ်ကိုယ်ထည်) ကြီးထွားလာအောင် မွေးမြူခဲ့ရတဲ့ အတွက် တပည့်တော်ဟာ အရှင်ဘုရားရဲ့ မယ်တော်ကြီး(မိခင်) ဖြစ်ပါတယ်။ တပည့်တော်ကို အရှင်ဘုရားက ဓမ္မနို့ရည် တိုက်ကျွေးပြီး တပည့်တော်ရဲ့ ဓမ္မကာယ(တရားကိုယ်ထည်) ကြီးထွားလာအောင် မွေးမြူခဲ့တဲ့အတွက် အရှင်ဘုရားဟာ တပည့်တော်ရဲ့ ခမည်းတော်ကြီး(ဖခင်) ဖြစ်ပါတယ်။ တပည့်တော် တိုက်ကျွေးခဲ့တဲ့ လောကနို့ရည်က ဆာလောင်မွတ်သိပ်ခြင်းကို တဒင်္ဂတစ်ခဏပဲ ငြိမ်းအေး ပြေပျောက်စေနိုင်ပါတယ်၊ အရှင်ဘုရား တိုက်ကျွေးခဲ့တဲ့ ဓမ္မနို့ရည်ကတော့ ဆာလောင်မွတ်သိပ်ခြင်းကို အမြဲထာဝရ ငြိမ်းအေး ပြေပျောက်စေနိုင်ပါတယ်။ မြတ်စွာဘုရား...၊ အရှင်ဘုရားဟာ တပည့်တော်ကို ကိလေသာ အနှောင်အဖွဲ့အားလုံးမှ လွတ်မြောက်အောင် စောင့်ရှောက်ကယ်တင်နိုင်ခဲ့တဲ့အတွက်ကြောင့် တပည့်တော်အပေါ်မှာ အရှင်ဘုရား နို့ဖိုးကြွေး လုံးဝမကျန်တော့ပါ။ မယ်တော့်ကျေးဇူးကို နို့နှစ်လုံးဖိုးလုံး ကျေအောင် ဆပ်နိုင်ခဲ့ပြီးပါပြီဘုရား..

