Wednesday, December 31, 2008

၂၀၀၈ အားပြန်လည်သုံးသပ်ခြင်း

၂၀၀၈ အားပြန်လည်သုံးသပ်ခြင်း ဆိုတဲ့ပို့စ်လေး တင်ဖို့ကြိုးစားရင်း လူရင်းကြီးတွေရဲ့ အပြောင်းအလဲများနှင့် ၂၀၀၈ ကို သုံးသပ်ချက်အား စိတ်ဝင်စားမိခဲ့တယ်။ ကိုယ့်အကြောင်းကိုတော့ မညှာမတာပြန်သုံးသပ်ရင်း ဒီပို့စ်လေးတင်လိုက်ပါတယ်။

Jan မှာ မှတ်မှတ်ယယ ကျိုက်ထီးရိုး၊မော်လမြိုင်၊ဘားအံဖက်ကို staff vacation ထွက်ခဲ့တယ် ပျော်ပျော်ပါးပါး မော်တော်ကားနဲ့ကွယ်
အင်္ဂလန်က ရွှေမန်းမင်းသား ရန်ကုန်ရောက်တုန်းရောက်ခိုက် လျှောက်သွားဖြစ်ကြတယ်။ အနီးဆုံးက သူငယ်ချင်းတစ်ယောက် မထင်မှတ်ပဲ အမှောင်ကမ္ဘာထဲ ရောက်ခဲ့တယ်။

Feb မှာ ကျမရဲ့ မွေးနေ့ကို offline friends တွေနဲ့ပဲ တိတ်တိတ်လေး ကျင်းပဖြစ်ခဲ့တယ်။

March မှာတော့ ကိုကြီးစေးထူးရဲ့ ကော့မှူးဆေးခန်းအတွက် အလှူ နဲ့ပတ်သက်ပြီး စိတ်ဖုစရာလေးတွေကြုံခဲ့တယ်။ ခုတော့ အားလုံးမေ့ထားလိုက်ပီးပီ။ ပြီးတော့ လှိုင်သာယာ (ရေဥက္ကံ) သို့ မီးဘေးအလှူအတွက် ကိုယ်တိုင်ကိုယ်ကျ လုပ်အားပေးခွင့်ရခဲ့တယ်။

April သင်္ကြန် မကဲအားခဲ့ဘူး (ASP .Net)ခွေးနက်ကြီးနဲ့ပါတ်သက်ပြီး MCTS certified ဖြစ်ဖို့ စာမေးပွဲအတွက်ပဲ လုံးပမ်းနေဖြစ်ခဲ့တယ်လေ။ လကုန်မှာတော့ Tourism အလုပ်ကနေလဲ တရားဝင်နှုတ်ထွက်ပြီး ပတ်စာခွာဖျာလိပ်ပေါ့။

May မှာတော့ ရက်စက်ပါ့ နာဂစ်ရေ လို့အော်ဟစ်ညီးတွားရင်း စာမေးပွဲရက်နောက်ရွေ့တာက တချက်၊ တတ်နိုင်သမျှ အပေါင်းအသင်းတွေဦးစီးလုပ်ဖြစ်တဲ့အလှူလေးတွေအတွက် ကိုယ်တိုင်ကိုယ်ကျမလိုက်နိုင်ခဲ့ပေမဲ့ ဆော်သြရေး၊ စုဆောင်းရေးလုပ်ပေးနိုင်ခဲ့တယ်။ ဒီလထဲမှာ ရက်ပေါင်းတစ်ရာ တိုက်ပွဲတစ်ခု အောင်ခဲ့တယ်။

June မှာတော့ ကိုင်းကွာ..မှတ်ကရော ဆိုပြီး သွားနှုတ်ပစ်လိုက်တယ် အဟိဟိ (မထူးဆန်းပေသိ မနှုတ်ကတာ နှစ်၂၀လောက်ရှိပီလေနော်)

July က ခရီးသွားလလို့ ခေါ်ရမယ်ထင်ပ။ နေပူတော်သွားတောလားးးးးးး ရတနာပုံ ရွှေမန္တလေးသို့ အလည်တစ်ခေါက်... ခြင်္သေ့ကျွန်းမှာ..ရောက်နေသဗျို
အဲဒီပို့စ်တွေတောင် တင်ဖြစ်ခဲ့တယ်။ ချစ်သူခင်သူတွေနဲ့လဲ ခွဲခွာလာရတယ်လေ။ တစ်ရွာမပြောင်း သူကောင်းမဖြစ်ပေါ့(သေချင်တဲ့ကျားလို့တော့ ပြောနဲ့ ငရဲကလူ ပြာပူကြောက်ဘူးကွ)

August မှာ လွမ်းလိုက်လွဲလိုက် အဲလေ..အလုပ်တွေရှာလိုက်နဲ့ ပဲသီးဘူးသီးနဲ့ နပမ်းလုံးနေရင်း စင်ကာပူတခွင်ပြဲပြဲစင်အောင် လျှောက်လည်တယ်။ ရန်ကုန်မှာ ဘလော့ဒေးအထိမ်းအမှတ်ဆီမီနာလေး ကျင်းပနိုင်ဖို့ အင်တိုက်အားတိုက် အဝေးရောက်ကြိုးပမ်းနေခဲ့တယ်။

September မှာတော့ ရန်ကုန်မှာ မလုပ်ဖြစ်တဲ့ ဆီမီနာအစား စင်ကာပူဘလော့ဂါတွေစုဆုံတဲ့ gathering party တစ်ခုကို အလျှင်အမြန်အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်။ ဒါပေသိ အလုပ်မရသေးလို့ ဘန်ကောက်ကိုအလည်သွားရင်း စတောင်ရှေး stay ရှောင်။

October က MMITPROS SG Oct Meet-upကို သွားဖြစ်တယ်။ ကမ္ဘာပတ်နေတဲ့ ဂူဂူးနဲ့ တွေ့ဖြစ်တယ်။

November မှာ အလုပ်စဆင်းပြီ။ ထာဝရ သူငယ်ချင်း နေဘုန်းလတ် အတွက် စိတ်သောကဝေခဲ့မိတယ်။ ဒါပေသိ တတ်နိုင်ဘူးလေ။

December က မင်္ဂလာဆောင်တွေသွားပီး ၀ါးတီး ကိုဖြိုးတို့မင်္ဂလာပွဲ နဲ့ လင်းလက်တို့မင်္ဂလာပွဲ။ ပြီးတော့ melacca ကိုခရီးသွားဖြစ်ခဲ့တယ် ပျော်ပျော်ပါးပါး.. ဟိုနားဒီနား..

ပြောရမယ်ဆိုရင် ဒီ၂၀၀၈ကတော့ meetup တွေ gathering တွေအလုပ်များရင်း ခရီးတွေသွားရင်း အပြောင်းအလဲများစွာနဲ့ ပျော်ပါး မော်ကြွားခဲ့ရတဲ့ နှစ်တစ်နှစ်ပဲလို့ ဆိုနိုင်ပါတယ်။ 2009 မှာတော့ အောင်မြင်ပျော်ရွှင်ကြည်နူးမှုတွေပဲ ကြုံမလား။ ဘယ်လိုအပြောင်းအလဲတွေများကြုံမလဲ။ challenging တွေဘယ်လောက် ရင်ဆိုင်ရမလဲဆိုတာတွေကို ရင်ခုန်မိရင်း ရင်ခုန်နှစ်သစ်ကို ပျော်ရွှင်စွာ ကြိုဆိုလိုက်ပါတယ်။

Monday, December 29, 2008

MMITPROS SG Dec Meet-up

MMITPROS SG Dec Meet-up ကို ဆန်တိုဇာမှာ sunday နေ့လည် ၃နာရီတဲ့။ ဒီတစ်ခါ ဒီevents လေးကို သတိမထားမိခဲ့ဘူး။ ကိုဂျွန်မိုး မတ်ဆေ့ခ်ျပို့မှ RSVP မှာ confirm လုပ်ရင်း ကွန့်မန့်ရေးခဲ့တာ။ နေ့လည်ထမင်းစားပီးချိန်မှာတော့ ဖုန်းဆက်စရာရှိတဲ့သူတွေဆီဖုန်းဆက်ပြီး vivo city မှာစောင့်မဲ့အကြောင်းချိန်းချက်ပြီး ပြင်ဆင်။ တကယ်တမ်းအဲဒီကိုတော့ ကိုယ်က နောက်ကျမှ ရောက်သွားတယ် (နဲနဲနောနော ၄၅မိနစ်တောင်မှ) monorail လက်မှတ်အဆင်သင့်ဝယ်ပြီး စောင့်နေပေးတဲ့ အာကာမျိုးနဲ့ အိဝေဖြိုးတို့ ကိုကျေးဇူးလဲတင် အားလဲနာပ။ beach station မှာ ရောက်နှင့်နေတဲ့ သူတွေနဲ့တွေ့တော့ လေးနာရီတောင်ထိုးလုပေါ့။ ထုံးစံအတိုင်းမြန်မာစံတော်ချိန်ပြောလဲ ခံပမယ်။(haborfront MRT ထဲမှာ ရွာလည်သွားလို့ဗျို) palawan beach မှာ koufu ဆိုင်လေးမှာ အရင်ထိုင်တယ် ဒါပေသိ အအေးပဲမှာသောက်ရတယ်။ outside foods not allowed ဆိုတော့ pork sticks တွေ အလဟဿဖြစ်သွားမစိုးလို့ နောက်ထပ်နေရာကို သွားရှာတယ်။ တွေ့တဲ့နေရာသစ် မြက်ခင်းစိမ်းဘက်ကို ဆက်သွားပြီး အဲဒီမှာတော့ တုတ်ထိုးတွေ ပြိုက်ကနဲကုန်အောင် အားပေးလိုက်ပါတယ်။ လက်စသတ်ကိုလဲ အိဝေဖြိုးနဲ့ မယ်လိုဒီမောင် (အပျိုကြီးဖြစ်လဲဖြစ်ပစေ ဆိုပြီး အနစ်နာခံလို့) အောင်စည်သိမ်း ညိမ်းပေးလိုက်တယ်။ အဲဒီမြက်ခင်းက ခြင်လဲကိုက်တယ်၊ စကတ်အတိုဝတ်ထားမိလို့ အင်း...(ကိုက်တယ်..ပဲဆိုကြပါစို့) အဲဒါနဲ့ အေးအေးဆေးဆေး စကားပြောကြဖို့ ကြိုးတံတားကိုဖြတ်ပြီး မျှော်စင်ပေါ်တက်ခဲ့ကြတယ်။

အဲဒီမှာ ဓာတ်ပုံတွေရိုက်ဖြစ်တယ်၊ စကားတွေလဲ ပြောဖြစ်ပါတယ်။ အဲဒီရောက်တော့ meet up မှာ လာတဲ့သူနည်းတဲ့အကြောင်းနဲ့ပတ်သက်ပြီးပဲ စပြောဖြစ်တယ်။ ပြီးတော့
တခြားပြောဖြစ်တဲ့ ရောက်တတ်ရာရာတွေကတော့ လတ်တလော ကျမသိချင်တဲ့ CIW certificate အကြောင်း၊ ဟော့နေတဲ့ topics ဖြစ်တဲ့ နိုင်ငံခြားမှာအလုပ်လာလုပ်ြဖစ်သူတွေအကြောင်း(အဲဒါ..အနည်းအကျဉ်းနော်)၊ ပြီးတော့ မြန်မာဖွန့်နဲ့ပါတ်သက်ပြီး mymyanmar unicode 3က windows မှာရပြီလားဆိုတဲ့အကြောင်း၊ နောက်ပြီး ဖိုရမ်ထဲက moderate လုပ်သင့်တဲ့ topics တို့ event တို့အကြောင်း စသဖြင့်ပြောဖြစ်ရင်း ညနေပြန်ချိန်ရောက်တယ်။ ၇နာရီလောက်မှာ ပြန်လာဖြစ်တယ်ထင်ပါတယ်။ အပြန်မှာ သစ်ပင်တွေမီးထွန်းထားတာကို တောသူမြို့ရောက် ငေးမောရင်း မလှမပ ဓာတ်ပုံအရိုက်ခံရင်း နာရီကြည့်ဖို့တောင် မေ့သွားလို့ဗျို။
(palawan beach ကကြိုးတံတားပေါ်မှာ)

Credit: snap shot လေး တကူးတက ရိုက်ပေးတဲ့ ချစ်ကိုကြီး MrDBA ကို သိုင်းခရုမီလီယံဗျို

Friday, December 26, 2008

နှစ်တစ်နှစ်ရဲ့ကုန်ဆုံးချိန်

နှစ်တစ်နှစ်ရဲ့ကုန်ဆုံးချိန်ကိုရောက်လုပြီ
နှစ်ဟောင်းကုန်ရင် နှစ်သစ်ရောက်ပီ
နှစ်သစ်မှာ လူသစ်စိတ်သစ် ပျော်ရွှင်စရာအသစ်တွေကြုံဖို့အမြဲ မျှော်လင့်ချက်နဲ့ ဆုတောင်းတတ်တာ အကျင့်တစ်ခု ဖြစ်လို့နေခဲ့တယ်
မြန်မာနှစ်သစ်မှာ ဆုတောင်းဖြစ်တာထက် calendar year ကုန်တဲ့အချိန်မှာ ဆုတောင်းမိတာပါပဲ။
နှစ်ဟောင်းမှာ ဘာတွေဖြစ်ပျက်ပြောင်းလဲတိုးတက်ခဲ့လဲဆိုတာ သုံးသပ်ရင်းနှစ်သစ်အတွက်လဲ plan တွေ ချရဦးမပေါ့။

၂၀၀၇ အားပြန်လည်သုံးသပ်ခြင်းဆိုပြီး ပို့စ်တစ်ခု မှတ်မှတ်ရရတင်ဖူးသေးတယ်။
ဒီနှစ် ဒီဇင်ဘာ ၃၁မှာလဲ ၂၀၀၈ အားပြန်လည်သုံးသပ်ခြင်းဆိုတဲ့ပို့စ်လေး တင်ဖို့ကြိုးစားနေပါတယ်။
ကျမနဲ့အတူ နှစ်ဟောင်းကိုပြန်လည်သုံးသပ်ပြီး ပို့စ်တင်စေချင်တဲ့သူတွေကတော့ -

