Wednesday, April 8, 2009

မကောင်းခြင်း၊ မသာယာခြင်းတို့နှင့်သာ..(မိုင်ဒိုင်ယာရီ....)

ကောင်းခြင်း၊ သာယာခြင်းတို့နှင့်ပြည့်စုံမှုသည်..သုဘ
သို့ဆိုလျှင် မကောင်းခြင်း၊ မသာယာခြင်းတို့နှင့်သာ.. အတိပြီးသောနေရာသည်ကား အသုဘမည်ပေ၏
သက်ပြင်းသာ ဒြပ်ထုဖြင့်တည်ရှိလျှင် ခြေမကွဲကာသော်လည်းကောင်း
မသဒ္ဓါပဲစားသော အစားတစ်လုပ်သည်သာ သံတွေခဲ၊မီးခဲအပူတို့ကို စားရသကဲ့သို့ဟု ခံယူတတ်လျှင်သော်လည်းကောင်း
ဘဝဘဝ အဆက်ဆက်ရှိ ရေစက်ဆိုးများကြောင့် ဝဋ်ကြွေးများကုန်ဆုံးလျော့ပါးစေရန်လည်းကောင်း
အလှူသုံးမျိုးအနက်မှ မတတ်သာပဲ လှူရသော အလှူကို လှူဒါန်းဖို့ရန်သော်လည်းကောင်း
တစ်သက်တာတွင် မထားဖူးသောလုံ့လဝိရိယတို့နှင့်အတူ ယနေ့လုပ်ရန်အလုပ်အတွက် ယမန်နေ့ည ၁၁နာရီကတည်းက သွားရောက် စာရင်းတို့ပြီးသကာလ ၂၄နာရီ အတွင်းအလုပ်ပြီးမြောက်ရန် ခန္တီစ သည်းခံခြင်းတရားကိုလည်း လက်ကိုင်ထားကာ နောက် နှစ်နှစ် အတွင်း လုံးဝတွေ့ချင်မြင်ချင်စိတ်မရှိသည့်အတိုင်း ကင်းလွတ်စေသော  အမင်္ဂလာတရားတော်နှင့်နာသာခံခက်အသံဗလံများအား လေးနာရီကြာ ခြေသလုံးတောင့် ပူအိုက်စွာနာခံပြီးနောက် ထိုနေရာမှ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့လေသတည်း။

ယနေ့..မယ်လိုဒီ အောချတ်တွင် အသုဘ သွားခဲ့သည်။

မိုင်ဒိုင်ယာရီ....

7 comments:

Steve Evergreen said...

well people die. nothing new. we all will follow

ZT said...

စိန့်မာတင်မှာ အတော်ခံစားလာရတယ် ထင်တယ်။ :D ၃၀ ပေးပြီး အေးဂျင့် အပ်လိုက်ရင် ပြီးနေတာပဲ။ အပင်ပန်းခံ နေရသေးတယ်။

MrDBA said...

တစ်ခုခုတော့ ပြောမှာဘဲဆိုတာ သိတယ်။ အရင်လိုဘဲနေမှာပါ။ မမေးတော့ပါဘူး။
နေကောင်းကြတယ်မဟုတ်လား အန်တီကြီးရော .. အားလုံးရောပေါ့။ အဟိ။

Steve Evergreen said...

some one said မြန်မာ ဆိုင်တွေမှာ အကျိုးဆောင်တာ ရှိပါတယ။် စလုံး ၂၅ ကျပ်ပေးရတယ။် တို့ဆို အဲဒီလူတွေ နဲ့ပေးလိုကိတယ်။ သံရုံးလဲသွားစရာမလိုဘူး။ အချိန်လဲမကုန်ဘူး။ ဒီနေ့ပေးရင် မနက်ဖြန် အခွန်ပြေစာပြန်ရတယ။်

Another one said:

အမှန်ကတော့ နေခွင့်သက်တန်း စာအုပ်သက်တန်းကုန်ရင် သုံးနှစ်ပေးပါတယ။် ဘာဖြစ်လို့သုံးနှစ်မရေးဘဲ။ နှစ်င်္နစ်အတွင်း ထပ်မသွားဘူးဆိုတာကိုတော့သိတ်နားမလည်ဘူး။

Steve Evergreen said...

Just sharing. No problem with Myanmar Embassy (London). No taxation means less tension I think.

£100 for 3 years. Straight forward business. By post or by hand.

Last time, my passport already expired for 8 months :) as I rarely use it. I had to pay extra £50. That's it.

Thant said...

တို့လဲ အသုဘသွားခဲ့တယ် ။ ကျန်းမာကြပါစေ ၊ ချမ်းသာကြပါစေ ။

Steve Evergreen said...

Perception....

If you see it as pain it is a pain. If you see it as pleasure, it is a pleasure.