Friday, February 20, 2009

ခုနှစ်ရောင်ခြယ်နေ့စွဲများ

တစ်ပတ်မှာခုနှစ်ရက်
မင်းနဲ့ပတ်သက်တဲ့ အရောင်တွေခြယ်လျက်
အထီးကျန်ဒီဘ၀ကို ရှေ့ဆက်
မျှော်လင့်ချက်တို့နဲ့ လင်းလက်....

တနင်္လာက အပြာရောင်ပါ
ငြိမ်းချမ်းခြင်းကိုဆောင်တာ
မင်း sms နဲ့ alarm နှိုးစက်လေးနဲ့
အချိန်မှန်မှန် ကိုယ်ရုံးတက်မြဲပါ...

အဂါင်္နေ့ကို ခရမ်းရောင်ခြယ်
တမ်းတမိပါတယ်
ဖလှယ်ဖြစ်ခဲ့တဲ့ ချစ်စကားများ
ပြန်လည်ကြားယောင်သား...

ဗုဒ္ဓဟူးက အဖြူရောင်
neutral သဘောကိုဆောင်တယ်
ထူးထူးခြားခြားမခံစား
နောက်တစ်နေ့ကို ကူးသွား...

ကြာသပတေးမှာ အစိမ်းရောင်
လန်းဆန်းခြင်းကိုဆောင်
မနက်ဖန်ဆို တစ်ရက်ကျန်သကို
နားရတော့မယ်ဗျို...

သောကြာနေ့များ ရွှေရောင်နေ့အလား
လင်းလက်တောက်ပသွား
ပင်ပန်းသမျှ ဖြေလျှော့ချ
ချစ်သူနဲ့ ပြောမ၀....

စနေမှာတော့ အနီရောင်ဆောင်
ကြိုးစားတဲ့ အရောင်
တစ်နေကုန်မနား အလုပ်များ
တစ်နေ့တော့ နီးမယ်ဗျား....

တနင်္ဂနွေဆို အနက်ရောင်လို
ဘယ်ဆီမှန်းမသိသကို
အတွေးမမှား ၀န်ခံစေသား
လျှောက်လို့လည်နေလား....

စာကြွင်း။။ အဟဲ..ကဗျာသက်သက်လဲဟုတ်ဘူး စိတ်ကူးပေါက်ရာနဲ့ ရင်ထဲရှိတာပေါင်းပြီး ရွတ်မိတာကို လက်ကညော့ပြီး ချရေးလိုက်တယ်။ ခံစားလို့ရရင်တော့ ရင်ထဲမှာ ဘာရှိတာတောင် မြင်သွားမယ်နော်..

No comments: