Saturday, February 21, 2009

မြန်မာပြည်ကိုကွယ်..လွမ်းတယ်..ပြန်တော့မယ်

မြန်မာပြည်ကိုကွယ်..လွမ်းတယ်..ပြန်တော့မယ်

Track 4 - Unknown

နေရောင်ခြည်တန်းဟာ နွေးနွေးလေးပဲနေလဲ လွမ်းစေတယ်
မြန်မာပြည်နဲ့တော့ ခြားနားမှုရှိတယ်
အာရုံနေ့ဦးမယ် ကြည့်လိုက်တို့ရဲ့ပြည်ရနံ့တွေရယ်
တပြည်ငါရောက်တာ သတိရ ရလို့နေ

မြန်မာပြည် အဝေးကြီးပေါ့
နေနိုင်အောင် ကြိုးစားတယ်
မလွယ်ဘူးသိ တို့သိလာတယ် သိလာတယ်
အိုသိပါပြီ
ပြန်တော့မယ် အမိမြေကို
မြန်မာပြည်ကိုကွယ်..လွမ်းတယ်..သွားမယ်..
မြန်မာပြည်ကိုကွယ်..လွမ်းတယ်..သွားမယ်..
မြန်မာပြည်ကိုကွယ်..သွားမယ်..ပြန်တော့မယ်

ခြေတံရှည်လေးနဲ့ ကြမ်းခင်းထားတဲ့ မြန်မာ့အိမ်မယ်
ဘော်ငွေလရဲ့ ဆောင်းညနွေးလွန်းတယ်
ဒါတွေကို ငါမမေ့
ပြန်တွေးမိတော့ အို..ဆွေးစေတယ်
ဧရာဝတီမြစ်ကြီးနဲ့ မန်းလေးနန်းတော် မဟာမြတ်မုနိ
ကမ္ဘာ့အံ့ဘွယ်ဘုရားများကို ရှိခိုးဖူးမျှော်ချင်တယ် အဝေးရောက်ကျွန်တော်
မြန်မာ့စိတ် မြန်မာ့ရေမြေ
အဝေးမှ ချစ်..ချစ်လာတယ်
တို့မြေကို ပြန်တော့မယ်

မြန်မာပြည်ကိုကွယ်..လွမ်းတယ်..သွားမယ်..
မြန်မာပြည်ကိုကွယ်..လွမ်းတယ်..သွားမယ်..
မြန်မာပြည်ကိုကွယ်..လွမ်းတယ်..ပြန်တော့မယ်

...........................
ပြည်တော်ပြန်ခရီးဟာ တွေးတိုင်း သိပ်လှ
...........................

5 comments:

မိုးမောင်(happycloud) said...

အမလေး... မာမီရယ်.. ပိုစ့်ခေါင်းစဉ်ဖတ်မိပြီး တကယ်များ ပြန်တာလားလို့ သိချင်လို့ အမောတကော ပြေးလာလိုက်ရတာ...း)။

Anonymous said...

မြန်မာပြည် အဝေးကြီးပေါ့?
from chin gar pu? wooooooooooot!!!

MrDBA said...

တောင့်ထား တောင့်ထား။ မကြာခင်မှာ လေပြေလေးတွေတိုက်နေတဲ့ နေ့ရောက်တော့မှာ။

CMS said...

အတောင်စုံရင်တော့ ပြန်ကြတာပေါ့ :)

MELODYMAUNG said...

>>မိုးမောင် အမယ်မယ် အပိုတွေ ဟွန်း တကယ်မပြန်မှန်းသိမှ အလုံးကြီးဆို့သွားတာဟုတ် :P
>>anonymous စင်ကာပူအနေနဲ့ရော လုံဒုံရောက်ချစ်သော တစ်ယောက်အတွက်ပါ ခံစားတာမို့ အဝေးကြီးပဲပေါ့ဆို
>>MrDBA ဟုတ်ကဲ့ အမြဲအားပေးတဲ့ ချစ်ကိုကြီးရေ တောင့်ထားသဗျ သိုင်းခရု
>>CMS အတောင်မြန်မြန်စုံချင်ပ၊ ဒါမှ မြန်မြန်ပြန်ကြရမယ်ကွာ :-(