Tuesday, March 31, 2009

ဘလော့ဂ်ပိတ်ထားလိုက်ရင် ကောင်းမလားပဲ စဉ်းစားနေတာ...

စိတ်သိပ်ရှုပ်နေလို့ ဘလော့ဂ်ပိတ်ထားလိုက်ရင် ကောင်းမလားပဲ စဉ်းစားနေတာ...
ရေးချင်တာတွေ အများကြီးရှိသေးတယ်
ပေးချင်တာတွေ အများကြီးကျန်သေးတယ်
ဒါပေသိ ခဏလောက်တော့ ဘလော့ဂ်ပိတ်ထားလိုက်ရင် ကောင်းမလားပဲ စဉ်းစားနေတာ...
follow လုပ်ထားတဲ့သူတွေနဲ့ ပေးဖတ်ချင်တဲ့သူတွေလောက်ပဲ invite လုပ်ရင်ရော အဆင်ပြေပါ့မလား...
အဖြစ်အပျက်တွေက ခဏခဏမလို့ နားတောင်မလည်တော့သူတွေကိုလဲ အားနာပါ၏
သူများတွေ ဘလော့ဂ်မရေးပဲနားတုန်းက အားပေးနေခဲ့ပေမဲ့လဲ...ဘလော့ဂ်ပိတ်ထားလိုက်ရင် ကောင်းမလားပဲ စဉ်းစားနေတာ...
ဘလော့ဂ်ပိတ်ထားလိုက်ရင် ကောင်းမလားပဲ စဉ်းစားနေတာ...
ဘလော့ဂ်ပိတ်ထားလိုက်ရင် ကောင်းမလားပဲ စဉ်းစားနေတာ...
ဘလော့ဂ်ပိတ်ထားလိုက်ရင် ကောင်းမလားပဲ စဉ်းစားနေတာ...
တခဏလား...တစ်ဘဝလား...ဘလော့ဂ်ပိတ်ထားလိုက်ရင် ကောင်းမလားပဲ စဉ်းစားနေတာ...

Sunday, March 29, 2009

သိပ်စိတ်တိုတယ်ဏော်...

မယ်လိုဒီမောင်ဆိုတာ အွန်လိုင်းမှာ ကြူကြူကြောင်ကြောင်လုပ်နေတဲ့ မိန်းမ မဟုတ်ဘူး
မယ်လိုဒီမောင် ကြောင်လွှတ်လိုက်လို့ အသည်းကွဲတဲ့သူ အွန်လိုင်းမှာ ဘယ်သူရှိလဲ
လာခဲ့ ကွန့်မန့်မှာ စာရင်းလာပေးလှည့်
ရည်းစားဖြစ်ပြီးမှ လွဲခဲ့တဲ့သူ offline မှာလဲမရှိဘူး
ရှိတယ်ပြောရင် လာခဲ့ သက်သေပြ..
သိပ်စိတ်တိုတယ်ဏော်..
အထိပါးခံရတဲ့ထဲမှာ သိက္ခာကို ထိပါးခံရတာလောက် နာကျင်ခံစားရတာ မရှိပါဘူး
မယ်လိုဒီမောင် ကို အပြင်မှာတောင် မမြင်ဖူးပါပဲနဲ့ ဘယ်လိုခိုင်မာတဲ့ စွပ်စွဲချက်တွေနဲ့အချိန်တိုင်းမှာ ဝိုင်းဝိုင်းလည်တယ်ပြောနေတဲ့သူတွေ ဘယ်သူတွေလဲ
ကွန့်မန့်မှာ လာရေးလှည့်...

အဲဒါတွေမဟုတ်ရင်..မဟုတ်ပဲနဲ့..ဘယ်လိုအငြိုးနဲ့များ စော်ကားချင်ကြတာလဲ ပြောကြစမ်းပါဗျာ

အားလုံးကိုပျော်စေချင်တဲ့ဆန္ဒတွေကလွဲရင် ကိုယ်တိုင်ခံနိုင်ရည်မရှိလောက်တဲ့ အပြုအမူ၊အရေးအသား၊ အနေအထိုင်တွေ မလုပ်ခဲ့တာ မဟုတ်တမ်းတရားတွေ ဇတ်လမ်းမပျိုးခဲ့တာ အမှန်ပါ။

သိပ်စိတ်တိုတယ်ဏော်...

Friday, March 27, 2009

this is someone's present

ကြိုက်တယ်နော်
ဘလော့မှာတင်လိုက်ရမလား
ကြားရင် အကြောင်းပြန်
ချက်ချင်းတင်မယ်  :) လို့ပြောတော့
ကြိုက်တယ်ဆိုတင်ပေါ့ ဒါပေမယ့် နာမည်မပါကြေး:) တဲ့
ကဲ..တင်လိုက်ပီ...(အမှတ်တယပါပဲဏော်)

ယ်လိုဒီ

ဘ၀ရဲ့
အဆင်မပြေဆုံးနေ့တွေထဲ
မယ်လိုဒီ ကို
ခလုတ်တိုက်ပြီးတွေ့တယ် ....

သူ့ ရယ်( ရီ ) ... မေါမှုတွေကို
စီဗုံးပေါ်မှါ
တစ်ခါတစ်ရံ
တိုးတိုးတိတ်တိတ်
မျှယူရင်း
အစိမ်းရောင်မြေမှါ
အသက်ရှုတတ်အေါင်
ဦးဆုံးကူမျှသူလို့
ရင်ဘတ်မှါစါထိုး
တိတ်တိတ်ပဲ
ငါလေးစါးချစ်ခင်တယ် ......

ဓါတ်ပုံတွေဖလှယ်ရင်း
တယ်ရီဖုန်းနဲ့
စကါးတွေပြောမိတဲ့ထိ
ရင်းနှီးလါပေမယ့်
လူပေတွေရဲ့ရှင်သန်ခြင်းမှါ
ကွက်လပ်များပြီး
စကါးလုံးနည်းလို့
မယ်လိုဒီ့ အတွက်
အကေါင်းဆုံးဆုတေါင်းတွေ
ဒီကမ္ဘါကျဉ်းကျဉ်းမှါ
လူမမြင် ... သူမမြင်
ခြွေထါးတုန်းပဲ .................... ။

Saturday, March 21, 2009

ဥာဏ်မီသလောက်တွေးတောမိခြင်း upon Meaningful Wedding

အရှင် ဦးကုမာရ(ကျမအခေါ် ဘုန်းဘုန်းဦးကု) ရဲ့ ပီနန်ဆရာတော်ဘုရားကြီး သီရိလင်္ကာခရီးစဉ်အတွင်း ဖွင့်ဆိုရှင်းပြတော်မူတဲ့ နိဗ္ဗာန်အယူအဆကို မှီငြမ်းပြုရေးသားပူဇော်ထားတဲ့ Meaningful wedding က ဘုရားအလိုတော်ကျ ချစ်တဲ့သူနဲ့ ပေါင်း ကြတဲ့ (နိဗ္ဗာန်) ပွဲများ ဟုတ်မဟုတ်နှင့်ပတ်သက်၍ ဥာဏ်မီသလောက်တွေးတောမိခြင်းပါ။

 

မူရင်းပို့စ်က ဒီမှာ ဖတ်ပါ။

ဘုန်းဘုန်းဦးကု ဘုရား ပြန်လည်လျှောက်ထားခွင့်ပေးပါ…

မိရိုးဖလာလွန်ဗုဒ္ဓဘာသာတွေကဲ့သို့ ဥာဏ်သုံးပြီး နားလည်သဘောပေါက်တဲ့ထဲမပါပေမဲ့ စဥ်းစားစရာပါပဲ ဘုရား။

ဒါပေသိ တပည့်တော် တစ်ခု ဆက်စဉ်းစားတာမိတာက တိုက်ရိုက်အနက်ကို ကန့်သတ်ထားရင် ဆန့်ကျင်အနက်ကို ခွင့်ပြုတယ်ပဲထားပါဦး..

တပည့်တော် နာဖူးတဲ့တရားထဲက မှတ်မိသလောက်က ဖြူတာလဲ အကုသိုလ် မည်းတာလဲ အကုသိုလ်..ဒါဆို

ခန္ဓာငါးပါးသည်လဲ ဒုက္ခ..ချစ်တဲ့သူနဲ့မပေါင်းရ ရင်လည်းဒုက္ခသည် တိုက်ရိုက်အနက်

ခန္ဓာငါးပါးမရှိခြင်းသည်သာ ချမ်းသာခြင်း (နိဗ္ဗာန်) မည်သည် မဟုတ် ချစ်သူနဲ့ပေါင်းရခြင်း အတူနေရခြင်း မင်္ဂလာဆောင်ရခြင်း သည်လည်း ချမ်းသာခြင်း သုခ (နိဗ္ဗာန်)လို့ ဆိုနိုင်ပါရဲ့လား

သမုဒယသစ္စာ- ဆင်းရဲကြောင်းအမှန်မလို့ ဒုက္ခသစ္စာ-ဆင်းရဲ့ကျိုးတွေဖြစ်လာတယ်

ချစ်သူနဲ့ပေါင်းရခြင်း အတူနေရခြင်း မင်္ဂလာဆောင်ရခြင်း သည်လည်း ဆင်းရဲကြောင်းအမှန်ဖြစ်နေရင် ဒုက္ခသစ္စာတွေ ဆက်ဖြစ်လာဦးမယ်..ပြောမယ်ဆိုရင် ဘ၀..ဘ၀တွေကို သံသရာဆက်နေစေတယ် ဒီဘ၀ ဒီခန္ဒာဝန်ကြီးလေးနေသ၍ ကိလေသာတွေမဖြတ်နိုင်သေးသ၍ ဒီခန္ဒာငါးပါး ၀ဋ်ဆင်းရဲကြီးက လွတ်မြောက်နိုင်လိမ့်မယ်လို့တော့ တပည့်တော်မထင်မိဘူး ဘုရား။

နောက်ထပ် တပည့်တော်မ ငယ်ငယ်က ကျောက်ဆည်မြို့ ကျောက်သဘောင်္ဂိုဏ်းခေါ်မလားပဲ ဆရာတော်တစ်ပါးဟောဖူးတာကို မှတ်မိသေးတယ်

နေပူထဲသွားရင် ဆင်းရဲတယ် နေရိပ်ထဲကသစ်ပင်အောက်လဲရောက်ရော အေးချမ်းသွားတယ်ဆိုရင် အဲဒါနိဗ္ဗာန်ပဲမဟုတ်လားတဲ့

တပည့်တော် စဉ်းစားမိသလောက်ကတော့ တခဏနိဗ္ဗာန်(တခဏချမ်းသာခြင်း)ဆိုရင်တော့ မှန်တယ်ပြောလို့ရမယ်ထင်ပါတယ်။ တကယ်လို့သာ အကြင်သူသည် နေပူထဲသာပြန်ထွက်ရမယ်ဆိုရင် တဖန်ပြန်လည် ဆင်းရဲဦးမယ် မဟုတ်ပါလားလေ။

ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေရဲ့ ဗုဒ္ဓမြတ်ဘုရားကတော့ နိဗ္ဗာန်ချမ်းသာသည် တခဏနိဗ္ဗာန်ကို ရည်ရွယ်ရင်းမဟုတ်ပဲ ဆင်းရဲတို့၏ကင်းရာကုန်ရာအမှန်ဖြစ်သောနိဗ္ဗာန်ရောက်ကြောင်းတရားများကိုသာ ဟောကြားခဲ့တာဖြစ်လို့ ဘုရားအလိုတော်ကျ ချစ်တဲ့သူနဲ့ ပေါင်း ကြတဲ့ (နိဗ္ဗာန်) ပွဲများလို့ တင်စားမယ်ဆိုရင်တော့ သိပ်ဘ၀င်မကျမိသလိုပါပဲဘုရား။

 

စာကြွင်း။ ။ဘုန်းဘုန်းဦးကုရဲ့ ဒီပို့စ်နဲ့ တပည့်တော်ရဲ့ ဒီပို့စ်လေးကို ဘုန်းဘုန်းဦးကောဆီတော့ မေးမြန်းလျှောက်တင်ချင်ပါသေးတယ်ဘုရား။

Friday, March 20, 2009

မေတ္တာ+သံယောဇဉ် = အချစ်...

မေတ္တာ+သံယောဇဉ် = အချစ်... အဲဒါ မှန်သလားမမှန်သလား ဘယ်သီအိုရီမှာ ရှာရပ ??? ဆိုပြီး facebook မှာ ရေးမိတယ်။

ဦးYMT က ကွန့်မန့်မှာ လာရေးပေးသွားတယ်။
မေတ္တာ (ဣ)
ချစ်ခြင်း။ ချစ်မြတ်နိုးခြင်း။
(f.) amity; benevolence.Friendliness, friendly feeling, good will, kindness, love, charity

သံယောဇန (န) (သံ√ယုဇ်+ယု)...
အနှောင်အဖွဲ့။ ဝဋ်ဆင်းရဲ၌ ယှဉ်တတ်သော တရား။ ဝဋ်ဆင်းရဲ၌ ဖွဲ့ချည်တတ်သော ကြိုး။ သံယောဇဉ်။
သံယောဇဉ် ၁၀ ပါးကား (၁) သက္ကာယဒိဋ္ဌိ၊ (၂) ဝိစိကိစ္ဆာ (၃) သီလဗ္ဗတပရာမာသ (၄) ကာမစ္ဆန္ဒ (၅) ဗျာပါဒ (၆) ရူပရာဂ (၇) အရူပရာဂ (၈) မာန (၉)ဥဒ္ဓစ္စ (၁၀) အဝိဇ္ဇာ။
သညောဇန - လည်းကြည့်။
(nt.) connection; fettering.Bond, attachment


အဲဒါဆိုရင် အချစ်က မေတ္တာထဲမှာပါပီးသား... သံယောဇဉ်ကို အပြင်ထုတ်.. ( မေတ္တာ=အချစ် ) - သံယောဇဉ် = robot အဲဂလိုလား
အယ်... သိတော့ဘူး ရှုပ်ကုန်ပီ eek :(
ပါဠိတွေဘာတွေ ကျမ သိပ်မသိဘူး။
မေတ္တာဆိုတာ အေးမြစွာနဲ့ ၅၂၈ မောင်နှမလို ချစ်ခင်တာလို့ကနဦးယူဆပြီး အကြင်သူတစ်ဦးနဲ့တစ်ဦး ဖြူစင်စွာ ခင်မင်ရင်းနှီးပြီး အနေကြာလာတော့ တစ်ယောက်အကြောင်းတစ်ယောက်ပိုမိုနားလည်လို့ တွယ်တာမိတဲ့ သံယောဇဉ်တွေကြောင့် အကြောင်းစုံမက်လို့ ပေါင်းစုံမဖက်ဖြစ်သေးတောင် ကြင်နာယုယချင်တဲ့စိတ် အပြန်အလှန်ဖေးမကူညီမှုတွေနဲ့ စောင့်ရှောက်ရင်း တစ်ယောက်လက်တစ်ယောက်တွဲလို့ တစ်မိုးအောက်နှစ်ယောက် နှလုံးသားတွေနဲ့ နွေးထွေးတဲ့ ခိုလှုံရာ အိမ်လေးတစ်လုံးပိုင်ဆိုင်ချင်တဲ့ အချစ်ဆီကို ရှေးရှုသွားသလားလို့ ဘာမဆိုင်ညာမဆိုင် အတွေးနယ်ချဲ့မိတာပါ။

စိတ်ဝင်စားသူများ ဆက်လက် အတွေးနယ်ချဲ့ကြစေသတည်း။
ကျမတော့ ဆက်မတွေးတော့ဘူး ရူးမစိုးလို့...

Tuesday, March 17, 2009

ဟတ်ပီးဘတ်ဒေး မိုးငွေ့လေး...

blogger တွေထဲမှာ အသက်အငယ်ဆုံး(စာရေးသက်ကိုပြောတာ အဟိ) လို့ခေါ်လို့ရတဲ့ မိုးငွေ့ ရေ
ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေနော်...
တို့တွေ ငယ်စဉ် သက္ကရာဇ်တစ်ခုတုန်းမှာတော့ မိုးငွေ့မွေးနေ့အမှတ်တယပေါ့
ရန်ကုန်မျက်ကြည်ဘဏ်မှာ မျက်ကြည်လွှာအတူသွားလှူခဲ့ဖူးကြတဲ့ ကုသိုလ်လေးလဲ သတိယမိပါသေး
အဲဒီတုန်းက ကျမက မျက်ကြည်လွှာအလှူမှတ်တမ်းရေးတဲ့ ဦးလေးကြီးကို နောက်မိသေးတယ်နော်
ဦးလေး အခုလှူတာကတော့ ဟုတ်ပါပီ မတော်တဆ ကျမက ပြည်တွင်းမှာမသေပဲ ပြည်ပမှာ သေလို့ရှိရင် ၂၄နာရီအတွင်း မျက်ကြည်လွှာထုတ်ဖို့ ဦးလေးတို့ ရဟတ်ယာဉ်နဲ့အမီလာမှာလားဟင်လို့
ခုတော့လဲ သေတော့မသေသေးပါဘူး နိုင်ငံရပ်ခြားတစ်ခုမှာကနေ မတော်တဆ ကျမသေလို့ရှိရင်တောင် ဒီမျက်ကြည်လွှာကို မြန်မာပြည်ပဲရောက်စေချင်ပါရဲ့..

စကားတွေရှည်သွားပီ မိုးငွေ့ရေ
ကဗျာတွေရေးရာမှာ ခေသူမဟုတ်မှန်းသိထားလို့ ကဗျာလေးတွေဖတ်ဖို့ မျှော်နေရင်း အားပေးနေတရ်နော်
မွေးနေ့မှာ ဘာတွေလုပ်ဖြစ်လဲ ချစ်သူနဲ့နှစ်ယောက်တည်းပဲ celebrate လုပ်နေမလား သတိရရင်း
ပျော်ရွှင်ချမ်းမြေ့ ဆုတောင်းတိုင်းပြည့် သာယာလှပ မွေးနေ့ညလေး ဖြစ်စေကြောင်း ဆန္ဒပြုလိုက်ပါတယ်နော်

Monday, March 16, 2009

Bloggers R Human 2!

ဘလော့ဂါလည်းလူသားပါပဲ..


တခါတလေကျတော့လည်း သာမန်အချိန်မှာ သာမန်လူတစ်ယောက်က စတာနောက်တာ အပြောင်အပြက်ပြောတာခံရတော့ ပျော်ကြသတဲ့

ဘလော့ဂါတစ်ယောက်က အဲလို လုပ်တော့ကျမှပဲ …ဘလိုင်းကြီးလာခွတ်သွားတယ်..ဒါကြောင့် ဘလော့ဂါတွေစောက်ချိုးမပြေဘူးလို့ပြောတာ ဆိုသလိုမျိုးလဲ အပြောခံရလားခံရပါရဲ့..

အော်…အသင်လောက ဘလော့ဂါလည်း လူသားပါပဲဗျလို့ ပြောပါရစေဦး

တချို့မီဒီယာသမားတွေ ဂျာနယ်လစ်တွေကလဲ ဘလော့ဂါတွေနဲ့ တွေ့ရမေးရမြန်းရမှာ ကြောက်သေးသတဲ့။ ဘာဖြစ်လို့ဆို မတော်ရင်မတော်သလို မထင်ရင်မထင်သလို ပြန်ဆော်တာ ဆဲတာ ခံရမစိုးသတဲ့…အမည်မသိတဲ့ကြောက်ရွံ့မှုတစ်မျိုးလို့တောင် တင်စားလိုက်သေးရဲ့

တချို့တချို့ ဘလော့ဂါမျက်မုန်းကျိုးသမားတွေကတော့ ပြောပြန်တယ်။ ဘလော့ဂါတွေဆိုတာက ကိုယ့်ကိုယ်ကိုပဲ ကိုယ်ရည်သွေးတာတွေများ၊ စကားများရန်ဖြစ်၊ ဟိုအကြောင်းဖွ ဒီအကြောင်းဖွ ဖွကာလို့တောင် ပြောင်းခေါ်ရမတဲ့…

အွန်လိုင်းမှာ အညာခံထိထားဖူးတဲ့သူတွေကလဲ ဘလော့မှာရေးထားတာတွေတော့ ဖတ်လို့ကောင်းပါရဲ့ အပြင်မှာတော့ မတွေ့ရဲပေါင် သရဲရှောင်သလိုဝေးဝေးရှောင်ချင်ပါသတဲ့..

