Tuesday, March 17, 2009

ဟတ်ပီးဘတ်ဒေး မိုးငွေ့လေး...

blogger တွေထဲမှာ အသက်အငယ်ဆုံး(စာရေးသက်ကိုပြောတာ အဟိ) လို့ခေါ်လို့ရတဲ့ မိုးငွေ့ ရေ
ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေနော်...
တို့တွေ ငယ်စဉ် သက္ကရာဇ်တစ်ခုတုန်းမှာတော့ မိုးငွေ့မွေးနေ့အမှတ်တယပေါ့
ရန်ကုန်မျက်ကြည်ဘဏ်မှာ မျက်ကြည်လွှာအတူသွားလှူခဲ့ဖူးကြတဲ့ ကုသိုလ်လေးလဲ သတိယမိပါသေး
အဲဒီတုန်းက ကျမက မျက်ကြည်လွှာအလှူမှတ်တမ်းရေးတဲ့ ဦးလေးကြီးကို နောက်မိသေးတယ်နော်
ဦးလေး အခုလှူတာကတော့ ဟုတ်ပါပီ မတော်တဆ ကျမက ပြည်တွင်းမှာမသေပဲ ပြည်ပမှာ သေလို့ရှိရင် ၂၄နာရီအတွင်း မျက်ကြည်လွှာထုတ်ဖို့ ဦးလေးတို့ ရဟတ်ယာဉ်နဲ့အမီလာမှာလားဟင်လို့
ခုတော့လဲ သေတော့မသေသေးပါဘူး နိုင်ငံရပ်ခြားတစ်ခုမှာကနေ မတော်တဆ ကျမသေလို့ရှိရင်တောင် ဒီမျက်ကြည်လွှာကို မြန်မာပြည်ပဲရောက်စေချင်ပါရဲ့..

စကားတွေရှည်သွားပီ မိုးငွေ့ရေ
ကဗျာတွေရေးရာမှာ ခေသူမဟုတ်မှန်းသိထားလို့ ကဗျာလေးတွေဖတ်ဖို့ မျှော်နေရင်း အားပေးနေတရ်နော်
မွေးနေ့မှာ ဘာတွေလုပ်ဖြစ်လဲ ချစ်သူနဲ့နှစ်ယောက်တည်းပဲ celebrate လုပ်နေမလား သတိရရင်း
ပျော်ရွှင်ချမ်းမြေ့ ဆုတောင်းတိုင်းပြည့် သာယာလှပ မွေးနေ့ညလေး ဖြစ်စေကြောင်း ဆန္ဒပြုလိုက်ပါတယ်နော်

No comments: