Saturday, January 17, 2009

လတ်တလောအခြေအနေ

စကားများများ မပြောချင်ဘူး ...အမှားတွေပါနေလွန်းလို့
အွန်လိုင်းမတက်ဖြစ်ဘူး... အချိန်အားတွေပါးရှားလွန်းလို့
ဖုန်းမပြောဖြစ်ဘူး... အရင်ဖုန်းကို မကိုင်ဖြစ်တဲ့အခြေအနေတစ်ရပ်မို့
ဘလော့ပို့စ်လဲမရေးဖြစ်ဘူး... ခေါင်းထဲမှာတင် တွေးရင်းရေးရင်း မေ့ကုန်လို့
ဖိုရမ်တွေလဲမ၀င်ဖြစ်ဘူး... ပါလေရာငပွကြီး ဖြစ်မစိုးလို့
သိပ်နေမကောင်းဘူး... ချမ်းချမ်းနေလို့
အပြင်ထွက်လည်ဖို့လဲ သိပ်မသွားဘူး... စိတ်မပျော်လို့
အစားကောင်းကောင်းမစားဖြစ်ဘူး...အရသာမတွေ့လို့
ရှော့ပင်းလဲမထွက်ဘူး... ပိုက်ဆံပြတ်သွားလို့
ရည်းစားလဲမထားဘူး...စိတ်ရှုပ်ရလွန်းလို့
နေရတာမပျော်ဘူး...စင်ကာပူနဲ့မတည့်လို့ဖြစ်မယ် ထင်ပါရဲ့

အဲဒါ လတ်တလောအခြေအနေတွေပါ
စိတ်တွေကြည်အောင် ပြန်ပြီး concentrate လုပ်လိုက်ဦးမယ်
တရုတ်နှစ်ကူး ရက်ရှည်ရုံးပိတ်မှ ပို့စ်တွေတင်ဖို့ ကြိုးစားမယ်လေ
ဘလော့လာဖတ်သူ သူငယ်ချင်းမောင်နှမအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေ...

6 comments:

ZT said...

အစ်မကြီးရေ။ တစ်ခုခုတော့ လိုအပ်နေပြီထင်တယ်နော်။ ဟီးဟီး။ :D

MrDBA said...

စိတ်ထဲသိပ်မထားပါနဲ့ဗျာ အားလုံးကောင်းသွားမှာပါ။

Anonymous said...

Stress...Stress....Stress...။အစားများများစား...အအိပ်မှန်အောင်အိပ်....အပြင်လေးဘာလေးသွား...တစ်ယောက်တည်း အဲဒီလိုမထိန်းချုပ်ဘူးဘဲ အတင်းထိန်းချုပ်နေရင် ပိုဆိုးလိမ့်မယ်။ မပျော်ရင် မနက်ဖြန် အိမ်လာလည်...:)

ပိုး

TZA said...

မမီ အဲလိုမနေပါနဲ့ဗျာ၊ ပျော်ပျော်နေစမ်းဘာ။

Hnin Sat Thway(N.T.Y) said...

အားလုံးမင်္ဂလာပါ

Hnin Sat Thway(N.T.Y) said...

အစ်မကြီးလို့ခေါ်ကြတဲ မယ်လိုဒီမောင်ရေ။ ထာဝရ၀င့်ကြွားနေနိုင်ပါစေနော်။