Friday, April 10, 2009

နော်...နော်..နော်...နဲ့ တီပီသင်္ကြန် ၂၀၀၉

ချစ်ရင်ချစ်တယ်ပြောပါနော်..ရှက်မနေပါနဲ့နော်..
မုန်းရင်မုန်းတယ်ပြောပါနော်..မူမနေပါနဲ့နော်..
သတိရရင်ဖုန်းဆက်နော်.. နော်...နော်..နော်...

အဟိ ဒီသီချင်းကို ဂျီတော့စတေးတပ်စ်မှာ တင်လိုက်တာနဲ့ပဲ ...
မကြီးမငယ်နဲ့မရှက်ဘူးလား
ဖုန်းနံပါတ်လဲမပေးပဲနဲ့ ဘယ်လိုဖုန်းခေါ်ရမှာလဲ
ဘာတွေလဲ ... မျက်စိနောက်တယ် ... ခေါင်း မူးတယ်
ဘယ်သူ့ကို ပြောပေးရမလဲဟင်... ကူညီပါရစေ...အဟား....
ကူညီပါရစေ။ ငွေပေး ရန်မလိုပါ။...
အစရှိသဖြင့် ဝိုင်းပီး သြဘာပေးကြကုန်သတည်း။

အမှန်မှာက အဲဒါ သီချင်း သီချင်း ကြိုက်လို့ဆိုနေတာဗျ ဟွန့်
မနေ့က တီပီသင်္ကြန် ၂၀၀၉ ကိုသွားကြည့်ဖြစ်တယ်လေ နေ့လည် ၁နာရီခွဲလောက်ကစတာ ညနေ ၅နာရီကျော်မှ ပီးသွားတယ်။
မပျင်းရပါဘူး။ ရယ်နေရတာ ထုံးစံအတိုင်း ကျောင်းသားတွေတော်ကြသည်။
လုပ်တာကိုင်တာထောင့်စေ့သည်။ အဝင်က လက်မှတ်ဖြတ်ပိုင်းလေးနဲ့ ဒံပေါက်လဲစားရသေး၍ အင်မတန် တန်သောပွဲလေးပါ။

သံချပ်တွေလဲမြိုင်မြိုင်ဆိုင်ဆိုင်..
အဘနဲ့ လူငယ်တို့ အပြိုင်အတိုင်အဖောက်က ကောင်းလွန်းပြီး သာဓု..သာဓု..ကနေ မပါဘူး မပါဘူး ပြောင်းအော်သွားတာလေးကတော့ အူနာလွန်းခဲ့သည်။ (ဘာတွေ တိုင်ကြဖောက်ကြသလဲတော့ အမြည်းပေးချင်ပေမဲ့ မပြောတော့ပါဘူး...)
ပွဲအဖွင့်လေးမှာ အိမ်နီးချင်းနိုင်ငံတွေရဲ့ နှစ်သစ်ကူးကြပုံသရုပ်ဖေါ်လေးက ဗဟုသုတရပါ၏။ (သိထားပီးသူများအတွက်တောင် စိတ်ထဲစွဲစေသကိုး)
သင်္ကြန်သီချင်းရဲ့ ငွေငန်းမောင်မယ်နဲ့ဖွင့်တော့လဲ မန်းသင်္ကြန်ကိုလွမ်းသဗျို။ ပြီးတော့ သင်္ကြန်ပိုးကနဲနဲပြင်းလို့ လက်ခုပ်လိုက်တီးအားပေးတာ လက်တောင်နာပြီးပြန်လာတယ်။
ပိတောက်ပြာလေးတွေ သင်္ကြန်သီချင်းကို ရီမစ်လုပ်ထားတဲ့သံစဉ်နဲ့ ကသွားတာလေးကတော့ ကိုကိုမောင်မောင် ကာလသားတွေကို ပွဲတောင်ဆူသွားစေသဗျ။ (မြန်မာဆန်ဆန်လှကြသကိုး ဝါးခြမ်းပြားအလှဟုတ်ဘူးလေနော် အဟိဟိ)
မင်းသမီးလေးကလဲချောမှချော လူရွှင်တော်တို့ကလဲ ပြောမှပြော ဆိုတော့ တသောသောနဲ့ ရယ်ရင်းတောင်မောပေါ့လေ။
အဲဒီမင်းသမီးလေး ချိုကိုစံက အသံလဲသာသေး နော်..နော်..နော် သီချင်းလေးတောင် စွဲကျန်နေတာ ကိုယ်တွေလိုက်ဆိုတော့မှ ဝိုင်းဆော်ပလော်တီးခံရတဲ့အထိပေါ့(ဒါတောင် တစ်ပုဒ်လုံး ဆိုမပြရသေးဘူး တစ်ပုဒ်လုံးအလွတ်ရတာနော် ဟွင်းဟွင်း)

