Thursday, May 7, 2009

ဘဝက တကယ်ပဲ အဲဒီလိုပါပဲလား..

လက်လီအရောင်းသမားတွေကို ဦးဆောင်နေတဲ့ အလုပ်တစ်ခု အတွက် ကျနော်က လူငယ်တစ်ယောက်ကို အင်တာဗျူးနေခဲ့ပါတယ်။ ကျနော်က သူ့ကို တိကျသေချာတဲ့ ပန်းတိုင်တစ်ခု ဆီကို ရောက်ဖို့ အလုပ်လုပ်နေတဲ့ team တစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်ခဲ့တဲ့ အချိန်တစ်ခုရှိခဲ့ရင် ပြောပြပါ လို့..မေးလိုက်တယ်..
လူငယ်က ပြန်ဖြေပါတယ်။ ဟုတ်ကဲ့ ကျနော် ကုန်းပတ်လုပ်သားအနေနဲ့ လုပ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက မြစ်ကိုဖြတ်ဖို့ ကျနော်တို့ ဖောင်တစ်ခု ဆောက်ခဲ့ရပါတယ်။
သင့်တင့်လျောက်ပတ်တဲ့ ကျိုးကြောင်းဆီလျော်တဲ့ ဥပမာ ဖြစ်လိမ့်မယ်လို့ ကျနော် တွေးထင်လိုက်ပါတယ်။ ဒါဆို မင်းက အဲဒီ team ကို ဘယ်လို့ ထောက်ပံ့ဖြည့်ဆည်းပေးပါသလဲလို့ ထပ်မေးလိုက်တယ်...
(လူငယ်)...ကျနော်က ပို့ပေးလာတဲ့ ပစ္စည်းတွေနဲ့ ဖောင်ကို ဆင်ရပါတယ်။
အော်.. အထင်ကြီးနှစ်သက်စရာပါလားလို့ ကိုယ်ဘာသာ ကောက်ချက်ချ တွေးလိုက်မိပါတယ်...
ဒါနဲ့ ရလဒ်က ဘာပါလိမ့်လို့..ဆက်မေးလိုက်တော့မှပဲ..

(လူငယ်)...နစ်သွားပါတယ် ခင်ဗျာ..တဲ့


အဟိဟိ januray issue, Reader's digest က ဘဝက တကယ်ပဲ အဲဒီလိုပါပဲလား..ဆိုတဲ့ ကဏ္ဍထဲက ဟာသလေးတစ်ပုဒ်ပါ။
ဖတ်ပြီး တခွိခွိ နဲ့ ဘတ်စ်ပေါ်မှာ ရယ်နေမိလို့ အနားနာက စိတ်ဝင်စားပြီးတော့ ခိုးတောင် လှမ်းဖတ်ခံရသေးတဲ့ ဟာသလေးမို့ ရိုက်တင်လိုက်တယ်..
ရယ်သောသူ အာပြဲ၏တဲ့...
အပူအပင်ကင်းစွာ ရယ်မော ပျော်ရွှင်နိုင်သောသူများ ဖြစ်ကြပါစေသော်ဝ်..

8 comments:

khin oo may said...

ဖြည်းဖြည်းပြော
တော်ကြာနေ laughter ဘဲဖတ်တတ်တယ် ထင်ကုန်ကြဦးမယ။်

နေဒေးသစ် said...

ဟဟ .. တကယ်ကို စွမ်းဆောင်နိုင်သူပါပဲ .. :D

စိုးသူအောင် said...

ပဲ့လိုက်တဲ့ post.. nonsense

Anonymous said...

nonsense ဆိုရင် လာမဖတ်နဲ့လေ...စိုးသူအောင်

sdl

စိုးသူအောင said...
This comment has been removed by a blog administrator.
Rita said...

မမ တော်တော်နောက်

Anonymous said...

I agree with စိုးသူအောင်

sdl = melodymg :p

Zmt

MELODYMAUNG said...

စိုးသူအောင် ဆိုတဲ့ moe sandar wai ရယ် zmt ဆိုတဲ့ anonymous ရယ်.. သိပ်သနားတာပဲ sdl ဆိုတာ မိန်းကလေးစစ်စစ်ဟ
နာ့ကို တော်တော် မနာလိုတိုရှည် ဖြစ်နေပုံပဲနော်...
အိမ်ပြန်နားလိုက်ပါဦး သိပ်စိတ်ပင်ပန်းမစိုးလို့..ဟွင်းဟွင်း.. :P