Saturday, June 6, 2009

ငယ်သူငယ်ချင်းတွေကို လွမ်းတယ်..

ချစ်သောမေနဲ့ ဖုန်းပြောတယ်...
မီးရဲ့ ငယ်သူငယ်ချင်းတစ်ယောက်နဲ့တွေ့တယ်တဲ့..
အန်တီ.. ကျနော့်ကို မှတ်မိလား.. မီမီ့ သူငယ်ချင်းလေတဲ့..
မေမေပြောတယ်..
သူငယ်ချင်း လူကြီးဖြစ်နေပြီ
ဝပြီး မျက်နှာဝိုင်းဝိုင်းပြဲပြဲတဲ့..
အဟတ်ဟတ်...
အဲဒီ တစ်ယောက်နာမည်က ဘတ်ခွ...
သူ့နာမည်ကို ရန်ကုန်က သူငယ်ချင်းတွေကို ပြောပြရင် ရယ်ခွဲခံရတယ်။
ဘတ်ခွ ဆိုတာ ဘာကြီးတုန်းတဲ့..

ဒီကောင်ပေါ့... အဆော့သန်လို့ ရှေ့သွားကျိုးတာ
အကုန်မကျိုးဘူး ဘတ်ခွပုံပေါက်သွားလို့ ဘတ်ခွလို့ ခေါ်တာ
ဘတ်ခွ ဆိုတာကလေ ငှက်ပစ်တဲ့ လောက်လေးခွကို ခေါ်တာ.. သိပီလား

လွမ်းတယ် လွမ်းတယ်... ငယ်သူငယ်ချင်းတွေကို လွမ်းတယ်..
မူလတန်း အလယ်တန်း အထက်တန်း အတူတူ ကျောင်းတက်ခဲ့တယ်

(ပထမနှစ် ကျောင်းတက်ရက်တွေမှာ မေမြို့သို့မဟုတ် ပြင်ဦးလွင်ကတော့ အိမ်ဦးနဲ့ ကြမ်းပြင်ပေါ့.. ဒီပုံက ဓာတ်တော်ချိုင့်မှာ ရိုက်ထားတာ)
ဒီပုံထဲက တစ်ယောက် နှစ်ယောက်ပဲ ပထမနှစ်မှ စခင်တာ (ပေါက်ပေါက်၊ မုစိနဲ့ ထူးအောင်)
ပထမနှစ်တစ်နှစ်လုံး ကိုယ့်မေဂျာက သင်္ချာပေမဲ့လဲ သူတို့တွေနဲ့ တပူးတွဲတွဲ သမိုင်းခန်းမှာပဲ အမြဲသွားတက်ခဲ့တာမို့ ဖီလော်ဆရာကတောင် မီမီ စာမေးပွဲလာမဖြေဘူးလား မေးယူရတဲ့အထိ.. အဟိဟိ

ငယ်သူငယ်ချင်းတွေရယ် နင်တို့ကို လွမ်းတယ်..
မီးငယ်၊ ချမ်း၊ မုစိ၊ ပေါက်၊ အိနန်၊ ဘတ်ခွ၊ ထူးအောင်

No comments: