Friday, March 13, 2009

စင်ကာပူက လတ်တလော အလုပ်အကိုင်အခွင့်အလမ်း

ကျမ စင်ကာပူကိုရောက်နေတာ ဒီလဆို ၈လလောက်ရှိပီ။
အလုပ်လုပ်နေတာတော့ ၅လလောက်ရှိပီပေါ့ ဘာဖြစ်လို့ဆို အလည်လွန်(အလေလိုက်) သုံးလလောက် အချိန်ဖြုန်းလိုက်သလိုဖြစ်ခဲ့တယ်။
ဒါပေသိ တကယ့်တကယ်က စင်ကာပူမှာ အလုပ်တစ်ခုရဖို့ဆိုတာ ပုံမှန် စီးပွားကောင်းချိန် ခေတ်ကောင်းချိန်မှာတောင် ၅ပါတ်လောက် အချိန်ယူရတယ် အချိန်ကြာလေ့ရှိတယ်လို့ ပြောကြပါတယ်(အရင်ရောက်နေတဲ့ အစ်ကိုတော် အစ်မတော်တွေကပေါ့)။ ကျမ ရောက်တဲ့အချိန်ကတော့ အလုပ်ကလဲ အရင်နှစ်တွေကထက် ပိုရှားပါးပါတယ်။ အင်တာဗျူး အခု နှစ်ဆယ်ကျော်လောက်သွားပီးမှ ရမဲ့အလုပ်ကျ ရှောရှောရှုရှု second interview တောင်မသွားရပဲ ပါ့စ်လျှောက်ပေးတာလဲ နှစ်ရက်တစ်ပိုင်းတောင် မကြာလိုက်ပဲ အင်မတန်အဆင်ပြေသွားခဲ့တာပါ။ အလုပ်ကလဲ မရတော့လဲမရတာ သုံးလလောက်ကြာ။ ရပြန်တော့လဲ ၄ခု ၅ခု ပုံနေလို့ပဲ။ ကံကောင်းခြင်းရဲ့နောက်ကွယ်က မေးတောင် ကွဲယူတဲ့အထိပါပဲ။
ထားပါတော့ အဲဒါတွေက ပီးခဲ့တာ ဆက်စပ်မိလို့ပြန်ပြောဖြစ်ရုံပါ။

အခု global recession ကြောင့် စင်ကာပူမှာ နှစ်သိန်းကျော် သုံးသိန်းနီးပါး အလုပ်လက်မဲ့ဖြစ်သွားခဲ့တဲ့အပြင် ဒီရက်ပိုင်းမှာဆို contract သက်တမ်းမတိုးတော့ပဲ အလုပ်ရှာတာအချိန်မမီလို့ပြန်ရတဲ့သူတွေလဲရှိနေတယ်။ လာတဲ့သူတွေလဲလာနေကြဆဲ တဖွဲဖွဲပါပဲ။ တချို့ကလဲ လာရကောင်းမလား မလာရကောင်းမလားပဲ လာလာမေးနေကြတယ်။ ဆုံးဖြတ်ပြီးသားပဲ လာနေတဲ့သူတွေအတွက်တော့ မတားဖြစ်ပဲ လာတုန်းလေး ကိုယ်တတ်နိုင်သလောက် လုပ်ပေးတာကလွဲရင် ပြန်သွားတော့လဲ စိတ်မကောင်းဖြစ်တဲ့ခံစားချက်တောင် မပေါ်တော့ပါဘူး။ အရေထူသွားသလားလဲမသိဘူးလေ။ အလုပ်ရတဲ့သူတွေလဲ ရနေတာပါပဲ။ အဲတော့ ကိုယ်အတိုင်းအတာနဲ့ကိုယ် အချိန်တွေ ငွေတွေ ရင်းနှီးနိုင်မယ်ဆို ကိုယ်တိုင် ဆုံးဖြတ်ကြဖို့ပဲ အဓိက တိုက်တွန်းပါရစေ။
ဆုံးဖြတ်ချက်တွေ မှန်မှန်မှားမှား တင်ကြိုစဉ်းစားနိုင်ဖို့အတွက်တော့ ကျမဖတ်မိတဲ့ သတင်းလေးတစ်ပုဒ်ကို ဘာသာပြန်ပြီး ဒိပို့စ်လေးမှာ ထည့်ရေးပေးလိုက်တယ်နော်။ အားလုံး အစစအရာရာ အဆင်ပြေစေချင်ပါ၏။

တကမ္ဘာလုံးရဲ့ ၈၅နိုင်ငံလောက်ကနေ နိုင်ငံခြားသား အလုပ်အကိုင်လာရှာသူ ၁၀ယောက်မှာ ၈ယောက်ဟာ ခုဆိုရင် စင်ကာပူမှာ အလုပ်အကိုင်ရဖို့ အနဲဆုံးလေးလခန့်အချိန်ပေးရပါမယ်လို့ ခန့်မှန်းပါတယ်။ အလုပ်ရှိရာကနေ အလုပ်လက်မဲ့ဖြစ်တဲ့သူတွေအတွက်လဲ အကျုံးဝင်ပါတယ်။
အဲဒီထဲကမှ ၁၀ယောက်မှာ လေးယောက်က ၇လကနေ အဲဒီထက် ပိုကြာနိုင်ပါသေးတယ်တဲ့။ အဲဒီခန့်မှန်းချက်ကတော့  Korn/Ferry Institute က သုတေသန အဖွဲ့ကနေ အလုပ်လက်မဲ့ ၁၀၀၀ ပေါ်မှာ မကြာသေးခင်ကပဲ ကောက်ခံရရှိတဲ့ စစ်တမ်းပေါ်က အချက်ကို အခြေခံပါတယ်တဲ့။ ဒီလိုစီးပွားရေးကျတဲ့ အချိန်နဲ့ အခြေအနေပေါ်မှာတော့ ကျွမ်းကျင်သူ အဆင့်ရဲ့ ၄၃ရာနှုံးက စစ်တမ်းကအဆိုကတော့ တစ်ခုခု သင်ကြားရေးပေါ်မှာ ဆွဲဆောင်စေချင်ပါတယ်တဲ့။ အလုပ်လက်မဲ့ executives တွေအနေနဲ့ကတော့ MBA သို့မဟုတ် တခြား အဆင့်မြင့် ဒီဂရီ လိုမျိုး ပညာရေးအခွင့်အလမ်းတွေကို မျက်စပစ်နေကြပါတယ်တဲ့။ စစ်တမ်းမှာ တွေ့ရှိရသေးတဲ့ နောက်အချက်ကတော့ အလုပ်ရှာဖွေသူ ၅၅ရာနှုံးက အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ ရှာဖွေခြင်းအတွက်ပဲ သူတို့အချိန်တွေကို အများဆုံးအသုံးချပါသတဲ့။ လေးပုံတစ်ပုံကတော့ သူတို့ရဲ့ အချိန်တွေကို သက်မွေးဝမ်းကျောင်းကျွမ်းကျင်မှုပိုမိုတိုးတက်စေဖို့ အဓိက အာရုံစိုက်ပါတယ်။ ဆယ်ပုံတစ်ပုံကတော့(၁၀ရာနှုံးပေါ့နော်) မိသားစု၊ သူငယ်ချင်းတွေနဲ့ အားလပ်ရက် အပန်းဖြေထွက်တဲ့ အချိန်တွေအနေနဲ့ အသုံးချကြပါသတဲ့။

အဲဒီသတင်းလေးကို By Satish Cheney, Channel NewsAsia | Posted: 11 March 2009 1933 hrs မှာ ဖတ်မိပါတယ်။ အလည်တစ်လနဲ့လာ ပီအာရ် အမျိုးတစ်ယောက်ယောက်ကောင်းမှုနဲ့ သုံးလလောက် နေထိုင်ခွင့်ဗီဇာသက်တမ်းတိုးလို့လဲရတယ် သို့မဟုတ် ကျောင်းအပ်ဖို့ ကျောင်းလခ ရင်းနိုင်တယ် အနဲဆုံး ၆လလောက် student pass ကိုင်ပြီး အလုပ်ရှာမယ်။ နေစရိတ်၊ စားစရိတ် တစ်လကို ခြွေတာသုံးလို့ ၆၀၀လောက် အနဲဆုံး အိုကေတယ်။ အလုပ်ရမဲ့ ကံဇာတာနဲ့ ရတဲ့အလုပ်ကို ကျားကုတ်ကျားခဲ ကြိုးစားလုပ်နိုင်တဲ့ အရည်အချင်းအတွေ့အကြုံတွေ တကယ်ရှိမရှိ ကိုယ့်ကိုယ်ကိုသာ မညှာမတာချင့်ချိန်ဝေဖန်ကြပေတော့ သူငယ်ချင်းမောင်နှမအပေါင်းတို့ရေ...

ကျမတို့ရုံးက မြန်မာသူငယ်ချင်းတွေထဲကနှစ်ယောက်လဲ တစ်ယောက်က  ကွန်ထရိုက်သက်တမ်းထပ်မတိုးပဲဖြစ်သွားလို့ အလုပ်သစ်ရှာကတယ်။ နောက်တစ်ယောက်ကတော့ အပန်းဖြေရင်း အလုပ်နားထားလေရဲ့။ ကျမတို့ အေးဂျင့်ကတော့ ကျမတို့ ၁၆ယောက်ဝန်ထမ်းကို ဘယ်လိုစီစဉ်ပေးလိမ့်ဦးမယ်မသိ...

အော်..ဆင့်ကာပူ..ဆင့်ကာပူ...ပါတ်စပို့ သက်တမ်းတိုးဖို့လဲပူ...ပူ..ပူ..ပူ...

2 comments:

arnold said...

အမ ရေ စင်ကပူကအလုပ်အကိုင်အခွင့်အလမ်းဆိုတာလေးကျွန်တော်ကူးချသွားပါတယ်

Steve Evergreen said...

why not people living in a proper country?