Wednesday, April 22, 2009

ချစ်သောမြန်မာသံရုံးအတွက်

စင်ကာပူမှာ ကျောင်းတက်ဖို့ အလုပ်လုပ်ဖို့ပဲဖြစ်ဖြစ် အလည်အပတ်ပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းနဲ့ပဲရောက်လာရောက်လာ မလွှဲမရှောင်သာ ချစ်သောမြန်မာသံရုံးကိုတော့ တစ်ခေါက်တစ်လေ သွားဖို့လိုလာမယ်ဆိုရင်တော့ ခေတ်မီသွားပီလို့ဆိုနိုင်သပေါ့...
သံရုံးသွားတောလားတွေကတော့ ခံစားချက်သပ္ပန(ပေါင်းစုံ)နဲ့ ပို့စ်တွေ အမျိုးမျိုးတင်ကြတာတွေလဲ ဖတ်ရပါတယ်။ ဒါပေသိ ဘယ်လိုလုပ် ဘယ်လိုညှိ ဘယ်ပုံစံကိုဖြည့်ဆိုတာတော့ ကိုယ်တိုင်လဲ ရှာမတွေ့မိတာလဲပါချင်ပါမယ် မမှတ်မိတာလဲ ဖြစ်ကောင်းဖြစ်မယ်။ အဲဒါနဲ့ပဲ သိပ်မကြာခင်က အတွေ့အကြုံလေးနဲ့ပဲ လမ်းညွှန်သဘောမျိုးနဲ့ ဒီပို့စ်လေးကို ရေးဖြစ်ပါတယ်။ ကိုယ်တွေ အခွန်ဆောင်ပြီး အဆင်မပြေတပြေ ပြန်လာကတည်းက ခဏခဏပဲ ဖုန်းနဲ့ဖြစ်ဖြစ် လူကိုယ်တိုင်ဖြစ်ဖြစ် မေးမေးလာကြတဲ့ သူငယ်ချင်းတွေအတွက်ရော ဘလော့မှာ လာဖတ်ပြီး အဆင်ပြေကြောင်းပြောကြတဲ့ ချစ်သောပရိသတ်အတွက်ရော အကျိုးတစ်စုံတစ်ရာတော့ ဖြစ်ထွန်းမယ်လို့ မျှော်လင့်မိပါတယ်။

အဓိကထားပြီး ရေးချင်ပြောချင်တဲ့ အကြောင်းအရာကတော့ ပတ်စပို့သက်တမ်းတိုးဖို့အတွက် အခွန်ဆောင်ဖို့လိုအပ်သူများအတွက် ရည်ရွယ်တာပါ။ တခြားအကြောင်းအရာတွေ ဖြစ်တဲ့ ကျောင်းသူကျောင်းသား ဖြစ်ကြောင်းထောက်ခံစာ နဲ့ ကျောင်းသူကျောင်းသားအတွက် ပတ်စပို့သက်တမ်းတိုးတာကတော့ ရိုးရှင်းလွယ်ကူပြီးသား အကြောင်းအရာမလို့ အကြမ်းဖျဉ်းပဲရေးမှာဖြစ်ပြီး နိုင်ငံသားအဖြစ်မှစွန့်လွှတ်တာတို့ ပတ်စပို့ပျောက်တာတို့ သဘောင်္သားကနေ ကုန်းပေါ်အလုပ်ပြောင်းတာတို့ ကလေးအတွက်တို့ကျတော့ လက်လှမ်းမမီလို့ ဒီပို့စ်မှာ ရေးမပြနိုင်တာ ခွင့်လွှတ်ပါနော်။ အောက်ဆုံးမှာတော့ မြန်မာသံရုံးနဲ့ သက်ဆိုင်သမျှ ဖြည့်စရာပုံစံစာရွက်တွေကို ဒေါင်းလုပ်ချပြီးအလွယ်တကူ အသုံးပြုနိုင်စေဖို့ ဖိုင်ရှဲခြင်း လုပ်ထားတဲ့ လင့်ခ်လေးထည့်ပေးလိုက်ပါတယ်။ ဒါပေသိ သံရုံးကျမှ အဲဒီစာရွက်တွေကို အလကားယူပြီး ဖြည့်လဲရပါတယ်။ ကြိုဖြည့်သွားချင်ရင် အဆင်ပြေစေဖို့ပါ။ အဲဒီ ပုံစံစာရွက်တွေကို ခုလို ဖိုင်တစ်ခုအနေနဲ့ အီးမေးလ်ကနေတဆင့် ဝေမျှပေးတဲ့ သူငယ်ချင်းနဲ့ ပြုလုပ်ပေးသူကိုလဲ အထူးကျေးဇူးတင်ပါကြောင်း တလက်စတည်းပြောလိုက်ပါတယ်။

ပတ်စပို့သက်တမ်းကတော့ အနဲဆုံး ခြောက်လကျန်ရင် မြန်မာမှာကတည်းက တိုးလာခဲ့ရင် ပိုအဆင်ပြေပြီး စရိတ်သက်သာပါတယ်။ တချို့ဆို ဆယ်လ၊ ဆယ့်တစ်လလောက် ကျန်လဲပဲ တိုးလာလို့ရကြပါတယ်။ စင်ကာပူက မြန်မာသံရုံးမှာပဲ တိုးဖြစ်မယ်ဆိုရင်တော့ စာအုပ်ဖိုးပဲခေါ်ခေါ် ပတ်စပို့သက်တမ်းတိုး processing fee လို့ပဲပြောပြော စင်ကာပူဒေါ်လာ ၃၀၀ကျပ် တိတိ ပေးသွင်းရမှာ ဖြစ်ပါတယ်။ ဒါလေးဖတ်ရရုံနဲ့ ၃၀၀တည်းဆိုပြီး ပျော်မသွားပါနဲ့ဦး။ ဒီတိုင်းတိုးလို့မရပါဘူး။ ဒီမှာ မှီခိုအနေနဲ့နေတာဖြစ်ဖြစ် အလည်အပတ်လာတာ long term visit ဖြစ်ဖြစ် short term visit ဖြစ်ဖြစ်နေနေတာဆိုရင်တော့ ပတ်စပို့သက်တမ်းတိုးတာနဲ့တကွ ဒီမှာ အလည်အပတ်သက်သက်သာဖြစ်ပြီး အလုပ်မလုပ်ကြောင်းထောက်ခံစာလေးပါ ပူးတွဲတင်ပြတောင်းခံထားဖို့ မမေ့ပါနဲ့။ တကယ်လို့ ကျောင်းသူကျောင်းသားဆိုရင်တော့ ဘယ်ကျောင်းမှာ ကျောင်းတက်နေကြောင်း ကျောင်းထောက်ခံစာ၊ ကျောင်းသားကဒ်မူရင်းတို့နဲ့အတူ မြန်မာသံရုံးရဲ့ ကျောင်းသားကျောင်းသူဖြစ်ကြောင်းထောက်ခံစာပါ ယူထားသင့်တာပါ။ (မကြာခင် မြန်မာကို ပြန်မယ်ဆိုရင်ပေါ့လေ)။ အလုပ်လုပ်နေသူတွေအတွက်ကတော့ ဘာပါ့စ်နဲ့ပဲ အလုပ်လုပ်နေလုပ်နေ...လာထား...လစာရဲ့ ၁၀% အခွန်ဆောင်ဖို့ကို ပြောပါတယ်။ များသောအားဖြင့် အားလုံးကလဲ နဖူးကချွေးခြေမကျထားတဲ့ ချွေးနှဲစာလေးတွေဆိုတော့လဲ ပတ်စပို့သက်တမ်းကုန်ကာနီး လာတိုးမှပဲ စုပြီးဆောင်ကျတာဆိုတော့လဲ စုထားဆောင်းထားသမျှ ခြစ်ခြုတ်ပြီးတော့ဖြစ်ဖြစ် ချေးငှားပြီးတော့ဖြစ်ဖြစ် လာဆောင်ရတာဆိုတော့ အတတ်နိုင်ဆုံးတော့ အလျော့နည်းဆုံးဖြစ်ချင်ကြသူချည်းပါပဲ။ အဲတော့ လစာကိုလိမ်ကြရပြီလေ။ ခုတော့ သတ်မှတ်ပေါက်ဈေးလို့တောင် ခေါ်ရမလားမသိ။ work permit သမားဆို ၄၀၊ s-pass ဆို ၈၀နဲ့ ep က ၁၀၀ထင်တယ်။ pr ကတော့ ၁၂၀ ပါတဲ့။ အဲဒီအတိုင်း ဆောင်လို့ရအောင် ကိုယ့်အလုပ်ခန့်စာမှာ လစာ ကို ကိုယ်တိုင်ပြင်ရေး၊ လိုအပ်ရင် လက်မှတ်မှာ ကိုယ်တိုင် ထိုးလိုက်ဦးပေါ့။ ကောင်းတယ်နော်။ အဲဒီ အလုပ်ခန့်စာပုံစံကလဲ အလုပ်တစ်ခုနဲ့တစ်ခု မတူဘူးဆိုပေသိ ကိုယ့်အလုပ်ရှင်က ကိုယ့်ကိုခန့်စာမပေးထားရင် ဘယ်လို ပုံစံပြင်ရမှန်းတောင်မသိဘူးဗျို။ ခက်ပီဗျ..ဘာမှမပူနဲ့ မေးလ်တချက်သာပို့လိုက် မယ်လိုဒီ အင်ထု..အဲလေ..ပုံစံပို့ပေးလိုက်ပါ့မယ်။

