Thursday, February 26, 2009

ဆရာတော် အရှင်ဇဝန (မေတ္တာရှင်) တရားပွဲ

ဆရာတော် အရှင်ဇဝန (မေတ္တာရှင်) တရားပွဲ


အားလုံးသော ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ ခင်မျာ။ လာမည့် ဖေဖော်ဝါရီလ ၂၈ရက်နေ့၊ တပေါင်းလဆန်း ၆ ရက်၊ စင်ကာပူစံတော်ချိန် ညနေ ၇နာရီ ၃၀ မိနစ်အချိန်တွင် မဟာမုနိ ကလက်မန်းတီး ဘုန်းတော်ကြီးကျောင်း (Mahamuni Biddhist Society - Clementi Temple)တွင် လည်းကောင်း၊
မတ်လ ၁ ရက်နေ့၊ တနင်္ဂနွေနေ့၊ တပေါင်းလဆန်း ၇ ရက်၊ စင်ကာပူစံတော်ချိန် ညနေ ၄နာရီမှ ၆နာရီ အချိန်တွင် ကျနော်များ စင်ကာပူနိုင်ငံ၊ ယူးနို့ (Eunos) မြို့နယ်၊ အစိမ်းလမ်း ယူးနို့ဘူတာရုံ Eunos MRT(EW7) အနီးရှိ ဂျလန်ယူနို့လမ်းမကြီး(Jln Eunos) နှင့် ဆင်းမ်အဗဲတ်နယူး လမ်းမကြီး(Sims Avenue) လမ်းဆုံတွင် တည်ရှိသော မင်္ဂလဝိဟာရ ဘုန်းတော်ကြီးကျောင်း (Mangala Vihara Buddhist Temple) တွင် လည်းကောင်း၊ ဆရာတော် အရှင်ဇဝန (မေတ္တာရှင်) မှ တရားရေ အမြိုက်ဆေး တိုက်ကျွေးမည် ဖြစ်ပါသဖြင့် ဓမ္မသဘင် တက်ရောက်၍ ဓမ္မကုသိုလ် ယူနိုင်ကြစေရန် အသိပေးနှိုးဆော် လိုက်ပါသည် ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့။

1 comment:

မောင်လူအေး said...

သာဓု... သာဓု... သာဓု...

သူများ ပြုတဲ့ နိဗ္ဗာန်ဆော် ကုသိုလ်ကို သာဓု ၀င်ခေါ်သွားတယ်ဗျာ... သာဓုခေါ်ရင် ကုသိုလ် တစ်ဝက်ရတယ်လို့ ဆိုကြပေသကိုးဗျ... နော...

:)