ဒကာ မိုးကျော်သူရေ...
မိထွေးတော် ဂေါတမီ ထေရီမကြီးရဲ့ နို့ဖိုးကြွေးရှင်းတမ်း လျှောက်ထားချက်ကို မြတ်စွာဘုရားရှင်က ငြင်းဆင်ခြင်း လုံးဝမပြုပဲ လက်ခံတော်မူခဲ့တဲ့အတွက် အဲဒီလျှောက်ထားချက်သည်ပင်လျှင် မြတ်စွာဘုရားရှင်ရဲ့ မိန့်ကြားတော်မူချက်ပါပဲ။ တကယ်လို့သာ နို့ဖိုးကြွေး မကျေဘူးဆိုရင် ဟဲ့... ဂေါတမီ၊ သင်လျှောက်ထားတာ မှားနေတယ်၊ မိခင်ကျေးဇူးကို ငါဘုရား နို့နှစ်လုံးဖိုးလုံး ကျေအောင် မဆပ်နိုင်ဘူးကွဲ့၊ နို့တစ်လုံးဖိုးပဲကျေအောင် ဆပ်နိုင်တယ် လို့ မြတ်စွာဘုရားရှင်က စကားပြင်ပြောမှာပေါ့။ အခုတော့ အဲဒီလို စကားပြင်ပြောခဲ့တာမှ မဟုတ်ပဲ၊ ဆိတ်ဆိတ်နေပြီး လက်ခံတော် မူခဲ့တာပါ။
ဆာလောင်မွတ်သိပ်ခြင်းဆိုတာ တဏှာပါ။ လောကနို့ရည်က နို့ဆာတဲ့ တဏှာကိုပဲ ပယ်ဖျောက်ပေးနိုင်ပါတယ်။(ဒါတောင်မှ တဒင်္ဂပါ၊ အချိန်တန်တော့ ပြန်ဆာလာတာပါပဲ) တခြားဆာတဲ့ တဏှာတွေကိုတော့ ပယ်ဖျောက်မပေးနိုင်ပါဘူး။ နို့စို့အရွယ်မှာတောင် ဟိုလူ့မြင်ချင်၊ ဒီလူ့မြင်ချင်၊ ဟိုဟာစားချင်၊ ဒီဟာသောက်ချင်နဲ့ ဆာလောင်မွတ်သိပ်မှုမျိုးစုံ (လိုချင် နှစ်သက် တပ်မက် သာယာမှုမျိုးစုံ) တိုးပွားနေပါတယ်။
နို့ပြတ်သွားပြီ ဆိုတာနဲ့ တစ်ရက်ထက် တစ်ရက်၊ တစ်လထက် တစ်လ၊ တစ်နှစ်ထက်တစ်နှစ် ဆာလောင်မှု တဏှာတွေ တိုးတိုးလာပါတယ်။ အဲဒီလို တိုးလာအောင်လည်း မိခင်ကိုယ်တိုင်ကပဲ သင်ကြားပေးတာပါ။ သားသား ဒီမုန့်လေးက ကောင်းတယ်နော်၊ မီးမီး ဒီအရုပ်လေးက လှတယ်နော် ဆိုတာမျိုးတွေက အစပြုလို့ပေါ့။ အသက်ကြီးလေ၊ အဆာတိုးလေနဲ့ တဏှာကြီးကြီးလာလိုက်တာ၊ နွားကြီးလေ၊ ချိုရှည်လေ ဖြစ်တော့တာပါပဲ။ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ အာရုံငါးပါး ကာမဂုဏ်တရားတွေကို ဆာလောင်မွတ်သိပ်တဲ့တဏှာကို လောကနို့ရည်လို့ ခေါ်တဲ့ မိခင်နို့ရည်က ဘယ်လိုနည်းနဲ့မှ ပယ်ဖျောက်မပေးနိုင်ပါဘူး။( မိခင်ကျေးဇူး ရှုထောင့်နှင့် ရောထွေးမပစ်ပါနှင့်)
သစ္စာလေးပါး မြတ်တရား ဆိုတဲ့ ဓမ္မနို့ရည်ကတော့ ဆာလောင်မွတ်သိပ်မှု တဏှာအားလုံးကို အကြွင်းမဲ့ ပယ်ဖျောက်ပေးနိုင်ပါတယ်။ သစ္စာလေးပါးကို အရဟတ္တမဂ်နဲ့ ထိုးထွင်းသိမြင်ပြီးလို့ ရဟန္တာ ဖြစ်သွားပြီဆိုရင် ဘယ်အရာကိုမှ ဆာလောင်မွတ်သိပ်မှု မရှိတော့ပါဘူး။ အာရုံအားလုံး၊ ဘဝအားလုံး ဘာကိုမှ သာယာနှစ်သက် တပ်မက်တွယ်တာမှု မရှိတော့တဲ့အတွက် တဏှာအဆာဓတ်အားလုံး အပြီးတိုင်ချုပ်ငြိမ်း ပြေပျောက်သွားပါပြီ။ ရဟန္တာအဆင့်ထိ မရောက်တောင်မှ သစ္စာတရားကို သူ့အဆင့်နဲ့သူ သိတဲ့သူဟာ သူ့အတိုင်းအတာနဲ့သူတော့ တဏှာအဆာဓာတ် လျော့ပါးသက်သာလာပါတယ်။ ပုထုဇဉ် အဆင့်ကိုကျော်လွန်ပြီး အောက်ထစ်ဆုံး သောတာပန် အရိယာအဆင့်ကို ရောက်သွားတယ်ဆိုရင်ပဲ သိပ်မကြာလှတော့တဲ့ တစ်ချိန်မှာ ရဟန္တာ ဖြစ်ဖို့ သေချာသွားပြီ ဖြစ်တဲ့အတွက် မိခင်ကို သောတာပန်ဖြစ်အောင် ဓမ္မနို့ရည် တိုက်ကျွေးပေးတဲ့ သူတော်ကောင်းပုဂ်ဂိုလ်ဟာ မိခင်ကျေးဇူးကို နို့နှစ်လုံးဖိုးလုံးကျေအောင် ဆပ်ပြီးသား ဖြစ်တော့တာပါပဲ။
မြတ်စွာဘုရားရှင်ဟာ မိခင်နို့ ခုနှစ်ရက် တိုက်ကျွေးခဲ့တဲ့ မယ်တော်ရင်း မဟာမာယာဒေဝီကနေ ဘဝပြောင်းသွားတဲ့ သန္တုဿိတနတ်သားကို ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရား(သုတ္တန်ကြားညှပ်) ဟောကြားပေးခြင်းအားဖြင့် သောတာပန်ဖြစ်သွားအောင် ဓမ္မနို့ရည် တိုက်ကျွေးခဲ့ပါတယ်။ မယ်တော် နတ်ရွာစံပြီးတဲ့နောက် နို့မပြတ်မချင်း မိမိရဲ့ နို့ချိုကို တိုက်ကျွေးခဲ့တဲ့ မိထွေးတော် မဟာပဇာပတိ ဂေါတမီ ထေရီမကြီးကိုတော့ ရဟန္တာဖြစ်တဲ့ အထိ ဓမ္မနို့ရည် တိုက်ကျွေးခဲ့ပါတယ်။
မယ်တော်ရင်းအနေနဲ့ သောတာပန်သာဖြစ်သွားတဲ့အတွက် တဏှာအဆာဓတ်တွေ လုံးဝမပြေပျောက်သေးပေမဲ့ သိပ်မကြာလှတော့တဲ့ တစ်ချိန်မှာတော့ တဏှာအဆာဓာတ် လုံးဝပြေပျောက်တဲ့ ရဟန္တာဖြစ်ဖို့ သေချာသွားပါပြီ။ အဲဒီအတွက် မြတ်စွာဘုရားရှင်မှာ နို့တစ်စက်ဖိုးမှ အကြွေးမကျန်တော့ပါဘူး။ နို့ဖိုးကြွေးအားလုံး ကျေသွားပါပြီ။ နို့နှစ်လုံးဖိုးလုံး ကျေးဇူးဆပ်ပြီးပါပြီ။ နှစ်နဲ့ချီပြီး နို့စို့ခဲ့ရတဲ့ မိထွေးတော် ဂေါတမီအပေါ်မှာတောင် နို့ဖိုးကြွေးမကျန်တော့ဘူး ဆိုမှတော့ ခုနှစ်ရက်ပဲ နို့စို့ခဲ့ရတဲ့ မယ်တော်မာယာအပေါ်မှာ နို့ဖိုးကြွေး တစ်စက်ဖိုးမှ မကျန်တော့ဘူးဆိုတာ ယုံမှားသံသယ ဖြစ်စရာမရှိပါဘူး။ နို့နှစ်လုံးဖိုးလုံး ကျေပါတယ်။


...............................................
...............................................
မြတ်စွာဘုရားတောင်မှ မိခင်ကျေးဇူးကို နို့တစ်လုံးဖိုးပဲကျေအောင် ဆပ်နိုင်ခဲ့ပါတယ် ဆိုတဲ့စကားဟာ တက်တက်စင်အောင် လွဲမှားတဲ့ လုပ်ကြံစကားသာ ဖြစ်ပါတယ်။ ဘယ်ပိဋကတ်တော်၊ ဘယ်ဗုဒ်ဓ စာပေမှာမှ မပါပါဘူး။ ပိဋကတ်ကျွမ်းကျင်တဲ့ ဘယ်ဆရာတော်ကိုမဆို မေးမြန်းကြည့်နိုင်ပါတယ်။ ဝိဇ္ဖာလိုလို၊ ဘိုးတော်လိုလို ဖိုသီဖတ်သီ ဘုန်းကြီးတွေကိုတော့ သွားမမေးနဲ့ပေါ့။ သူတို့ကတော့ တစ်ဆင့်ကြား အစဉ်အလာစကားကိုပဲ အမှန်လို့ သတ်မှတ်ပြီး ဟုတ်တယ်လို့ ခေါင်းညိတ်ကြမှာလေ။ ပိဋကတ်ဆိုတဲ့ နေရာမှာလည်း ထေရဝါဒစစ်စစ် ပိဋကတ်တွေကိုသာ ဆိုလိုပါတယ်။
နို့တစ်လုံးဖိုးပဲ ကျေတယ် ဆိုတာတို့ သားရွှေအိုးထမ်းလာတာ မြင်ချင်တယ် ဆိုတာတို့ အဲဒီလို စသည် ပိဋကတ်တော်ထဲမှာ မလာတဲ့ အချက်အလက် အလွဲအမှားတွေ လူထုကြားထဲ စိမ့်ဝင်ပျံ့နှံ့နေတာရဲ့ အဓိကတရားခံဟာ ဇာတ်သမားတွေနဲ့ ကွက်စိပ်ဆရာတွေပဲလို့ ရှေးဆရာတော်ကြီးတွေက မိန့်ဆိုတော် မူခဲ့ကြပါတယ်။ ကိုယ်ဖန်တီးတဲ့ အနုပညာကို ပရိသတ် စိတ်ဝင်စားအောင် သိုင်းဝိုင်းချဲ့ထွင် မွမ်းမံဖွဲ့နွဲ့ရင်းနဲ့ လက်လွန် နှုတ်လွန်ဖြစ်ပြီး ပိဋကတ်တော်လာ အမှန်တရားတွေကို တမင်မရည်ရွယ်ပေမဲ့ ဖျက်ဆီးလိုက်သလို ဖြစ်သွားပါတယ်။ ဇာတ်သမားသေရင် ပဟာသငရဲ ရောက်တယ်ဆိုတဲ့ ဗုဒ်ဓစကားတော်ရဲ့ အကြောင်းပြချက်တွေထဲမှာ ဇာတ်စာရေးသူတွေရဲ့ အချက်အလက်လွဲမှားအောင် ဖန်တီးမှုလည်း တစ်ခုအပါအဝင်ဖြစ်မှာ သေချာပါတယ်။(ဇာတ်စာ အားလုံးကို မဆိုလိုပါ)
ပိဋကတ်တော်ကို ဇာတ်ဆရာ ၊ ကွက်စိပ်ဆရာတွေ ဖျက်တယ် ဆိုတဲ့ စကားမှန်မမှန် သိချင်တာနဲ့ ဟိုတလောက ရေဒီယိုက လွှင့်တဲ့ ရွှေမန်းရဲ့ ဗုဒ်ဓဝင်လေးတော်တင်ခန်းကို တစ်ဝက်တစ်ပျက်ကနေ ခဏဖွင့်နားထောင်ကြည့်လိုက်တော့...လား..လား.... မယ်တော်မာယာကနေ ဘဝပြောင်းသွားတဲ့ နတ်ကို မင်းသမီးတစ်ဦးက မယ်မယ်ဘုရား၊ မယ်မယ်ဘုရား ချင်းမိုးမွှန်ပြီး နတ်သမီးတစ်ပါးအဖြစ်နဲ့ တင်ဆက်သွားတာကို ကြားလိုက်ရပါရောလား။
တကယ်ဆို ဗုဒ်ဓဘာသာဝင်တိုင်းသိတဲ့ မယ်တော်မိနတ်သား ဆိုတဲ့ စကားစုလေးကို ကြည့်လိုက်ရင်ကိုပဲ မယ်တော်မာယာဟာ နတ်သမီးဖြစ်သွားတာမဟုတ်ဘူး။ နတ်သားဖြစ်သွားတာဆိုတာ အလွယ်တကူ သိနိုင်ပါတယ်။ ဇာတ်သမားတွေရဲ့ လက်ချက်ကြောင့် ဖုန်းကညာ တစ်ပါး လုံးရာက ပြားသွားရပါပေါ့လား သန္တုဿိတ နတ်သားကြီးရေ...။

နို့ဖိုးကျေနိုင်ကြပါစေ။
(အင်တာဗျူးဂျာနယ်၊ စက်တင်ဘာ ၁၈၊ ၂၀၀၂)

အညွှန်း။ - ထေရီအပဒါန ပါဠိတော်၊ စာမျက်နှာ ၂၀၉။ ဂါထာ ၁၃၃။
ပါဠိအနက်။ - မဟာမုနေ - မြတ်စွာဘုရား၊ တွံ ရှင်တော်မြတ်ဘုရားသည်၊ မယှံ- ဘုရားတပည့်တော်အား၊ ဗန်ဓနာရက္ခနေ- ကိလေသာအနှောင်အဖွဲ့မှ လွတ်မြောက်အောင် စောင့်ရှောက်ခြင်းကြောင့်၊ မယှံ- ဘုရားတပည့်တော်၏ အပေါ်၌၊ အနဏော- နို့ဖိုးကြွေးကင်းသူသည်၊ ဝါ- နို့နှစ်လုံးဖိုးလုံးကျေအောင် မိခင်ကျေးဇူးဆပ်ပြီး သူသည်၊ အသိ- ဖြစ်တော်မူပါပေ၏။

10th May, Popular Mother's day(the second Sunday in May is Mother's Day not only in the United States, but also in other countries including Denmark, Finland, Italy, Turkey, Australia and Belgium. By the end of Anna Jarvis' life, Mother's Day was celebrated in more than 40 countries. ) ကို ရည်ရွယ်၍ ဤဆောင်းပါးအား ရိုက်ကူးပူဇော်ပါသည်။
(စာကြွင်း။။ ပါဌ်ဆင့်စာလုံးအမှားအယွင်းများသည် ကျမ၏ လက်ကွက် အမှားများသားဖြစ်၍ သည်းခံ ဖတ်ရှုပါရန်)

-- Interview - Interview journal (weekly) - one of the top selling Myanmar (Burmese) journals. The site is not working most of the time because of the server.

Thursday, May 7, 2009

ဘဝက တကယ်ပဲ အဲဒီလိုပါပဲလား..

လက်လီအရောင်းသမားတွေကို ဦးဆောင်နေတဲ့ အလုပ်တစ်ခု အတွက် ကျနော်က လူငယ်တစ်ယောက်ကို အင်တာဗျူးနေခဲ့ပါတယ်။ ကျနော်က သူ့ကို တိကျသေချာတဲ့ ပန်းတိုင်တစ်ခု ဆီကို ရောက်ဖို့ အလုပ်လုပ်နေတဲ့ team တစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ခဲ့တဲ့ အချိန်တစ်ခုရှိခဲ့ရင် ပြောပြပါ လို့..မေးလိုက်တယ်..
လူငယ်က ပြန်ဖြေပါတယ်။ ဟုတ်ကဲ့ ကျနော် ကုန်းပတ်လုပ်သားအနေနဲ့ လုပ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက မြစ်ကိုဖြတ်ဖို့ ကျနော်တို့ ဖောင်တစ်ခု ဆောက်ခဲ့ရပါတယ်။
သင့်တင့်လျောက်ပတ်တဲ့ ကျိုးကြောင်းဆီလျော်တဲ့ ဥပမာ ဖြစ်လိမ့်မယ်လို့ ကျနော် တွေးထင်လိုက်ပါတယ်။ ဒါဆို မင်းက အဲဒီ team ကို ဘယ်လို့ ထောက်ပံ့ဖြည့်ဆည်းပေးပါသလဲလို့ ထပ်မေးလိုက်တယ်...
(လူငယ်)...ကျနော်က ပို့ပေးလာတဲ့ ပစ္စည်းတွေနဲ့ ဖောင်ကို ဆင်ရပါတယ်။
အော်.. အထင်ကြီးနှစ်သက်စရာပါလားလို့ ကိုယ်ဘာသာ ကောက်ချက်ချ တွေးလိုက်မိပါတယ်...
ဒါနဲ့ ရလဒ်က ဘာပါလိမ့်လို့..ဆက်မေးလိုက်တော့မှပဲ..

(လူငယ်)...နစ်သွားပါတယ် ခင်ဗျာ..တဲ့


အဟိဟိ januray issue, Reader's digest က ဘဝက တကယ်ပဲ အဲဒီလိုပါပဲလား..ဆိုတဲ့ ကဏ္ဍထဲက ဟာသလေးတစ်ပုဒ်ပါ။
ဖတ်ပြီး တခွိခွိ နဲ့ ဘတ်စ်ပေါ်မှာ ရယ်နေမိလို့ အနားနာက စိတ်ဝင်စားပြီးတော့ ခိုးတောင် လှမ်းဖတ်ခံရသေးတဲ့ ဟာသလေးမို့ ရိုက်တင်လိုက်တယ်..
ရယ်သောသူ အာပြဲ၏တဲ့...
အပူအပင်ကင်းစွာ ရယ်မော ပျော်ရွှင်နိုင်သောသူများ ဖြစ်ကြပါစေသော်ဝ်..

Monday, May 4, 2009

ကျောင်းသားတစ်ယောက် ဘာကြောင့် စာမေးပွဲကျသလဲ..

ပျင်းဖို့ကောင်းတဲ့လက်ချာကြောင့်လား

ကျောင်းသားတစ်ယောက်အတွက် စာသင်နှစ်(တစ်နှစ်ကို ၃၆၅ရက်မှာ)

တစ်နှစ်မှာ တနင်္ဂနွေပေါင်းက ၅၂ရက်၊ တနင်္ဂနွေဆိုတာက နားရက်ဆိုတော့ ရက်ပေါင်း ၃၁၃ပဲကျန်တယ်


နွေရာသီ ကျောင်းပိတ်ရက်က ရက်၅၀၊ ရာသီဥတု အရမ်းပူပြီး စာဖတ်ဖို့လဲခက်တယ်လေ။ ဒီတော့ ၂၆၃ရက်ပဲကျန်တယ်

တစ်နေ့မှာ ၈နာရီအိပ်တော့ တစ်နှစ်ကို ရက် ၁၃၀လောက် ကုန်ပြန်ရော။ ဒါဆို ၁၄၁ရက်ပဲကျန်သတဲ့

နေ့တိုင်း ကျန်းမာရေးအတွက် ၁နာရီ ကစားခုန်စားလုပ်ဦး တစ်နှစ်ကို ၁၅ရက်စာလောက် ကုန်သွားတော့လဲ ၁၂၆ရက်ပဲ ကျန်မယ်

အစာစားတာ တခြား ဝါးတာ၊ ထွေလီကာလီ လုပ်တာက တစ်နေ့ နှစ်နာရီပဲထားရင် ရက်ပေါင်း ၃၀လောက်ကုန်တော့ ၉၆ရက်ပဲကျန်တော့တယ်

လူဆိုတာက လူမှုရေးသတ္တဝါပီပီ စကားပြောချိန် ၁နာရီဆို ၁၅ရက်စာလောက် ကုန်ပြန်ပြီ။ ၈၁ရက်တော့ကျန်သေးသည်။


စာမေးပွဲတွေ assignment တွေခိုးရ..အဲလေ..ဖြေရတာက တစ်နှစ်ကို ၃၅ရက် နှုတ်လိုက်ရင် ၄၆ရက် ကျန်ပါသည်။

ဆယ့်နှစ်ရာသီ ပွဲတော်ရှိတဲ့ တို့မြန်မာပြည်၊ ရက် ၄၀လောက် holidays အားလပ်ရက်ကို နှုတ်လိုက်ပါက ၆ရက်ထဲပဲ ကျန်တော့သဗျ


နေထိုင်မကောင်းတာ ဖျားတာကိုတော့ ၃ရက်လောက်ပဲထား ဒါဆို ၃ရက်ကြီးများတောင်ကျန်သေးသတဲ့

ရုပ်ရှင်ကြည့်တာ ပျော်ပွဲစားသွားတာ ၂ရက်ယူတော့ စာဖတ်ဖို့က တစ်ရက်ကျန်

ကျန်တဲ့တစ်ရက်က ကိုယ့်မွေးနေ့မို့ ပါတီလုပ်
လုပ်တဲ့တစ်ရက် ဘယ်လို စာကျက်လေမလဲ...

တစ်နှစ်မှာ ၃၆၅ရက် စာကျက်ဖို့ရာ ရက်ကျန်မထွက်
စာမေးပွဲကျမှ မောင်ကျောင်းသားလဲ အသက်ထွက် (စတာ)

ကျောင်းသားတစ်ယောက် စာမေးပွဲကျတာ ကျောင်းသားအပြစ်မှ မဟုတ်တာ
ရက်ပေါင်း ၃၆၅ရက်ထဲသာ ရှိလို့ပါ... :P

ကဲ..ဟုတ်မဟုတ် တွက်ကြည့်လိုက်နော်..
(Its not my calculation, just sharing notes from somewhere) ဘယ်ကလဲတော့ မှတ်မိတော့ဘူး

____♥♥♥_____♥♥♥___
__♥_____♥_♥_____♥__
__♥______♥______♥__
___♥__ LuvUAll __♥___
_____♥_______♥_____
_______♥___♥_______
_________♥_________

Sunday, May 3, 2009

ကြည့်ကြည့်ပါ....ဘာလင်မှာပထမရတဲ့ဖလင်

သူငယ်ချင်းတစ်ယောက် မေးလ်ကနေပို့ပေးလာလို့
ဘာလင်မှာ ပထမရထားတာတဲ့။
title ကတော့ စိတ်မဝင်စားတစားပါပဲ။ ကြည့်ကြည့်မှ သူပြောပြထားတဲ့ story က...
ဒီ film လေးကြည့်ဖို့ တကယ်ပါ ငါးမိနစ်မှ ငါးမိနစ်ပဲကြာပါတယ်။
ရင်ထဲနွမ်းလျ ပြီးကျန်ခဲ့တယ်။ ကြည့်နေတုန်းမှာ ကိုယ်ပဲ ဝမ်းနည်းစရာတွေ များနေလို့လားမသိ
အလွမ်းဓာတ်ခံပဲပြောပြော ငရုတ်သီးစပ်ရင်တောင် မျက်ရည်ကျကျ နေတတ်တဲ့သူမို့ ခုလဲ မျက်ရည်ကို မထိန်းနိုင်ခဲ့ဘူး
ဒီလို ဘဝတွေ... မျက်လုံးပိတ်ထား..နားပိတ်ထားနိုင်တဲ့သူတွေက ဘယ်လိုလူသားမဆန်သလဲ စဉ်းစားရင်း
ကိုယ်တွေကတော့ လူသားဆန်တဲ့သူတွေ ဖြစ်အောင် ကြိုးစားမယ်လို့ အားတင်းရင်း.. အောက်က လင့်ခ်လေးမှာ သွားကြည့်ဖို့ ရှဲလိုက်ပါတယ်။
 
Take 5 min to view this film, you will know why it won the 1st prize, and your tears.
 
