Thursday, March 5, 2009

လုပ်တိုင်းမဖြစ်တဲ့အခါ vs လုပ်တိုင်းပဲလဲဖြစ်နေတဲ့အခါ

ဒီအပတ်တနင်္ဂနွေက သီရိလင်္ကာကျောင်းမှာ ဆရာတော် အရှင်ဇဝန ဟောကြားတဲ့ တရားပွဲကို သွားနာခွင့်ရတဲ့ ကုသိုလ်ကံကောင်းလေးကြုံခဲ့တယ်။
ဆရာတော် ဟောသွားတာတွေထဲက သရဏဂုံသုံးပါးသာ ကိုးကွယ်အားထားရာရှိတဲ့ အကြောင်းလေး(ရတနာသုံးပါးရဲ့ ဂုဏ်ကျေးဇူးပေါ့နော်)ဟောတာနာရခိုက် အသက် ၂၀ကျော်စ အိမ်မှာ အတူနေတဲ့ ညီမငယ်လေး (သရဏဂုံသုံးပါးက ဘာလဲ သေချာမသိသေးသူ) သူမလေးကို သတိရမိတယ်။ အော် ..ဒီတရားပွဲလေးကို ဒီညီမငယ်လေး ခေါ်လာခွင့်ရ ဘယ်လောက်ကောင်းလိုက်မလဲပေါ့နော်။ နောက်တစ်ယောက်ကတော့ ဘလော့ဂါသူငယ်ချင်း တိမ်ပျော်များထဲက မိုးမောင်ကို သတိရတယ်။ ဘလော့ဂါစကားဝိုင်းဖွဲ့ဖြစ်တဲ့ တစ်ညက ဗုဒ္ဓမြတ်စွာကို ကိုးကွယ်တာ၊ သံဃာတော်များကို ကိုးကွယ်တာ ဒါကထင်ရှားတယ်။ တရားကို ကိုးကွယ်တာက ဘုရားဟောတဲ့ ဘယ်တရားကို ရွေးကိုးကွယ်ရပ ဆိုတဲ့ အတွေးလေး ဆွေးနွေးဖြစ်တာကိုပေါ့။ အဖြေကိုတော့ ဘုန်းဘုန်း ဦးကောကို မေးလျှောက်ဖို့သာ စကားပလ္လင်ခံထားပြီး သေချာမမေးဖြစ်သေးဘူး။ လျှောက်သတိရပြီး ဘာပြောချင်မှန်းမသိဘူးဖြစ်တော့မယ်။ ပြန်ဆက်ရရင် ဗုဒ္ဓဘာသာ အစစ်မှာ ဗေဒင်၊ အတိတ်နိမိတ်တွေ မပါတာ။ ပထမဆုံး ရက်ရာဇာ၊ ပြဿဒါး နဲ့ နဂါးလှည့်တွေပယ်သင့်တာလဲ ပြတ်ပြတ်သားသား မှတ်သားရတယ်။

ဒီလာမဲ့ အပါတ် ၁၇ရက်နေ့မှ စင်ကာပူရောက်မဲ့ ဘုန်းဘုန်းတစ်ပါးက အဲဒီတရားပွဲမှာ နာခဲ့တာတွေမှတ်သားပြီး သူ့ကိုပြန်ပြောပြပါဆိုလို့တော့ သေချာမှတ်ခဲ့ပါတယ်။ ညနေ ၄နာရီကဟောတဲ့တရားပွဲ ၆နာရီခွဲမှ သိမ်းတာဆိုတော့ ပြန်ပြောရင်တော့ တော်တော်များပါမယ်။ အခု အဓိကပြောချင်တာလေးက ကျမရဲ့ သူငယ်ချင်းမောင်လေးတစ်ယောက်ကိုပါ။ သူ့အတွက် unlucky day လို့ပြောသလား၊ သူများမတ်ဆေ့ခ်ျကို ပြောသလားတော့မသိပါဘူး။ ဘာမှမလုပ်ဘဲ ထိုင်နေလို့ "ကံ"ကောင်းတဲ့သူတွေ ရှိလို့လားကွာကံဆိုတာ တကယ်တမ်းတော့ "အလုပ်"ပါပဲ ဆိုပြီးတော့ သူရေးထားတာလေးတွေ့မိရင်း စဉ်းစားမိတာပါ။ တခါတလေကျ ကိုယ်တိုင်လည်းကံမကောင်းဘူး၊ ကိုယ်လုပ်တာတွေ ကောင်းပါလျက်နဲ့ ဘာလို့ လုပ်တိုင်းမဖြစ်တာလဲ ဘာလို့ အဆင်မပြေရတာလဲလို့ စဉ်းစားပြီး ဝမ်းနည်းကြေကွဲရတယ်။ တချို့တလေကျတော့လဲ ဘာမှအားမထုတ်ရပဲ အဆင်ကိုပြေလို့ ခွေးဖြစ်ဆိုတာမရှိဘူး သူဌေးပဲဖြစ်သွားတယ်တဲ့။ ကျောက်သမား(မန်းလေးက ကျောက်ကုန်သည်)တွေစကားနဲ့ပြောရင် ဘယ်သူဖြင့်ကံကောင်းပုံများ လမ်းဘေးကကျောက်စရစ်ခဲ ကိုင်ရောင်းတောင် ခေါ်ဈေးအတိုင်းကြိုက်ဈေးပေးဝယ်တဲ့သူရှိသတဲ့။ ဟုတ်ပါတယ်။ ကျမတို့ လျှပ်တပြက်စဥ်းစားမိတာက လက်ရှိခဏ တစ်ဘဝကိုပဲကြည့်ရင်တော့ လောကကြီးက မတရားသယောင်ယောင်။ တကယ့်တကယ်မှာတော့ ဆရာတော်အရှင်ဇဝနဟောတဲ့တရားမှာလဲပါတယ်။ ကျမတို့ ငယ်ငယ်ကတည်းက လူကြီးမိဘတွေ ဆုံးမတဲ့အခါမှာလဲပါတယ်။ ကံဆိုတာ အလုပ်။ အလုပ်ကောင်းမှကံကောင်းမည်(ရွှေပုဇွန်မှာ ဆောင်ပုဒ်အနေနဲ့တောင်သုံးထားတယ်)။ အဲဒီ ကံဆိုတဲ့ အလုပ်က အတိတ်ကကံရော၊ ပစ္စုပ္ပန်ကံပါပါတယ်။ ကံ၊ ကံ၏အကျိုးဆက်ကိုယုံရင် တော်တော်လေး ဗုဒ္ဓဘာသာ ပီသလာပီလို့ထင်ပါတယ်။ ဘာဖြစ်လို့တုန်းဆို ဂေါတမဘုရားပွင့်တော်မူခဲ့တဲ့ အိန္ဒိယမှာ ဗုဒ္ဓဘာသာကွယ်ခဲ့တာ အဲဒီကံ၊ကံ၏အကျိုးဆက်နဲ့ ကံဆိုတာအလုပ်ပဲလို့ မယုံမကြည်ပစ်ပယ်ပြီး ဓာတ်တွေ၊နတ်တွေ ယတြာတွေနဲ့ပဲ ဖက်တွယ်နေခဲ့လို့ဆိုတာ အချက်တစ်ချက်ဖြစ်ပါတယ်။

ကျမ ပြန်ပြီး အချုပ်ပြောရရင် မလုပ်ပဲလဲဖြစ်နေတဲ့အခါ အဲလေ..မလုပ်ပဲနဲ့တော့ဘာမှမဖြစ်ဘူးပေါ့နော်။ သို့သော် လုပ်တိုင်းဖြစ်နေတဲ့အခါ(သို့မဟုတ်) ဘာလုပ်လုပ်အောင်မြင်နေတဲ့အခါ ကိုယ်ချင်းစာတရားခေါင်းပါးပြီး လုပ်ချင်ရာလုပ်တဲ့လူတစ်စုရဲ့ သတိတရားကင်းမဲ့မှုမျိုးကိုလဲ သင်ခန်းစာအနေနဲ့ မှတ်သားရှောင်ရှားရင်း ကိုယ်တွေ လုပ်တိုင်းမဖြစ်တဲ့အခါမျိုးမှာလဲ စိတ်ဓာတ်ကျမနေပဲ ကံမကောင်းတာတွေများတဲ့အခါ ကောင်းတဲ့ကုသိုလ်တွေများများပိုလုပ်ရင်း (ဆရာတော် အရှင်ဇဝနဟောခဲ့တာ) ကံမကောင်းတဲ့အကုသိုလ်မီးတွေကို ကုသိုလ်ဆိုတဲ့ တရားရေအေးနဲ့များများလောင်းမှငြှိမ်းသတ်နိုင်သလိုမျိုးသာဓကနဲ့ ကျမမောင်လေးကို ကုသိုလ်တွေများများလုပ်၊ စိတ်ကိုငြိမ်အောင် ကမ္မဌန်းတရားလေး ငါးမိနစ်ရရ၊ ဆယ်မိနစ်ရရ ထိုင်ရင် စိတ်တွေလဲငြိမ်းချမ်းလို့ ဖြစ်ချင်တာနဲ့ဖြစ်နေတာတွေ တစ်ထပ်တည်းကျပြီး အများအကျိုးသယ်ပိုးနိုင်တဲ့ သူ့မေမေမျှော်လင့်တဲ့ သားကောင်းလိမ္မာလေး ဖြစ်စေကြောင်းရည်ရွယ်ရေးလိုက်ပါတယ်လေ။

အားလုံး ရွှင်လန်းချမ်းမြေ့ပါစေ...

4 comments:

Steve Evergreen said...

a boring post

Anonymous said...

i have a friend who always talk us down when we refer things to "KAN"
she said Kan is bullshit.

yes. she's christian.

but she always say "God will guide me " :)

no. i don't tell her God is bullshit :)

should i?

Steve Evergreen said...

You can't say. If you say so, she will say Buddha is.....

Anyway we are here not to try to spread our religion, but try to survive.

I suspect some weak people keep talking about KAN, bloody KAN, rubbish KAN..They are just losers. successful people have no time to think about KAN. Keep busy with life and work and enjoying.

Once you thinking about KAN , you have already lost something or still far away to get something. If you evaluate yourself when you think about KAN, you will notice that fact.

Acara said...

Thus I have heard volition is kamma. Cetana is kamma. Cetana is included when you either do something, or talk about it, or think of it. Here your physical, verbal and mental activities led by your good or bad cetana are called the three kammas.
Thanks for your sharing, naw.