Saturday, April 25, 2009

ကျမနှင့်အနုပညာ

blog တွေခေတ်စားတော့ ရွက်ပုန်းသီးအနုပညာတွေ ဝါသနာပါရာ ပွင့်အန်ထွက်လာကြတယ်။ ကျမက ငယ်ငယ်ကတည်းက ကဗျာတွေ ဝတ္တုတိုတွေ မတောက်တခေါက်ရေးနေကျ။ အပယ်ခံစာမူတွေ ဖြစ်ပေါင်းလဲမနည်း။ ပြီးတော့ မော်ဒယ်လ် တွေလို ပိုက်ဆံမရပေသိ ဓာတ်ပုံတွေ အရိုက်ခံရတာလဲ ဝါသနာပါသေး။ အဲလို ဝါသနာအရင်းခံလို့ အနုပညာဆိုတာကို လက်လှမ်းမီသလောက် ခံစားတတ်လာတယ်။ ဘာလဲဟဲ့ အနုပညာ ဆိုတာကတော့ ကဗျာတွေ ဆောင်းပါးတွေ အတွေးအခေါ်တွေ ပေးတဲ့ စာမူတွေ ရေးလေ့ရှိတဲ့ သူငယ်ချင်း နေဘုန်းလတ်ရဲ့ လက်တွဲခေါ်မှုလို့ပဲ ပြောရင်ရမလားမသိ  အနုပညာကို တန်ဖိုးထားပြီးတော့ကို ခံစားတတ်လာတယ်။ သူကိုယ်တိုင်ကလဲ ခံယူထားတယ်လေ
လူကိုသာ အကျဉ်းချလို့ ရမယ်၊ စိတ်ဓါတ်နဲ့ အနုပညာကို ဘယ်တော့မှ ချုပ်နှောင်လို့ မရဘူး . . . ။ အဲလို ပြောတယ်၊ ရေးတယ်။ နောက် သူ့ရဲ့ပို့စ်တစ်ခုမှာကျတော့ လူနဲ့ သူရဲ့ အနုပညာကို ခွဲမြင်ပေးဖို့လိုတယ်လို့တော့ ခင်ဗျားတို့ကို ပြောချင်တယ် ...။ ဘယ်လိုမျိုးလဲ ...။
အနုပညာပစ္စည်းတစ်ခုကို ခံစားတဲ့နေရာမှာ ဒါဘယ်သူဖန်တီးတာလဲဆိုတာကို ဖယ်ထားပြီး ခံစားမှ အနှစ်သာရ ပြည့်ဝမယ်လို့ ကျွန်တော်မြင်တယ် ...။ အဲဒီ့လိုမှမဟုတ်ပဲ ... ဖန်တီးတဲ့သူရဲ့ စိတ်တွေနဲ့ ယှဉ်ပြီး အနုပညာပစ္စည်းတစ်ခုကိုကြည့်မယ်ဆိုရင် ... ခင်ဗျားတို့ဟာ အနုပညာကိုခံစားသူတွေ မဟုတ်ပဲ အဓိပ္ပါယ် ဖွင့်ဆို သူတွေပဲဖြစ်သွားလိ့မ်မယ် ...။ ဥပမာတစ်ခုပေးမယ် ... ကျွန်တော်အခု မြင်ကွင်းတစ်ခုကို မြင်လိုက်ရပြီး ထိန့်လန့်ခြောက်ခြားနေတယ် ... အဲဒီ့ အချိန်မှာ ကျွန်တော် ပန်းချီကား တစ်ချပ်ကို ဆွဲတယ် ... အဲဒီ့ ပန်းချီကားမှာ အနီ(သွေး)ပါတယ် ... အပြာ(ကောင်းကင်)ပါတယ် ... အနက် (ကတ္တရာလမ်း)ပါတယ် ...။ အဲဒီ့ အနုပညာပစ္စည်းတစ်ခုကို ခင်ဗျားကကြည့်တယ် ... အဲဒီ့ အခါမှာ ခင်ဗျားက ကျွန်တော့်ရဲ့ခံစားချက်တွေကို သိနေစရာမလိုဘူး ... ကျွန်တော်ခံစားသလိုလဲ လိုက်ခံစားစရာမလိုဘူး ... ခင်ဗျားရဲ့အမြင်မှာ အနီက သွေးဖြစ်ချင်မှဖြစ်မယ် ... အပြာက ကောင်းကင်ဖြစ်ချင်မှဖြစ်မယ် ... အနက်ကလဲ ကတ္တရာလမ်းဖြစ်ချင်မှဖြစ်မယ် ...။ အဲဒါက ကျွန်တော့်အတွက်ရော ခင်ဗျားအတွက်ပါ ပြဿနာမဟုတ်ဘူး ...။ ခင်ဗျားကြိုက်သလို ခံစားလို့ရတယ် ...။ အနုပညာကိုခံစားချင်ရင် ဘာတွေဆွဲထားတာလဲဆိုတာကို လာမမေးနဲ့ ...။ ဒီအနုပညာကို အဓိပ္ပါယ်ဖွင့်ဆိုချင်တယ်ဆိုရင်တော့ ကျွန်တော်သိထားတဲ့ အဓိပ္ပါယ်တွေကို ကျွန်တော်ရှင်းပြလိုက်လို့ရတယ် ...။

