Wednesday, February 4, 2009

ASP.NET - Server Controls(1)

ရေးလက်စက ဘယ်ရောက်နေလဲပြန်ဖတ်ကြည့်ရင်း ဆက်စပ်လို့ရမယ်ထင်တဲ့ ASP.NET - Server Controls တွေအကြောင်းဆက်ရေးပါရစေနော်။

PHP, Ruby On Rails, classic ASP, Cold Fusion, JSP စတဲ့ web technologies တွေက UI(user interface) နဲ့ပါတ်သက်တဲ့ button လိုမျိုးတွေရေးရင်တောင် standard HTML ပဲသုံးရတယ်။ ဥပမာ-
<input value="ok" type="button">

ASP.Net ကတော့ အဲဒီ standard HTML ကိုလဲသုံးလို့ရတယ်။
<input value="ok" name="btn1" type="button">
ပြောမယ်ဆိုရင် standard HTML က client side control ကို progammatically manipulate လုပ်စရာမလိုတဲ့အခါမှာ သုံးတာပါ။
classic ASP တုန်းကတော့ HTML standard control အနေနဲ့ ကုဒ်တွေရောပြီး executable code တွေကို ထည့်ရေးရတယ် ရောပြွတ်ပြီးတော့ပေါ့။ spaghatti-code model လို့ခေါ်ခဲ့တယ်။
ASP.Net ရဲ့ server controls တွေကတော့ ဒီပြဿနာကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ တကယ်တော့ server controls ဆိုတာ server ကနားလည်တဲ့ tags တွေပဲဖြစ်ပါတယ်။

Server Controls သုံးမျိုးရှိပါတယ်။
(၁)HTML Server Controls - Traditional HTML tags
(၂)Web Server Controls - New ASP.NET tags
(၃)Validation Server Controls - For input validation


နဲနဲအကျယ်ပြန်ပြောရမယ်ဆိုရင်-
(၁)HTML Server Controls - Traditional HTML tags
ရှိပြီးသား ASP pages တွေကို ASP.Net ဆီ migration လုပ်တဲ့အခါမှာ အသုံးဝင်ပါတယ်။ runat="server" ဆိုတာလေး ထည့်ပေးရုံပါပဲ
ဥပမာ-
<input value="ok" name="btn1" runat="server" type="button">
ဒီမှာ name ဆိုတာက id သဘောမျိုးပါပဲ

(၂)Web Server Controls - New ASP.NET tags
ASP.Net နဲ့ စရေးတယ်ဆိုရင်တော့ ဒီ controls ကိုပဲသုံးတာက ပိုကောင်းပါတယ်။
ဥပမာ- <asp:button id="btn1" text="Submit" runat="server" onclick="submit" />
ဒီမှာ button server control လေးကို ဖန်တီးပီးတော့ OnClick ဆိုတဲ့ event လေးထည့်ထားပါတယ်။ server controls က ၂၀၀ကျော်ရှိပြီးတော့ သူတို့ရဲ့ events ကတော့ အသုံးအများဆုံးအနေနဲ့ ၄ခုပဲရှိတာပါ။ ပြီးတော့ controls တွေမှာလဲ additional properties တွေနဲ့ define လုပ်နိုင်ပါသေးတယ်။ event နဲ့ event handler အကြောင်းကိုတော့ နောက်ပို့စ်မှာမှ ဆက်ပြောပါမယ်။

(၃)Validation Server Controls - For input validation
user က input data လုပ်တဲ့အခါလိုမျိုးမှာ (ဥပမာ - member registration form) သူဖြည့်ရမဲ့ နာမည်တို့ မွေးသက္ကရာဇ်တို့မှာ ကျန်မနေစေတာ၊ အသက်မှာ ၁၈နှစ်ပြည့်ပြီးသားဖြစ်ရမှာတို့၊ မေးလ်လိပ်စာမှာ @ လိုမျိုး symbol လေးပါမပါ စသဖြင့် စစ်ဖို့လိုတဲ့အခါမှာ ဒီလို validation and rich controls တွေကို သုံးတာပါ။ အဲလို စစ်ထားတဲ့ အခါ user ဖြည့်တဲ့ data က မကိုက်ညီဘူးဆိုရင် error message ပြန်ပေးပြီး ပြန်ဖြည့်စေတာမျိုးပါ။ ပြောမယ်ဆိုရင် သူဖြည့်တဲ့ data တွေကို server side ဆီမပို့ခင်မှာ အရင်စစ်ပြီး pass ဖြစ်မှ server side မှာ execute လုပ်မဲ့သဘောပါ။ ဥပမာ-

<asp:label id="Label1" runat="server" text="User Name:" />

<asp:textbox id="txtUserName" runat="server" />

<asp:requiredfieldvalidator id="vldUserName" runat="server" errormessage="You must enter a user name:" controltovalidate="txtUserName" />

ဥပမာရှင်းလင်းချက်။ ။User Name: ဆိုတဲ့ label လေးတစ်ခုနဲ့အတူ user က data ကို input ထည့်ဖို့ text box တစ်ခု အရင် create လုပ်ပြီးမှ RequiredFieldValidator ဆိုတဲ့ validation control လေးက txtUserName ဆိုတဲ့ text box လေးကို သွားစစ်ကြည့်တဲ့အခါ တကယ်လို့ နာမည်ကို မဖြည့်ဖူးဆိုရင် You must enter a user name: ဆိုတဲ့ errormessage လေးကို ရိုက်ထုတ်ခိုင်းထားတာလေးပါ။ ကိုယ်ဘာသာစမ်းကြည့်လိုက်နော်။

တကယ်လို့ အလွယ်တကူစမ်းကြည့်ချင်တယ်ဆိုရင်တော့ ဒီမှာ နှိပ်ပြီးလဲ စမ်းနိုင်ပါတယ်(w3schools ရဲ့ demo လေးပါနော်)

ဒီပို့စ်တော့ ဒီလောက်ပဲ ဝေမျှပါရစေ။ နောက်ထပ်ပို့စ်တွေမှာမှ အခုအထက်မှာဖေါ်ပြသွားတဲ့ server controls သုံးခုလုံးကို ပြန်ပြီး အကျယ်ရှင်းပြမယ်နော်။

အားလုံးလေ့လာပျော်ရွှင်စွာ ပညာတွေ ဆက်လက်ဖလှယ်ကြပါဦးစို့

4 comments:

Mee said...

Mee,

Ma,I need ur help vor asp.net school assignment.I'm very poor at it.May I know ur email address?

MELODYMAUNG said...

hi sis, can you give me yours first? I can add it. welcome to help you as much as i can. :)

Mee said...

Yes,sweet.momo.hlamyat@gmail.com

နောင်တော် ၊ ကိုမင်းဆွေ said...

HI sister Me,
Cheer! Good post.
Hoping sample project including User Registration page with some validation and Log In page with authentication to database.

Your ASP.net posts are clear to understand.
:)