Saturday, March 21, 2009

ဥာဏ်မီသလောက်တွေးတောမိခြင်း upon Meaningful Wedding

အရှင် ဦးကုမာရ(ကျမအခေါ် ဘုန်းဘုန်းဦးကု) ရဲ့ ပီနန်ဆရာတော်ဘုရားကြီး သီရိလင်္ကာခရီးစဉ်အတွင်း ဖွင့်ဆိုရှင်းပြတော်မူတဲ့ နိဗ္ဗာန်အယူအဆကို မှီငြမ်းပြုရေးသားပူဇော်ထားတဲ့ Meaningful wedding က ဘုရားအလိုတော်ကျ ချစ်တဲ့သူနဲ့ ပေါင်း ကြတဲ့ (နိဗ္ဗာန်) ပွဲများ ဟုတ်မဟုတ်နှင့်ပတ်သက်၍ ဥာဏ်မီသလောက်တွေးတောမိခြင်းပါ။

 

မူရင်းပို့စ်က ဒီမှာ ဖတ်ပါ။

ဘုန်းဘုန်းဦးကု ဘုရား ပြန်လည်လျှောက်ထားခွင့်ပေးပါ…

မိရိုးဖလာလွန်ဗုဒ္ဓဘာသာတွေကဲ့သို့ ဥာဏ်သုံးပြီး နားလည်သဘောပေါက်တဲ့ထဲမပါပေမဲ့ စဥ်းစားစရာပါပဲ ဘုရား။

ဒါပေသိ တပည့်တော် တစ်ခု ဆက်စဉ်းစားတာမိတာက တိုက်ရိုက်အနက်ကို ကန့်သတ်ထားရင် ဆန့်ကျင်အနက်ကို ခွင့်ပြုတယ်ပဲထားပါဦး..

တပည့်တော် နာဖူးတဲ့တရားထဲက မှတ်မိသလောက်က ဖြူတာလဲ အကုသိုလ် မည်းတာလဲ အကုသိုလ်..ဒါဆို

ခန္ဓာငါးပါးသည်လဲ ဒုက္ခ..ချစ်တဲ့သူနဲ့မပေါင်းရ ရင်လည်းဒုက္ခသည် တိုက်ရိုက်အနက်

ခန္ဓာငါးပါးမရှိခြင်းသည်သာ ချမ်းသာခြင်း (နိဗ္ဗာန်) မည်သည် မဟုတ် ချစ်သူနဲ့ပေါင်းရခြင်း အတူနေရခြင်း မင်္ဂလာဆောင်ရခြင်း သည်လည်း ချမ်းသာခြင်း သုခ (နိဗ္ဗာန်)လို့ ဆိုနိုင်ပါရဲ့လား

သမုဒယသစ္စာ- ဆင်းရဲကြောင်းအမှန်မလို့ ဒုက္ခသစ္စာ-ဆင်းရဲ့ကျိုးတွေဖြစ်လာတယ်

ချစ်သူနဲ့ပေါင်းရခြင်း အတူနေရခြင်း မင်္ဂလာဆောင်ရခြင်း သည်လည်း ဆင်းရဲကြောင်းအမှန်ဖြစ်နေရင် ဒုက္ခသစ္စာတွေ ဆက်ဖြစ်လာဦးမယ်..ပြောမယ်ဆိုရင် ဘ၀..ဘ၀တွေကို သံသရာဆက်နေစေတယ် ဒီဘ၀ ဒီခန္ဒာဝန်ကြီးလေးနေသ၍ ကိလေသာတွေမဖြတ်နိုင်သေးသ၍ ဒီခန္ဒာငါးပါး ၀ဋ်ဆင်းရဲကြီးက လွတ်မြောက်နိုင်လိမ့်မယ်လို့တော့ တပည့်တော်မထင်မိဘူး ဘုရား။

နောက်ထပ် တပည့်တော်မ ငယ်ငယ်က ကျောက်ဆည်မြို့ ကျောက်သဘောင်္ဂိုဏ်းခေါ်မလားပဲ ဆရာတော်တစ်ပါးဟောဖူးတာကို မှတ်မိသေးတယ်

နေပူထဲသွားရင် ဆင်းရဲတယ် နေရိပ်ထဲကသစ်ပင်အောက်လဲရောက်ရော အေးချမ်းသွားတယ်ဆိုရင် အဲဒါနိဗ္ဗာန်ပဲမဟုတ်လားတဲ့

တပည့်တော် စဉ်းစားမိသလောက်ကတော့ တခဏနိဗ္ဗာန်(တခဏချမ်းသာခြင်း)ဆိုရင်တော့ မှန်တယ်ပြောလို့ရမယ်ထင်ပါတယ်။ တကယ်လို့သာ အကြင်သူသည် နေပူထဲသာပြန်ထွက်ရမယ်ဆိုရင် တဖန်ပြန်လည် ဆင်းရဲဦးမယ် မဟုတ်ပါလားလေ။

ထေရ၀ါဒဗုဒ္ဓဘာသာဝင်တွေရဲ့ ဗုဒ္ဓမြတ်ဘုရားကတော့ နိဗ္ဗာန်ချမ်းသာသည် တခဏနိဗ္ဗာန်ကို ရည်ရွယ်ရင်းမဟုတ်ပဲ ဆင်းရဲတို့၏ကင်းရာကုန်ရာအမှန်ဖြစ်သောနိဗ္ဗာန်ရောက်ကြောင်းတရားများကိုသာ ဟောကြားခဲ့တာဖြစ်လို့ ဘုရားအလိုတော်ကျ ချစ်တဲ့သူနဲ့ ပေါင်း ကြတဲ့ (နိဗ္ဗာန်) ပွဲများလို့ တင်စားမယ်ဆိုရင်တော့ သိပ်ဘ၀င်မကျမိသလိုပါပဲဘုရား။

 

စာကြွင်း။ ။ဘုန်းဘုန်းဦးကုရဲ့ ဒီပို့စ်နဲ့ တပည့်တော်ရဲ့ ဒီပို့စ်လေးကို ဘုန်းဘုန်းဦးကောဆီတော့ မေးမြန်းလျှောက်တင်ချင်ပါသေးတယ်ဘုရား။

8 comments:

Anonymous said...

Do monks jerk?

Ashin Kumara said...

ဘ၀င်မကျတာကို မေးခွင့်ရှိပါတယ်။ နောင်လဲ ဆက်ဆက်မေးပါဦး။

အဲလို မေးတာ ကို သဘောကျပါတယ်။ ဒီလိုအမေးမျိုးကို စာရေးဆရာဆန်းလွင်(အရှင်အာဒိစ္စရံသီ) က တောင်ပုလုဆရာတော်ကိုမေးလျှောက်ဖူးပါတယ်။ .. ဘယ်လိုမေးခွန်း ကို ဆရာတော်က ဘယ်လို ရှင်းပြပြီး.. ဆန်းလွင်က ဘယ်လို နားလည်သဘောပေါက်သွားခဲ့သလဲ ဆိုတာ...

ရတနာ သုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတစ်ယောက်
အကြောင်း စာအုပ် ထဲပါ အချက်အလက်အချို့ကို ထုတ်နုတ် ရေးပေးပါဦးမယ်။ :)

Steve Evergreen said...
This comment has been removed by the author.
Steve Evergreen said...

KOM said my comments harsh for you. so i deleted above one. But still have a question. What did you expect going Monastery today?

Steve Evergreen said...

the best photo ever

Myat Noe Khin said...

In LA, most single people going to monasteries is looking for relationship rather than religious reason :D :D :D

Ko Ko Aung said...

Singapore Myanmars are NOT အပဲ့ . but LA myanmars...

Myat Noe Khin said...

Haaaaaaa Haa....people can't stand when telling the truth, I meant not only in LA across the world,such as in AU,UK,USA son on