အနုပညာဆိုတာဘာလဲ ... ခင်ဗျားတို့ မြင်အောင်ကြည့်ရင် မြင်နိုင်ပါတယ် ...။
တဲ့... အဲဒီတုန်းက ကျမ အနုပညာကို ခံစားတတ်တဲ့ အခြေအနေက အဲဒီပို့စ်ရဲ့ ကွန့်မန့်မှာ ရေးခဲ့တုန်းကလိုမျိုးပဲ စစချင်းတော့ နာကပိန်းတယ်ကွ ဘာမှမြင်ဘူးဆိုပြီး ပြောရင်လဲ နာ့ကို ညက်ချိမှုံတယ်ပြောဦးမယ်။ အနုပညာပစ္စည်းတစ်ခုကို ခံစားတဲ့နေရာမှာ ဒါဘယ်သူဖန်တီးတာလဲဆိုတာကို ဖယ်ထားပြီး ခံစားမှ အနှစ်သာရ ပြည့်ဝမယ်ဆိုတဲ့ နင့် အမြင်ကို ထောက်ခံတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီပို့စ်ကိုမြင်တာနဲ့ နင့်ကို တွေးပြီး ဒါတော့ ငါတို့ကို စဉ်းစားခိုင်းပြန်ပြီ အတွေးတွေ ပေးတွေးဦးမှာပဲလို့ ခံစားလိုက်တယ်။ အဲဒီမှာတင် အဖြေသိအောင်ပဲ ကြိုးစားမိတော့ (အဓိပ္ပါယ်ဖွင့်ဆိုချက်မျိုး) နင်ပေးချင်တဲ့ အနုပညာကို ငါ့အပေါ်သက်ရောက်မှုက ကွာခြားသွားပီကွ။ အိုကေ သူငယ်ချင်း လူနဲ့ သူရဲ့ အနုပညာကို ခွဲမြင်ပေးဖို့လိုတယ်လို့ နင်ပြောပြတဲ့ အတိုင်း "အနုပညာဆိုတာဘာလဲ " မြင်နိုင်အောင် မြင်အောင်ကြည့်ဖို့ ဆက်ကြိုးစားဦးမယ်ကွာ။ Thanks for your valuable post. Cheers!

နောက်ပိုင်းတော့ တဖြည်းဖြည်းချင်း အနုပညာဆိုတာကြီးကို တန်ဖိုးထား ခံစားတတ်လာတယ်။ ဒါပေသိ အရင်လလောက်တုန်းကတော့ သူငယ်ချင်း ဝါသနာရှင်ဓာတ်ပုံဆရာ william ရဲလွင်ဦးရဲ့ ဓာတ်ပုံဘလော့ဂ်က ဓာတ်ပုံတစ်ပုံနဲ့ပတ်သက်ပြီး နည်းနည်း ကတောက်ကဆ ဖြစ်တာလေး တွေ့လိုက်ရသေးတယ်။ အဲဒါနဲ့ သူနဲ့ gtalk မှာ အဲဒီအကြောင်းတွေ ပြောဖြစ်သွားတယ်။

me:ဓာတ်ပုံတွေ က အရမ်းမိုက်တယ်နော်

William: ဟုတ်   ကျေးဇူးပါ

me: ဟိုတစ်လောက တော့ ဘယ်သူလဲမသိဘူး
အမဘလော့က ဆီဘောက်စ်မှာ လာအော်သေးတယ်
သူငယ်ချင်းလားဆိုတော့လဲဟုတ်ဘူးကွ နာမည်လဲပြောဘူး

နာမည်က ဘယ်လိုဖတ်ရမှန်းတောင်သိဘူး ရေးတာတွေလဲ ဘာကိုဆိုလိုချင်မှန်းသိပ်နားမလည်တာ ဆော်တီးနော်။ တို့သွားကြည့်မိတော့တော့ ချစ်ဖို့ကောင်းတဲ့ ကောင်မလေးရယ် ကလေးအရွယ်ရဲ့ သဘာဝတရားရဲ့ လှပတဲ့ ရိုက်ချက်ရယ် ဒါပဲခံစားမိတယ်။ ဘာကိုဖြစ်စေချင်တာလဲဆိုတာ မေးလ်လိပ်စာလေးပါပေးပြီး ပြောပြပါလား။ ရီပလိုင်းပြန်ပြီး ဆက်သွယ်လို့ရတာပေါ့နော် wish you satisfy with positive point of view! awwh, if even she is my sis or daughter, i will allow whoever as art. art is art! Peace naw. တကယ်လို့ ကလေးမနဲ့သက်ဆိုင်သူအနေနဲ့ ခွင့်မပြုတာဆိုရင်တော့ သူ့ကို တိုက်ရိုက်ဆက်သွယ် တားမြစ်လိုက်တာအဆင်ပြေပါမယ် အမ သွားကြည့်ပီး သူ့ကိုအမ ဆီဘောက်စ်မှာပဲ အဲလို ရီပလိုင်းပြန်ပေးလိုက်တယ်လေ
 
တချို့က အနုပညာကို မခံစားတတ်သေးသူတွေရှိတယ် သူတို့မခံစားတတ်တာနားလည်ပါတယ်
ဒါပေသိ သူတို့ကအငြိမ်မနေဘူး ဘေးထိုင်ဘုပြောတော့ခက်ပါတယ်လေ

William:ကျွန်တော် ဒီလိုဖြစ်လာဖို့ ဓာတ်ပုံနဲ့ ပတ်သက်ပြီး စာအုပ်ပေါင်းများစွာ ဖတ်ခဲ့တာပါ။
ဘာဖြစ်ဖြစ်တော့ ကိုယ်လျှောက်တဲ့လမ်း တို့ကတော့ ရဲရဲပဲဆက်လျှောက်ကြရတာပေါ့
စာအုပ်တွေထဲမှာ ဆရာသမားတွေ ရေးထားခဲ့တာတွေကို အမြဲလိုက်နာတယ်

me: စာအုပ်ဖတ်ရုံနဲ့တင်လဲမပီးပါဘူး ကွ၊ ပေးရတဲ့ အချိန်တွေ ငွေတွေ စိတ်အာရုံအကုန်လုံး နစ်မြုတ်ထားရတာတွေ အများကြီးပါပဲနော်
တခါတလေ စာအုပ်ထဲကအသိကို လက်တွေ့အသုံးချမှ သဘောပေါက်သွားတာ ပိုမြင်ပိုကောင်းတာတွေလဲရှိသေးသကိုး
ကျမကကျ ကဗျာစပ်တာ စာရေးတာ အားသန်တယ်လေ  ခဏခဏ အဝေဖန်ခံရတယ် အဆဲခံရတဲ့အခါတွေလဲရှိတာပေါ့နော်

William:ကာယကံရှင်တွေ ကိုယ်တိုင်က အဲဒီပုံကို ကြိုက်လို့ ပုံကြီး ချဲ့ခိုင်းပြီး သူတို့ဆိုင် အ၀င်ဝမှာ ချိတ်ထားတာ ဆိုတော့ ကျွန်တော် Blog မှာ တင်တာ အပြစ်မရှိဘူး ထင်ပါတယ်။

me: အပြစ်က မရှိပါဘူးဟာ ဂရုမစိုက်နဲ့
အမတို့   မေ့ထားလိုက်တော့လေ ဆိုပြီးတော့အပြန်အလှန်အားပေးကြ
ကျေးဇူးတင်ကြရတယ် ကျမကဓာတ်ပုံတော့သိပ်မရိုက်တတ်ဘူး
ဒီဇိုင်းအမြင်သိပ်မပေါက်ဘူးလေ တုံးတယ်လေ အရိုက်ခံရတာတော့ ဝါသနာပါတယ်

William: ကျွန်တော်ကတော့ ပေါက်ကရ comment တွေဆိုရင် လာထားစမ်း။ Delete All နဲ့ ကိုင်ပစ်လိုက်တယ်။
လူတွေက ကိုယ်ချင်းမစာတတ်ဘူးဗျ
ပုံကောင်းတစ်ပုံ ရဖို့ ဘယ်လောက် အားထုတ်ရသလဲ ဆိုတာ မြင်တတ်စေချင်သဗျာ  ချွေးတလုံးလုံးနဲ့ နေပူကျဲတဲ ထဲ
Technical Fault ကို ထောက်ပြတဲ့ comment မျိုးဆိုရင်တော့ ကျွန်တော် လက်ခံပါတယ်

me: ဒါက ကိုယ်တိုင်လုပ်ဖူးမှ 
ပြောရမယ်ဆိုရင် ဘဲလေးတွေရေကူးတာ လှတယ် အားကျတယ် တချို့က နှေးရကောင်းလားလဲ အပစ်တင်မယ်
သူတို့ ဘဲလေးတွေလိုမှရေမကူးဖူးပဲနဲ့ ဒီလောက် ခြေထောက်တိုတိုလေးတွေနဲ့ ကြိုးစားပမ်းစားကူးရတာ ကူးကြည့်စမ်းပါလေ
အဲလိုပါလဲ အောင်မြင်တဲ့သူတွေ အနုပညာဖြစ်ဖြစ် ဘယ်လိုင်းပဲဖြစ်ဖြစ်ပါ

William: တစ်ခါတစ်လေ စိတ်ကုန်တယ်ဗျ
ကျွန်တော့် အချိန်တွေ ၊ ပိုက်ဆံတွေ နှမြောလာသလိုပဲ

me: ဓာတ်ပံဆိုလဲပုံကောင်းတစ်ပုံ စာကောင်းတစ်ပုဒ် ကဗျာကောင်းတစ်ပုဒ်ဖြစ်ဖို့ အရင်းအနှီး
 စိတ်မကုန်နဲ့ အဲဒါလောက အဲဒါ ဘဝ
ငါတော့ အဲလိုပဲနားလည်ထားတယ်
မသမြောပါနဲ့ လူဆိုတာ အိပ်တာစားတာ အပြင် အဲဒီလို ခံစားချက်တွေ အသိဥာဏ်တွေ တီထွင်မှုတွေကြောင့်လူပီသတာလေ