ကဲ..ကဲ..အဲဒီတော့ ဘလော့ဂါတွေဘာတွေလဲ….

ဟုတ်ကဲ့…လူသားတွေပါပဲဗျာ

ဘလော့ဂါရပ်ဝန်းဆိုတာလဲ လူ့လောကရပ်ဝန်းနဲ့ သဘာဝ တစ်ထပ်တည်းကျပါတယ်လို့ပဲပြောပါရစေ။

လက်ရှိလူသားဘဝ၊ လူ့ဘောင်လောကမှာလဲ လူမှုရေးလောကနီတိတွေ ကျင့်ဝတ်တွေရှိသလို၊ စိတ်နေသဘောထား အကျင့်စရိုက်အမျိုးမျိုးရှိသလို၊ ဝါသနာအမျိုးမျိုးရှိသလို ဘလော့ဂါရပ်ဝန်းကလူတွေလဲ ထိုနည်းလည်းကောင်းပါလို့ ပြောပါရစေ။

ဥပမာ… ကော်ပီသံစဉ်တွေ ၊ ကော်ပီရိုက်ကိစ္စပြဿနာတွေ ဒါတွေလဲရှိတာကြုံတာပါပဲ

အကြွားပိုတာ၊ အပီအပြင်ညာတာ၊ ဖွန်ကြောင်တာ၊ လိမ်စားတာ၊ စိတ်ပုတ်တာ စိတ်ယုတ်တာ၊ သဘောကောင်းတာ၊ စိတ်ရှည်သည်းခံတာ၊ ကူညီတတ်တာ၊ သီချင်းဆိုတာ၊ သီချင်းတွေလက်ဆင့်ကမ်းတာ၊ အစစအရာရာ ကိုယ့်မှာရှိတာလေးတွေ ဝေမျှချင်တာ၊ ကိုယ်သိတာတတ်ထားတာတွေ သင်ကြားပြသပေးတတ်တဲ့ ဝါသနာကြီးတာ၊ အတွေ့အကြုံတွေ လက်ဆင့်ကမ်းတာ၊ အလှူခံတာ..အလှူပေးတာ၊ ခင်တတ်မင်တတ်တာ၊ အို…ပြောမယ်ဆိုရင် အများကြီးပါပဲလေ..

ကိုယ်ဘာသာစဉ်းစားတွေးခေါ် ချိန်ဆကြည့်ပြီး ကိုယ်နဲ့ကိုက်တာ သင့်တော်မယ်ထင်တာ၊ လမ်းကြောင်းမှန်ကို လက်တွေ့အပြင်လောကမှာလိုပဲ ဘလော့တွေရေးတဲ့ ဘလော့ဂါတွေပေါ်မှာ အကောင်းမြင်တွေးပေးဆက်ဆံပေးရင် အားလုံးငြိမ်းချမ်းပျော်ရွှင်စရာ လောကသစ်ကြီးတစ်ခု ထပ်ရတာပေါ့နော်။

တကယ်တမ်းကတော့ ဘလော့ဂါတွေရေးနေတဲ့ အကြောင်းအရာတွေကနေတဆင့် အများပြည်သူခံစားကြုံတွေ့နေရတဲ့ သဘောထားအမြင်တွေကို ကွက်ကွက်ကွင်းကွင်းမြင်ရတဲ့ ပြတင်းတံခါးတစ်ခုအနေနဲ့ တန်ဖိုးထားဖတ်ရှုနိုင်ရင် အမှန်မြင်နိုင်စွမ်းရှိတဲ့ အမြင်မှန်တဲ့ ပြည်သူ(သတင်းအမှောင်ဖုံးခံထားရတဲ့သူတွေထဲမှာမပါသူ) တစ်ယောက်လို့တောင် ဂုဏ်ယူလို့ရမှာပါ။ (နိုင်ငံရေးသဘောနဲ့ ပြောတာမဟုတ်ပါဘူးလေ)

အဓိကဆိုလိုချင်တာ တောင်းဆိုမေတ္တာရပ်ခံချင်တာကတော့…

ဘလော့တစ်ခုချင်းစီရဲ့ ဘလော့ဂါတွေရဲ့ သူတို့ သန်ရာသန်ရာ ဖေါ်ပြရေးသားတဲ့အကြောင်းအရာတွေကနေတဆင့် (လိမ်ညာရေးသားနေသူတွေပါကောင်းပါရင် ဥာဏ်လေးနဲ့ဖယ်ထားပြီးမှ) နည်းပညာ၊ အနုပညာ(ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ ဓာတ်ပုံ)၊ ပညာရေး၊ ကျန်းမာရေး၊ ဘာအမျိုးအစား ဘယ်လိုဆိုတာ ကိုယ်ကြိုက်ရာသာခွဲပြီး ဖတ်လို့ရတဲ့ ဘလော့လေးတွေကို ဝါသနာပါရာ ရွေးဖတ်ပြီး cbox တို့ comment တို့နဲ့ ပျော်ပျော်ရွှင်ရွှင် ရိုးရိုးသားသား အပြန်အလှန် ချစ်ခင်ရင်းနှီးမှုရယူရင်း ဘလော့ဂါတွေလဲအပြင်လူသားတွေလိုပါပဲလို့ခံစားနားလည်ပေးပါ။

ဒီဘလော့ဂါတွေနဲ့ စကားပြောတဲ့အခါမှာလဲ အပြင်လူတွေလိုပဲ လူမှုရေးနီတိတွေနဲ့ သူအားသလား ကိုယ်အားသလား၊ ထမင်းစားနေသလား၊ အလုပ်ရှုပ်နေသလား၊ စိတ်ကြည်လားစိတ်ရှုပ်လား ကာလဒေသအခြေအနေအချိန်အခါလေးတွေလိုက်ပြီး နားလည်ပေးစေချင်ပါတယ်။ အပြင်လောကမှာ ည ၁၂နာရီဖုန်းခေါ်ပြီး ကိုယ်မေးချင်တာမေးလို့ ကိုယ့်မိတ်ဆွေစိတ်ဆိုးတာမျိုးကျ ကိုယ်မှားသွားတာ ခွင့်လွှတ်နားလည်မိသလိုမျိုး ဘလော့ဂါတွေလဲ ည၁၂နာရီကျ အိပ်ချင်တတ်တာ အပြင်လူထက် စိတ်ရှည်သည်းခံပေးနိုင်မှုမရှိတာမျိုးကျလဲ ဘလော့ဂါဖြစ်လို့သာ မာနကြီးတာ ပဲများတာ ဘဝင်ကိုင်တာမဟုတ်ရကြောင်း ထပ်တူခံစားပေးဖို့ ဆန္ဒပြုပါတယ်လေ။

Netizens and bloggers are real people, too.