ကိုနေဘုန်းလတ်( သူသာ ရေးခွင့်ရမယ်ဆိုရင်လေ)
ကိုရန်အောင်
မပန်ဒိုရာ(Done)
ကိုတက်စလာ
ကိုချမ်းမြစိုး (Done)
မျိုးကျော်ထွန်း
ပီကေ (Done)
မျက်လုံး
မစ်သွန်းသွန်း
မိုးမောင်(happycloud)(Done) နဲ့
ပင့်ဂိုးလ်(Done) တို့ကို ရေးပေးကြပါဦးလို့ တောင်းဆိုပါတယ်။ (၃၁ရက်နေ့အမီတင်ပေးကြနော် နော်)

မှတ်ချက်။ ။ tag လုပ်တယ်ဆိုတာထက် ဒီလူရင်းကြီးတွေရဲ့ အပြောင်းအလဲများနှင့် ၂၀၀၈ ကို သုံးသပ်ချက်အား စိတ်ဝင်စားမိလို့ပါနော်။

Thursday, December 25, 2008

ခရစ်စမတ်နေ့လေးမှာ အားလုံးပျော်ရွှင်ချမ်းမြေပါစေ

Christian မဟုတ်ပေသိ စင်ကာပူမှာရောက်နေခိုက် X'mas ရဲ့ အငွေ့အသက်တွေဖုံးလွှမ်းနေတာ
သူတို့အပျော်တွေပါ ကိုယ့်ဆီကူးတာမို့ပျော်မိပါတယ်
အသားအရောင်မရွေး လူမျိုးမရွေး ဘာသာမရွေး ခွဲခြားချက်မရှိပဲ မီးထွန်းထားတာတွေ လျှောက်ကြည့်၊ တွေ့တဲ့သူအချင်းချင်း Merry X'mas လို့ အပြန်အလှန်နှုတ်ဆက်ကြ လက်ဆောင်တွေပေးကြနဲ့လေ
ဒီနေ့ရုံးမှာ mini lunch နဲ့ lucky draw တပျော်တပါး ဆင်နွှဲကြလို့ နေ့ဝက်နဲ့ ရုံးကပြန်ကြတယ်။(ကိုယ်တွေကတော့ ဒီနေ့စတဲ့ project တစ်ခုအတွက် နဲနဲကလိနေလို့ နေ့လည် ၂နာရီကျော်မှ ပြန်လာဖြစ်တယ်)
မနက်ဖန် ရုံးပိတ်တယ်။ အဲဒါနဲ့ ချက်တင်းပြောလိုက် စာဖတ်လိုက် သီချင်းတွေနားထောင်လိုက် မေးလ်ပို့လိုက် ဒီပို့စ်လေးတင်ဖို့စာရိုက်လိုက်နဲ့ မနက် လေးနာရီခွဲကျော်ပီ။ မျှော်သူလဲပေါ်မလာ (မြန်မာမှာဆို ပဲပြုတ်သည်၊ ခုတော့ ဘယ်သူ့မျှော်သလဲမေးကြည့် ဖြေဘူး အသေသတ်)

နောက် ဒီလိုခရစ်စမတ်နေ့တိုင်းမှာ သတိတရ ကျေးဇူးတင်နေမိတဲ့ ကွယ်လွန်သွားပြီဖြစ်သော မန်းလေး (ရတနာပုံဈေးအနောက်လမ်းကြား)က အင်္ဂလိပ်စာ သင်တန်းဆရာ ဦးအောင်သိန်းနဲ့ဇနီး(မာမီ)ကိုပါ။ ၁၀တန်းအောင်စ အင်္ဂလိပ်စာအခြေခံကနေပြန်စ TOEFL ဖြေဖို့ထိ သုံးနှစ်လောက်ဆက်တိုက် တက်လာဖြစ်တဲ့အချိန်တုန်းက ဆရာပြောခဲ့တဲ့ စကားလေးကိုလဲမှတ်မိပါတယ်။ “မင်းတို့ အင်္ဂလိပ်စာကို ကိုယ့်မိခင်ဘာသာလောက် မဖတ်တတ်တောင်မှ how to .. ကို သေချာနားလည်အောင်ဖတ်တတ်တာနဲ့ self study လုပ်ပြီး ကိုယ်သင်ချင်တဲ့ ဘယ်ဘာသာရပ်မဆို တတ်ကျွမ်းသည်အထိလေ့လာလို့ရပီ” လို့ပြောခဲ့ဖူးတာ။ ခုလို ဘာသိချင်သိချင် internet ကနေ google surf လုပ်လိုက်တာနဲ့ လိုချင်တာ သိချင်တာ အကုန်အကုန်ရနိုင်တဲ့ အချိန်မျိုးရောက်လာတော့ စေတနာအပြည့်နဲ့ အားသွန်ခွန်စိုက် စာသင်ပေးခဲ့ ဆုံးမလမ်းညွှန်ပေးခဲ့တာကို ပိုမို၍ ကျေးဇူးတင်မဆုံးပါ။ ဆရာတို့အိမ်ကို နှစ်တိုင်းနီးပါး ခရစ်စမတ်ရောက်တိုင်း အိမ်မှာကျွေးတဲ့ မုန့်(မုံ့ဟင်းခါး၊ ကြာဇံချက်)တွေသွားစားရင်း ခရစ်စမတ်လက်ဆောင် တစ်ခုခုတော့ သွားပေးနေကျလေ။ ခုတော့လဲ ကွယ်လွန်သွားပြီဖြစ်လို့ နှမြောတမ်းတရင်း သတိတရရှိနေဆဲပါ။ ဆရာ့ရဲ့ ပညာအမွေတွေကိုတော့ တတ်နိုင်သလောက် လက်ဆင့်ပြန်ကမ်းနိုင်ဖို့ ကြိုးစားနေဆဲပါ။

နောက်ထပ်သတိတရကတော့ မန်းလေးက YMCA ပါ။ ကျမ ၁၀တန်းအောင်ပြီးစ ကရာတေး ကစားရင်း ခရစ်စမတ်အတွက် သီချင်းဆိုဖို့ သီချင်းတိုက်ကြတာ၊ ကင်ဒိုဓားနဲ့တို့ ပျဉ်ပြားနဲ့တို့ demonstration အနေနဲ့ ပြဖို့ ကြိုးစားခဲ့ကြရတာတွေအပါအ၀င် X'mas night ရဲ့ ပျော်ရွှင်တမ်းတစရာတွေပါ။ Christian သူငယ်ချင်းများအားလုံးနဲ့အတူ တချိန်က မွေးစားသမီးတော်ခဲ့ဖူးသော christian ဘာသာဝင် ကရင်တရုတ်မလေး မီရှဲလ် ကိုလည်း သတိရမိပါရဲ့။

(ချစ်ဖို့ကောင်းတယ်ဏော်)

ဘာပဲဖြစ်ဖြစ် ဒီပို့စ်လေးနဲ့အတူ ခရစ်စမတ်နေ့လေးမှာ အားလုံးပျော်ရွှင်ချမ်းမြေ့စေဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်။

Tuesday, December 23, 2008

အရုပ်ကြိုးပြတ်...

မဗေဒါနဲ့ ဒီတပတ် sunday က ကိုနိုင်မိုးအောင်+လင်းလက်ကြယ်စင်တို့ မင်္ဂလာဧည့်ခံပွဲမှာ စကားလက်ဆုံကျရင်း ဘဲအုပ်က တစ်ရာ နှစ်ရာ မဗေဒါက တစ်ပင်တည်းလို့ ဆိုတဲ့ ဆရာဇော်ဂျီ ကဗျာလေးနဲ့ပတ်သက်လို့ သူမကို တဟီးဟီး တဟားဟားနဲ့ တလွဲအဓိပ္ပါယ်နဲ့ (သူတို့တွေးတဲ့ ဘဲက ဘမ်းစကား.. ရည်းစားဆိုတာမျိုး)ရယ်စကြတဲ့သူတွေကို သူမက ဒီပို့စ်လေးနဲ့ ရီပလိုင်းပြန်လေ့ရှိတယ်လို့ သိခဲ့ရတယ်။ ရွှံ့ညွန်တွေနဲ့ တူတဲ့ ဘဝအမောတွေကြား အုန်းလက်တွေ၊ ဒီလှိုင်းတွေ၊ ဘဲကောင်တွေနဲ့တူတဲ့ လောကဓံတရားတွေရဲ့ အထုအထောင်းတွေကို ကြံ့ကြံ့ခံပြီး လုံ့လဝီရိယဇွဲနဲ့ အလျော့မပေးပဲ ဘဝကိုအောင်မြင်အောင် အံကိုခဲပြီး ကြိုးစားလျှောက်လှမ်းသွားမယ်ဆိုတဲ့အကြောင်း...လေးကိုရေးထားတာပါ။
လေးစားပါတယ် မဗေဒါ ဘ၀မှာ တခါတခါ အံကိုခဲပြီး အမြဲလျှောက်လှမ်းသင့်တာလေးကို မဗေဒါနဲ့အတူ သတိရနေပမယ်။

ခုတော့ ကျမက အရုပ်ကြိုးပြတ်...
ဖြစ်ချင်တာတွေ ဖြစ်လာနေတယ် အောင်မြင်နေတယ် ထင်ရပေသိ ရင်ထဲကဖြစ်ချင်တဲ့ အမှန်တရားတွေ ကွယ်ပျောက်နေတဲ့ တဒင်္ဂ
ချစ်သူခင်သူတွေ ၀ိုင်းဝိုင်းလည်နေတယ် ထင်ရပေသိ ကျမတကယ်ချစ်မြတ်နိုးရသူတွေနဲ့ ခုလို ကွေကွင်း ခွဲခွာနေရတဲ့ တဒင်္ဂ
သစ်တစ်ပင်ကောင်းဖြစ်ချင်လို့ ခါးချိအောင် ကြိုးစားရင်း ကျမကူညီပေးချင်သလောက် ကျမရဲ့ ကမ်းလင့်တဲ့လက်တို့ အားမပြည့်နိုင်တဲ့ တဒင်္ဂ
အတွေးမတူ သွေးမတူသူတွေကြားမှာ မြန်မာဆိုတာ မညံ့တာပြဖို့ အားသွန်ရင်း ကြိုးတန်းပေါ်လမ်းလျှောက်သလို အတိမ်းအစောင်းမခံတဲ့ တဒင်္ဂ
အထာဓလေ့မတူတဲ့ ပတ်ဝန်းကျင်တိုင်းမှာ လိုက်လျောညီထွေဖြစ်တတ်ခဲ့လွန်းပေမဲ့ ဘယ်တုန်းကမှနဲ့မတူ အမေ့အိမ်ကိုသာ လွမ်းမိတဲ့ တဒင်္ဂ
အဲဒီ တဒင်္ဂလေးတွေက မြားအစင်းပေါင်းများစွာ ပစ်မှတ်တစ်ခုဆီသို့ တည့်တည့်ရှေ့ရှုပြီး ဦးတည်သလိုမျိုး ပျော်ရာမှာမနေ တော်ရာမှာနေမိတဲ့ နှလုံးသားတစ်ခုဆီ စိုက်ဝင်သွားတဲ့ တဒင်္ဂ
ကျမ ဟာ တွင်းနက်ကြီးတစ်ခုဆီ တရှိန်ထိုး ထိုးကျသွားသလိုမျိုးနဲ့ အရုပ်ကြိုးပြတ်...

ဒီမနက်မှာတော့ ကျမ အိမ်မက်မက်နေခဲ့တယ်...
ကျမအိမ်မက်ထဲမှာ ခ၇စ်စမတ်သီချင်းတွေဆိုနေတာလား မဟုတ်ဘူး ကျမတို့ ငြိမ်းချမ်းရေးတေးတွေသီနေတာ
ကျမအိမ်မက်ထဲမှာ ပွဲတော်ကြီးကျင်းပနေတာလား ဒါလဲမဟုတ်ဘူး ကျမတို့ လွတ်လပ်စွာ သွားလာလှုပ်ရှားပျော်ပါးနေကြတာ
ကျမအိမ်မက်ထဲမှာ လူတွေကခုန်နေကြတာလား ဒါလဲမဟုတ်ဘူး ကျမတို့တွေ လက်တွေခိုင်မြဲစွာတွဲထားတာ
ကျမအိမ်မက်ထဲမှာ ရတနာမိုးတွေရွာနေလို့ပြိုးပြက်နေတာလား မဟုတ်ပါဘူး ၀မ်းဝလို့ ခါးလှတဲ့အပြင် ကိုယ်မှာတန်ဆာဆင်ထားကြတာလေ
အော်.. အိမ်မက်ရယ်.. အပြင်မှာ အရုပ်ကြိုးပြတ် ဘ၀ရယ်
ဖီလာဆန့်ကျင်လွန်းလှတယ်လေ
ကျမဘာပြောချင်တာလဲ ကျမရင်ထဲမှာ အဲဒီတစ်ခုခုတော့ ရှိနေတယ်
ဘယ်နေ့မှာ ပွင့်လင်းစွာ ထုတ်ဖေါ်ပြောခွင့်ရမလဲ
အဲဒီတစ်နေ့ အမြန်ရောက်ဖို့ ဆုတောင်းမိပါတယ်
အဲဒီအိမ်မက်တွေလဲ အပြင်မှာ တကယ့်ဘ၀မှာပါ မက်ခွင့်ရဖို့ အမြန်ရောက်မဲ့ ရွှေရောင်နေ့သစ်တစ်နေ့ကို မျှော်လင့်မိပါတယ်လေ

Monday, December 22, 2008

The Web Show (My Web My Style) 2008


တကိုယ်ရေအင်တာနက်စာမျက်နှာ များ ပြပွဲ ပြိုင်ပွဲ

အဲဒီ ပို့စ်လေးတင်ခဲ့ပြီး ကြော်ငြာပေးဖူးတယ်။ စိတ်ပါဝင်စားသူများ သွားရောက်လေ့လာနိုင်ဖို့ လက်တို့လိုက်ပါတယ်နော်။ ကိုယ်တိုင် ၀င်မပြိုင်ဖြစ်ပေမဲ့ အမှတ်အများဆုံး စာမျက်နှာပိုင်ရှင်ဘယ်သူတွေ ဆုရကြမလဲဆိုတာစိတ်ဝင်စားနေမိလို့ သွားကြည့်ဖြစ်တဲ့သူတွေကနေ ပို့စ်လေးတွေ တင်ပေးဖြစ်ရင်လဲ ကွန့်မန့်ရေးပြီး လာလက်တို့သွားပါဦးလို့နော်။

နေမ၀င်အချစ်

ကိုယ်ကနေ့ဆို သူကည
သူကနေ့ဆို ကိုယ်ကည
အချိန်နဲ့အမျှ သတိတယ
နေမ၀င်အချစ်လို့ တင်စားကြ...

