Friday, May 1, 2009

May day(အလုပ်သမားနေ့) Vs. မလုပ်၊ မရှုပ်၊ မပြုတ်

ဒီနေ့ စင်ကာပူမှာတော့ ရုံးပိတ်ရက်ပါ။ ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားနေ့အနေနဲ့ နိုင်ငံတိုင်း၊ ရုံးတိုင်း ပိတ်မယ်လို့ ထင်ခဲ့ဖူးပေမဲ့ LA မှာတော့ ရုံးပိတ်ရက်မဟုတ်ပါဘူး ဆိုလားပဲ။ အဲဒီဘက်နိုင်ငံတွေနဲ့က လက်လှမ်းမမီလို့တော့ သိပ်မသိပါဘူး။ အရင် မနှစ်တွေတုန်းက ရန်ကုန်မှာတော့ တချို့ရုံးတွေ မေဒေးက gazetted holiday ဖြစ်ပေမဲ့လဲ မပိတ်ပါဘူး။ ကျမတို့ရုံးလဲ alternate shift နဲ့ နားကြရတာမလို့ ကျမတို့ shift က stand by ဆင်းရတဲ့ အလှည့်ဖြစ်လို့ ကျမလဲ ရုံးတက်ခဲ့ရဖူးတယ်။ တခြားနိုင်ငံတွေရောက်နေတဲ့ သူငယ်ချင်းတချို့နဲ့ မန်းက သူငယ်ချင်းတချို့က ကျမကို အွန်လိုင်းမှာတွေ့တော့ အိမ်ကနေ ချတ်နေတယ် မှတ်နေကြတယ်။ ကျမက ပြန်ဖြေခဲ့ဖူးတယ်။ အလုပ်သမားတွေ ပိတ်တာ။ ငါတို့က အလုပ်ရှင်မလို့ မပိတ်ဘူး၊ ရုံးတက်ကတယ် လို့ ပြန်ဖြေခဲ့တတ်တာလေး မှတ်မိသေးတယ်။ ဒီနေ့တော့ စလုံးမှာ အလုပ်သမားပီပီ အိမ်မှာ နားရင်း ဒီပို့စ်တင်ပါတယ်။

ကျမ ပြန်ပြောင်းတွေးမိတာလေးက ရန်ကုန်မှာ ကျမတို့ ရုံးပိတ်ရက်တွေ stand by ဆင်းရမယ်ဆိုလဲ ဒီလိုပဲ ဆင်းခဲ့ကြရတယ်။ ဒီမှာ တကယ်လို့ ပိတ်ရက်တွေမှာ part time အလုပ်မျိုးလုပ်တဲ့သူတွေတောင် ပုံမှန်လုပ်အားခရဲ့ နှစ်ဆရကြတယ်လို့ သိရတယ်။ အော်.. ကောင်းလိုက်တဲ့ အခွင့်အရေး၊ ကြိုးစားလုပ်ချင်စိတ်တွေ တဖွားဖွားပေါ်လာသလားပဲ။ မြန်မာမှာတုန်းက အဲလို stand by ဆင်းခဲ့ဖူးတဲ့ ရက်တိုင်းမှာ အဲလို လုပ်အားခ နှစ်ဆသာ ရခဲ့မယ်ဆိုရင်...
မယ်လိုဒီ ဒီမှာလာ အလုပ်သမားလုပ်စရာမလိုတော့.. ကိုယ့်မြေကိုယ့်ရေမှာတင် လက်မထောင်၊ ကိုယ်ပိုင် တိုက်တာ၊ ကားနဲ့ နေနိုင်မှာပဲဗျို။

