Thursday, February 26, 2009

ကြယ်တွေစုံတဲ့ည နှင့် ဘလော့ဂ်ထဲမှာ musicbox ထည့်ခြင်း


ဘလော့ဂ်ထဲမှာ musicbox ထည့်ချင်လို့ဆိုပြီး မေးမေးနေကြသူတွေရှိသေးတယ်။ ဘလော့စပေါ့က ပုံထည့်ဖို့ video ထည့်ဖို့ built in ပါပေသိ music ထည့်ဖို့ကျ မပါဘူးလေ။ တချို့ကတော့ image နဲ့ mp3 ရောပြီး video file ကို static image video သဘောမျိုးလေးလုပ်ပြီး ဘလော့မှာ တင်ဖို့ကြိုးစားတာလဲတွေ့မိပါတယ်။ အဲဒါကတော့ ကျမတို့ သာမန်သူ ၊ သို့မဟုတ် အချိန်သိပ်မပေးချင်တဲ့သူတွေအတွက် သိပ်အဆင်မပြေသလိုပါပဲ။
ကျမကတော့ ချစ်စရာ emotion အိုက်ကွန်းလေးနဲ့ mp3 widgets လေးကို ကိုယ့်ရဲ့ ဘလော့မှာ website မှာ ကိုယ်ကြိုက်လွန်းတဲ့သီချင်းတွေ ရှဲကြဖို့သုံးသလို အဲဒီအတွက် ပို့စ်လဲ တင်ဖူးပါတယ်။ ဒီမှာ လင့်ခ်
ရွှေမန်းသားcms ကတော့  ဒီ player လေးသုံးသတဲ့ http://cmsmdy.blogspot.com/2008/07/how-to-put-webminster-player-in-your.html
တချို့သူတွေကတော့ တခြားသုံးတာတွေ အမျိုးမျိုးရှိသေးတယ်ပေါ့နော်။
လောလောဆယ် muzicon နဲ့တင်တာလဲသိပ်အဆင်မပြေတာနဲ့ပဲ imeem မှာတင်ပြီး embed code တွေယူလာပြီး ဘလော့မှာ တင်ဖြစ်နေတယ်။(သူများတင်ထားတာတွေပါ ဆွဲချလာတာ အဟီး)

အခုသုံးမျိုးထဲက အဆင်ပြေတာလေးအရင် သုံးကြည့်ပြီးမှ နောက်ကျ ကြိုက်တာပြောင်းသုံးပေါ့နော်

အားလုံး သီချင်းများနှင့် ပျော်ရွှင်ချမ်းမြေ့ပါစေ...

3 comments:

MrDBA said...

ဂျယ်တွေစုံပြီလား ဂျယ်တွေစုံရင် ကားထွက်မယ်...

ksanchaung said...

ဘယ်လိုတာတုန်း ကိုကိုဒီဘီ။ သားတို့ မလိုက်ပါရစေနဲ့။

MELODYMAUNG said...

အင်းလေ ဟုတ်ပ ကိုကြီးဒီဘီက ဘိုကြီးမှန်းလဲတိဘူး ဘယ်ဂျယ်တွေကိုကြောတာတုန်း ကော်ဖီနဲ့ရောသောက်ရင် သေတတ်တဲ့ ဂျယ်လီကိုကြောတာရား အဟိ :P