သီတင်းကျွတ်ည လပြည့်ည
ရွှေရောင်လွှမ်းတဲ့ သောကြာည
ချမ်းအေးလှတဲ့ ခရစ်စမတ်ည
အမှတ်တယ နေ့ညများ..

ကန့်သတ်ချက်တွေ မရှိပါဘူး
ခြားနားချက်တွေ မသိပါဘူး
စုမိတဲ့ အချစ်ဗူး တမူထူး
ခုဝေးနေကြလဲ စိတ်မပြောင်းဘူး
နောက်ထပ် တို့နှစ်ယောက် ထပ်မဝေးဘူးဏော်...


Sunday, December 21, 2008

ဘာဖြစ်ဖြစ်ချစ်တရ်



အာရုံနောက်လဲ ချစ်ပမယ်
အနိုင်ယူနေလဲ ချစ်ပြမယ်
မင်းဆိုးသမျှ သည်းခံပမယ်
နင်ဘာပဲဖြစ်ဖြစ် ချစ်တယ်
မလိမ်မညာပါ ကျိန်ပြောဝံ့တယ်

ဆံပင်တွေဖြူတဲ့ထိ ချစ်မယ်
အရေတွေတွန့်သွားလဲချစ်မယ်
ကိုယ့်အချစ်က ရိုးမြေကျပဲ
ဖေဖေဆူလဲကြိုးစားမယ်
မေမေဆူတော့ ခိုးပြေးမယ်
ကိုယ့်အချစ်က ပြတ်သားပါတယ်

နင်ဘာပဲဖြစ်ဖြစ် ချစ်မယ် ကလေးရယ်
မင်းဘက်က လိုက်လျောရုံပဲ
နင်ဘာပဲဖြစ်ဖြစ် ချစ်တယ် ကလေးရယ်
မင်းဘက်ကလိုက်လျောသင့်တယ်

P.S: ဟဲလေးရဲ့ သီချင်းလေးပါ။ very touching my heart! Thanks for whom sharing this song to me. :)

Naing & Lin အတွက် မင်္ဂလာဆုတောင်း

ဒီနေ့နေ့လည်က ညီမငယ် လင်းလက်ကြယ်စင်နဲ့ ကိုနိုင်မိုးအောင် တို့ရဲ့ Mandarin Oriental Hotel မှာကျင်းပတဲ့ မင်္ဂလာဧည့်ခံပွဲကို သွားခဲ့တယ်။
ရည်မှန်းချက်တူညီ ပြည့်စုံပျော်ရွှင်ပြီး အိုအောင်မင်းအောင် ပေါင်းရပါစေဏော်လို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Saturday, December 20, 2008

လွမ်းမိတဲ့ သောကြာ

ရွှေရောင်သောကြာနေ့တစ်နေ့ကိုလွမ်းမိပါတယ် မင်းကိုလွမ်းတဲ့စိတ်နဲ့အိပ်လို့မပျော်ပါ.. မင်းသာအနားမှာရှိနေရင် ဘယ်မှသွားဖို့လဲမလိုဘူး... ရင်မှာမင်းပဲရှိနေတယ်ဆိုတာ မင်းကတော့ မသိနိုင်တာ အဲလိုနဲ့ စပ်မိစပ်ရာ ကဗျာတစ်ပုဒ် စပ်မိတယ်လေ ရေးမိတာနဲ့ သိပ်မအပ်စပ်ပေသိ လွမ်းမိတဲ့သောကြာလို့ပဲ ခေါင်းစဉ်တပ်လိုက်တယ်ကွာ

အေးတခါ ချမ်းတလှည့်
ဆာတဲ့အခါဆာ ၀တဲ့အခါဝ
ပင်ပန်းလိုက် လန်းဆန်းလိုက်
(တစ်ပတ်မှာ ခုနှစ်ရက်)
ငါ့ ကိုယ်ခန္ဓာက ခံစားနေခိုက်

လွမ်းမိတယ် မှန်းကြည့်တယ်
တမ်းတတယ် သတိရတယ်
တွေးနေတယ် ဆွေးနေတယ်
(တစ်နေ့မှာ နှစ်ဆယ့်လေးနာရီ)
ငါ့ရဲ့စိတ်တခုလုံး နင်ဖမ်းစားတယ်

အိပ်မပျော်ဘူး မဖိတ်ခေါ်ဘူး
လွမ်းတဲ့စိတ်ကစိုးမိုးထားတော့
အိပ်မက်မှာလေ ငါကြည်နူး
ဆန်းစစ်ကြည့်တော့
ငါဟာ..အချစ်ရူး

ကဗျာတွေ စာတွေရေး
အထာတွေ ပေးနေတယ်လို့
ဟိုလူပြော ဒီလူပြော
သူတို့မောမယ်
ငါ ရည်ရွယ်တာ မင်းတစ်ယောက်တည်းအတွက်ပါ

ယုံကြည်ပါတယ် ဒီရင်ထဲ
အချစ်စစ်ဆိုတာ မဖြောင့်ဖြူးလဲ
တစ်နေ့ကျရင် ဆုံမှာမလွဲ
သက်ထက်ဆုံးတိုင် အထီးကျန်လဲ
ဒီလိုသောကြာတိုင်း လွမ်းနေမယ်အမြဲ...

စာကြွင်း။ ။ ကိုစေးထူးကတော့ ဒီလိုကဗျာတွေ ဖတ်မိတိုင်း မယ်လိုဒီအသည်းကွဲပြန်ပြီလားမေးလေ့ရှိတယ်။ မဟုတ်ရပါဘူး ဒီလိုပါပဲ လို့ပဲပြန်ဖြေနေကျပါ။ နှလုံးသားမရှင်သန်တဲ့ဘ၀ ဟာသေနေသလိုပဲ စက်ရုပ်ဆန်သတဲ့။ အဲတော့ စက်ရုပ်မဆန်ရအောင် ခုလဲ ဒီလိုပါပဲလို့ နော်

Thursday, December 18, 2008

အို..အသင်လောက

စာတွေကိုမှန်မှန်ကျက် ချစ်သူကပြောတယ်
ပုံတွေကို ဘယ်သူ့မှမပြနဲ့ ချစ်သူကပြောတယ်
အဲဂလိုနဲ့ အရင်ရက်က ပို့စ်ကိုဖျက်ပစ်လိုက်ပီ
တခါမှ ဘယ်ပို့စ်မှမဖျက်ဖူးဘူး
အဲလို ပို့စ်တစ်ခုတစ်လေ ဆုံးရှုံးခံရတာတောင် ဒီလောက်ဝမ်းနည်းမိတယ်
တကယ်လို့သာ google ရဲ့ blogspot ကြီး ဂွမ်းသွားလို့ မဘလော့ရတော့သည် ရှိသော်..
အို..အသင်လောက တယ်လည်း စိတ်ပျက် ငြီးငွေ့ဖွယ်ရာပါတကား..

Friday, December 12, 2008

သူများအကြောင်းလဲ မပြောတတ်ပါ..စပ်မိစပ်ရာ ဘာညာကွိကွ..

မြန်မာနိုင်ငံ ပြင်ဦးလွင်ရှိ ရတနာပုံတယ်လီပို့တ်တွင် အိုင်တီမယ် ရွေးပွဲကို အင်ဖိုရစ်သမ်-မေ့ဇ် (Inforithm-maze) ကုမ္ပဏီက ကမကထပြုလုပ်ပြီး ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ကျင်းပမယ်တဲ့။ အဲဒီမယ်ရွေးပွဲက ပြင်ဦးလွင်ရှိ ရတနာပုံတယ်လီပို့မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပမည့် အိုင်စီတီပြပွဲ၏ တစိတ်တဒေသလည်း ဖြစ်သတဲ့။

အဲဒီမှာ ပြိုင်ပွဲဝင်သူများအနေနှင့် အိုင်တီနဲ့ဆိုင်တယ်ဆိုတော့ ပုံမှန်နှင့်မတူဘဲ ဆန်းပြား ခြားနားသည့် အ၀တ်အစားများကို ၀တ်စားရမည့်အပြင် နိုင်ငံရေးလဲကင်းရှင်းကြောင်းထောက်ခံစာပါပါရမတဲ့ဆိုတော့ ဘ၀င်မကျ။(ဘယ်မှာဖတ်မိမှန်းတော့ မေ့သွားပီ ကြော်ငြာဒီဇိုင်းလေးတော့ ယူထားမိလို့တင်ပေးလိုက်တယ် ဖတ်ကြည့်ကြည့်)

အဲဒီ ပြိုင်ပွဲကိုအသာထားလို့ The 7th Myanmar ICT Week 2008 ပြပွဲအတွေ့အကြုံများနဲ့ ပါတ်သက်ပြီး ဒီ website လေးမှာ သွားဖတ်ကြည့်ရင်း

ကျွန်တော်တို့နှင့် မိုဘိုင်းလ်ဖုန်းရောဂါ

GSM တစ်ခါသုံးဖုန်းကဒ်တွေ ရောင်းနေပြီ(အလုအယက်တောင် ၀ယ်နေကြသည်ဆိုပဲ)

ရယ်ချင်ပက်ကျိဖြစ်မိ၏။ (website ဖန်တီးသူကိုပြောတာဟုတ်ဘူး တော်ကြာ “- ဂျွန်” ဖြစ်နေမလားမသိ အဟိ)

ကျမ အခုနေတဲ့စလုံးမှာ ကျမပါ့စ်ကျလို့ ဖုန်းလိုင်းလျှောက်လို့ရပေသိ ရောက်ကတည်းက၀ယ်ထားတဲ့ ဟန်းစုတ်(အဲလေ..ယောင်လို့) ၁၀၀တောင်မပြည့်တဲ့ motorola ဟန်းဆက်လေးရယ် starhub GREEN Prepaid SIM card(၃၈ကျပ်) ကိုပဲဆက်သုံးပါတယ်။ အဲဒါက ဂျူလိုင်က၀ယ်သုံးတာ ဒီဇင်ဘာ ၂၀၀၉မှာ သက်တမ်းကုန်မယ်ဗျ။ပြီးတော့ အစက ၁၆ကျပ်တန် S$ 18 green prepaid top up card နဲ့ ဖြည့်သုံးတယ်။(တစ်ခါဖြည့်တိုင်း ၆လသက်တမ်းရှိသဗျ)။ ခုတော့ Happy 128 ဆိုတဲ့ ၂၆ကျပ်တန် S$ 28 top up card ပြောင်းသုံးနေတယ်။(သူကတော့ ရက်၅၀ အတွင်း ကုန်အောင် သုံးရတယ်၊ မကုန်သေးလဲ နောက်ထပ်ထည့် ထပ်ဖြည့်တာနဲ့ ပေါင်းသွားရော၊ ကောင်းပ)Free IDD 018 to 14 destinations
Free incoming calls
Free bundled SMS and credits
Free 10 SMS with 5sent daily
အဲဒါတွေ ရတာတူတူပဲဗျ။

၁၆ကျပ်တန်က ပြား၆၀ နေ့တိုင်းဖြတ်သွားတယ်ဆိုပဲ ဒါဆို ၆လတော့ခံဘူးထင်ရဲ့။ ၂၆ကျပ်တန်ကတော့ local call ၁၀၀ ဖိုးနဲ့ IDD call ၂၈ကျပ်ဖိုး ကို ရက်၅၀အတွင်း ပြောရသဗျို။ မယုံမရှိနဲ့ တကယ်ပြောတာ အဟိဟိ

FREE Incoming Calls ကို ဘယ်လိုရအောင်လုပ်ရမှန်းစစချင်းမသိလို့ ၂ရက်တစ်ပိုင်းနဲ့တင် ၁၆ကျပ်ကုန်သွားဖူးတယ်။ ဒါကြောင့် ၀ယ်ထည့်ပီးပီးချင်း request လုပ်လို့ရအောင် ဒါလေးဖတ်လိုက်နော်။
Enjoy FREE incoming calls whenever you want. Simply key in *133*1# and press "SEND" on your mobile phone to activate this on-demand Free Incoming Calls feature! To de-activate this feature, dial *133*0# and press SEND on your mobile phone.

မှတ်ချက်။ ။ ဖုန်းလာရင် မြန်မာတုန်းကလို ပြတင်းပေါက်ထွက်ပြီးလဲ မအော်ရပါ။ ဓာတ်လှေကား၊ တိုက်အမြင့်အနိမ့် နဲ့ တော်ရုံလှိုဏ်ခေါင်းထဲမှာလဲ အသံကြည်ကြည်လင်လင်ကြားရ၏။

မယုံရင် ဒီမှာ လာဖတ်ဦး
အော်..မေ့တော့မလို့ GREEN Prepaid SIM card ကို 1 November 2005 ကစပြီးတော့တော့ registered လုပ်ပြီး ၀ယ်သုံးရတယ်နော်။ ရှေးရှေးကလို ဈေးဗန်းထဲကလိုတော့ အလွယ်ဝယ်လို့ရတော့ဘူး

ဆော်တီးနော် singtel အကြောင်းတော့သိပ်မသိဘူးဗျ။ ကိုယ်ဖာသာ ရှာဖတ်လိုက်နော်..နော်

ဒီဇင်ဘာရဲ့ လပြည့်ည

ဒီဇင်ဘာရဲ့ လပြည့်ည
ငွေလမင်းက ၀ိုင်းစက်လှပ
ကောင်းကင်မှာသာဆဲခဏ
အခန်းမှာလဲ လရောင်တွေဖိတ်ကျ
နင့်ကိုလေ ငါ သတိရ...

