Sunday, November 30, 2008

သူတို့ပြောတဲ့ အချစ်နဲ့ ကိုယ်ပြောချင်တဲ့အချစ်

သူတို့ပြောတဲ့ အချစ်


(၁) လူရယ်လို့ဖြစ်လာရင် ပျော်ရွှင်ရမယ်။ ကိုယ့်အတွက် ပျော်ရွှင်သလို သူ့အတွက်လဲ ပျော်ရမယ်။ ပျော်ရွှင်တဲ့လူဟာ အလှပဆုံးဖြစ်တယ်။ ဆွဲဆောင်မူ အ
ရှိဆုံးဖြစ်တယ်။ ယောက်ျားလေးတွေ အသက်ရှင်တာ မေ့လျော့ခြင်းကို လက်ကိုင်ထားလို့။ မိန်းကလေးတွေ အသက်ရှင်တာ မှတ်သားခြင်းကို လက်ကိုင်
ထားလို့။ ......................Socrates

(၂) လင်မယားဆိုတာ ကပ်ကြေးတစ်လက်နဲ့တူတယ်။ ထက်မြက်တဲ့ အသွားနှစ်ခုဟာ ဘယ်တော့မှ မခွဲဘူး။ ဆန့်ကျင်ဖက် ဖြစ်နေပါစေ ကြားဝင်လာတဲ့
ပစ္စည်းကိုတော့ အသွားနှစ်ဖက်ပေါင်းပြီး ညှပ်ပစ်လိုက်နိုင်တယ်။ ..S.Smith

(၃) လူငယ်တွေရဲ့ အိပ်မက်ဟာ အချစ်၊ ငွေကြေးနဲ့ ကျန်းမာရေးတဲ့။ ဒါပေမဲ့တချိန်ချိန်မှာတော့ ကျန်းမာရေး၊ ငွေကြေးနဲ့ အချစ်လို့ ပြောင်းလဲသွားတာကို
သူတို့ သတိပြုမိကြလိမ့်မယ်။....

(၄) မိန်းကလေးတွေဟာ စကားပြောတဲ့ အချိန်မှာ သူတို့ကို လျစ်လျူရှူထားတဲ့ ယောက်ျားတွေနဲ့ပြောရင် အသံကျယ်ကျယ်နဲ့ ပြောတယ်။ သူတို့ကို ပျော်
အောင် စိတ်လှုပ်ရှားအောင်လုပ်တဲ့ ယောက်ျားတွေနဲ့ ဆိုရင် အသံတိုးတိုးနဲ့ပြောတယ်။ သူတို့တကယ်ချစ်တဲ့ ယောက်ျားလေးနဲ့ကျတော့ အသံတိတ်နေ
တတ်တယ်။..........George Eliot

(၅) ယောက်ျားလေးတွေအတွက် လက်ထပ်ခြင်းဆိုတာ သူတို့ရဲ့ လွတ်လပ်မူနဲ့ လောင်းကစားလုပ်တာပဲ။ မိန်းကလေးတွေကတော့ သူတို့ရဲ့ ပျော်ရွှင်ခြင်းနဲ့
လောင်းကစားလုပ်တာပဲ။..W. Somerset Maugham

အင်္ဂလိပ်စာရေးဆရာW. Somerset Maugham နဲ့ အချို့စာရေးဆရာရဲ့ စာအချို့ကို ဒီထဲမှာ ကြည့်နိုင်ပါသေးတယ်။

(၆) အချစ်ဆိုတာ မီးတအိမ်နဲ့ တူတယ်။ အတွင်းစိတ်မှာရှိတဲ့ ဆီနဲ့ ထွန်းညှိမှသာ မီးရဲ့ အလင်းရောင်ဟာ မမှိန်နိုင်ဘူး။ မညိမ်းနိုင်ဘူး။
Henry H. Hansa

(၇) ယောက်ျားလေးတွေ စီးကရက်တလိပ် သောက်ပြီး စိတ်ဖြေတာဟာ မိန်းကလေးတွေ တခါလောက် အားရပါးရ ငိုလိုက်တာနဲ့ ညီမျှတယ်။
Edwards.Mbowe Reighton

(၈) မိန်းကလေးတွေရဲ့ နုပျိုတဲ့ လျှို့ဝှက်ချက်ကို ကျွန်တော်သိလိုက်ပြီ။ အဲဒါကတော့ အသက်လိမ်ခြင်းပဲ။......Shakes peare

