Friday, April 10, 2009

ငါ့အချစ်ကို သရုပ်ဖေါ်ခွင့်ရှိမယ်ဆိုရင်...

facebook
Melody Maung
7:39pm Apr 9th
ငါ့အချစ်ကို သရုပ်ဖေါ်ခွင့်ရှိမယ်ဆိုရင်
To : My Dear


ကျွန်တော်ကလည်း သခင့်ကို ချစ်တာပါပဲ။ သခင့်အရိပ်ကို တကြည့်ကြည့်နဲ့ သခင့်ရိပ်ခြည်ရိပ်ပါးကို နားလည်တဲ့ ခွေးလိမ်မာတစ်ကောင် ဖြစ်အောင် ကျွန်တော်ကြိုးစားခဲ့တယ်။ သခင်အလုပ်သွားပြီဆိုရင် ကျွန်တော်ဟာ တစ်ကောင်တည်းကျန်ခဲ့ရမှာကို မနှစ်မြို့သည့်တိုင်အောင် သခင့်ကို ပြုံးပြပြီး အမြီးကလေးနံ့ကာ နှုတ်ဆက်လေ့ရှိတယ်။ ညည သခင်အိပ်နေချိန်တွေမှာလည်း အေးချမ်းစွာ အိပ်စက်လို့ရလေအောင် စောင့်နေပေးလေ့ရှိတယ်။ အဲဒါ ဒီဝတ္ထုတိုလေးထဲက သရုပ်ဖေါ်စာသားလေးတွေလေ။ (http://www.thanlwin.com/new/index.php?option=com_content&task=view&id=639&Itemid=204)
ငါ့အချစ်ကို သရုပ်ဖေါ်ခွင့်ရှိမယ်ဆိုရင် ငါလဲ
အဲဒီလိုပါပဲချစ်သူ...
နင့်ကို ငါချစ်တဲ့အချစ်ကလဲ နင့်အရိပ်ကိုတကြည့််ကြည့်နဲ့ နင်စိတ်ဆိုးတာမပြောနဲ့ နင်မျက်နှာညိုရင်တောင် ငါ့မှာ မိုးပြိုသလိုခံစားတတ်တာလေ။ နင့်အရိပ်အပါးကို နားလည်တဲ့ လူလိမ်မာမလေးတစ်ယောက်ဖြစ်ချင်တာ အမြဲပါပဲ။ ကြိုးစားဆဲပေါ့။ နင်အလုပ်မအားဘူးဆိုရင်လဲ ငါ့မှာ တစ်ယောက်တည်း အထီးကျန်လွမ်းနေရခိုက် မနေတတ်မထိုင်တတ် ငါတစ်ယောက်တည်း ယောင်တောင်တောင် ငေါင်တောင်တောင်ကြောင်တောင်တောင် ဖြစ်နေပေမဲ့လည်း နင်အလုပ်ကပြန်လာလို့ ဖုန်းဆက်မေးလာတိုင်း ငါ့မှာ ရွှင်ပြတဲ့အသံပြောလို့ တုန့်ပြန်ဖြေဆိုခဲ့တတ်တာလဲ အကြိမ်ပေါင်းမနည်းဘူးလေ။ နင့်အိပ်ချိန်တွေမှာလည်း နင်အပူအပင်ကင်းစွာ အိပ်မောကျစေဖို့ ငါ့ဆီမှာ နေ့ဖက်အချိန်တွေတိုင်း ငါ ဆုတောင်းမေတ္တာတွေ ပို့နေကျပေါ့။ အဲဒီလို ခွေးလေးတစ်ကောင်နဲ့ နှိုင်းယှဉ်မိလို့ရှိရင်(နှိုင်းသင့်သင့်မသင့်သင့်ပေါ့ဟာ) ငါချစ်မိတဲ့ နင့််အပေါ်ထားတဲ့ သစ္စာတရားကလဲ သခင်ဘယ်ဘဝအရောက်ရောက် အမြဲမှတ်မိသိရှိသလိုမျိုး ငါလဲ ဒီဘဝမှာ နင့်အတွက် တစ်နေရာစာ နှလုံးသားရဲ့အနက်ရှိုင်းဆုံး တစ်နေရာမှာ နေရာဦးပေးထားတာပါ ချစ်သူ။


4 comments:

Mr.Pooh @ မောင်ပွတ် said...

ကောင်းတယ်ဗျာ။ လန်းတယ်ဗျာ။ ခံစားရတယ်ဗျာ။ တကယ်ပါ။ အဟုတ်ပါ။ အတည်ပါ။ ကိုဖြိုးရဲ့ အဲဒီဝတ္ထုလေးဖတ်ပြီးကတည်းက သိပ္ပံမောင်ဝရဲ့ အာမိတ်ကို သတိရနေတာ။ အခုမှ မမီက ခွေးနဲ့နှိုင်းယှဉ်ပြလိုက်တော့ မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်း မြင်လာပါတယ်။ အချစ်ရဲ့ တန်ခိုးတွေထင်ပါ့။း)

Thu Rein said...

အဝေးရောက်လွမ်းချင်းများနှင့် ရင်နှင့်မဆံ့တော့တဲ့ ဝေဒနာတွေကို ဖွင့်အံချပြနေပြီလား...။ အဆင်ပြေပါစေဗျာ။

မီးဆုငယ်ငယ် said...

ကိုချမ်းကိုပြောတာလားဟင်..?????????
ကိုချမ်းကမီးလေးတွေကိုပဲစိတ်ပါတာနော်.တီတီအရွယ်မပါ...ဟားဟား....ဟားဟား..ဟားဟား

မီးငယ်

MELODYMAUNG said...

ပွတ်>> correct, my dear!
Ko ThuRein>> thanks :)
မီးငယ် >> မီးလေး is not မီးငယ်၊ တီတီအရွယ်ပါမပါ who knows? haha JK sis, don't worry for you :D (sorry CMS, not insulting you, bro) :)