အဲဒီလို ကျမတို့ စကားတွေ အပြန်အလှန် ပြောဖြစ်ကြတယ်။ ဒီပို့စ်လေးရဲ့ အဓိက ရည်ရွယ်ချက်က ကျမတို့ အနုပညာကို ခံစားပြီး ရင်ဘတ်ထဲကနေ ဘလော့ဂ် ကျတဲ့အခါမှာ ဖြစ်ဖြစ် ကိုယ့်ရဲ့ သိထားတာလေးတွေ တတ်နိုင်သလောက်လေး ဝေမျှတဲ့ပို့စ်တွေ အချိန်ပေးပြီး ရေးတဲ့အခါမှာဖြစ်ဖြစ် ကျမသူငယ်ချင်း နေဘုန်းလတ် ပြောသလို အနုပညာကိုစွဲလမ်းခြင်းဟာ အခြားသောအရာတွေကိုစွဲလမ်းခြင်းထက် ပိုပြီး သန့်စင်တယ်လို့ မြင်ပါတယ် ...။ တခါတရံမှာ ကိုယ်ဖန်တီးလိုက်တဲ့ အနုပညာလက်ရာတစ်ခုက အခြားသူတစ်ယောက်အတွက် အဆိပ်အတောက် တစ်ခုလိုဖြစ်သွားနိုင်ပေမယ့် ... ဒါဟာလဲ အနုပညာကိုခံစားသူရဲ့ ရွေးချယ်ပိုင်ခွင့်နဲ့သာ ဆိုင်သွားပါတယ် ...။ ကျွန်တော်ကတော့ အထက်မှာပြောခဲ့သလိုပဲ အနုပညာပစ္စည်းတစ်ခုကို ဖန်တီးနေတဲ့ အချိန်မှာ စိတ်ကို အသန့်စင်ဆုံးထားပြီး ... ကျွန်တော်ဖန်တီးတဲ့ အနုပညာအတွက် ကျွန်တော်ကို ကျွန်တော် ယုံကြည်စိတ်ချမှုတစ်ခုဖြစ်နေအောင်တည်ဆောက်ပါတယ် ...။

ကျမတို့လဲ အနုပညာကို ခံစားပြီး ကဗျာတွေ စာတွေ ဆက်ရေးနေပါမယ်။ ဓာတ်ပုံတွေ တင်တဲ့ သူတွေ ဆက်တင်နေပါမယ်။(ကိုယ့်ပုံကို ပြောတာမဟုတ်ပါဘူး) အနုပညာကိုခံစားသူတွေ မဟုတ်ပဲ အဓိပ္ပါယ် ဖွင့်ဆို သူတွေပဲဖြစ်သွားပြီး လှည့်ပြန်သွားရင် ပြဿနာမရှိပေမဲ့  အငြိမ်မနေဘူး ဘေးထိုင်ဘုပြောနေရင်တော့(အထူးသဖြင့် အနုပညာ အပြင် ဂုဏ်သိက္ခာပါ စော်ကားခံရတဲ့ အခြေအနေတွေထိဖြစ်လာမယ်ဆိုရင်) ပေါက်ကရ comment တွေကို Delete All/remove forever  နဲ့ ကိုင်ပစ်ရလိမ့်မယ်လို့ပဲ အသိပေးလိုက်ပါတယ်။

စာကြွင်း။ ။ပေါက်ကရ မှတ်ချက်ရေးကာ စော်ကားတတ်သူများမှလွဲ၍ မည်သူ့ကိုမျှ မရည်ရွယ်ပါ။
 

3 comments:

MrDBA said...

အင်း ..စဉ်းစားသွားတယ်ဗျာ။ စာနယ်ဇင်းတွေမှာတောင်မှ အချင်းချင်း ဖိုက်တင်ပလေးနေကြသေးတာ အွန်လိုင်းလောကဆိုတာက ခုရေးခုမြင်ဆိုတာရယ် ဘယ်သူဆီကမှ ခွင့်ပြုချက်တောင်းစရာ မလိုဘဲ ရေးနိုင်နေကြတော့ စိတ်သွားတိုင်း ကိုယ်ပါကြတယ်ပေါ့လေ။ ကိုယ့်ဝါသနာ ပါတဲ့အတိုင်းလေးဘဲ အေးအေးဆေးဆေး ဆက်သွားကြရုံပါဘဲ။ ကျန်တာလေးတွေကတော့ ဖြစ်နေကြဦးမှာပါဘဲ။ ကိုယ့်ဘာသာ အေးအောင်နေမှဖြစ်မယ်ဗျ။ ဘာရယ် မဟုတ်ပါဘူး ခုတလောကြုံတွေ့နေတာလေးတွေကို ခံစားနိုင်လို့ပါ။ အေးချမ်းပါစေဗျာ။ အနုပညာသက်သက် ဆက်လက်မွေးထုပ်နိုင်ပါစေဗျား။

Moe Sandar wai said...
This comment has been removed by a blog administrator.
Moe Sandar wai said...
This comment has been removed by a blog administrator.