ပက်ပ်စီက ရှတတ
ငါ့ညစာလဲ မ၀တဝ
အိတ်ထဲမှာ ပိုက်ဆံကုန်တဲ့ဘဝ
လိုသမျှငွေတွေ ပို့နေကျ
အမေ့ကိုလေ ငါ သတိရ...

စဉ်းစားရင်းနဲ့ သတိရ
ငါ ချစ်တဲ့သူရော
ငါ့ကို ချစ်တဲ့သူရော
ရေမြေခြားတဲ့ ဒီဘဝ
အဝေးကနေ ငါတမ်းတ...

မှန်းဆလွမ်းရဖန်များရင်းနဲ့
ချမ်းမြတဲ့ ဆောင်းညတွေကျော်လွန်...
ကြိုးကြာငှက်တို့လို တာဝန်
ငါလေ ရှေ့ဆက် ခရီးကျွံ
အလွမ်းတို့နဲ့ မာရသွန်...

စာကြွင်း။ ။ ဒီနေ့လို လပြည့်ညမှာ အမြဲသတိရတယ်။ သတိရမိစေတဲ့သူတိုင်းကို သတိရစရာ အကြောင်းအရာတွေ ပေးတာအတွက်လဲ ကျေးဇူးတင်ပါရဲ့။ ကိုယ်က သတိရသူရော ကိုယ့်ကို သတိရသူတွေနဲ့ရော ခွဲခွာနေရတဲ့ ကွဲကွာနေကြတဲ့ အဲလို ဘ၀တူတွေ အများကြီးရှိမယ်လို့ မျှော်လင့်ပါတယ်

Thursday, December 11, 2008

ထိကညှိုး..

ထိကညှိုး..တဲ့
အဲဒီအပင်လေးသိလား
ကျမက သူတို့ကို သိပ်ချစ်တယ်
သူတို့ကတော့ ပြန်မချစ်တောင် မမုန်းဘူးလို့ထင်တယ်
လူတွေက များသောအားဖြင့် လဲကျသွားတိုင်း ပြန်ထတတ်တာကို ပစ်တိုင်းထောင်နဲ့တင်စားပြောလေ့ရှိကြတယ်။
နားလဲယဉ်နေတယ်ပေါ့နော်။

ရောက်ရာအရပ်မှာ ပျော်တတ်တဲ့ ကျမကိုတော့ ရွက်ကျပင်ပေါက်လို့ပြောတဲ့သူငယ်ချင်းတွေလဲ ရှိတယ်။
သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားဆိုတဲ့စကားပုံထဲက သစ်ပင်ကို ကျမသဘောကျတယ်ပြောတိုင်း နင်က သစ်ပင်ကောင်းကောင်းမဖြစ်ခင် စာကလေးတွေဆွဲဆိတ်ခံထိလို့ သေတဲ့ အပင်မဖြစ်ရင်ကောင်းပလို့ပြောလေ့ရှိတဲ့ ကျမရဲ့ ချစ်သောဖေဖေလဲရှိတယ်။
ကျမပြောနေတာတွေ ဟိုရောက်ဒီရောက်လို့မထင်ပါနဲ့ဦးနော်။ ကိုကလိုစေးထူးရဲ့ ပို့စ်တစ်ခုမှာ အညွန့်တက်တိုင်းဖြတ်ခံထိတဲ့ ပင်လှပင်နဲ့ အဖြတ်ခံရုံသာမက အနင်းပါခံရတဲ့ မြက်တွေနဲ့ လောကအလှဆင်ထားတဲ့ ပို့စ်လေးဖတ်ရတော့လဲ ထိကညှိုးလေးတွေကို သတိရမိတဲ့ အတွေးလေးဝင်လာမိတာရှိလို့ပါ။

မြက်ပင်တွေကြားထဲမှာ ရောနေတတ်တဲ့ အပင်လေးတွေထဲမှာ အဲဒီ ထိကညှိုးပင်လေးတွေပေါက်နေလေ့ရှိတတ်တယ်။ ကျမ သိတတ်တဲ့အရွယ်ရောက်တော့ ပန်းခြံသွားကြရင်းက ကျမအဖေက သမီးလာ ဒီအပင်လေးတွေကို လက်နဲ့တို့ကြည့်စမ်းတဲ့ ။ ကျမက ချက်ချင်းကြီး ဘယ်တို့ရဲမလဲနော်။ အမှန်အတိုင်းပြောရင် ကျမက အကြောက်ကြီးတယ်(ကိုယ့်ကိုယ်ကို ထိခိုက်မှာ သိပ်ကြောက်တဲ့ ကိုယ့်ကိုယ်ကို သိပ်ချစ်တဲ့သူလေ)။ အဲတော့ ကျမဖေဖေက သူအရင်တို့ပြတယ်။ အပင်လေးက ညှိုးသွားတာပေါ့။ ကျမစိတ်ထင် ဘာများဖြစ်သွားပါလိမ့်။ ဖေဖေ အဲဒီအပင်လေးကို ထိလိုက်လို့ သေသွားပီလားပေါ့နော်။ တွေးလဲတွေး မေးလဲမေးပါတယ်။ ကျမဖေဖေက ပြန်ဖြေတယ် သူက သေတာမဟုတ်ဘူး။ ထိလိုက်လို့ ညှိုးသွားတာတဲ့။ ခဏနေ ပြန်ထလာလိမ့်မယ်တဲ့။ ကျမ စောင့်ကြည့်နေတာ တအောင့်လောက်ကြာတာနဲ့ ပြန်ထလာတာတွေ့ရတော့ သိပ်သဘောကျသွားတယ်။ တက်နင်းမိလဲ ခဏနေ ပြန်ထတာပဲ။ ငယ်တုန်းကတော့ ဆော့တာမက်တာပေါ့နော်။ အပင်လေးအိပ်အိပ်၊ ထိကညှိုးလေးအိပ်အိပ်၊ မောင်ရင်လာ တံခါးပိတ်လို့ ဆိုဆိုပြီး လက်လေးနဲ့တို့တို့ပြီး ဆော့ခဲ့တယ်(ဘလော့ဂါကြီး ကိုမောင်ရင်ကိုတော့ အဲ့တုန်းက သိသေးဘူး)။
ကြီးလာတဲ့ထိ ပြောမယ်ဆို မနေ့တစ်နေ့က ခရီးသွားတုန်းက မလက်ကာက saint paul church ထဲမှာ ထိကညှိုးလေးတွေတွေ့တဲ့ထိ တို့ကြည့်မိတုန်းပဲ။(အတူသွားတဲ့ သူငယ်ချင်းတွေ ရယ်ခွဲမစိုးလို့ ခိုးတို့လာတာ အဟိဟိ)

ကျမ အရွယ်ရောက်လာလို့ အဲဒီအပင်လေးတွေကို သဘောကျမိတဲ့အတွေးကတော့ သူတို့မှာ ဘာကိုးကွယ်အားထားရာမရှိ အနင်းခံမြက်တွေနဲ့ အတူတူ ရှင်သန်ကြီးပြင်းရင်း မြက်တွေက သူတို့အလှနဲ့သူတို့လောကကို အလှဆင်သလို ထိကညှိုးလေးတွေကလဲ အားမာန်အပြည့်နဲ့ အချိန်တန်ရင်ပြန်ရှင်သန်လာနိုင်စွမ်းရှိတဲ့ သတ္တိကို သိပ်သဘောကျတာ။ ကျမတို့လူ့ဘ၀မှာလဲ တခါတလေမက အမြဲနီးပါး ကိုယ့်ကိုယ်ကိုကလွဲရင် ကိုးကွယ်အားထားရာမရှိဘူး။ အနင်းခံမြက်လို လူတန်းစားတွေကြားမှာ အတူတူပဲ နေရတဲ့ဘ၀(အခွင့်ထူးခံမဟုတ်တဲ့သူတိုင်းက အဲဒီလူတိုင်းစားပါပဲ မဟုတ်ဘူးလားနော်)။ ထိကညှိုးလို ညှိုးသွားရတဲ့ အချိန်လိုမျိုး ခဏခဏ ဘ၀ရဲ့လှေကားထစ်တွေ အများကြီးနင်းလျှောက်ခဲ့ရတာ။ အဲလိုအချိန်တိုင်း ထိကညှိုးလေးတွေတောင် သတ္တိရှိသေးတာတွေးပြီး ကိုယ့်ကိုယ်ကိုပြန်အားပေးလို့ ရှေ့ဆက်လျှောက်ရမဲ့လမ်းတွေကိုပဲ ကြိုးစားနင်းလျှောက်ရင်း ဒီနေ့ဒီအချိန်ရောက်လာတယ်လေ။ တို့ထိကစားရုံမဟုတ်ပဲ နင်းချေဖို့ကြိုးစားတဲ့ အရာတွေအောက်မှာ ထိကညှိုးလေးတွေ သတ္တိရှိရှိနဲ့ ပြန်လည်ထဖို့ ကြိုးစားသလို ကျမတို့လဲ ဘယ်လောက်ထိပိပြားနေတဲ့ အဖိနှိပ်ခံဘ၀တွေရောက်နေဆဲဖြစ်ပါစေ ဆယ်ပြန်မက အပြန်တစ်ရာမက ကြိုးစားရုန်းကန်ရှင်သန်နေသင့်တယ်လို့ ပြန်သုံးသပ်မိတယ်။ ထိကညှိုးလေးတွေက သူတို့တွေညှိုးသွားတိုင်း မထူးတော့ပါဘူးလေလို့ စဉ်းစားမှာမဟုတ်ဘူးလို့ ကျမယုံတယ်။ ကျမတို့ အဲလိုညှိုးနွမ်းရတဲ့ဘ၀က ပြန်ထဖို့ နှစ်၂၀မကလို့ နှစ်၄၀ကြာချင်ကြာပါစေ ကျမတို့တွေ အမြဲပြန်ကြိုးစားကြမယ်လေ။ ဒါပေသိ ကျမချစ်တဲ့ထိကညှိုးလို ဘ၀မျိုးမဟုတ်ပဲ ရေနွေးနွေးကနေ တဖြည်းဖြည်းပူလာတဲ့ ဂဏာန်းတွေဘ၀လို ရုန်းထွက်ဖို့ရာ အချိန်မမီတဲ့ ဘ၀မျိုးရောက်နေမှာကိုတော့ တွေးပူမိရင်း ကျမရဲ့ ထိကညှိုးချစ်တဲ့ ဋီကာလေးကို နိဂုံးချုပ်ပါတယ်။

စာကြွင်း၊ ။ကျမစိတ်ထဲရှိတဲ့အတွေးလေးကို ဘာဆိုင်ဆိုင်မဆိုင်ဆိုင်ချရေးမိတာမို့ ကျမပြောချင်တာကို ထပ်တူနားလည်ဖို့ခက်ချင်ခက်စေမဲ့ ပို့စ်လေးပါ။ အားနာပေမဲ့ ဖတ်ပြီးရင် ကိုယ့်အတွေးနဲ့ကိုယ် calsome ကွေကာ သောက်လိုက်နော်... သိုင်းခရု

Tuesday, December 9, 2008

နှစ်၆၀ပြည့် အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးနေ့ သဘောထားထုတ်ပြန်ကြေငြာချက်


မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်အနေဖြင့် နအဖ ၏ လူ့အခွင့်အရေးချိုးဖေါက်မှုများနှင့် တိုင်းပြည်ကို တရားဝင် စစ်ကျွန်ပြုရေး လုပ်ငန်းစဉ်များကို ပြင်းထန်စွာ ကန့် ကွက်ရှုံ့ချကြောင်း အနှစ် ၆၀ မြောက် အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးနေ့ တွင် ကြေငြာအပ်ပါသည်။

ဗိုလ်သန်းရွှေ ဦးဆောင်သည့် န၀တ တဖြစ်လဲ နအဖ စစ်အုပ်စုတို့ သည် မိမိတို့  အာဏာတည်မြဲရေးနှင့် တိုင်းပြည်ကို

တရားဝင်စစ်ကျွန်ပြုရန် အလို့ ငှာ ပရမ်းပတာ ဖမ်းဆီးချုပ်နှောင်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး ခေါင်းဆောင်များ၊ ကိုမင်းကိုနိုင်နှင့်တကွ (၈၈)မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ လူ့အခွင့်အရေး လှုပ်ရှားသူများကို နစ်ရှည်ထောင်ဒဏ်များ ချမှတ်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ ပေါ်တာဆွဲခြင်း၊ အတင်းအဓမ္မ လုပ်အားပေးစေခိုင်းခြင်း၊ နယ်စပ်ဒေသမှ တိုင်းရင်းသားလူမျိုးစုများအပေါ်တွင် မတရားထိုးစစ်ဆင်ခြင်း၊ ရွာများမီးရှို့ ခြင်း၊ လူသတ်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ စသော ရက်စက်ရမ်းကား ယုတ်မာမူများကို နှစ်ပေါင်း(၂၀)နီးပါး ထပ်ခါတလဲလဲ ကျူးလွန်ခဲ့ကြသည်။

ဗိုလ်သန်းရွှေအနေနှင့် စေ့စပ်ရေးဆွေးနွေးရန် တောင်းဆိုချက်များကို ဆင်ခြင်တုံတရားကင်းမဲ့စွာဖြင့် လျစ်လျုရှု၍၊

၁၉၉၀ မေလရွေးကောက်ပွဲ ရလဒ်ကို ပစ်ပယ်၍ ပြည်သူလူထုတရပ်လုံး၏ သဘောဆန္ဒကိုဆန့်ကျင်ပြီး၊ လာမည့် ၂၀၁၀တွင် ရွေးကောက်အသစ်ထပ်မံပြုလုပ်ရန် ကိုယ်တိုင်ထုတ်ဖေါ် ပြောကြားချက်များကိုလည်း ကျွန်ုပ်တို့ မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ်နှင့် ကန့်ကွက်ကြောင်းဖေါ်ပြအပ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ယနေ့စုပေါင်း ပြုလုပ်သည့် နအဖစစ်အုပ်စုအား ဆန့်ကျင်ရှုံ့ချ ဆန္ဒပြပွဲများမှတဆင့် စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ လုံးဝ ပျောက်ကွယ်သွားစေမည့် အဆုံးအဖြတ်တိုက်ပွဲ (၀ါ) စစ်ဗိုလ်ချုပ်များအတွက် သေမင်းတမန် စိန်ခေါ်တိုက်ပွဲ ကိုလည်း မြန်မာနိုင်ငံတဝှမ်းတွင် နအဖ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မှီ အကောင်အထည်ဖော် တိုက်ပွဲဝင်သွားနိုင်ရန် တစိုက်မတ်မတ် ကြိုးပမ်းသွားမည်ဖြစ်သည်။

သို့ဖြစ်ရာ နအဖ စစ်အာဏာရှင်စနစ်ကို မြန်မာ့မြေပေါ်မှ အပြီးအပိုင် သုတ်သင်ဖယ်ရှားနိုင်ရန် ပြည်သူတရပ်လုံးက ပူးပေါင်းပါဝင်လာရေးမူ အပေါ်တွင် အခြေခံသည့် လိုအပ်သောလုပ်ငန်းစဉ်များအားလုံးကို စနစ်တကျ ချမှတ်လုပ်ဆောင် သွားကြမည်ဖြစ်သည်။ သမိုင်း၏ တောင်းဆိုချက်ဖြစ်သော မြန်မာ့မျိုးဆက်သစ်များ အခြေခံလူ့အခွင့်အရေး အပြည့်အ၀ခံစားခွင့် ရရှိစေရေး၊ တိုင်းရင်းသားပြည်သူများအားလုံး တရားဥပေဒေနှင့် အကာအကွယ် ရရှိစေရေး စသည့် ရည်မှန်းချက်များကို ရှေးရှူ၍ အောင်ပွဲရသည်အထိ တိုက်ပွဲဝင်သွားရန် ကျွန်ုပ်တို့အားလုံး စုပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေငြာအပ်ပါသည်။

ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံ၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဂျပန်နိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးနှင့်

နိုင်ငံတကာအဖွဲ့အစည်းများမှလည်း၊ မြန်မာပြည်သားများ လွတ်လပ်မှု၊ တရားမျှတမှုနှင့် လူ့အခွင့်အရေးများ ခံစားခွင့်ရရှိပြီး၊ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ထွန်းကားသည်အထိ နအဖ စစ်အာဏာရှင်တို့အပေါ်တွင် ထိရောက်သည့် အရေးယူမူများအား ဆက်လက်လုပ်ဆောင်ပေးကြပါရန် အလေးအနက်တောင်းဆိုအပ်ပါသည်။

တရားမဝင် စစ်အုပ်စုဖယ်ရှားရေး ---- (ဒို့အရေး၊ ဒို့ အရေး)

ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး --- (ဒို့အရေး၊ ဒို့အရေး)

တရားဝင်ပြည်သူ့ အစိုးရ ပေါ်ပါက်ရေး ---- (ဒို့အရေး၊ ဒို့အရေး)

အဖိနှိပ်ခံပြည်သူလူထု လွတ်မြောက်ရေး အရေးတော်ပုံ (အောင်ရမည်၊ အောင်ရမည်)

လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့မှ တဆင့်ဖြန့်ဝေသည်။

Monday, December 8, 2008

ကိုယ့်ကိုယ်ကိုမုန်းတဲ့ (၁၀)ချက်...

ကိုယ့်ကိုယ်ကိုမုန်းတဲ့ (၁၀)ချက်...တဲ့ ရန်ရန်(ရေခဲညှပ်) ကတက်ဂ်ထားတယ်ဗျ
သူများတွေ ရေးနေကတည်းက ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်မိတော့ မုန်းစရာမရှိဘူးလို့ထင်မိခဲ့သေး။
ဒါပေသိ ခုတော့လဲ တဂ်ထားရင်းကလည်းရှိ ခရီးပြန်လာတုန်း (ကိုယ့်ကိုယ်ကို) မုန်းစရာလေးတွေကလဲရှိနေလေတော့ မညှာမတာ ပြန်စဉ်းစားပြီးပေါ်လာတဲ့ အချက်တွေအများကြီးထဲက ၁၀ချက်ကိုပဲ လိုတိုရှင်းလေး ရေးလိုက်တယ်။

(၁) အကျိုးရှိ၊ မရှိတာထက် ကိုယ်စိတ်ကျေနပ်တာ အရင်ဦးစားပေးလုပ်တတ်တဲ့ အချက်( နေမကောင်းလို့ အိပ်သင့်တာထက် ဘလော့ဂ်ထိုင်ရေးနေတတ်တဲ့ ခုလိုမျိုးအချိန်မျိုး၊ ကိုယ့်အလုပ်ထက် သူများလိုအပ်ချက်ကို ဦးစားပေး လိုက်လုပ်ပေးမိတတ်တာမျိုး)
(၂) ကိုယ်နားလည်သလိုပြောလို့ သူများနားမလည်မှာသိသိနဲ့ ကိုယ်ပြောတတ်သလိုတွေပဲ ပြောတတ်တဲ့အကျင့် (တခါတခါ ရိုင်းလဲရိုင်း၊ တစ်ဖက်သားမခံနိုင် သို့မဟုတ် အဓိပ္ပါယ်တွေလဲလွဲတတ်တာမျိုးလဲရှိတတ်၏)
(၃) ခေါင်းမာတတ်တဲ့အကျင့် (ဘူးဆို ဖရုံမသီးတာ)
(၄) တော်ရုံနဲ့ သံယောဇဉ်မတွယ်တတ်သလို တွယ်မိရင်လဲ အတ္တကြီးစွာနဲ့ ကိုယ့်အပေါ်မှာ အချိန်ပြည့် ဂရုစိုက်တာမျိုးကို မျှော်လင့်လေ့ရှိတဲ့ မသိစိတ်
(၅) မိသားစုကို နွေးထွေးမှုပေးရမှာမျိုးထက် ကိုယ့်သူငယ်ချင်း၊ အပေါင်းအသင်းနဲ့ ပျော်ရပါးရ အချိန်ပေးရတာကို မက်မောတတ်တဲ့အကျင့် (gathering တွေ သက်စေ့မက လုပ်တတ်တာမျိုး၊ ကိုယ့်မွေးနေ့မှာတောင် အိမ်မှာ များသောအားဖြင့် ရှိမနေခဲ့တာမျိုး )
***(နံပါတ်လေးနဲ့ ငါးက ဆန့်ကျင်ဖက် တော်တော်တရားတယ်နော် အဟီး)
(၆) ဘယ်လိုမှ မိန်းမဆန်ဆန် ပြုမူမနေထိုင်တတ်တဲ့ အချက်(အနေအထိုင်၊ အစားအသောက်၊ အသုံးအစွဲ၊ အသွားအလာ၊ စိတ်နေစိတ်ထား အစစအရာရာ)
(၇) ကိုယ့်ကို သူများလေးစားတာမလေးစားတာကို အလေးထားတာထက်  ကိုယ့်နားကသူတွေ စိတ်ချမ်းသာရင် ပျော်ရင် အဲဒါကိုပဲ အမြဲ ကျေနပ်နေတတ်တဲ့အချက် (ပေါတယ်ပဲ ထင်ထင်၊ အသက်ကြီးပြီး မရင့်ကျက်ဘူးပဲပြောပြော၊ ခပ်ပေါ့ပေါ့ ဥာဏ်တိမ်တိမ် ဘယ်လောက်ထိပဲ နှိမ်နှိမ်၊ ဘယ်လိုခံစားချက်မျိုးတွေပဲ ရင်လာဖွင့်ဖွင့် အားပေးဖို့ရာ အသင့် စသဖြင့်ပေါ့လေ)
(၈) စိတ်နာစရာ၊ စိတ်ဆိုးစရာ ရှိသင့်တာမျိုးကို မနာပဲ ၊ စိတ်မဆိုးပဲ တော်ရုံ အသေးအမွှားမျိုးမှာကျ အထအနကောက်ပြီး လက်တုန့်ပြန်တတ်တာ(အညှိုးအတေးထားတတ်တာ) ကိုတော့ မုန်းတယ်
(၉)  သူများနဲ့မတူ တမူထူးခြားတဲ့အချက်တွေ (ဒီမှာ ပြန်ရေးတဲ့ တချို့အချက်တွေ ထပ်နေမယ်ထင်ရဲ့)ကို မုန်းတယ်
(၁၀) နောက်ဆုံးအချက်အနေနဲ့ကတော့ မှားတာတွေကို သိလျက်နဲ့ ပြင်သင့်လျက်နဲ့ ဘယ်တော့မှ ပြင်ဖို့မကြိုးစားတတ်တာကိုလဲ မုန်းပါတယ် (အရင် ၁၀နှစ်ကထက် ပြောင်းလဲတိုးတက်မှုမရှိခဲ့တာ ဒီအချက်ကြောင့် ထင်ပ)

တကယ့်အပြင်းထန်ဆုံးမုန်းတဲ့တစ်ချက်ကတော့ I hate myself for loving ...(someone ဟုတ်ဘူး လောလောဆယ်မှာတော့ blogging လို့ပြောတာနော် အဟိဟိ) :P

ကဲ..ဒါဆို ကျေနပ်ပီဟုတ် ရန်ရန်ရေ..

စာကြွင်း။ ။ ရှောင်ချင်သူများလဲ အချိန်မီ ရှောင်ရှားနိုင်စေရန်သော်လည်းကောင်း လက်ရှိခင်မင်သူများမှလည်း အချိန်မီ အပေါင်းအသင်းအဖြစ်မှ စွန့်လွှတ်နိုင်စေရန် အလို့ငှာလည်းကောင်း မခြွင်းမချန်ဝန်ခံထားသော ပို့စ်ဖြစ်ပါကြောင်း

Friday, December 5, 2008

ပျော်ပျော်ပါးပါး.. ဟိုနားဒီနား..

ရုံးသုံးရက်ဆက်တိုက်ပိတ်ပါတယ်
ဒီနေ့ပီးရမဲ့ ပရောဂျက်လဲမပီးသည့်တိုင်အောင် အဆင်ပြေပြေနဲ့ ရုံးဖွင့်ရက်မှ လက်စသတ် ရီပို့တင်လို့ရလို့အိုကေသွားပါတယ်။
ပျော်ပျော်ပါးပါး.. ဟိုနားဒီနား..ခရီးလေးသွားလိုက်ဦးမယ်လေ
ပြန်လာရင် မုံ့ဝယ်လာမယ်နော်
Happy Weekend and enjoy your holiday too. :)

Wednesday, December 3, 2008

စုကြဦးမယ်..တပျော်တပါး

ရန်ကုန်မှာ Gusto ကျောင်းကထွက်ခဲ့တယ်ဆိုတဲ့ မောင်နှမသူငယ်ချင်းတွေရေ
ဒီအပတ် ၆ရက်နေ့ စနေနေ့ညမှာ ညစာစားရင်း ဆုံကြမယ်လေ
စုပြီးရင်းစုရင်း ပျော်ရင်းပါးရင်းလို့ပဲ မထင်ကြပါနဲ့နော်
(ကျမတို့ OJT အတူတူဆင်းခဲ့တဲ့သူတွေ ၅ယောက်လောက်ကတော့ ဆုံနေကြပါ)

ဆရာ ဦးဝင်းထိန်ဝင်း မလေးရှားမှာ conference တက်ပြီး စင်ကာပူဝင်လာမယ်လို့ သိထားရပါတယ်။
ဆရာနဲ့လဲဆုံရင်း တစ်ကျောင်းတည်းထွက် မောင်နှမတွေလဲစုရင်း မိတ်ဆုံစားပွဲပုံစံမျိုးလေး တွေ့ချင်ပါတယ်။
အချိန်နဲ့နေရာကို ဖုန်းနဲ့ပဲ ပြန်ကွန်ဖန်းမယ်နော်
အချင်းချင်း လက်တို့ပြီး ချိတ်ထားလိုက်နော်။
ကျမ ဖုန်းနံပါတ်(သို့မဟုတ်) NTO နံပါတ်ကို ခေါ်လဲရပါတယ်။
လာ join နိုင်တယ်ဆိုရင်တော့ ကျမတို့နံပါတ်တွေ မသိသေးတဲ့သူတွေ maung.melody@gmail.com ကို ဖုန်းနံပါတ်လေး မေးလ်ပို့ထားပေးပါ။ ပြန်ဆက်သွယ်လိုက်ပါမယ်နော်။ ဒါမှမဟုတ်လဲ မေးလ်နဲ့ပြန်အကြောင်းကြားပါမယ်။

C U There and Let's talk about our achievements or difficulties to our Sayar.