ဟုတ်ပါတယ်..ကျမတို့မှာလဲ ကိုယ့်အလုပ်နဲ့ကိုယ်၊ ကိုယ်ဂရုစိုက်ရမဲ့သူတွေ မိသားစုတွေနဲ့ မအားလပ်တာတွေလဲရှိတာပေါ့ စိတ်ကြည်တာ၊ မကြည်တာ ဒေါသပြန်ထွက်တတ်တာတွေလဲရှိပါတယ်။ ဘလော့ဂါတွေသည်လည်း အဖျော်ဖြေခံများမဟုတ်ကြသလို ကိလေသာကုန်ခမ်းနေတဲ့ ရသေ့ရဟန်းများမဟုတ်ကြလို့ ဘလော့ဂါ မျက်မုန်းကျိုးသမားများအား ဤပို့စ်ဖြင့် ဂါရဝ ပြုလိုက်ပါကြောင်း….


စာကြွင်း၊ ။တိုက်ဆိုင်သူများ ခွင့်မလွှတ်နိုင်လျှင် ခွေးသာလွှတ်ကြပါကုန်..

ရည်ရွယ်ရင်းကတော့ ဘလော့ဂါတွေကို အပြင်သာမန်လူသားတွေပါလားလို့ ထပ်ထူနားလည်ပြီး တန်းတူခံစားဆက်ဆံပေးရင်း ပျော်ရွှင်ရင်းနှီးတဲ့ ဆက်ဆံရေးလေးရသွားစေချင်တာပါ။ ဒါပေသိ အရေးမတတ်တော့ဆဲသလို ဖြစ်သွားမစိုးလို့ပါလေ။

Friday, March 13, 2009

စင်ကာပူက လတ်တလော အလုပ်အကိုင်အခွင့်အလမ်း

ကျမ စင်ကာပူကိုရောက်နေတာ ဒီလဆို ၈လလောက်ရှိပီ။
အလုပ်လုပ်နေတာတော့ ၅လလောက်ရှိပီပေါ့ ဘာဖြစ်လို့ဆို အလည်လွန်(အလေလိုက်) သုံးလလောက် အချိန်ဖြုန်းလိုက်သလိုဖြစ်ခဲ့တယ်။
ဒါပေသိ တကယ့်တကယ်က စင်ကာပူမှာ အလုပ်တစ်ခုရဖို့ဆိုတာ ပုံမှန် စီးပွားကောင်းချိန် ခေတ်ကောင်းချိန်မှာတောင် ၅ပါတ်လောက် အချိန်ယူရတယ် အချိန်ကြာလေ့ရှိတယ်လို့ ပြောကြပါတယ်(အရင်ရောက်နေတဲ့ အစ်ကိုတော် အစ်မတော်တွေကပေါ့)။ ကျမ ရောက်တဲ့အချိန်ကတော့ အလုပ်ကလဲ အရင်နှစ်တွေကထက် ပိုရှားပါးပါတယ်။ အင်တာဗျူး အခု နှစ်ဆယ်ကျော်လောက်သွားပီးမှ ရမဲ့အလုပ်ကျ ရှောရှောရှုရှု second interview တောင်မသွားရပဲ ပါ့စ်လျှောက်ပေးတာလဲ နှစ်ရက်တစ်ပိုင်းတောင် မကြာလိုက်ပဲ အင်မတန်အဆင်ပြေသွားခဲ့တာပါ။ အလုပ်ကလဲ မရတော့လဲမရတာ သုံးလလောက်ကြာ။ ရပြန်တော့လဲ ၄ခု ၅ခု ပုံနေလို့ပဲ။ ကံကောင်းခြင်းရဲ့နောက်ကွယ်က မေးတောင် ကွဲယူတဲ့အထိပါပဲ။
ထားပါတော့ အဲဒါတွေက ပီးခဲ့တာ ဆက်စပ်မိလို့ပြန်ပြောဖြစ်ရုံပါ။

အခု global recession ကြောင့် စင်ကာပူမှာ နှစ်သိန်းကျော် သုံးသိန်းနီးပါး အလုပ်လက်မဲ့ဖြစ်သွားခဲ့တဲ့အပြင် ဒီရက်ပိုင်းမှာဆို contract သက်တမ်းမတိုးတော့ပဲ အလုပ်ရှာတာအချိန်မမီလို့ပြန်ရတဲ့သူတွေလဲရှိနေတယ်။ လာတဲ့သူတွေလဲလာနေကြဆဲ တဖွဲဖွဲပါပဲ။ တချို့ကလဲ လာရကောင်းမလား မလာရကောင်းမလားပဲ လာလာမေးနေကြတယ်။ ဆုံးဖြတ်ပြီးသားပဲ လာနေတဲ့သူတွေအတွက်တော့ မတားဖြစ်ပဲ လာတုန်းလေး ကိုယ်တတ်နိုင်သလောက် လုပ်ပေးတာကလွဲရင် ပြန်သွားတော့လဲ စိတ်မကောင်းဖြစ်တဲ့ခံစားချက်တောင် မပေါ်တော့ပါဘူး။ အရေထူသွားသလားလဲမသိဘူးလေ။ အလုပ်ရတဲ့သူတွေလဲ ရနေတာပါပဲ။ အဲတော့ ကိုယ်အတိုင်းအတာနဲ့ကိုယ် အချိန်တွေ ငွေတွေ ရင်းနှီးနိုင်မယ်ဆို ကိုယ်တိုင် ဆုံးဖြတ်ကြဖို့ပဲ အဓိက တိုက်တွန်းပါရစေ။
ဆုံးဖြတ်ချက်တွေ မှန်မှန်မှားမှား တင်ကြိုစဉ်းစားနိုင်ဖို့အတွက်တော့ ကျမဖတ်မိတဲ့ သတင်းလေးတစ်ပုဒ်ကို ဘာသာပြန်ပြီး ဒိပို့စ်လေးမှာ ထည့်ရေးပေးလိုက်တယ်နော်။ အားလုံး အစစအရာရာ အဆင်ပြေစေချင်ပါ၏။

တကမ္ဘာလုံးရဲ့ ၈၅နိုင်ငံလောက်ကနေ နိုင်ငံခြားသား အလုပ်အကိုင်လာရှာသူ ၁၀ယောက်မှာ ၈ယောက်ဟာ ခုဆိုရင် စင်ကာပူမှာ အလုပ်အကိုင်ရဖို့ အနဲဆုံးလေးလခန့်အချိန်ပေးရပါမယ်လို့ ခန့်မှန်းပါတယ်။ အလုပ်ရှိရာကနေ အလုပ်လက်မဲ့ဖြစ်တဲ့သူတွေအတွက်လဲ အကျုံးဝင်ပါတယ်။
အဲဒီထဲကမှ ၁၀ယောက်မှာ လေးယောက်က ၇လကနေ အဲဒီထက် ပိုကြာနိုင်ပါသေးတယ်တဲ့။ အဲဒီခန့်မှန်းချက်ကတော့  Korn/Ferry Institute က သုတေသန အဖွဲ့ကနေ အလုပ်လက်မဲ့ ၁၀၀၀ ပေါ်မှာ မကြာသေးခင်ကပဲ ကောက်ခံရရှိတဲ့ စစ်တမ်းပေါ်က အချက်ကို အခြေခံပါတယ်တဲ့။ ဒီလိုစီးပွားရေးကျတဲ့ အချိန်နဲ့ အခြေအနေပေါ်မှာတော့ ကျွမ်းကျင်သူ အဆင့်ရဲ့ ၄၃ရာနှုံးက စစ်တမ်းကအဆိုကတော့ တစ်ခုခု သင်ကြားရေးပေါ်မှာ ဆွဲဆောင်စေချင်ပါတယ်တဲ့။ အလုပ်လက်မဲ့ executives တွေအနေနဲ့ကတော့ MBA သို့မဟုတ် တခြား အဆင့်မြင့် ဒီဂရီ လိုမျိုး ပညာရေးအခွင့်အလမ်းတွေကို မျက်စပစ်နေကြပါတယ်တဲ့။ စစ်တမ်းမှာ တွေ့ရှိရသေးတဲ့ နောက်အချက်ကတော့ အလုပ်ရှာဖွေသူ ၅၅ရာနှုံးက အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ ရှာဖွေခြင်းအတွက်ပဲ သူတို့အချိန်တွေကို အများဆုံးအသုံးချပါသတဲ့။ လေးပုံတစ်ပုံကတော့ သူတို့ရဲ့ အချိန်တွေကို သက်မွေးဝမ်းကျောင်းကျွမ်းကျင်မှုပိုမိုတိုးတက်စေဖို့ အဓိက အာရုံစိုက်ပါတယ်။ ဆယ်ပုံတစ်ပုံကတော့(၁၀ရာနှုံးပေါ့နော်) မိသားစု၊ သူငယ်ချင်းတွေနဲ့ အားလပ်ရက် အပန်းဖြေထွက်တဲ့ အချိန်တွေအနေနဲ့ အသုံးချကြပါသတဲ့။

အဲဒီသတင်းလေးကို By Satish Cheney, Channel NewsAsia | Posted: 11 March 2009 1933 hrs မှာ ဖတ်မိပါတယ်။ အလည်တစ်လနဲ့လာ ပီအာရ် အမျိုးတစ်ယောက်ယောက်ကောင်းမှုနဲ့ သုံးလလောက် နေထိုင်ခွင့်ဗီဇာသက်တမ်းတိုးလို့လဲရတယ် သို့မဟုတ် ကျောင်းအပ်ဖို့ ကျောင်းလခ ရင်းနိုင်တယ် အနဲဆုံး ၆လလောက် student pass ကိုင်ပြီး အလုပ်ရှာမယ်။ နေစရိတ်၊ စားစရိတ် တစ်လကို ခြွေတာသုံးလို့ ၆၀၀လောက် အနဲဆုံး အိုကေတယ်။ အလုပ်ရမဲ့ ကံဇာတာနဲ့ ရတဲ့အလုပ်ကို ကျားကုတ်ကျားခဲ ကြိုးစားလုပ်နိုင်တဲ့ အရည်အချင်းအတွေ့အကြုံတွေ တကယ်ရှိမရှိ ကိုယ့်ကိုယ်ကိုသာ မညှာမတာချင့်ချိန်ဝေဖန်ကြပေတော့ သူငယ်ချင်းမောင်နှမအပေါင်းတို့ရေ...

ကျမတို့ရုံးက မြန်မာသူငယ်ချင်းတွေထဲကနှစ်ယောက်လဲ တစ်ယောက်က  ကွန်ထရိုက်သက်တမ်းထပ်မတိုးပဲဖြစ်သွားလို့ အလုပ်သစ်ရှာကတယ်။ နောက်တစ်ယောက်ကတော့ အပန်းဖြေရင်း အလုပ်နားထားလေရဲ့။ ကျမတို့ အေးဂျင့်ကတော့ ကျမတို့ ၁၆ယောက်ဝန်ထမ်းကို ဘယ်လိုစီစဉ်ပေးလိမ့်ဦးမယ်မသိ...

အော်..ဆင့်ကာပူ..ဆင့်ကာပူ...ပါတ်စပို့ သက်တမ်းတိုးဖို့လဲပူ...ပူ..ပူ..ပူ...

Tuesday, March 10, 2009

ကြယ်ကြွေဆုတောင်း

အဲဒီတစ်နေ့မှာ...
ကန်ပေါ်ကလရိပ်ဖြာနေဆဲ
ငါလဲ နင့်ကိုတမ်းတတဲ့စိတ်တွေနဲ့ပါပဲ..

ကောင်းကင်က ကြည်လင်...
ကြယ်တွေစုံတဲ့ညတစ်ည
လှလဲလှ သာလဲသာယာ
ငါကတော့ တစ်ယောက်တည်းပါ..

မထင်မှတ်တဲ့ အချိန်တခဏ
ရင်မှာ အမှတ်တယ
ဆုတောင်းခွင့်လေးကြုံလိုက်ရတာ...

ကြယ်ကြွေတာကို အကြိုက်ဆုံးပဲ
အလျင်အမြန် ငါဆုတောင်းမြဲ
စကားလေးတစ်ခွန်း ငါ့နှုတ်ဖျားပေါ်ကထွက်ကျ
"မင်းနဲ့ တွေ့ပါရစေ"
ဒီခဏမှာ ငါလေ ပျော်ခဲ့ရ...

everything is ok
everything is all right with you
I always wish you all the best
Oh, my dear lovely star ...
please fulfill my wish at sooner!

