Wednesday, April 29, 2009

ဒါဘယ်သူ့အပြစ်လဲ?

တင်တဲ့ပို့စ်တွေနဲ့ ဘာမှ မပါတ်သက်ပဲ ပေါက်တတ်ကရ ကွန့်မန့်တွေ ဘလိုင်းချည်း လာရေးပြီး စော်ကားတဲ့သူနဲ့
ကိုယ့် စေတနာ၊ ဝါသနာနဲ့ကိုယ့်ဘလော့မှာကို ရေးချင်တာလေးတွေ ရေးနေသူ ဒီနှစ်ဦးနှစ်ဘက်မှာ
စိတ်ဆိုးချင်းဆိုးရင် အစော်ကားခံသူဘက်က စိတ်ဆိုးရမှာ မဟုတ်လား
အဲဒါကို စော်ကားခံရတဲ့ဘက်က ပြုံးနေနိုင်သေးပြီး
စော်ကားတဲ့သူတွေက ပြန်စိတ်ဆိုးနေတယ်ဆိုရင်
ဒါဘယ်သူ့အပြစ်လဲ? ပြော..ပြော..ပြော..
မပြောရင် ကျမပဲ ပြောဦးမယ်။



မယ်လိုဒီ ပျော်တတ်တာ၊ အတည်အတံ့နေတတ်လား မနေတတ်လားဆိုတာ မယ်လို့ဒီ့ သမိုင်းလေနော်..
စိတ်မဆိုးကြပါနဲ့ ပင်ပန်းပါတယ်..
မယ်လိုဒီတို့ မြန်မာတွေက ဗြဟ္မစိုရ်တရားလေးပါးမှာ နှစ်ပါးပဲချမ်းသာသတဲ့။
အဲဒီတရားလေးပါး မသိသေးသူတွေရှိမစိုးလို့ ပြန်ပြောချင်သေးတယ်။
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာတဲ့
ကိုယ့်ထက်နိမ့်ပါးတဲ့သူ၊ တန်းတူ ရှိတဲ့သူတွေ အဆင်မပြေတဲ့အခါမှာ မေတ္တာထားနိုင်ကြပါတယ်။ ကြင်နာသနားလို့ ကရုဏာတရားထားပြီး ကူညီစောင့်ရှောက်ချင်ကြပါတယ်။
တကယ်လို့ အဲဒီသူတစ်ယောက်ကဖြစ်ဖြစ် ကိုယ်နဲ့ ရင်းနှီးတဲ့သူတစ်ယောက်ဖြစ်ဖြစ် ကိုယ်က ကူညီထောက်ပံ့စောင့်ရှောက်ရမဲ့ အနေအထားမျိုးကို ကျော်လွန်လို့ သူအဆင်ပြေပျော်ရွှင်နေရင် အောင်မြင်သည်ဖြစ်စေ မအောင်မြင်သေးသည်ဖြစ်စေနော်..
သြော်.. သူ အဆင်ပြေရှာသား၊ ပျော်ရွှင်ချမ်းမြေ့နေသား၊ ကိုယ့်မှာ ဝမ်းသာကျေနပ်ကြည်နူးပြီး ကိုယ်ပါ အတူလိုက်ပါ ခံစားပွားများနိုင်တဲ့ မုဒိတာတရား ဘယ်လောက် ရှိသလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်ဖူးသလားတဲ့
ဟုတ်တယ်...ရာနှုံးတော်တော်များများကတော့ အဲဒီအခြေအနေမှာ မုဒိတာမပွားနိုင်ပဲ သူနဲ့ ဆန့်ကျင်ဖက်တရားဖြစ်တဲ့ မစ္ဆရိယစိတ်တွေ များလာပြီး ...ကြည့်ပါလား..အချိုးကိုမပြေဘူး..ကြည့်လို့ကိုမရဘူး ဆိုပြီး ..စပွားတော့တာမလား။
ပြန်စဉ်းစားကြည့်ပါ..သူ့ထမင်းသူစား..ကိုယ့်ထမင်းကိုယ်စားပြီးမှ ဘာလို့ သောကတွေ အပူတွေ ရှာသလဲ လက်ခံသလဲလေ..
ပင်ပန်းပါတယ်နော်..လူဖြစ်ရတဲ့ဒုက္ခကိုက ပူလောင်နေပီးသား
တကယ်သာ ကိုယ်သာ စိတ်ထားမှန်ရင် သူအောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ ဥပက္ခာတရားလေးနဲ့ အော်..သူ့သဘောသူဆောင်တာပဲလေ
ကိုယ်လဲ ကိုယ့်ဘဝနဲ့ကိုယ် ကိုယ်နဲ့ဆိုင်တဲ့ ကိုယ့်လမ်းကိုလျှောက်
သူလဲ သူ့လမ်းသူ အေးအေးချမ်းချမ်းလျှောက်ပါစေလို့ စိတ်လေးထားကြည့်ပါ
အရမ်း အေးချမ်းလာလိမ့်မယ်လေ
ကိုယ့်စီးပွါးရေးကို တုတ်နဲ့လာထိုးနေတဲ့သူ ဆိုရင်တော့လဲ တမျိုးပေါ့လေ အဲဒီအချိန်ကျ ဘယ်လျစ်လျူရှုနိုင်ပါ့မလဲ
ဝန်ခံရရင် ကျမက သိပ်စိတ်မနာတတ်ဘူး..အနားက သူငယ်ချင်းတွေ ပြောတာကတော့ အော်..သဘောထားကြီးတယ်မှတ်တာ..မယ်လိုဒီက စိတ်နာရကောင်းမှန်းမသိတာကိုးတဲ့..
အမှန်မှာက မဟုတ်ပါဘူး..ကျမလဲ သာမန်လူပါပဲ အာသဝေါကုန်ခမ်း ထွက်ရပ်ပေါက်နေသူမှမဟုတ်တာ..
ဒါက ဝမ်းသာစရာပါလား အဲဒီလိုသိလိုက်တယ်..ပြီးတော့ ကိုယ့်စိတ်လေးကိုကိုယ်သိလိုက်ပြီး အလွန်အကျွံမပျော်မိအောင် ပြန်ထိန်းချုပ်ပါတယ်.. အဲဒီလိုပါပဲ..ဒါက ကိုယ့်ကို စော်ကားတာပါလား၊ နှိမ့်ချတာပါလား.. ချက်ချင်းတော့ စိတ်ဆိုးမိပါတယ် ဒေါသထွက်မိပါတယ်.. ပြီးတော့တော့ ကိုယ့်စိတ်လေးကို ပြန်သိပြီး..ဆိုးတယ်ဆိုတာ သူလဲပူလောင် ကိုယ်လဲပူလောင်တယ်လေဆိုပြီး ပြန်လျှော့ချကြည့်လိုက်ပါတယ်..အဲဒီမှာ စိတ်က အရမ်းအေးချမ်းလာတယ်...

ကျမကို အသေအကြေ တိုက်ခိုက်ကျ ပြောကျတဲ့သူတွေကိုလဲ တာဝန် ဝတ္တရားအရ တိုက်ခိုက်ရတဲ့သူတွေကိုလဲ သနားပါတယ်။ ဒါပေသိ အရှုံးမပေးပဲ တုန့်ပြန်တာက ကျမဘက်က တာဝန်ပြန်ဖြစ်နေပါတယ်။ တကယ်လို့ တာဝန်အရ တိုက်ခိုက်တာမဟုတ်ပဲ ပုဂ်ဂိုလ်ရေးအရဆိုရင်တော့ အားလည်းနာတယ် တောင်းလည်းတောင်းပန်ပါတယ်။ ကျမနဲ့ ပါတ်သက်ပြီး စိတ်မချမ်းမသာစရာ တကယ်ရှိရင် မေးလ်ပို့ပြီး ပွင့်ပွင့်လင်းလင်းပြောပါ။ ကျမ အတတ်နိုင်ဆုံးကူညီတဲ့အနေနဲ့ ဥပမာ လက်ရှောင်သင့်ရှောင်တာမျိုးအထိပေါ့လေ ဥပမာပြောတာပါ။ အဲလို လုပ်ပေးစရာမလိုပဲ စိတ်သဘောချင်း အကျင့်ချင်းမတိုက်ဆိုင်တာမျိုး ကျမရဲ့ အရေးအသားနဲ့ တင်ပြတဲ့ အကြောင်းအရာတွေ စိတ်တိုင်းမကျတာမျိုးဆိုရင်တော့ ကျမလဲ အခကြေးငွေယူပြီး စီးပွားရေးသဘောရေးနေတာမဟုတ်တဲ့အတွက် လာမဖတ်ပဲ လျစ်လျူရှုခြင်းအားဖြင့် စိတ်ချမ်းသာပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