Tuesday, December 2, 2008

သူများဟာလည်း မခိုးနဲ့ ကိုယ့်ဟာလည်း အခိုးမခံရစေနဲ့

မပန်ဒိုရာဆီက ဒီပို့စ်လေးမလာပြီး ဝေမျှလိုက်တယ်နော်

>>>>>>>>>>>>>>>>><<<<<<<<<<<<<<<<<<<

ဒီစာကိုရေးဖို့ တော်တော်စဉ်းစားပါတယ်။ ဓားခုတ်ရာ လက်လျှိုမိသလို ဖြစ်မှာစိုးလို့ပါ။ ဒါပေမယ့် အခုလိုအချိန်မှာမှ မပြောဘူးဆိုရင် ဒီလိုကိစ္စမျိုးအတွက် လူတွေ အလေးထား အာရုံစိုက်ခြင်းကို ရဖို့ နောက်တော်တော်နဲ့ မလွယ်ပါဘူး။ ဒါကြောင့် စေတနာရှေ့ထားပြီး ရေးလိုက်ပါတယ်။ လူတွေဖတ်စေချင်လို့လည်း ဒီလိုခေါင်းစဉ်မျိုး ပြူးတူးပြဲတဲ တမင်တပ်လိုက်ပါတယ်။ အကြောင်းအရာများမှာ အမှားပါရင် ၀ိုင်းဝန်းကူညီ ပြင်ပေးပါ။ မတော်တဆ တိုက်ဆိုင်မှုများကြောင့် အနာပေါ်တုတ်ကျသလို ဖြစ်သွားခဲ့ရင်လည်း ပန်ဒိုရာ အပြောအဆို မညက်ညောသေးလို့သာ ဖြစ်ကြောင်း ကြိုတောင်းပန်ပါတယ်။

အတော်များများ သိကြမယ့်အတိုင်း သူများ ဖန်တီးမှုတွေကို ကိုယ့်ဘလော့ဂ်မှာ ကိုယ်ပိုင်ဆိုင်လေဟန် လုပ်ပြီး တင်ခဲ့တဲ့အတွက် ဘလော့ဂါတစ်ယောက် ပြဿနာတက်သွားပါတယ်။ ဒီစာကိုရေးတဲ့ ရည်ရွယ်ချက်ကတော့ တစုံတယောက်ကို အပြစ်တင်ဝေဖန်ခြင်းထက် ဒီလိုမဖြစ်ရအောင် ရှောင်ရှားနိုင်တဲ့ နည်းလေးတွေကို ထပ်ပြီး သတိပေးချင်လို့ပါ။

ဒီကိစ္စနဲ့ ပတ်သက်တဲ့ ပြောဆိုဝေဖန်မှု မှတ်ချက်ချခြင်းမျိုးကို မြန်မာဘလော့ဂါ အများစုဟာ အကြောင်းကြောင်းကြောင့် ကျယ်ကျယ်လောင်လောင် မပြောဖြစ် (သို့မဟုတ်) မပြောသေး (သို့မဟုတ်) မပြောရဲ (သို့မဟုတ်) မပြောတတ်.. (မည်သို့ပင်ဖြစ်စေတော့) ကြပေမယ့် ဒီလိုအဖြစ်ဟာ မကောင်းဘူးဆိုတာ အကြမ်းဖျဉ်းအားဖြင့် လက်ခံကြမယ် လို့ယူဆပါတယ်။

ပန်ဒိုရာအနေနဲ့ ကတော့ အများအားဖြင့် ကိုယ်တိုင်ဖန်တီးတဲ့ စာတွေကိုသာ ဘလော့ဂ်မှာ တင်လေ့ ရှိပါတယ်။ ကိုယ်တင်တဲ့စာတွေမှာ သရုပ်ဖော်ပုံတွေကိုလည်း ကိုယ့်ဘာသာ ဆွဲလေ့ ရှိပါတယ်။ ၉၀% လောက် အများစုကတော့ ကိုယ့်အိုင်ဒီယာသက်သက် နဲ့ ပုံမှန်းဆွဲတာပါ။ တချို့သော ပစ္စည်းတွေ နမူနာကြည့်ဖို့ လိုအပ်တဲ့အခါမှာတော့ လိုက်ရှာကြည့်ရပါတယ်။ ကိုယ်လိုချင်တဲ့ပုံမျိုးကို အင်တာနက်ထဲမှာ တွေ့မိရင် ဒေါင်းလုဒ် ကူးမယူလိုက်ပါဘူး။ ဖွဲ့စည်းပုံကို ကြည့်ပါတယ်။အိုင်ဒီယာကို ကြည့်ပါတယ်။ အချိန်ယူပြီး ကိုယ့်ဖန်တီးမှု ဖြစ်အောင် ပြန်ဆွဲလိုက်ပါတယ်။ (ဥပမာ. စစ်အတွင်းပြုသည့်သစ္စာ ပို့စ်က ဓားရှည်ပုံ။ ဒီနေရာက ကိုယ့်အိမ်မှာ ဓားရှည်မရှိ။ ဓားရှည်တွေကို သေသေချာချာလည်း မမြင်ဖူးဘူးဆိုတော့ လတ်တလောတွေ့ချင်ရင် အင်တာနက်က လိုက်ရှာရပါတယ်။ မြင်ဖူးသွားတော့မှ ကိုယ်ကြိုက်သလို အနေအထားနဲ့ ပြန်ဆွဲပါတယ်။ စက်ဘီးပုံ ဆိုရင်လည်း လတ်တလော ကိုယ့်နားမှာမရှိရင် ရှာဖွေပြီး နမူနာကြည့်ရပါတယ်။ ဒါပေမယ့် ကိုယ့်ဘာသာ အစအဆုံး ပြန်ဆွဲပါတယ်။) ဒါဟာလည်း ကဗျာ သရုပ်ဖော်ပုံလို သေးသေးလေး အဆင့်မို့ပါ။ မောင်တိန်လုပ်သလို ပန်းချီလေ့ကျင့်ဖို့ သေသေချာချာ အသေးစိတ် ပုံကြီး ထပ်တူကူးဆွဲတာ ဆိုရင် သူပြန်ညွှန်းလေ့ရှိသလို ဘယ်သူ့ပုံကို လေ့လာရန် ကူးဆွဲသည်လို့ ဖော်ပြရဦးမှာပါ။

ဓာတ်ပုံဆိုရင်လည်း ကိုယ်ပိုင်ဆိုင်တဲ့ ပုံကို တတ်နိုင်သမျှ သုံးလေ့ ရှိပါတယ်။ အဲဒါတွေဟာ ကိုယ့်ဘာသာ ဖန်တီးချင်တဲ့ ၀ါသနာက တစ်ကြောင်း ဆိုပေမယ့် သူများ ဖန်တီးမှုကို တတ်နိုင်သမျှ မသုံးဖြစ်အောင်နဲ့ ရှု့ပ်ထွေးမှုတွေ ဖြစ်မှာစိုးလို့က ပိုပါတယ်။

ဒါက ကိုယ်လုပ်တဲ့နည်းလမ်းကို ပြောပြတာပါ။ လိုက်လုပ်ပါလို့ မဆိုလိုဘူး။ လူတိုင်းဟာ ပုံဆွဲဖို့ ၀ါသနာပါမှာ မဟုတ်ပါဘူး။ အချိန်လည်း ပေးနိုင်မှာ မဟုတ်ပါဘူး။

သူများ ဖန်တီးထားတဲ့ လက်ရာကို ကိုယ်က အမှတ်တမဲ့ပဲ ဖြစ်ဖြစ် မသိလို့ပဲဖြစ်ဖြစ် ယူသုံးလိုက်တဲ့အခါ ရှုပ်ထွေးမှုတွေ ဖြစ်လာရင် မကောင်းပါဘူး။ ဒီလိုပဲ ကိုယ့်လက်ရာကို သူများက အလွဲသုံးစား လုပ်သွားရင်လည်း မကောင်းပါဘူး။

အနည်းဆုံး အောက်ကနည်းလမ်းများနဲ့ ကာကွယ်ဖို့အကြံပြုချင်ပါတယ်။



သူများလက်ရာကို ခိုးသလိုမဖြစ်အောင်

၁) ကိုယ်ယူချင်တဲ့ website မှာ IP Rights နဲ့ပတ်သက်တဲ့ terms & conditions တွေ ရေးထားသလား ရှာကြည့်ပါ။ တွေ့ရင်ဖတ်ကြည့်ပါ။ တချို့က မယူရဘူး လို့ကို ပါတတ်ပါတယ်။
၂) သူ့ကို ဆက်သွယ်နိုင်တဲ့ နည်းလမ်း ရှာပါ။ အီးမေးလ်ဖြစ်စေ သူ့ပို့စ်အောက်မှာ မှတ်ချက်နဲ့ဖြစ်စေ ခွင့်တောင်းပါ။ ခွင့်ပြုချက်စောင့်ပါ။
၃) သူက ဘာမှဖော်ပြမထားဘူး ဆိုရင် တတ်နိုင်ရင် မယူုပါနဲ့။ ပြဿနာ မဖြစ်လောက်ဘူး ထင်လို့ ယူချင်ရင်လည်း ကိုယ့်ဟာမဟုတ်ကြောင်း သူ့လက်ရာဖြစ်ကြောင်း ဘယ်ကယူလာကြောင်း သူ့ကို credit ပေးပါ။
၎) ဘယ်ကမှန်းမသိ ပိုင်ရှင်မသိပဲ ရလာခဲ့ရင်လည်း ကိုယ့်လက်ရာမဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ၀န်ခံထားပါ။
၅) ဘာသာပြန်ချင် မှီငြမ်းချင်ရင်လည်း အထက်မှာ ပြောခဲ့တဲ့ နည်းလမ်းတွေလိုပဲ လုပ်ပါ။
၆) ဘယ်လိုအခြေအနေဖြစ်ဖြစ် မူလပိုင်ရှင်ကို credit ပေးပါ။


ကိုယ့်လက်ရာကို အခိုးမခံရအောင်

၁) ကိုယ့်လက်ရာမှာ ကိုယ့်နာမည် လက်မှတ် ထိုးထားပါ။ ကိုယ့်ဘလော့ဂ်ဆိုက် လင့်ခ်ကို ဖော်ပြထားလို့လည်း ရပါတယ်။
၂) Creative Commons License ကို တပ်ဆင်ထားလို့ ရပါတယ် (တရားစွဲဖို့အထိတော့ တချို့နိုင်ငံတွေ အတွက်ပဲ applicable ဖြစ်တယ်လို့ ဆိုထားပေမယ့်)။ ဒါမှမဟုတ် သူနဲ့အလားတူ ကိုယ်လိုချင်တဲ့ terms & conditions ကို ကိုယ့်ဘာသာရေးပြီး ဘလော့ဂ် တနေရာမှာ ဖော်ပြထားလို့ ရပါတယ်။
၃) ကိုယ့်ကို ဆက်သွယ်နိုင်တဲ့ လိပ်စာ သို့မဟုတ် နည်းလမ်း (comment option, c box) တခုခု ပေးထားပါ။ အဲဒီလို ဆယ်သွယ်ရေး လမ်းကြောင်း လုံးဝ ပေးမထားချင်တဲ့ ဘလော့ဂ်မျိုးဆိုရင်လည်း ဘယ်လိုအခြေအနေနဲ့ ယူသုံးနိုင်ကြောင်း မသုံးစေချင်ရင်လည်း လုံးဝမသုံးနိုင်ကြောင့် ထင်ထင်ရှားရှား ဖော်ပြပေးထားပါ။ ကိုယ်မရှင်းမရှင်းလုပ်မိလို့ သူများကိုလည်း သူခိုးမဖြစ်ပါစေနဲ့။

ဒီအကြောင်းအရာတွေကို ရှေ့မှာလည်း ရေးဖူးပါတယ်။ ဒီလိုစာမျိုးဟာ ပျင်းစရာ ကောင်းတယ်လို့ ထင်မှတ်တတ်ကြတဲ့အတွက် သတိထားပြီး လာဖတ်ခဲ့ကြသလား မဖတ်ကြသလားတော့ မသေချာပါဘူး။ ကိုယ်တိုင်လည်း ကျွမ်းကျင်သူ မဟုတ်ပါ။ ကြားဖူးသလောက် ပြန်ဝေမျှခြင်းသာ ဖြစ်ပါတယ်။ မေးခွန်းများ မေးလိုပါက ရှေ့ကပို့စ်အားလုံးကို သေသေချာချာဖတ်ပြီးမှ နားမလည်တာကို မေးဖို့ တောင်းပန်ပါတယ်။ အသေးစိတ်များကို ဖြေနိုင်မယ် လို့လည်း အာမ မခံပါ။

ရှေ့ကစာတွေ ပြန်ဖတ်ရန်

မူပိုင်ခွင့်များနှင့် ပတ်သက်၍
(http://pandora-and-pandora.blogspot.com/2008/11/blog-post.html)

မူပိုင်ခွင့်၊ Creative Commons လိုင်စင်နှင့် မြန်မာ ဘလော့ဂ်များ - ရေးသူ။ ပုထုဇဉ်
(http://pandora-and-pandora.blogspot.com/2008/11/creative-commons.html)

ယခုမျှဝေ၊ အနာဂတ်ကို ပုံဖော်လေ - ရေးသူ။ ပုထုဇဉ်
(http://pandora-and-pandora.blogspot.com/2008/11/blog-post_03.html)

Creative Commons လိုင်စင်များ အလုပ်လုပ်ပုံ - ရေးသူ။ ပုထုဇဉ်
(http://pandora-and-pandora.blogspot.com/2008/11/creative-commons_03.html )


ဘယ်လိုဖြစ်ဖြစ်ပါ။ နိုင်ငံဆင်းရဲပေမယ့် အကျင့်စာရိတ္တ အသိပညာ မဆင်းရဲသင့်ဘူး ဆိုတာ နိုင်ငံတကာအင်တာနက်ပေါ်မှာ ရှိနေသူများက နမူနာပြဖို့ မလိုအပ်ပေဘူးလား။


ပန်ဒိုရာ

>>>>>>>>>>>>>>>>><<<<<<<<<<<<<<<<<<<

သိုင်းခရုပါ မပန်ဒိုရာ

ဘယ်သူ့ဆီကမှန်းမမှတ်မိပဲ(သိမထားပဲ) ကိုယ်ကြိုက်တာလေးတွေ ဝေမျှဖို့ပဲ အာရုံစောခဲ့တဲ့ ကိုယ့်ကိုယ်ကိုရော သတိအထပ်ထပ်ပေးမိပီ။ ဒါပေသိ အမှတ်မရှိတာတော့ မဟုတ်ဘူး ခုလိုပဲ ကိုယ်ကြိုက်တာလေးတွေတော့ ကိုယ့်ဘလော့ကိုလာဖတ်တဲ့ မောင်နှမတွေကိုလဲ ဆက်လက်ဝေမျှနေဦးမှာပါ။

စာကြွင်း။။မပန်က မယ်လိုဒီမောင်ကို ရည်ရွယ်ရေးသောပို့စ်မဟုတ်ဘူးနော်(ကြိုပြောထားတာ အဟိဟိ)

No one is perfect but we all in blogosphere should proven that we are rich in knowledge of IP even our country is not yet developed.

ကျမ၏တနင်္ဂနွေ

ကျမ၏တနင်္ဂနွေ

ကျမ၏တနင်္ဂနွေ

အဲဒါမြန်မာတုန်းက တနင်္ဂနွေတွေလေ(ပို့စ်လေးဘာလေး မှတ်မှတ်ရရ တင်ဖြစ်တုန်းကပေါ့)။ အမှတ်ရနေရင်းနဲ့ အိမ်ပြန်ချင်လာပီနော်။
စင်ကာပူရောက် တနင်္ဂနွေများကတော့ လည်တာပတ်တာ၊ ၀ယ်ခြမ်းစရာရှိတာလေးနဲနဲပါးပါးထွက်ဝယ် ဖြစ်တာကလွဲရင် ဘာမှထူးထူးခြားခြားမဖြစ်လှပါဘူး။ ဒီအပတ်တနင်္ဂနွေကျမှ စည်းအပြင်က သူငယ်ချင်းလေး ကိုဖြိုးရဲ့ မင်္ဂလာဆောင်( Congratulations! ကဖြိုးရေ)။ အဲဒီကိုသူငယ်ချင်းတွေစုသွားရင်း မင်္ဂလာဆွမ်းကျွေးမှာ မြန်မာထမင်းဟင်းကို ဘူဖေးကျွေးတော့ ငပိရည်၊ သရက်သီးတို့စရာ၊ အသုတ်စုံ(တို့ဟူးနဲ့ကြာဇံပါတယ်)။ အားပါးတရ တ၀ကြီးစားကြ။ အဲဒါတင်အားမရ ဈေးလိုက်ကြပီး ရှမ်းထမင်းနယ်လုပ်စားကြ။ ပင်နင်စူလာမှာ ၀င်ဝယ်လာတဲ့ ရှမ်းမုန်ညင်းချဉ်တွေ၊ ပဲပုတ်တွေအပြင် ရှောက်သီးသုပ်ငရုတ်သီးစပ်စပ်၊ အာပူလျှာပူ ဟင်းရည်။ အင်း.. ပုဇွန်အစိမ်းသုတ်(ပြန်ချက်) အဟီး သုပ်ပြီးမှ စိမ်းလွန်းလို့ oven ထဲထည့်လိုက်တာ။ တခြားစားစရာတွေကတော့ ဒီဟာတွေလို ဒွတ်ခမပေးလို့ မပြောတော့ဘူး(အရမ်းများရင် အညင်ကတ်မစိုးလို့နော်)။ သူများထက်ကဲပီး ကျမက သဘောင်္သီးဖျော်ရည်လေးလဲအပိုဆောင်းသောက်လိုက်သေး၏။ အဲဒါကတော့ ကျမရဲ့ တနင်္ဂနွေလေ။

အကျိုးဆက်ကတော့ တစ်အုပ်စုလုံးထဲကမှ ကျမအပါအ၀င် သုံးယောက် sweet december အစား flower december အဲလေ ပန်းကမ္ဘာကိုရောက်သွားလို့ တနင်္လာနေ့ MC ယူရသဗျို။ MC ဆိုတာ medicational leave ဆိုလားမသိ။ ဆေးခွင့်ပေါ့နော်။ ရုံးမသွားနိုင်ဘူး။ ဆေးခန်းသွားပြကြရတယ်။ နေတဲ့အိမ်မတူတော့ စစချင်းတော့ ဘ၀တူတွေမှန်းသိဘူး။

ကိုယ်နေတဲ့အိမ်နားပတ်ဝန်းကျင်ကိုလဲ ဆေးခန်းဘယ်နားရှိမှန်း သတိထားမိဘူးလေ။ အိမ်ပေါ်ကဆင်းလာပြီးတော့ ဆေးခန်းပြမယ်ဆိုပြီး clinic ထဲဝင်သွားလိုက်တယ် NETS နဲ့ ပေးလို့ရတယ်ရေးထားလို့လေ။ ဒါပေသိ အစောင့်ကြီးစောင့်နေပြီးမှ အမျိုးသမီးတစ်ယောက်နဲ့ နောက်ထပ် ကိုယ်ဝန်ဆောင်တစ်ယောက်အလှည့်ပြီးတော့မှ အဟိဟိ women's clinic တဲ့။ ပြီးတော့ consultation fee ကလဲ ၁၀၀ တဲ့ဗျ။ ကျမက ၀မ်းလျှောတာလေ။ အဲဒါ ပြမို့ဟုတ်ဘူး။ အဲဒါဆို general clinic ကိုသွား 24hr ဖွင့်တာ ဟိုနားရှိတယ်ညွှန်ပေးလိုက်တယ်။ အမယ်လေးတော်.. ကိုယ်ကျိုးနည်းတော့မလို့။

24hr clinic ရောက်တော့ နေ့လည် 12:15 ထမင်းစားချိန်နားသတဲ့။ နေ့လည် ၂နာရီမှ ပြန်ဖွင့်မတဲ့။ အဲဒါနဲ့မထူးပါဘူး အရှေ့ဆက်လျှောက်တော့လဲ ဆေးခန်းပဲဆိုတော့ ဘာရမလဲ ၀င်သွားလိုက်တယ်။ လူရှင်းတာနဲ့ အတော်ပါပဲလို့ တွေးလိုက်သေး။ english လိုပြောတော့ နားမလည်။ နောက်နှစ်ယောက်ထပ်ထွက်လာ။ english နဲ့ တရုတ်နဲ့ ရောသမမွှေပြောရတယ်။ body check up လုပ်ချင်တာလား၊ message လုပ်ချင်တာလားပဲမေးတယ်။ လက်စသတ်တော့ အကြောအပ်စိုက်မဟုတ်ပေမဲ့ traditional chinese နဲ့ ဆေးမြစ်ဆေးဥတွေနဲ့ ကုသတဲ့။ အဟီး ဆော်တီး ပြောပြီးလစ်ပြေးလာလိုက်ရတယ်။ နောက်ထပ်တွေ့တဲ့ dental clinic တော့ သေချာပေါက်ဝင်မေးတော့ဘူး။ အဲဒါနဲ့ စကားပန်းဆီဖုန်းဆက်။ ဆေးခန်းနေရာမေးတော့ သူတို့လဲ သွားပြမှာ အိမ်လာခဲ့ဆိုလို့ သွားလိုက်တယ်။ ခဏနားပြီး ဆေးခန်းသွားပြကြလေသတည်းပေါ့နော်။

ဆရာဝန်ကမေးတော့ seafood နဲ့ myanmar traditional food တွေအကြောင်းပြောပြကြ။ တစ်အုပ်စု အတူတူဖြစ်တဲ့အကြောင်းပြောကြ။ ဆရာဝန်က စမ်းသပ်ပြီးတော့လဲ ဗိုက်တွေထဲမှာ ဆူညံလွန်းတဲ့အကြောင်းပြန်ပြောပြီး stomach flu, bacteria ၀င်သွားသတဲ့။ MC နှစ်ရက်တောင် ယူခိုင်းပါတယ်။ မသက်သာရင် ဆေးရုံတောင်သွားသင့်ပါသတဲ့။ အိအိ.. ပြီးတော့ ပေးတဲ့ဆေးက အားလုံးအတွက် အတူတူ။ MC form လေးလဲ မမေ့မလျော့တောင်းလာလိုက်ပါတယ်(နောက်နေ့ ရုံးတက်ရင် hr ကို ပြန်တင်ရမယ်လေ)။ ကျမရှင်းလိုက်ရတာကတော့ ၄၀ပါတဲ့(payment receipt လေးလဲ လိုလိုမယ်မယ် တောင်းလာလိုက်သေး ကုမ္ပဏီက ပြန်ပေးမယ်ဆို claim လုပ်လို့ရလိုရငြားလေ)။

အော်.. မေးကွဲတုန်းကလည်း ၇၀ကျော်။ ကြားထဲမှာ ခေါင်းကိုက်ဖျားနာလဲ ရှိသေး။ ခုလဲ diarrhea ဖြစ်သေး။ အမယ်လေး... ဒီပို့စ်မတင်ခင်လေးလဲ allergic ထဖြစ်နေသေး။ ဒီလာမဲ့သောကြာနေ့အတွက် deadline date နဲ့ project ကလဲမီမှမီပါ့မလားမသိ။
တွတ်ပီတို့ ကံမကောင်းပါလား.. အဲလေ..မယ်လိုဒီတို့ ကံနိမ့်နေတယ်ထင်ပ။
စကားပန်းကတော့ ပြောသား..အမနဲ့ စင်ကာပူမတည့်ဘူးထင်ပတဲ့။

အိမ်ပြန်ချင်တယ်..ဟူးးးးးးး အငြိမ်းချမ်းဆုံးအမေ့အိမ်...

Monday, December 1, 2008

သူငယ်ချင်းသို့ပေးစာ...

အလုပ်ရသွားတာကို သိရလို့ အရမ်းကို ၀မ်းသာပါတယ်..
ညီမလည်း လာဖို့ကို ချိန်နေရတယ်..

မမယ်လိုဒီ ကလည်း အကြံပေးထားတာ ရှိနေတော့လေ..

သေသေချာချာကို စဉ်းစားနေရတယ်..

လာတော့လာမှာပါ..မမယ်လိုဒီလည်း ရှိနေတော့ အားရှိပါတယ်.. သတင်းတွေ သေသေချာချာ သိရလို့ ကျေးဇူးလည်း တင်ပါတယ်..

မမယ်လိုဒီရေ..
ကျန်းမာရေးကိုတော့ အထူးဂရုစိုက်နော်..
အားရှိအောင်စား၊ အိပ်ရေး ၀အောင်လည်းအိပ်နော်..
အချိန်ရရင်တော့ စာရေးဦးလေ..

အဆင်ပြေပြေ နေနိုင်ဖို့ ဆုတောင်းပေးနေပါတယ်..


ဇန်န၀ါရီမှာ ကျောင်းအပ်ပြီး လာရင်ကောင်းမလား မသိဘူးနော်..

တရုတ်နှစ်သစ်ကူး အပြီးမှာ အလုပ်တွေ အရမ်းခေါ်တာ နှစ်တိုင်းပဲတဲ့..

ACCA ကျောင်းက ဈေးကြီးပေမယ့် သေချာတယ်နော်..
မိန်းကလေးတွေကို တစ်နှစ်ပဲ နေထိုင်ခွင့် ရတယ်ဆို.. ပြောနေကြတာတွေကတော့ စုံနေရောပဲနော်..
visit နဲ့ လာပြီး အလုပ်ရှာပြန်ရင်လည်း မလွယ်ဘူးတဲ့..
ညီမလည်း ကျောင်းနဲ့ လာရင် ကောင်းမလား.. အစပိုင်းတော့ အချိန်ပိုင်း လုပ်ပြီး နောက်ပိုင်း အလုပ်ရရင် ကျောင်းမတက်ဘူးဆိုပြန်ရင်လည်း ငွေအရမ်းကုန်နေမှာ စိုးတယ်.. မလိုအပ်ပဲ ကုန်နေမှာ စိုးလို့ပါ..

မမယ်လိုဒီ ..စိတ်ညစ်သွားပြီလား...

ကိုယ့် မိသားစုမှာလည်း ကိုယ်ကပဲ လုပ်ရတယ်.. အားမကိုးရလို့ တခါတလေ စိတ်တွေကုန်တယ်. ကိုယ့်မှာ သူငယ်ချင်းကောင်းတွေ၊ မိတ်ဆွေကောင်းတွေ ရှိနေတာကတော့ ကံကောင်းတယ်လို့ ပြောရမယ်... ဒါပဲနော် မမယ်လိုဒီ စိတ်ညစ်သွားရင် တောင်းပန်တယ်နော်..

