Friday, January 23, 2009

မွေးနေ့ရှင်များအတွက် လှိုက်လှဲသောဆုတောင်း

ဒီလ ၁၆ရက်နေ့က ညီမငယ် စကားပန်းရဲ့မွေးနေ့
မွေးနေ့မရောက်ခင်ကတည်းက မွေးနေ့ပို့စ်လေးလဲတင်မယ် ဖုန်းလဲဆက်ပြီး wish လုပ်ဖို့ ကြိုတင်စိတ်ကူးထားခဲ့ပေမဲ့လဲ တကယ့်တကယ်ကျ စိတ်ကူးနဲ့လက်တွေ့က တခြားစီဖြစ်ခဲ့ရလို့ စိတ်ထဲမှာတောင် မကောင်းဘူး
စိတ်ကူးထဲက ဆုတောင်းလေး
"ချစ်ညီမ စကားပန်း သူမချစ်သောကဗျာဆရာနဲ့အတူ ချစ်ခြင်းနဲ့အနုပညာတွေ ရာသက်ပန်ရိုးမြေကျ ပျော်ရွှင်စွာ ဝေမျှခံစားလို့ ကဗျာဆရာရဲ့ထာဝရချစ်ခင်မြတ်နိုးမှုခံရသော သူမလဲဖြစ်ပါစေ။ ချစ်ညီမ အတွေ့ချင်ဆုံးသော မေမေနဲ့လဲ အမြန်အလည်ပြန်လို့ တွေ့ဆုံပျော်ရွှင်စေကြောင်း ဆုမွန်ကောင်းလဲ တောင်း၏"

ဒီနေ့ကတော့ မောင်ငယ်လေး အိုအေခြောက် မောင်ပွတ်ရဲ့မွေးနေ့
ဖုန်းနဲ့ ပျော်ရွှင်သောမွေးနေ့ဖြစ်စေကြောင်းဆုတောင်းပေးလိုက်ပေမဲ့ နောက်ထပ် တောင်းပေးချင်သေးတဲ့ ဆုတောင်းတွေကျန်သေးလို့ ဒီပို့စ်မှာ ထပ်ရေးပြီး ဆုတောင်းလိုက်တယ်နော်
"စင်ကာပူတစ်မြို့လုံး ပန်းတွေဖုံးတယ်ထင်လောက်အောင် ပျော်ရွှင်ခဲ့တဲ့ နေ့ရက်မျိုးတွေ များစွာဆက်ရာကနေ ချစ်ရတဲ့ ခြူသစ်နဲ့ ထာဝရလက်တွဲပျော်ရွှင်နိုင်ပါစေ။ အလုပ်နဲ့ဘ၀ရဲ့ အမောတွေ ပြေပျောက်တဲ့နေ့တွေကနေ ဖြစ်ချင်တဲ့ဆန္ဒတွေ ဘ၀နဲ့တထပ်တည်းကျတဲ့ ရွှေရောင်နေ့ရက်တွေ အမြန်ဆုံးရောက်စေဖို့ ဆုမွန်ကောင်းလဲတောင်း၏"

ကဲ...ဆုတောင်းပြီးပီ နှစ်ယောက်လုံး ဘာကျွေးမလဲနော်...
ဒီနေ့ညတော့ ၀မ်းနှုတ်ထားလိုက်တော့မယ် သိလား..

1 comment:

Mr.Pooh @ မောင်ပွတ် said...

မမီရေ -
အရှုပ်တွေလုပ်.. အဲ .. အလုပ်တွေရှုပ်နေတာနဲ့ ခုမှပဲ ရောက်ဖြစ်တယ်။ အဲဒီနေ့က ဆုတောင်းသံလိုလို၊ အမျှဝေသံလိုလိုတော့ ကြားမိသား။ မမီဆီက မဟုတ်ဘူးထင်လို့။ သာဓု.. အဲ.. ကျေးဇူးတင်ပါတယ်။