အင်း..စကားမစပ် ကျမတို့ အချိန်ပိုကြေးတွေ မရတာ၊ ရုံးနောက်ကျရင် လစာတွေ မတန်တဆ အဖြတ်ခံရတာ၊ ပိတ်ရက်တွေမှာ ဆင်းရတာလဲ လုပ်ခ နှစ်ဆမပြောနဲ့ annual bonus မှာတောင် ထည့်စဉ်းစားပေးထားတာ မရှိတာ၊ bonus ဆိုတာကလဲ ခုပေးမယ် တော်ကြာပေးမယ်၊ ပေးချင်မှလဲပေးမယ်၊ မပေးချင်လဲ မပေးဘူး... အဲဒီလိုမျိုးတွေ ရှိနေတာ..အဲဒါကို အားလုံးက သည်းခံကျေနပ်နေကြတာ ဘာကြောင့်လဲ။ ဒီလိုပဲ ငြိမ်နေကြတာလား လို့ အမေးရှိခဲ့ရင်..
ဟုတ်ကဲ့ များသောအားဖြင့်လဲ ငြိမ်နေတတ်ကြပါတယ်။ မလုပ်၊ မရှုပ်၊ မပြုတ် မူကို လက်ကိုင်ထားသူ အတွေ့အကြုံရှိ ဝါရင့် မန်နေဂျာများက ပါးနပ်သော အားဖြင့်လို့ ယူဆပါတယ်။ ငြိမ်မနေတတ်ကြတဲ့ ကျမတို့လို ငပွကြီးဘွဲ့ခံများ ဘာလုပ်ကြသတုန်း ဆိုရင်.. အလုပ်သမားဝန်ကြီးဌာနရဲ့ အလုပ်သမားအခွင့်အရေးများကို သေချာတောင်ဖတ်မထားဖူးတဲ့ အလုပ်သမားရုံးက တာဝန်ရှိသူများဆီကို လက်မှတ်ထိုး စာပို့ တိုင်ကြားပါတယ်။

မကြာမီ...
ရုံးက ဝန်ထမ်းရေးရာ မန်နေဂျာကို ခေါ်စာရောက်လာပါတယ်။ ဘယ်နေ့ဘယ်ရက်မှာ လာတွေ့ပါတဲ့။
မျှော်လင့်ချက်များ အရောင်လင်းလက်လို့ မီးပျက်ရင်တောင် တစ်ရုံးလုံး လင်းထိန်နေသလား မှတ်ရအောင် မီးစက်မထွန်းပဲ တိတ်တဆိတ် ထိုင်စောင့်နေလိုက်ကြတယ်။
ပြန်လာပါပြီ..
နင်တို့တွေ ပို့လိုက်တဲ့စာ ပြန်ယူလာပါတယ်။ သူဌေးဆီကို အဆင်ပြေအောင် ညှိပေးဖို့ တင်ပြလိုက်ပါ့မယ်တဲ့။
ငါကွ...
ဒါပေသိ မဖြစ်သေးဘူး သေချာအောင် စနည်းနာရမယ်။
ဦးလေး.. အဲဒီရုံးက ဘာတွေ ပြောလိုက်သလဲ ပြန်ပြောပြ ဆိုတော့လေ...
ခင်ဗျားက အဲဒီရုံးက ဝန်ထမ်းရေးရာက တာဝန်ရှိသူလားတဲ့
ခင်ဗျားရုံးက တိုင်စာရောက်နေတယ်တဲ့
အဲဒီစာကို ဒီမှာ ဖတ်ကြည့်ပြီး ပြန်ယူသွားလိုက်ပါတဲ့
ကိုယ့်ရုံးမှာကိုယ် အဆင်ပြေအောင် ကြည့်ကျက်လုပ်ပါတဲ့။
ကြီးတဲ့အမှုငယ်အောင် အဆင်ပြေအောင် လုပ်စေချင်ပါတယ်တဲ့။
ပြန်လို့ရပါပြီတဲ့...

ကဲ..အရပ်ကတို့ရေ...
မလုပ်၊ မရှုပ်၊ မပြုတ် ဗျို...
ကိုယ်တွေက ဖြုတ်သင့် ပြုတ်သင့်သူ မဟုတ်လို့သာပေါ့နော်..နော်..နော်..

ဒီတော့ကာ...ကိုယ်ကျေနပ်သည်းခံနိုင်သ၍တော့ အဲဒီအရပ်၊ အဲဒီဒေသမှာ ပါးနပ်စွာ သက်မွေးဝမ်းကျောင်း ပြုနိုင်ကြပါစေကုန်သော်ဝ်..

9 comments:

Myat Noe Khin said...
This comment has been removed by a blog administrator.
Moe Sandar wai said...
This comment has been removed by a blog administrator.
Moe Sandar wai said...
This comment has been removed by a blog administrator.
Moe Sandar wai said...
This comment has been removed by a blog administrator.
Moe Sandar wai said...
This comment has been removed by a blog administrator.
Anonymous said...

လွတ် သမ သိပ်ကို လွတ်နေတယ်...မိမယ်..ရယ်
လွှတ် ကိုသနားတယ်..ကျွတ်..ကျွတ်

Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.
Anonymous said...
This comment has been removed by a blog administrator.