ရန်ကုန်မှာ ဓာတ်ပုံဆရာတစ်ပိုင်းဖြစ်နေတဲ့ ကောလင်းသားဘလော့ဂါ စိုးကြီးကိုလဲ သတိရမိသေး။
သူက အင်္ဂလိပ်သိပ်ကောင်းတာ this is my hot, this is not your hot လို့ မူးတိုင်း အင်္ဂလိပ်လိုတွေကို မရိုးအောင်ပြောနေကျ သူငယ်ချင်းအရင်းလေးပေါ့။
ဘာလို့ဆို ပြက်ကြတဲ့အထဲမှာ အင်္ဂလိပ်စာ vocabulary, meanings နဲ့ ဝါကျဖွဲ့တာ တော်ကြောင်း ကျွမ်းကြောင်းပြိုင်ကြတော့..
ကဲ..ဒါဆို.. အခု TP technology ကနေ အနီးအနားက NTUC ကိုဘယ်လိုသွားလဲ ပြောပြဆိုတော့...
ဂိုးဘလော့ ဂိုးဘလော့ ဂိုးဘလော့..တဲ့
ဘာလဲ မင်းကမြင်းနဲ့သွားခိုင်းတာလားဆိုတော့ ..
မဟုတ်ဘူး အရှေ့ကို သုံးဘလော့ သွားပါတဲ့... (အဟိဟိ)
အိုကေ..ဒါဆိုဆက်ပြောဆိုတော့လဲ...
break left တဲ့...
အန်...အဲဒါ ဘာပြောတာပါလိမ့်...
ဘယ်ဘက်ကို ချိုးပါတဲ့...(အမယ်လေး တော်လိုက်တာနော်)
နောက်တော့ ဘာထပ်ပြောသေးလဲဆိုတော့
u see NTUC die တဲ့...
ဟေ့..ဟေ့ အဲဒါက ဘာလဲတဲ့...
အဲဒါက...NTUC ကို ဒိုင်းခနဲ့ တွေ့မတဲ့လေး...
အမယ်လေး...လေး... တယ်တော်တဲ့ အင်္ဂလိပ် သြချလောက်ပါရဲ့ ရယ်လိုက်ရတာနော်..
ဒီအချိန်မှ စိုးကြီးကို သတိမရ ဘယ်အချိန်မှာများ သတိရစရာရှိုဦးပ

အကောင်းတွေချည်းပြောသွားလိုက်တာ မားကတ်တင်းလုပ်နေတယ်လို့အပြောခံရဦးမယ်ထင်ပါရဲ့
အဲလိုမဟုတ်ပါဘူး nothing is perfect, but...
နတ်မင်းကြီးသုံးပါးရဲ့ ပြဇတ်ကို မျှော်လင့်ထားတာလောက် မရလိုက်ဘူး
နဲနဲပေါ့တယ်
နာဂစ်နဲ့ပတ်သက်ပီး ကယ်ဆယ်ရေးအကြောင်း ပြက်ထားတဲ့ ပြဇာတ်လေးလေ။
ရယ်ဖို့အရှိန်ရလို့ ရယ်တော့မယ်လုပ်လိုက် နောက်ကကွက်ပြောင်းသွားလိုက်နဲ့
ရယ်ချင်တိုင်းမရယ်လိုက်ရသလိုမျိုးလေ...
(ပရိတ်သတ်ထဲကတော့ အားပေးပြီးအော်တယ် ပြဇတ်ပြီးသွားတော့.. အီး...ရယ်လဲရယ်ရဘူးတဲ့...)
ဒါပေသိ ပေါ့နော်...ဒီထက်ပေးချင်တာကို ဒီလောက်ပဲပေးဖို့ အချိန်အားဖြင့်ဖြစ်ဖြစ် အကြောင်းကြောင်းကြောင့် ကတ်တင်းလုပ်ထားလို့ အဲလိုပေါ့သွားတာပဲဖြစ်မယ်လို့ ထင်မြင်ပါရဲ့)

ပြောတာတွေကတော့ များသွားပီ။ ပုံတွေရိုက်လို့ရရင် တင်ပေးချင်ပေသိ အဝင်မှာကတည်း ကင်မရာတွေသိမ်းဖို့၊ မရိုက်ဖို့ ကန့်သတ်ချက်ထားလေတော့လဲ အားနာစွာနဲ့ ဖုန်းကင်မရာနဲ့တောင် မရိုက်ဖြစ်ခဲ့လို့ တင်မပေးနိုင်တာ စိတ်မကောင်းဘူးလို့ ပြောရင်း
ထွက်လာမဲ့ အခွေကိုသာ မျှော်..မျှော်..မျှော်..လို့...နော်...နော်...နော်..

အားလုံးပျော်ရွှင်ချမ်းမြေ့ပါစေနော်...
Posted on 15th March, 2009
Updated to embed video sample on 10th April, 2009



Credit for TP Myanmar Thingyan video sample goes to Mabaydar:

2 comments:

YMT said...

ရီရတယ် :D

Anonymous said...

SP Thingyan ကျရင်လည်းလာအားပေးပါဦး..။