Tuesday, March 10, 2009

ကြယ်ကြွေဆုတောင်း

အဲဒီတစ်နေ့မှာ...
ကန်ပေါ်ကလရိပ်ဖြာနေဆဲ
ငါလဲ နင့်ကိုတမ်းတတဲ့စိတ်တွေနဲ့ပါပဲ..

ကောင်းကင်က ကြည်လင်...
ကြယ်တွေစုံတဲ့ညတစ်ည
လှလဲလှ သာလဲသာယာ
ငါကတော့ တစ်ယောက်တည်းပါ..

မထင်မှတ်တဲ့ အချိန်တခဏ
ရင်မှာ အမှတ်တယ
ဆုတောင်းခွင့်လေးကြုံလိုက်ရတာ...

ကြယ်ကြွေတာကို အကြိုက်ဆုံးပဲ
အလျင်အမြန် ငါဆုတောင်းမြဲ
စကားလေးတစ်ခွန်း ငါ့နှုတ်ဖျားပေါ်ကထွက်ကျ
"မင်းနဲ့ တွေ့ပါရစေ"
ဒီခဏမှာ ငါလေ ပျော်ခဲ့ရ...

everything is ok
everything is all right with you
I always wish you all the best
Oh, my dear lovely star ...
please fulfill my wish at sooner!

စာကြွင်း။ ။ မွေးနေ့မရောက်ခင်တစ်ည အမှတ်တယပါလေ...
(နောက်နှစ်မွေးနေ့မှာ အနားကနေ တကယ် wish လုပ်ပေးမယ်ဆိုရင်တော့ ဒီဆုတောင်းလေးပြည့်လို့ပေါ့)

No comments: