Sunday, April 12, 2009

ပျော်ရွှင်သော မြန်မာနှစ်သစ်ကူးမှာ အားလုံးပျော်ရွှင်ပါစေနော်..

မိုးလင်းကတည်းက အွန်လိုင်းသင်္ကြန် ကျလိုက်ပါတယ်...
ဖုန်းနဲ့လဲ ရေပက်တယ်(လူမမြင်ရလို့ ဥပုသ်သည်လဲမှားပက်မိသေးတယ် ဆော်တီး)
ဘလော့မှာလဲ ရေပက်တယ်(အခုမှ ရှောင်လဲ မီဘူးနော်)
အပြင်မှာတော့ ဘယ်မှသွားဘူး အိမ်တွင်းပုန်းကုလားမ လုပ်နေသည်။
ဤပို့စ်ကိုလာဖတ်သူများကိုလဲ ရေပက်ရုံမက အိုးမည်းလည်းသုတ်သည်။
မီးသွေးခဲနှင့်လဲ မီရာ ခြစ်လိုက်ပါသည်။ ဒန်..တန့်..တန်.. :P

ဗွမ်းဗွမ်း...ဗျတ်ဗျတ်..ရွှိရွှိ... (ဟိဟိ) မှန်ပြန်ကြည့်နော်..

ရည်မှန်းချက်သစ်..မျှော်လင့်ချက်အသစ်..စိတ်ကူးသစ်များနှင့်..နှစ်သစ်မှာ ပို့စ်အသစ်တွေနဲ့ ပြန်ဆုံဦးစို့..
ပျော်ရွှင်သော မြန်မာနှစ်သစ်ကူးမှာ အားလုံးပျော်ရွှင်ပါစေနော်လို့..

13 comments:

min said...

ဘယ်သူမှမရေးသေးလို့ ဝင်ရေးသွားတယ်.....
သင်္ကြန်အစစ်က သဘက်ခါမှနော်...

MELODYMAUNG said...

Yeah, but sg celebrate by Today. hehee bwan bwan shwi shwi byat byat :)

Steve Evergreen said...

ခင်ဦးမေ သင်္ကြန်မဏ္ဍပ် မှာလူ စီ တယ်။

Steve Evergreen said...

မီ,
သင်္ကြန်ရေလို အေးမြပါစေ
ငြိမ်းချမ်းပါစေ
ဘဝ နဲ့ ဆန္ဒတထပ်တည်းကျပါစေ

strike said...

ဟ..မီတွေဘာတွေဖြစ်ကုန်ပြီ ဟ...မြန်တယ်...ကောင်းတာပဲ...

ကိုယ်ခေါ်ချင်တာကတော့ ဒီ လို့....

Mogok Thar said...

မင်္ဂလာနှစ်သစ်တွင် မြတ်သော ကာယကံ၊ ၀ဇီကံ၊ မနောကံ၌ သင်၏ဆောက်တည်ခြင်းသည် ဖြစ်စေသတည်း။
ထို့ အတူ သင့်အား ကောင်းမြတ်သောနက္ခတ် ၊ ကောင်းမြတ်သော မင်္ဂလာ သည် ဖြစ်စေသတည်း ။

မြန်မာနှစ်သစ် မှာ ကျန်းမာ ချမ်းသာစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည် ။

Steve Evergreen said...

မီ,
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ။
ဘ၀တလျောက်လုံးမှာလည်း လိုရာ ဆန္ဒများ ပြည့်ဝနိုင်ပါစေ...

strike said...

ဆေးဆရာကြီး ဦးစတိ ပွဲကြမ်းနေပြီ ဟ...
ဘယ်ရမလဲ...

မယ်,
နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ။
ဘ၀တလျောက်လုံးမှာလည်း လိုရာ ဆန္ဒများ ပြည့်ဝနိုင်ပါစေ...

ksanchaung said...

ပျော်ရွှင်သော မြန်မာနှစ်သစ်ကူးမှာ အားလုံးပျော်ရွှင်ပါစေနော်လို့..

မပျော်လည်း ပျော်အောင်ကြံဖန်နေရမှာပေါ့။ ပျင်းလို့။

အိုးမည်းသုတ်မတဲ့။ ရေပူဖောင်းနဲ့ ကောက်မပစ်တာပဲ ကျေးဇူးတင်တယ်။

အတာကူးတဲ့ နှစ်ဦးမှာ အသက်တွေ တနှစ်ထပ်ကြီးသွားပြီ။ ဘာလုပ်သင့်လဲ။ သိတယ်နော်။

ရည်မှန်းချက်တွေ အထမြောက်ပါစေ။ မင်္ဂလာပါ။

မီးဆု said...

သိပိါတယ်ဦးဦး ksanchaung...
ဒါပေမဲ့ တီတီ က ကြင်ယာ လို ချင်ပေမဲ့ ကြငသူမရှိ တဲ့ဘဝ။ ဦးဦး တို့ကယ်မှရတော့မဲ့ ဘဝ။ ဟင့် ဟင့် ဟင့်

MELODYMAUNG said...

>> မီးဆု I am not like you and your thinking sis, please don't compare with yours... please try to keep your jealousy in your mind, sis... peace peace peace...
>> kaungmyat, don't keep it in mind who insult you. Sorry for my delay deleting for rubbish comments

>> min, steve, strike, mogokethar and ksanchaung.. thanks for your comments... :) same to you naw

Mee Su said...

တီတီကလဲအမှန်အကန်ပြောတော့စိတ်ဆိုးတယ်။အကြန်အဖန်ပြောမှသဘောကျမယ်ထင်တယ်။ မီးဆု ရှာပေးပါ့ မယ်။ အွန် လိုင်းမှာပြီတီတီ လုတ်ပြီး လူသိအောင် မလုပ်ပါနဲ့။ ရှက်စရာကြီး ဟီးဟီး

MELODYMAUNG said...

မီးဆု>> ဒီလိုတွေလာပြောနေတတ်တဲ့ မိန်းကလေးမျိုးက ကျမပါဆိုပြီး အပြင်မှာ တွေ့ရဲလား..အဲလို ရှက်တတ်လား...သိချင်လို့ပါ..ဖြေချင်မှဖြေပါလေ..
(အမ ပြီသလားမပြီသလားကတော့ မီးဆုစီးပွားရေးမဟုတ်ဘူးလို့ ယူဆပါတယ်)