(၉) အချစ်ကို မျက်စိနဲ့ မခံစားဘူး။ အချစ်ကို နှလုံးသားနဲ့ ခံစားတာ။....Shannon Fafe

(၁၀) မိန်းကလေးတိုင်း ရွေးချယ်မူတခုကို ရင်ဆိုင်ရမှာပဲ။ လူချစ်လူခင်ပေါတဲ့ ယောက်ျားလေးကိုလက်ထပ်ရင် စိတ်မချဘူး။ လူချစ်လူခင်နည်းတဲ့ယောက်ျား
လေး ကျပြန်တော့ စိတ်မပါဘူး။....................Mark Twain

(၁၁) အချစ်ဆိုတာ ချောက်ကမ်းပါးဘေးမှာ ပေါက်နေတဲ့ ပန်းတပွင့်နဲ့တူတယ်။ အဲဒီပန်းကို ခူးဖို့ရာ သတ္တိတွေရှိရမယ်။..........Shakes peare

(၁၂) အချစ်ဟာ ဘ၀ကို လောင်မြိုက်စေတယ်။ အချစ်ဟာ ရှင်သန်ခြင်းကို စိုပြေစေတယ်။....Johann W. Goethe

(၁၃) လူတွေရဲ့ အချစ်ကို မခံရတာ ကြီးမားတဲ့ ဝေဒနာဆိုးတရပ် ခံရတာနဲ့တူတယ်။ လူတွေကို မချစ်နိုင်တဲ့သူဟာ ရှင်လျှက်နဲ့ သေနေတာနဲ့ တူတယ်။
Gelinbeier

(၁၄) အချစ်ကို နားမလည်ခင်မှာ မိန်းကလေးဟာ မိန်းကလေး မဟုတ်သလို ယောက်ျားလေးဟာလဲ ယောက်ျားလေးမဟုတ်ဘူး။.........Histo ry Myers

(၁၅) ချစ်ခြင်း မေတ္တာဆိုတာ လူ့ဘ၀မှာ ပျံ့နှံ့နေတယ်။ ချစ်ခြင်းမေတ္တာမရှိရင် ဘာသာ၊ သမိုင်း၊ စိတ်ကူးယဉ်မူနဲ့ အနုပညာဆိုတာလဲ ရှိမှာမဟုတ်ဘူး။
Honore de Balzac

(၁၆) ငွေကြေးကြောင့် လက်ထပ်တဲ့လူလောက် ယုတ်မာတာ မရှိဘူး။ အချစ်တခုတည်းအတွက်နဲ့ လက်ထပ်တဲ့လူလောက် မိုက်မဲတာ မရှိဘူး။
Johnson

(၁၇) သာယာတဲ့ အိမ်ထောင်ရေးဆိုတာ နှစ်ဦးနှစ်ဖက်မှာ တူညီတဲ့ခံစားမူတွေ ရှိရမယ်။ တယောက်လွတ်လပ်မူကို တယောက်က ၀င်မစွက်ဖက်ရဘူး။ပေါင်း
ဖက်ရခြင်းကို တန်ဖိုးထားရမယ်။ ချစ်ခင်မူကို ထိန်းသိမ်းရမယ်။ ဒီအချက်တွေ ကို လက်ကိုင်ထားရင် လက်ထပ်ခြင်းဆိုတာ ယောက်ျားလေးနဲ့ မိန်းကလေး
အတွက် အလှဆုံးနဲ့ အရေးပါဆုံးဖြစ်မယ်ဆိုတာ ကျွန်တော် ယုံကြည်တယ်။
Bertrand Russell

(၁၈) အချစ်ကို ပိုင်ဆိုင်ဖူးသလို အချစ်ကို ဆုံးရှုံးဖူးတာက တခါမှ မချစ်ဖူးတာ ထက်စာရင် ကောင်းသေးတယ်။ ...Alfred Tennyson


(၁၉) အိမ်ဆိုတာ လူတွေရဲ့ အဆိုးအပြစ်နဲ့ ကျဆုံးခြင်းတွေ သိုဝှက်ထားတဲ့ တခုတည်းသော နေရာဖြစ်သလို ချစ်ခြင်းမေတ္တာနဲ့ ချိုမြိန်မူတွေကို သိုလှောင်
ထားတဲ့ နေရာလည်းဖြစ်တယ်။ Bernard Shaw

(၂၀) လူ....လူ...လူ...လူဆိုတာ ရယ်မောခြင်းနဲ့ မျက်ရည်ကြားက ချိန်သီးတစ်လုံးဖြစ်တယ်။ Lord Byron