စာကြွင်း။ ။ မွေးနေ့မရောက်ခင်တစ်ည အမှတ်တယပါလေ...
(နောက်နှစ်မွေးနေ့မှာ အနားကနေ တကယ် wish လုပ်ပေးမယ်ဆိုရင်တော့ ဒီဆုတောင်းလေးပြည့်လို့ပေါ့)

Friday, March 6, 2009

တရားနာကြရအောင် သယ်ရင်းတို့ရေ

Just Sharing!
http://theinngu.org/ (သဲအင်းဂူဆရာတော်)
http://www.mahasi.org.mm/ (မဟာစည်-၁)
http://www.mahasi.org/ (မဟာစည်-၂)
http://www.dhammaceti.org/home.htm (ဘုန်းဘုန်းကောသလ္လ)
http://dhammaduta.net/ (အရှင်ပညိဿရ-ဓမ္မဒူတ)
http://www.shweparami.net/ (အရှင်ဆန္ဒာဓိက)
http://www.yawainwe.net/ (အရှင်ရာဇိန္ဒ)(ရဝေနွယ်-အင်းမ)
http://mettashin.com/ (အရှင်ဇ၀န)(မေတ္တာရှင်-ရွှေပြည်သာ-၁)
http://mettashin.dhammathukha.com/index.php?option=com_content&view=frontpage
(အရှင်ဇ၀န)(မေတ္တာရှင်-ရွှေပြည်သာ-၂)
http://www.shwehinthar.com/buddhism/ (ရွှေဟင်္သာဆရာတော်)
http://www.sitagu.org/home/ (သီတဂူဆရာတော်)
http://www.pilotsayadaw.net/ (အရှင်ဇေယျပဏ္ဍိတ-ပိုင်းလော့ဆရာတော်)
http://www.chanmyay.org/ (ချမ်းမြေ့ဆရာတော်)
http://majjhimagonyi.info/ (အရှင်ကောဝိဒ-မဇ္ဈိမဂုဏ်ရည်)
http://www.paauktawya.org/ (ဖားအောက်တောရဆရာတော်)
http://www.phyusayadaw.com/ (ဖြူးဆရာတော်)
http://www.theravada-3p.org/ (ဆရာဦးမြင့်လွင်-သန့်တည်ပွား)
http://www.mogokinsightny.org/ (မိုးကုတ်ဆရာတော်ဘုရားကြီး)
http://realenlightenment.org/ (အရှင်ဥတ္တမသာရ)
http://www.lknt.org/ (အရှင်လောကနာထ)
http://lknt115.blogspot.com/ (အရှင်လောကနာထ)
http://kathitwinemyanmar.blogspot.com/ (ကသစ်ဝိုင်ဝိပဿနာ ဓမ္မရိပ်သာ)
http://www.dhammaduta.co.cc/ (အရှင်ဆေကိန္ဒ-ဓမ္မဒူတ)
http://majjhimagonyi.info/ (အရှင်ကောဝိဒ-မဇ္ဈိမဂုဏ်ရည်)
http://www.paauktawya.org/ (ဖားအောက်တောရဆရာတော်)
http://www.phyusayadaw.com/ (ဖြူးဆရာတော်)
http://www.theravada-3p.org/ (ဆရာဦးမြင့်လွင်-သန့်တည်ပွား)
http://www.mogokinsightny.org/ (မိုးကုတ်ဆရာတော်ဘုရားကြီး)
http://realenlightenment.org/ (အရှင်ဥတ္တမသာရ)
http://www.lknt.org/ (အရှင်လောကနာထ)
http://lknt115.blogspot.com/ (အရှင်လောကနာထ)
http://kathitwinemyanmar.blogspot.com/ (ကသစ်ဝိုင်ဝိပဿနာ ဓမ္မရိပ်သာ)
http://www.dhammaduta.co.cc/ (အရှင်ဆေကိန္ဒ-ဓမ္မဒူတ)


အလှူတကာအလှူတွင်တရားအလှူသည်အမြတ်ဆုံးဖြစ်၏ ဤဆိုက်လေးများဖြန့်ဝေပေးချင်းဖြင့် တရားအလှူပြုလုပ်ပေးနိုင်ပါသည်။

Thursday, March 5, 2009

လုပ်တိုင်းမဖြစ်တဲ့အခါ vs လုပ်တိုင်းပဲလဲဖြစ်နေတဲ့အခါ

ဒီအပတ်တနင်္ဂနွေက သီရိလင်္ကာကျောင်းမှာ ဆရာတော် အရှင်ဇဝန ဟောကြားတဲ့ တရားပွဲကို သွားနာခွင့်ရတဲ့ ကုသိုလ်ကံကောင်းလေးကြုံခဲ့တယ်။
ဆရာတော် ဟောသွားတာတွေထဲက သရဏဂုံသုံးပါးသာ ကိုးကွယ်အားထားရာရှိတဲ့ အကြောင်းလေး(ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးပေါ့နော်)ဟောတာနာရခိုက် အသက် ၂၀ကျော်စ အိမ်မှာ အတူနေတဲ့ ညီမငယ်လေး (သရဏဂုံသုံးပါးက ဘာလဲ သေချာမသိသေးသူ) သူမလေးကို သတိရမိတယ်။ အော် ..ဒီတရားပွဲလေးကို ဒီညီမငယ်လေး ခေါ်လာခွင့်ရ ဘယ်လောက်ကောင်းလိုက်မလဲပေါ့နော်။ နောက်တစ်ယောက်ကတော့ ဘလော့ဂါသူငယ်ချင်း တိမ်ပျော်များထဲက မိုးမောင်ကို သတိရတယ်။ ဘလော့ဂါစကားဝိုင်းဖွဲ့ဖြစ်တဲ့ တစ်ညက ဗုဒ္ဓမြတ်စွာကို ကိုးကွယ်တာ၊ သံဃာတော်များကို ကိုးကွယ်တာ ဒါကထင်ရှားတယ်။ တရားကို ကိုးကွယ်တာက ဘုရားဟောတဲ့ ဘယ်တရားကို ရွေးကိုးကွယ်ရပ ဆိုတဲ့ အတွေးလေး ဆွေးနွေးဖြစ်တာကိုပေါ့။ အဖြေကိုတော့ ဘုန်းဘုန်း ဦးကောကို မေးလျှောက်ဖို့သာ စကားပလ္လင်ခံထားပြီး သေချာမမေးဖြစ်သေးဘူး။ လျှောက်သတိရပြီး ဘာပြောချင်မှန်းမသိဘူးဖြစ်တော့မယ်။ ပြန်ဆက်ရရင် ဗုဒ္ဓဘာသာ အစစ်မှာ ဗေဒင်၊ အတိတ်နိမိတ်တွေ မပါတာ။ ပထမဆုံး ရက်ရာဇာ၊ ပြဿဒါး နဲ့ နဂါးလှည့်တွေပယ်သင့်တာလဲ ပြတ်ပြတ်သားသား မှတ်သားရတယ်။