ရေးထားတာ ပြန်ကောက်ပြောရမယ်ဆိုရင် ပတ်စပို့စ်မှာ ဓာတ်ပုံကပ်ထားတဲ့ စာမျက်နှာနဲ့ သက်တမ်းပါတဲ့ စာမျက်နှာကို မိတ္တူဆွဲလာရမယ်၊ ကိုယ့်မှာကိုင်ထားတဲ့ပါ့စ် မိတ္တူ၊ ခုမှ အသစ်စဆောင်ရင် အလုပ်ခန့်စာမိတ္တူ၊ ဆောင်ဖူးပြီးသားဆိုရင် အရင်ဆောင်ခဲ့ဖူးတဲ့ ပြေစာမိတ္တူတွေကို အဆင်သင့်တွဲထားပီး ယူသွားရမယ်၊ မူရင်းတွေလဲ ဆောင်သွားဖို့မမေ့နဲ့။ ရစ်လို့ ပြဖို့လိုအပ်တဲ့အခါ ပြန်မယူရတာပေါ့။ တကယ်လို့ မိတ္တူကူးဖို့ လိုအပ်နေတဲ့စာရွက်စာတမ်းရှိသေးရင် သံရုံးအတွင်းထဲမှာတင် အကြွေစေ့ထည့်ပြီး ကူးလို့ရတဲ့စက်ရှိပါတယ်။ စက်ပျက်မနေရင် အဆင်ပြေပါတယ်။ အဲဒါတွေက တကယ်သွားဆောင်မဲ့နေ့အတွက်ပြောတာ။ ကိုယ်သွားတာနဲ့ လုပ်ပေးတယ်လဲ မထင်နဲ့.. အဲဒီတော့ တစ်ရက်ထဲပဲ ရုံးက ခွင့်ယူထားတာမလို့ တစ်ရက်နဲ့ပဲ ပြီးပြတ်စေဖို့ မနက်ဖန်လိုသွားမယ်ဆို ဒီနေ့လို ည ၁၀နာရီ ၁၁နာရီကျော်ထဲက မြန်မာသံရုံးကြိုသွားပြီး ကိုယ့်နာမည်ကို စာရင်းတို့နိုင်ဖို့ ပြင်ဆင်ရမယ်။ တချို့က ညမိုးအလင်းပေါက် ထိုင်စောင့်ကြတယ်။ ကျမကတော့ ကိုဒီဘီအေရဲ့ အကြံပေး ကောင်းမှုနဲ့ တက္ကဆီလေးနဲ့ ရွှတ်ကနဲသွားပြီး သံရုံးရှေ့က နတ်စင်လိုလို စာတိုက်ပုံးလိုလိုလေးထဲ ဖွင့်ကြည့် စာရွက်ရှိတာနဲ့ နံပါတ်စဉ်ရှိပြီးသားမှာ နံပါတ်လေး အလိုက်သင့်ဆက်ရေး နာမည်နဲ့ ပတ်စပို့နံပါတ်လေးရေးပြီး ပြန်လာခဲ့တယ်။ မနက်ကိုတော့ ၈နာရီမထိုးခင် အရောက်ပြန်သွားပီး သူတို့သံရုံးရဲ့ တရားဝင်ရုံးစာရွက်ထဲ ညကစာရင်းတွေ ကူးရေးထည့်တဲ့ထဲ ပါအောင် ကိုယ့်နာမည်ခေါ်ရင်လဲထူးရင် ကူးရေးသွားပစေ၊ ကျော်သွားလဲ မီတဲ့နေရာကနေ နောက်ကျတဲ့လက် သစ္စာဖောက်မဖြစ်ရအောင် အမြန်ဆုံးစာရွက်တောင်း ပြန်ဖြည့်ဆိုတာတွေကို လျင်သလို လုပ်သွားတတ်ဖို့လိုပါတယ်။ ၉နာရီ ရုံးဖွင့်ပြီး သိပ်မကြာခင်မှာတော့ မနေ့ကလက်ကျန်အုပ်စုဝင် နာမည်တွေရယ် ဒီနေ့စာရင်းပါ နာမည်တွေရယ်ကို တသုတ်ပြီး တသုတ်ခေါ်သွားပါမယ်။ တနေ့လူ ၁၀၀လောက်အတွက်ပဲ လက်ခံပြီး ပီးသလောက်ကို ညနေသုံးနာရီခွဲလောက်ဖြတ်တာကို တွေ့ခဲ့ပါတယ်။

ကိုယ့်အလှည့် မရောက်ခင် ရပ်ပဲစောင့်စောင့် ထိုင်ပဲစောင့်စောင့် စောင့်နေတုန်းမှာတော့ ပူပူအိုက်အိုက် ဆူဆူညံညံ ဘာဝနာတရားများပွားများလို့ ဝါသနာပါရင် ကျမလို ဝတ္ထုတစ်အုပ်တစ်ဝက်ကျိုးလောက်အောင် ဖတ်လို့ မိမိနှစ်သက်ရာ ပုံစံနဲ့ အချိန်တွေကို ကုန်လွန်စေလိုက်ပါ။ ကိုယ့်အလှည့်ရောက်ရင်တော့ အဆင်သင့်တွဲထားတဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို လှမ်းပေးပြီး ကိုယ်ဖြစ်ချင်တာ ညှိချင်တာလေး အကျဉ်းချုံးပြောပြလိုက်ပါ။ ကိုယ်က ရက်ရက်ရောရော အခွန်ပေးဆောင်သူမဟုတ်ရင်တော့ အဟောက်ခံဖို့သာ အဆင်သင့်ပြင်ထားလိုက်ပါ မိတ်ဆွေ။ ရက်ရောစွာ ဆောင်နိုင်သူများ ဆောင်ချင်သူများအနေနဲ့ကလဲ လူရောစိတ်ပါ အပင်ပန်းခံပြီး ကိုယ်တိုင်ကိုယ်ကျ လာစရာမလိုပါဘူးလေ။ ပင်နင်စူလာမှာတင် ၂၅ကျပ် ၃၀လောက်နဲ့ ကိစ္စပြတ်အောင် ဆောင်ရွက်ပေးမဲ့ ပွဲစားတွေနဲ့ ဆက်သွယ် ဆောင်ရွက်နိုင်ပါတယ်။ မယ်လိုဒီ အဲဒီ ၂၅၊၃၀ မတတ်နိုင်လို့မဟုတ်ပါဘူး။ ရက်ရောမှုမရှိဘူးပဲပြောပြော ခုလို ဖွလို့ရအောင်ပဲပြောပြော ကိုယ်တိုင်ကိုယ်ကျ ချွေးထွက်ခံ စိတ်ရှုပ်ခံပြီး သွားလာခဲ့တာပါ။ ပြောရင်း ချော်သွားပီ။
အလုပ်လုပ်တာ တစ်နှစ်မပြည့်သေးပဲ တစ်နှစ်စာလောက်ဆောင်တာဖြစ်ဖြစ် ကိုယ်လုပ်ထားတဲ့ နှစ်ပြည့်ဆောင်တာမျိုး ဖြစ်ဖြစ်ဆိုရင်တော့ ၃နှစ်လုံးပြည့်ပြည့် သက်တမ်းတိုးပေးကောင်းတိုးပေးနိုင်ပါတယ်။ ဒါပေသိ ကိုယ်က အထိုက်အလျှောက်ပဲ ညှိပြီး ဆောင်မယ်ဆိုရင်တော့ ၂နှစ်တိုးပေးပါတယ်။ ကျမက အဲလို အညှိကောင်းလို့ ၂နှစ်ပဲ ရပါတယ်။ ကိုယ်လောက်မှ မဆောင်ချင်သေးပဲ အနည်းဆုံးထပ်ညှိရင်တော့ တစ်နှစ်ပဲပေးတော့ပါတယ်။ အခွန်ဆောင်ဖို့မလိုတဲ့ ကျောင်းသူကျောင်းသားတွေဆိုလဲ ကျောင်းသားကဒ်မူရင်းမပါရင် သက်တမ်းပေးပြီးမတိုးတာတို့၊ ကျောင်းတက်ရက် သိပ်မကျန်တော့ရင် တစ်နှစ်ပဲသက်တမ်းတိုးပေးတာတို့ကို ကိုယ်အရည်အချင်းအလိုက် ဆောင်ရွက်ပေးပါတယ်။ အပြောချို၊ အပျိုချော ဆိုရင်တော့...(စဉ်းစားကြည့် ဒင်္ဂါးစေ့..အဟိဟိ)
အဲဒီ အခွန်ဘယ်လောက်ဆောင်မယ်ဆိုပြီး စညှိရတာက ကောင်တာတစ်ခု၊ အဲဒီကောင်တာက အောင်မြင်စွာ ဖြတ်သန်းပြီးရင် တံဆိပ်ထုပြီးတဲ့ ပတ်စပို့စာအုပ်ကို ဆောင်ရမဲ့အခွန်ငွေနဲ့ ရွေးယူသလိုမျိုးရွေးယူရတာက နောက်ကောင်တာတစ်ခုပါ။ သတိချပ်စရာက ဘာတစ်ခု ရှိသေးသလဲဆိုရင် အခွန်ဘယ်လောက်ပဲဆောင်ချင်လို့ညှိတဲ့ကောင်တာက သူတို့အသိအမှတ်ပြုပွဲစားမဟုတ်ရင် ဘာမှ ညှိလို့မရပါဘူး။ လူကိုယ်တိုင်လာမှ အလုပ်လုပ်ပေးပါသတဲ့။ ဒါပေသိ သက်တမ်းတိုးတုံးထုပြီး သက်တမ်းတိုးစာအုပ်ဖိုးရယ် အခွန်ငွေရယ်နဲ့ ပေါင်းပြီးရွေးယူတဲ့အခါမတော့ အများပြည်သူမြန်မာများ အဆင်ပြေစေရန်အလို့ငှာ ငွေပေးရွေးသူ ဘယ်သူမဆိုကို ပတ်စပို့စာအုပ်ထည့်ပေးပါသတဲ့။ ပျောက်တာ လွဲမှားတာတွေကတော့ ကာယကံရှင်များသာ သက်ဆိုင်သလို ဖြေရှင်းကြပါကုန်တဲ့..(တကယ်ပြောတာနော..)

အခွန်ငွေလျှော့ပေါ့ညှိနှိုင်းလို့ရပြီး ကိုယ်သက်တမ်းတိုးထားတဲ့ စာအုပ်လေးကို သက်တမ်းတိုးစာအုပ်ဖိုးနဲ့အတူ အခွန်ငွေလေးနဲ့ ရွေးယူတဲ့အခါမလဲ ချောချောမောမော ရွေးယူလို့ရသွားပြီဆိုရင် အို...အသင်မိတ်ဆွေ ဤအရပ်ဤဌာနေသို့ နောက်ထပ်သက်တမ်းမကုန်မချင်း ပြန်မလာလို့ စိတ်ဒုံးဒုံးချပြီး ဖနောင့်နဲ့တင်ပါးတသားတည်းကျအောင် ပြေးလို့ tanglin shopping mall တို့ plaza တို့မှာ ဟော့ပေါ့စားကာ ဂုဏ်ပြု၍သော်လည်းကောင်း တက္ကစီနှင့် စမတ်ကျကျ ပြန်၍သော်လည်းကောင်း ပျော်ရွှင်ဝမ်းမြောက်ပါလေတော့...

ဒေါင်းလုပ်ချရန် ဒီမှာ

5 comments:

kaunux said...

ကျေးဇူးပါဗျာ။ copy ကူးသွားပါတယ်။ နောင်ကိုယ်လည်း လုပ်ရမှာကိုး။ သြော် .. ဒုက္ခ..ဒုက္ခ .. ။

Steve Evergreen said...

interesting post. thanks. sharing info, always welcome

wondering why singapore embassy is too much complicated and London embassy is straight forward, while both are under the control of Myanmar government.

last year, my sister went back to Burma with British passport. they advised us to go with social visit rather than tourist visa. they talked very politely. very helpful.


again, when i renewed my Myanmar passport, i posted it off with required rubbish documents . in 3-4 days, got back. stamped. all done. £100 for 3 yrs. Application form £5.


funny thing is i came to the UK as student. Now i am still student in Myanmar embassy record. Of course , life long learning. so life long student :)

strike said...

..တော်တော်လည်ကြတယ့်၂ယောက်....:P

Myat Noe Khin said...

မမယ်လိုဒီ အကျိုးဆောင်ခ က အခုပေးရာမလိုပါဘူး။ ဖူးစာရှင်နဲ့ အပြင်မှာ တွေ့ပြီးတော့မှ စရန် ပေးပေါ့ နော့။ ဟောဒီမှာ အသဲအသန် အိမ်ရှင်မရှာ နေသူများစာရင်း။
aungmaung99@gmail.com
aung_htutnaung@yahoo.com
ayeminoo@yahoo.com
anawahtun@hotmail.co.uk
ayonesoe77@gmail.com
albertthantsin@gmail.com
aung_myatsoe@hotmail.co.uk
banya_htun@gmail.com
baoo2001@yahoo.com
bathatnaing@gmail.com
bayluwa88@gmail.com
badinyangon@gmail.com
bamawthar@yahoo.com
chanhtun@gmail.com
chitchinthu@gmail.com
chitwin0907@gmail.com
chris_win@gmail.com
donte9@gmail.com
doelone@gmail.com
dwemaungmaung@gmail.com
htutminmaung@gmail.com
sithulatt@gmail.com
yanshinoo3@gmail.com
min_nandar@gmail.com
wannamaungmaung@gmail.com
richardtun@yahoo.com
tinminmaung@hotmail.com
tint_naing_htoo@gmail.com

KhinL2K said...

:(
Have to put the name queue in advance at night???
I need to go there soon :(