အဲဒါ သူငယ်ချင်းတစ်ယောက်စီက ပို့လိုက်တဲ့စာလေးပါ။
ကျမ ဒီစင်ကာပူကို စရောက်ကတည်းက ကိုယ်တိုင်သာအလုပ်မရသေးတာ အကူအညီတောင်းလာသူတိုင်းအတွက် လိုချင်သလောက် အကူအညီတွေမပေးနိုင်သည့်တိုင် တတ်နိုင်သလောက်လေးတော့ အသုံးဝင်တဲ့ အချက်အလက်လေးတွေဆို စာပြန်ပေးနေကြပါ။ ဒီတစ်ခါလည်း သူ့ကို စာပြန်ပေးရင်း စင်ကာပူအလုပ်အကိုင်အခွင့်အလမ်းနဲ့ပတ်သက်လို့ စိတ်ဝင်တစားရှိတဲ့ ဘလော့မှာ လာဖတ်တဲ့ သူငယ်ချင်းမောင်နှမတွေအတွက် အောက်ကပြန်စာလေးကို တင်ပေးလိုက်ပါတယ်။

စိတ်ညစ်ပါဘူး သူငယ်ချင်းရေ ပြောချင်တာသာပြောပါ
ဘ၀ဆိုတာ အဲလိုပဲလေ ငှက်တွေပျံရင်းနဲ့သေသလို ကိုယ်တွေလဲကြံနေရတာပဲ

ဒါပေသိ ထလုပ်ဖို့တော့လိုမယ်လေ

လဲကျသွားလဲပြန်ထကြတာပေါ့

ကိုယ်တွေက ကျောင်းအပ်တာ အားမပေးဘူး(ကိုယ်တိုင်လဲမအပ်ြ
ဖစ်တာတောင် ၂ကြိမ်လေ)
အနည်းဆုံး fulltime ၁နှစ် ၂နှစ်တက်ပြီး စာသေချာဖတ်မယ် အလုပ်လုပ်စရာမလိုရင်တော့အားပေး
တယ် ကောင်းတယ် ကျောင်းပြီးတာနဲ့ လခကောင်းကောင်းရမယ် ကိုယ်ကိုယ်တိုင်လဲ ယုံကြည်ချက်အပြည့်ရှိတယ်လေ
အဲလိုမှမဟုတ်ပဲ ကျောင်းအပ်ပြီး စာမဖတ် စာမေးပွဲကျ အချိန်ပိုင်းလေးလုပ် student pass သက်တမ်းရှိသလောက်လေးနေ စုနိုင်သလောက်စု(အနည်းငယ်ပဲပို
မှာ) ပီးတော့ ပြန်ကြ အဲလိုမျိုးကြိုက်ဘူး အဲဒီအစား မြန်မာမှာတင် ဖြေလို့ရသလောက် Part 2 ပီးအောင်ဖြေရင်း လုပ်ငန်းအတွေ့အကြုံနဲ့ပညာယူထား စင်ကာပူအဆင်မပြေလဲ ဘယ်နိုင်ငံသွားသွားရတယ်ဆိုတာမျိုး အဲလိုမျိုးပဲကြိုက်တာ

visit နဲ့ လာပြီး အလုပ်ရှာပြန်ရင်လည်း မလွယ်ဘူးဆိုတာ အရင်ထက်ပိုဆိုးတယ် ဘာလို့ဆို စင်ကာပူ စီးပွားရေးအကြပ်အတည်းကတစ်ကြောင်းအပြင် တကယ်မတတ်ပဲလာရှာလို့ပါ ကိုယ်တကယ်တတ်ရင် သိပ်မခက်ဘူးလေ(တကယ်တတ်လား ကိုယ့်ကိုယ်ကို ပြန်မေးပါ) ဘာသာစကားလဲလိုပါတယ်(ဖြည့်ခဲ့သင့်ပါတယ်)

account မဟုတ်ပဲ admin အလုပ်တွေလဲရှိတယ် english တကယ်ကောင်းမယ်ဆိုရင်လေ
အလုပ်ပေါ၏ အလုပ်လာရှာတဲ့သူတွေကလဲ မြန်မာတင်မကဘူး phillipines, vietnam, indonesia & thai တွေမှအများကြီး။ အဲဒီမှာ မြန်မာတွေရဲ့ english က phillipines & indonesia တွေကို လုံးဝမယှဉ်နိုင်တာပါပဲတဲ့။ ကဲ..မြန်မာက သူငယ်ချင်းတွေ english လို ပြိုင်ဆဲနိုင်တဲ့အထိ မဖြည့်ချင်ဘူးလားလေ(တို့ဗိုလ်ချုပ်ပြောခဲ့တဲ့ စကားလေးအမှတ်ရမိလို့ပါ)။ ဆုံးဖြတ်တာကတော့ ကိုယ့်ဘ၀ကိုယ်သာဖန်တီးသူမို့ ကိုယ်ဘာသာပဲ အခြေအနေအရပ်ရပ်သုံးသပ်ပြီး ဆုံးဖြတ်ပါလို့ပဲ ပြောပါရစေ။ လိုအပ်တဲ့အကြံဥာဏ်တွေအတွက်ကတော့ အကောင်းဆုံးမဟုတ်တောင် အတတ်နိုင်ဆုံးပေးဖို့ အဆင်သင့်ပါနော်
အစစ အရာရာ အဆင်ပြေပါစေလေ...

စာကြွင်း။ ။ ဒီရက်ပိုင်းအတွင်း လေးလလောက်အလုပ်လုပ်နေနှင့်ပီးတဲ့ သူငယ်ချင်းတစ်ယောက် ကုမ္ပဏီက ဆက်မရပ်တည်နိုင်ပဲ သူလဲအလုပ်လက်မဲ့ဖြစ်ပြီး နှစ်ပတ်အတွင်း အလုပ်ရှာတာမရလို့ ပြန်သွားရတယ်။ နောက်တစ်ယောက်ကတော့ ကိုယ့်ထက် အရင် စောပြီးအလုပ်ရပေမဲ့ ရေရာတဲ့ အကြောင်းပြချက်မရှိပဲ probation သုံးလပြည့်တာနဲ့ အလုပ်ဆက်မခန့်တော့ပဲ ညှာတာစွာပေးလိုက်တဲ့ spass တစ်လပေါ်မှာအားကိုးပြီး အလုပ်ရအောင် ရှာနိုင်ဖို့ ကြိုးစားနေတယ်။ အော်.. ကိုယ့်အလှည့်လဲ ဘယ်တော့ပါလိမ့်နော်...

လိုသလိုသုံးသက်ဝေ....

http://nineninesanay.blogspot.com/2007/02/blog-post_21.html
http://melodymaungmm.myanmarbloggers.org/2008/11/blog-post_30.html

အဲဒီပို့စ်အတွက်နဲ့ပတ်သက်ပြီး...
မနိုင်းနိုင်းရေ.. ရှင်းပေးပါအုန်း။ မနိုင်းနိုင်းရဲ့ စာဖတ်ပရိသတ်အနေနဲ့ ဘယ်သူက ဘယ်သူ့ရဲ့စာကို ကော်ပီကူးတယ်ဆိုတာလေး ကို
http://melodymaungmm.myanmarbloggers.org/
ကျနော်က တော့ မနိုင်းနိုင်းကိုဘဲ မေးပါရစေ။ မနိုင်းနိုင်းကို ယုံကြည်လို့ ဆိုပါတော့ဆိုပြီး နာမည်မဖေါ်ပဲ ကွန့်မန့်ရေးတဲ့သူကရေး
reader ဆိုပြီး ...သူခိုးလက်က သူဝှက်လု လို့ ပြောသူကပြော
blog reader ကလဲ ..ဖတ်လို့ ကောင်းတဲ့မြန်မာလိုရေးထားတဲ့စာလေးတွေ ကဗျာလေးတွေဆို တစ်ယောက်နဲ့ တစ်ယောက် Forword Email နဲ့  လက်ဆင့်ကမ်းကြတယ်။ အဲလို လက်ဆင့်ကမ်းတဲ့ စာတွေ အများစုမှာ ဘယ်သူ့ စီကဆိုတာ မပါတတ်ဘူး။

ဒါပေမယ့် Forword Email က တာတွေကို ကြိုက်နှစ်သက်လို့  ကိုယ်ပိုင် Blog ပေါ်တင်မယ် ဆိုရင်တော့ ရေးတဲ့သူ မူရင်းရေးသူ၊ ဘာသာပြန်သူ နာမည်မသိတောင်၊ လိုက်မရှာနိုင်တောင်မှ EMAIL က တစ်ဆင့်ရခဲ့ပါတယ် ဆိုတာလေး ကိုယ့်ရဲ့ ပိုစ့်အောင်ဆုံးမှာ ဖြစ်ဖြစ် အနည်းဆုံး ထည့်ရေးသင့်ပါတယ်။

ဒါဆို သူကိုယ်တိုင်ရေးတာ မဟုတ်ဘူး.. တခြားတစ်ယောက်ရေးတာကို သူကြိုက်လို့  ပြန်မျှတယ်ဆိုတာလေး စာဖတ်တဲ့သူတွေ သိလိုက်ရတာပေါ့။ အပန်းကြီးတဲ့ ကိစ္စတစ်ခုမှ မဟုတ်တာ။

ဒီလိုလုပ်ခြင်းဟာ Blog လာဖတ်တဲ့သူတွေကိုလည်း လေးစားရာ ရောက်ပါတယ်။

Blog ရေးသူတွေ သတိထားသင့်တဲ့ အချက်တစ်ခုပါ။ ...ဆိုပြီး အကြံပေးတဲ့သူကပေး

အော် ..ခက်နေပါပီ နိုင်းနိုင်းရေ
ဒီလိုပဲပြန်ပြောခွင့်ပေးပါနော်..

ဟုတ်ကဲ့ ရေးတဲ့ရက်စွဲကို ကြည့်ရင် သိသာပါတယ်
နိုင်းနိုင်း အရင်ရေးခဲ့တာပဲလေ
ဒါပေသိ အဲဒီရေးတုန်းက ကျမမဖတ်ခဲ့မိဘူး
ဖတ်ခဲ့ဘူးတဲ့ဟာဆိုရင် ကျမ အမြဲ credits go to ဆိုပြီး လုပ်လေ့ရှိပါတယ်
ဒီတစ်ခါက မေးလ်ကလဲရတာမဟုတ်တော့ နာမည်လဲမတွေ့မိလိုက်ပါဘူး
ဒီလိုအဆိုအမိန့်တွေက ကျမတို့လို အင်တာနက်ကြွက်တွေအတွက် စာတစ်ခုချင်းလိုက်စုနေမိတာမျိုးမဟုတ်ပဲ တွေ့မိတဲ့ နေရာကနေ ဒေါင်းလုပ်ချပြီး ကိုယ်တွေးမိတာလေး ပြန်ရှဲရုံသက်သက်ပါပဲ။ အဲဒီအတွက်လို့ ကျမတို့ ခင်မင်ရင်းနှီးကြတဲ့ ဘလော့ဂါအချင်းချင်းကြားထဲမှာ ဘာမှ ခံရခက်တဲ့ခံစားမှုမျိုးတွေမပေါ်ဖူးပါဘူး။ (ကိုယ်တိုင်ခံစားရေးဖွဲ့ထားတဲ့ ကဗျာလို့ ဘာသာပြန်လိုမျိုးကလွဲရင်ပေါ့လေ) ဒါနဲ့ စကားမစပ် စာဖတ်သူတွေက အဲလို သူခိုးလက်က သူဝှက်လုတွေထိ ပြောရလောက်အောင် ဘာတွေဘယ်လောက်ထိ နစ်နာထိခိုက်စေတယ်လို့ စဉ်းစားမိလို့လဲဆိုတာ စိတ်ဝင်စားပါ၏။ အမှန်မှာက ကောင်းတဲ့စာပေလေးတွေ ကိုယ့်နား အသိုင်းအ၀ိုင်းလက်လှမ်းမီသလောက် ဖတ်ဖူးဖို့ ဖတ်မိဖို့ ရည်ရွယ်ချက်လေးကို နဲနဲလောက်ခံစားပြီး အမြင်ကျယ်ကျယ် နားလည်ပေးနိုင်ကြမယ်ဆိုရင် အားလုံးငြိမ်းချမ်းပျော်ရွှင် အပန်းပြေနိုင်ကြမယ်လို့ မျှော်လင့်ရင်း ဒီစာလေး ရေးဖို့ တွန်းအားပေးတာတွက် ကျေးဇူးတင်ပါတယ်။

ပို့စ်တူနေတာအတွက် ဖြေရှင်းတာမဟုတ်ပေသိ အမြင်ရှင်းအောင် ရီပလိုင်းလေးပြန်ရေးထားပါတယ်။ ကျမအံ့သြတာက ဒီဆီဗုံးမှာလာပြီးမကျေမနပ်အော်ထားတဲ့သူတွေက အရင်ကကျမဆီမှာ တခါမှလာဖတ်ဖူးပုံမရတဲ့ ပရိတ်သတ်တွေများလားမသိဘူးနော် ဘာဖြစ်လို့တုန်းဆိုတော့ ကျမရဲ့ credit goes to ပေးလေ့ရှိတဲ့ အလေ့အထအမူအကျင့်လေးကို မသိသလို ဒီလို တခါတရံ ဖြစ်သွားတတ်တာလေးပေါ်မှာ အမြင်ကျယ်စွာ ခင်မင်စွာ ဖြည့်စွက်တွေးပေးနိုင်တဲ့ မေတ္တာဆိုတဲ့ စိတ်လေးလုံးဝမရှိတာ မထားနိုင်တာကိုပဲခံစားမိရင်း စိတ်မကောင်းဘူးလို့ပဲ ပြန်ပြောခွင့်ပြုပါ
ပြီးတော့ နိုင်းနိုင်းဆိုတာ ကျမ မြန်မာဘလော့ကို အင်တိုက်အားတိုက်ရေးဖြစ်အောင် ကွန့်မန့်တွေပေးပြီး ပြုစုပျိုးထောင်ပေးခဲ့ဖူးတဲ့ သူတစ်ယောက်ပါဆိုရင် ..... နိုင်းနိုင်းက သူပျိုးခဲ့တဲ့ပန်းအပေါ်မှာ သူထားတဲ့မေတ္တာက သွေးခွဲလို့မကွဲဘူးလို့ပဲ ထပ်ပြောပါရစေ
အားလုံး ကျေနပ်ပျော်ရွှင်ပါစေ :)

မှတ်ချက်။ ။ ကျမကတော့ ကျမရဲ့ ဘလော့မှာရှိတဲ့ ရေးထားတဲ့ မည်သည့်အကြောင်းအရာမဆို စီးပွားရေးအမြတ်ထုတ်တဲ့ရည်ရွယ်ချက်မျိုးမဟုတ်ခဲ့ရင် လိုသလိုသုံးသက်ဝေလို့ပဲ အသိပေးထားပါရစေနော်။ ဒါပေသိ တစ်စုံတစ်ရာ အကြံပေးတာ၊ တိုင်တာမျိုးလုပ်ချင်ရင်တော့ ကျမကိုပဲ အရင်ဆုံးမေးလ်လေးပို့ပေးခြင်းအားဖြင့် ဘလော့ရေးသူ၊ ဘလော့ဖတ်သူ နဲ့ ဘလော့တွေကို ကိုးကားသူများအားလုံး ပျော်ရွှင်ငြိမ်းချမ်းပါစေလေ။