ကွန့်မန့်တွေ ဖျက်တာ၊ ဆီဗုံးတွေဖြုတ်ချင်ဖြုတ် တပ်ချင်တပ်လုပ်တာ.. ရွှတ်နောက်နောက် နေတာ၊ ရေးတာ၊ မှန်တာတွေ ဖွတာ.. အဲဒါတွေကတော့ ကျမရဲ့ ကိုယ်ပိုင်အခွင့်အရေးတစ်ခုအနေနဲ့ နားလည်ခံစားပေးနိုင်ဖို့ မျှော်လင့်မိပါတယ်။

ချစ်သူ၊ မုန်းသူများ အားလုံး ရွှင်လန်းချမ်းမြေ့ပါစေနော်

8 comments:

puluque said...

မမရေ မမရေးပြမှပဲကို့ကိုယ်ကို ပြန်သုံးသပ်မိတယ်...ဘာတွေအားနဲနေလဲလို့...

“ချစ်သူ၊ မုန်းသူများ အားလုံး ရွှင်လန်းချမ်းမြေ့ပါစေနော်”..မမစကားလုံးလေးကို နစ်သက်မိတယ်...မမလဲ ရွှင်လန်းချမ်းမြေပါစေ..အွန်းလိုင်း စိန်းပြေးတမ်းလဲ အမြန်ဆုံးရက်နားနိုင်ပါစေ....

မိုးမောင်(HappyCloud) said...

ကျနော်ကတော့ မာန်မာနမရှိပဲ ခင်ခင်မင်မင်၊ ပွင့်ပွင့်လင်းလင်း၊ လူငယ်ပီသစွာ နားလည်မှုအပြည့်ရှိတဲ့ မာမီမောင်ကို ဘော်ဒါကဏ္ဍရော စာပေကဏ္ဍပါ ခင်တယ်ဗျို့.......
(တခါတည်း အလေးပြုသွားတယ် မာမီ) :D

Anonymous said...

ဒီလိုပါပဲ မယ်လိုဒီရယ်။ ဥပက္ခာသာ ပြုထားလိုက်ပါ

Ko Boyz said...

ဗျို့...။
သတ်ပုံလေး နည်းနည်း ပြင်ပေးချင်လို့ပါ။
- “အပစ်” မဟုတ်ပါဘူး။ “အပြစ်” ဖြစ်ပါတယ်။
- “စိတ်မဆိုးကျပါနဲ့” မဟုတ်ပါဘူး။ “စိတ်မဆိုးကြပါနဲ့” သာလျင် အမှန် ဖြစ်ပါတယ်။

နိုင်းနိုင်းဆီမှာ အပ်ပ်ဒိတ် တက်နေတဲ့ ခေါင်းစဉ်မှာ သတ်ပုံအမှားလေး တွေ့လို့ လာပြင်တာပါ။
တစ်ဆက်တည်း... စိတ်လျှော့.. စိတ်လျှော့လို့ ပြောပါရစေ။ လက်တစ်ဘက်တည်း တူတူပါလာတဲ့ လက်ချောင်းတွေတောင် အတိုအရှည်မှ မတူတာကွယ်...။

အိုကေ...။
အေးဆေး

MELODYMAUNG said...

သတ်ပုံပြင်လိုက်ပါပီ
ကျေးဇူးပါ

ဘဝမှာ မှားတဲ့ သတ်ပုံတွေလဲ ကြိုးစား ပြင်နေဆဲပါပဲ..

Ko Boyz said...

ဘာလဲ...။
“ဘ၀”လို့ ပေါင်းရမှာကို “ပ၀” ဆိုပြီး မှားပေါင်းမိလို့လား။

ဒီလိုပါပဲ။ ခဲတံ ထိပ်ဖျားက ခဲဖျက်တွေကို ဆောင်ထားပေါ့။
အခုတောင် ကော်ရက်ရှင်ပဲန်တွေတောင် ပေါ်လာပေါ့...။

ကောင်းမြတ် said...

အရင်က ပြောတဲ့ အတိုင်းပါပဲ။ အိပ်ရေး ဝအောင်သာ အိပ်ပါ။ :)

Moe Sandar wai said...
This comment has been removed by a blog administrator.