ဒီလာမဲ့ အပါတ် ၁၇ရက်နေ့မှ စင်ကာပူရောက်မဲ့ ဘုန်းဘုန်းတစ်ပါးက အဲဒီတရားပွဲမှာ နာခဲ့တာတွေမှတ်သားပြီး သူ့ကိုပြန်ပြောပြပါဆိုလို့တော့ သေချာမှတ်ခဲ့ပါတယ်။ ညနေ ၄နာရီကဟောတဲ့တရားပွဲ ၆နာရီခွဲမှ သိမ်းတာဆိုတော့ ပြန်ပြောရင်တော့ တော်တော်များပါမယ်။ အခု အဓိကပြောချင်တာလေးက ကျမရဲ့ သူငယ်ချင်းမောင်လေးတစ်ယောက်ကိုပါ။ သူ့အတွက် unlucky day လို့ပြောသလား၊ သူများမတ်ဆေ့ခ်ျကို ပြောသလားတော့မသိပါဘူး။ ဘာမှမလုပ်ဘဲ ထိုင်နေလို့ "ကံ"ကောင်းတဲ့သူတွေ ရှိလို့လားကွာကံဆိုတာ တကယ်တမ်းတော့ "အလုပ်"ပါပဲ ဆိုပြီးတော့ သူရေးထားတာလေးတွေ့မိရင်း စဉ်းစားမိတာပါ။ တခါတလေကျ ကိုယ်တိုင်လည်းကံမကောင်းဘူး၊ ကိုယ်လုပ်တာတွေ ကောင်းပါလျက်နဲ့ ဘာလို့ လုပ်တိုင်းမဖြစ်တာလဲ ဘာလို့ အဆင်မပြေရတာလဲလို့ စဉ်းစားပြီး ဝမ်းနည်းကြေကွဲရတယ်။ တချို့တလေကျတော့လဲ ဘာမှအားမထုတ်ရပဲ အဆင်ကိုပြေလို့ ခွေးဖြစ်ဆိုတာမရှိဘူး သူဌေးပဲဖြစ်သွားတယ်တဲ့။ ကျောက်သမား(မန်းလေးက ကျောက်ကုန်သည်)တွေစကားနဲ့ပြောရင် ဘယ်သူဖြင့်ကံကောင်းပုံများ လမ်းဘေးကကျောက်စရစ်ခဲ ကိုင်ရောင်းတောင် ခေါ်ဈေးအတိုင်းကြိုက်ဈေးပေးဝယ်တဲ့သူရှိသတဲ့။ ဟုတ်ပါတယ်။ ကျမတို့ လျှပ်တပြက်စဥ်းစားမိတာက လက်ရှိခဏ တစ်ဘဝကိုပဲကြည့်ရင်တော့ လောကကြီးက မတရားသယောင်ယောင်။ တကယ့်တကယ်မှာတော့ ဆရာတော်အရှင်ဇဝနဟောတဲ့တရားမှာလဲပါတယ်။ ကျမတို့ ငယ်ငယ်ကတည်းက လူကြီးမိဘတွေ ဆုံးမတဲ့အခါမှာလဲပါတယ်။ ကံဆိုတာ အလုပ်။ အလုပ်ကောင်းမှကံကောင်းမည်(ရွှေပုဇွန်မှာ ဆောင်ပုဒ်အနေနဲ့တောင်သုံးထားတယ်)။ အဲဒီ ကံဆိုတဲ့ အလုပ်က အတိတ်ကကံရော၊ ပစ္စုပ္ပန်ကံပါပါတယ်။ ကံ၊ ကံ၏အကျိုးဆက်ကိုယုံရင် တော်တော်လေး ဗုဒ္ဓဘာသာ ပီသလာပီလို့ထင်ပါတယ်။ ဘာဖြစ်လို့တုန်းဆို ဂေါတမဘုရားပွင့်တော်မူခဲ့တဲ့ အိန္ဒိယမှာ ဗုဒ္ဓဘာသာကွယ်ခဲ့တာ အဲဒီကံ၊ကံ၏အကျိုးဆက်နဲ့ ကံဆိုတာအလုပ်ပဲလို့ မယုံမကြည်ပစ်ပယ်ပြီး ဓာတ်တွေ၊နတ်တွေ ယတြာတွေနဲ့ပဲ ဖက်တွယ်နေခဲ့လို့ဆိုတာ အချက်တစ်ချက်ဖြစ်ပါတယ်။

ကျမ ပြန်ပြီး အချုပ်ပြောရရင် မလုပ်ပဲလဲဖြစ်နေတဲ့အခါ အဲလေ..မလုပ်ပဲနဲ့တော့ဘာမှမဖြစ်ဘူးပေါ့နော်။ သို့သော် လုပ်တိုင်းဖြစ်နေတဲ့အခါ(သို့မဟုတ်) ဘာလုပ်လုပ်အောင်မြင်နေတဲ့အခါ ကိုယ်ချင်းစာတရားခေါင်းပါးပြီး လုပ်ချင်ရာလုပ်တဲ့လူတစ်စုရဲ့ သတိတရားကင်းမဲ့မှုမျိုးကိုလဲ သင်ခန်းစာအနေနဲ့ မှတ်သားရှောင်ရှားရင်း ကိုယ်တွေ လုပ်တိုင်းမဖြစ်တဲ့အခါမျိုးမှာလဲ စိတ်ဓာတ်ကျမနေပဲ ကံမကောင်းတာတွေများတဲ့အခါ ကောင်းတဲ့ကုသိုလ်တွေများများပိုလုပ်ရင်း (ဆရာတော် အရှင်ဇဝနဟောခဲ့တာ) ကံမကောင်းတဲ့အကုသိုလ်မီးတွေကို ကုသိုလ်ဆိုတဲ့ တရားရေအေးနဲ့များများလောင်းမှငြှိမ်းသတ်နိုင်သလိုမျိုးသာဓကနဲ့ ကျမမောင်လေးကို ကုသိုလ်တွေများများလုပ်၊ စိတ်ကိုငြိမ်အောင် ကမ္မဌန်းတရားလေး ငါးမိနစ်ရရ၊ ဆယ်မိနစ်ရရ ထိုင်ရင် စိတ်တွေလဲငြိမ်းချမ်းလို့ ဖြစ်ချင်တာနဲ့ဖြစ်နေတာတွေ တစ်ထပ်တည်းကျပြီး အများအကျိုးသယ်ပိုးနိုင်တဲ့ သူ့မေမေမျှော်လင့်တဲ့ သားကောင်းလိမ္မာလေး ဖြစ်စေကြောင်းရည်ရွယ်ရေးလိုက်ပါတယ်လေ။

အားလုံး ရွှင်လန်းချမ်းမြေ့ပါစေ...