ခံစားလို့ရရင် လက်ဆင့်ကမ်းပြီး သူငယ်ချင်းတွေကို ပေးကြည့်လိုက်ဖို့ မမေ့နဲ့နော်။
 


Friday, May 1, 2009

May day(အလုပ်သမားနေ့) Vs. မလုပ်၊ မရှုပ်၊ မပြုတ်

ဒီနေ့ စင်ကာပူမှာတော့ ရုံးပိတ်ရက်ပါ။ ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားနေ့အနေနဲ့ နိုင်ငံတိုင်း၊ ရုံးတိုင်း ပိတ်မယ်လို့ ထင်ခဲ့ဖူးပေမဲ့ LA မှာတော့ ရုံးပိတ်ရက်မဟုတ်ပါဘူး ဆိုလားပဲ။ အဲဒီဘက်နိုင်ငံတွေနဲ့က လက်လှမ်းမမီလို့တော့ သိပ်မသိပါဘူး။ အရင် မနှစ်တွေတုန်းက ရန်ကုန်မှာတော့ တချို့ရုံးတွေ မေဒေးက gazetted holiday ဖြစ်ပေမဲ့လဲ မပိတ်ပါဘူး။ ကျမတို့ရုံးလဲ alternate shift နဲ့ နားကြရတာမလို့ ကျမတို့ shift က stand by ဆင်းရတဲ့ အလှည့်ဖြစ်လို့ ကျမလဲ ရုံးတက်ခဲ့ရဖူးတယ်။ တခြားနိုင်ငံတွေရောက်နေတဲ့ သူငယ်ချင်းတချို့နဲ့ မန်းက သူငယ်ချင်းတချို့က ကျမကို အွန်လိုင်းမှာတွေ့တော့ အိမ်ကနေ ချတ်နေတယ် မှတ်နေကြတယ်။ ကျမက ပြန်ဖြေခဲ့ဖူးတယ်။ အလုပ်သမားတွေ ပိတ်တာ။ ငါတို့က အလုပ်ရှင်မလို့ မပိတ်ဘူး၊ ရုံးတက်ကတယ် လို့ ပြန်ဖြေခဲ့တတ်တာလေး မှတ်မိသေးတယ်။ ဒီနေ့တော့ စလုံးမှာ အလုပ်သမားပီပီ အိမ်မှာ နားရင်း ဒီပို့စ်တင်ပါတယ်။

ကျမ ပြန်ပြောင်းတွေးမိတာလေးက ရန်ကုန်မှာ ကျမတို့ ရုံးပိတ်ရက်တွေ stand by ဆင်းရမယ်ဆိုလဲ ဒီလိုပဲ ဆင်းခဲ့ကြရတယ်။ ဒီမှာ တကယ်လို့ ပိတ်ရက်တွေမှာ part time အလုပ်မျိုးလုပ်တဲ့သူတွေတောင် ပုံမှန်လုပ်အားခရဲ့ နှစ်ဆရကြတယ်လို့ သိရတယ်။ အော်.. ကောင်းလိုက်တဲ့ အခွင့်အရေး၊ ကြိုးစားလုပ်ချင်စိတ်တွေ တဖွားဖွားပေါ်လာသလားပဲ။ မြန်မာမှာတုန်းက အဲလို stand by ဆင်းခဲ့ဖူးတဲ့ ရက်တိုင်းမှာ အဲလို လုပ်အားခ နှစ်ဆသာ ရခဲ့မယ်ဆိုရင်...
မယ်လိုဒီ ဒီမှာလာ အလုပ်သမားလုပ်စရာမလိုတော့.. ကိုယ့်မြေကိုယ့်ရေမှာတင် လက်မထောင်၊ ကိုယ်ပိုင် တိုက်တာ၊ ကားနဲ့ နေနိုင်မှာပဲဗျို။

အင်း..စကားမစပ် ကျမတို့ အချိန်ပိုကြေးတွေ မရတာ၊ ရုံးနောက်ကျရင် လစာတွေ မတန်တဆ အဖြတ်ခံရတာ၊ ပိတ်ရက်တွေမှာ ဆင်းရတာလဲ လုပ်ခ နှစ်ဆမပြောနဲ့ annual bonus မှာတောင် ထည့်စဉ်းစားပေးထားတာ မရှိတာ၊ bonus ဆိုတာကလဲ ခုပေးမယ် တော်ကြာပေးမယ်၊ ပေးချင်မှလဲပေးမယ်၊ မပေးချင်လဲ မပေးဘူး... အဲဒီလိုမျိုးတွေ ရှိနေတာ..အဲဒါကို အားလုံးက သည်းခံကျေနပ်နေကြတာ ဘာကြောင့်လဲ။ ဒီလိုပဲ ငြိမ်နေကြတာလား လို့ အမေးရှိခဲ့ရင်..
ဟုတ်ကဲ့ များသောအားဖြင့်လဲ ငြိမ်နေတတ်ကြပါတယ်။ မလုပ်၊ မရှုပ်၊ မပြုတ် မူကို လက်ကိုင်ထားသူ အတွေ့အကြုံရှိ ဝါရင့် မန်နေဂျာများက ပါးနပ်သော အားဖြင့်လို့ ယူဆပါတယ်။ ငြိမ်မနေတတ်ကြတဲ့ ကျမတို့လို ငပွကြီးဘွဲ့ခံများ ဘာလုပ်ကြသတုန်း ဆိုရင်.. အလုပ်သမားဝန်ကြီးဌာနရဲ့ အလုပ်သမားအခွင့်အရေးများကို သေချာတောင်ဖတ်မထားဖူးတဲ့ အလုပ်သမားရုံးက တာဝန်ရှိသူများဆီကို လက်မှတ်ထိုး စာပို့ တိုင်ကြားပါတယ်။

မကြာမီ...
ရုံးက ဝန်ထမ်းရေးရာ မန်နေဂျာကို ခေါ်စာရောက်လာပါတယ်။ ဘယ်နေ့ဘယ်ရက်မှာ လာတွေ့ပါတဲ့။
မျှော်လင့်ချက်များ အရောင်လင်းလက်လို့ မီးပျက်ရင်တောင် တစ်ရုံးလုံး လင်းထိန်နေသလား မှတ်ရအောင် မီးစက်မထွန်းပဲ တိတ်တဆိတ် ထိုင်စောင့်နေလိုက်ကြတယ်။
ပြန်လာပါပြီ..
နင်တို့တွေ ပို့လိုက်တဲ့စာ ပြန်ယူလာပါတယ်။ သူဌေးဆီကို အဆင်ပြေအောင် ညှိပေးဖို့ တင်ပြလိုက်ပါ့မယ်တဲ့။
ငါကွ...
ဒါပေသိ မဖြစ်သေးဘူး သေချာအောင် စနည်းနာရမယ်။
ဦးလေး.. အဲဒီရုံးက ဘာတွေ ပြောလိုက်သလဲ ပြန်ပြောပြ ဆိုတော့လေ...
ခင်ဗျားက အဲဒီရုံးက ဝန်ထမ်းရေးရာက တာဝန်ရှိသူလားတဲ့
ခင်ဗျားရုံးက တိုင်စာရောက်နေတယ်တဲ့
အဲဒီစာကို ဒီမှာ ဖတ်ကြည့်ပြီး ပြန်ယူသွားလိုက်ပါတဲ့
ကိုယ့်ရုံးမှာကိုယ် အဆင်ပြေအောင် ကြည့်ကျက်လုပ်ပါတဲ့။
ကြီးတဲ့အမှုငယ်အောင် အဆင်ပြေအောင် လုပ်စေချင်ပါတယ်တဲ့။
ပြန်လို့ရပါပြီတဲ့...

ကဲ..အရပ်ကတို့ရေ...
မလုပ်၊ မရှုပ်၊ မပြုတ် ဗျို...
ကိုယ်တွေက ဖြုတ်သင့် ပြုတ်သင့်သူ မဟုတ်လို့သာပေါ့နော်..နော်..နော်..

ဒီတော့ကာ...ကိုယ်ကျေနပ်သည်းခံနိုင်သ၍တော့ အဲဒီအရပ်၊ အဲဒီဒေသမှာ ပါးနပ်စွာ သက်မွေးဝမ်းကျောင်း ပြုနိုင်ကြပါစေကုန်သော်ဝ်..