အချစ်.....အချစ်.....အချစ် ရဲ့ ရင်ခုန်သံဟာ အကောင်းဆုံး အိပ်ရာဝင်တေးတစ်ပုဒ်ဖြစ်တယ်။
နိုင်းနိုင်းစနေ

မစ်သွန်းသွန်းကတော့ အချစ်ဆိုသည်မှာ ဘာမီတွန်တဲ့။
ကျမသိတဲ့ အချစ်ဆိုတာက တော့ ရေပွက်ပမာ
ဘယ်တစ်ယောက်မှ ကြာကြာချစ်ကြည့်လို့ရဘူးလေနော်(အဲ..ဆက်ပြောရင် ပေါ်ကုန်တော့မယ် ပြေးမှ ပြေးမှ ) :P

စာကြွင်း။ ။ဒီပို့စ်တင်ပြီးမှ ထောက်ပြတာတွေ ဖတ်ပြီးမှ အပေါ်က အချက်(၂၀)လုံးနဲ့ ပို့စ်ပိုင်ရှင်က နိုင်းနိုင်းမှန်းသိရလို့ credits goes to this post လို့ဖြည့်စွက်ပြောခွင့်ပြုပါ
ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ပါတယ်နော်

Friday, November 28, 2008

တကိုယ်ရေအင်တာနက်စာမျက်နှာ များ ပြပွဲ ပြိုင်ပွဲ

၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့ Myanmar Info-teach အဆောက်အဦးတွင် ပြုလုပ်မည့် တကိုယ်ရေအင်တာနက်စာမျက်နှာ များ ပြပွဲ ပြိုင်ပွဲ

ကျွန်တော်တို့မှ လာမည့် လအတွင်းအောက်ပါရည်ရွယ်ချက်များဖြင့် အင်တာနက်အသုံးပြုသူ လူငယ်များ အနေဖြင့် web နည်းပညာနှင့် ဆက်သွယ်ရေး အချက်အလက်ဆိုင်ရာ များကိုပိုမိုပြန့်ပွားစေရန် အတွက် ယခု ပြပွဲပြိုင်ပွဲကိုကျင်းပမည်ဖြစ်ပါသည်။

၁- အင်တာနက်ပေါ်တွင် တဦးနှင့်တဦး မည်သူမည်ဝါဖြစ်ကြောင်းအလွယ်တကူပြသနိုင်ရန်
၂- ပြည်တွင်းပြည်ပမှ မိတ်ဆွေသူငယ်ချင်း သစ်များတိုးပွားလာပြီး ပညာရေး၊
လူမှုရေး ကဏ္ဍ များတွင် ပိုမို အကျိုးရှိစွာဆောင်ရွက်နိုင်စေရန်
၃- web ပိုင်းဆိုင်ရာ တိုးတက်ဖြစ်ပေါ်နေသော အချက်အလက်နည်းပညာများ
ကိုအမြဲတစေ ထိတွေ့နေစေရန်
၎- တဦးတယောက်ခြင်းမှ စကာ အင်တာနက်အသုံးပြုပြီး ၀င်ငွေတဖက်တလမ်းမှရရှိစေရန်
၅- နည်းပညာအခြေခံ၍ အခြားစီးပွားရေး ကဏ္ဍ များအတွက် အခွင့်အလမ်းများကို သိသာလာစေရန်

အဆိုပါရည်ရွယ်ချက်များကို အခြေခံ၍ တကိုယ်ရေ အင်တာနက်စာမျက်နှာများကို ယှဉ်ပြိုင်ပြသရန် စီစဉ် ထားပြီး လာရောက်ကြည့်ရှုသည့် ပရိတ်သတ်များမှ
ရွေးချယ်ပေးသည့် အမှတ်အများဆုံး စာမျက်နှာပိုင်ရှင်အား ဆုချီးမြှင့် ရန် စီစဉ်ထားရှိပါသည်။

ဆုချီးမြှင့်မည့် အစီအစဉ်
အကောင်းဆုံးဆုကို တခုသာသတ်မှတ် ရွေးချယ်သွားမည်ဖြစ်ကာ ဆုကြေးအဖြစ် ကျပ်ငွေ ၁ သိန်းနှင့် အခြားလက်ဆောင်များ ကိုပေးအပ်သွားမည်ဖြစ်ပါသည်။


Your success is our consern

Thursday, November 27, 2008

Networking နဲ့Programming....ဘယ်ဟာပိုလွယ်သလဲ????

Networking နဲ့Programming....ဘယ်ဟာပိုလွယ်သလဲ????

အဲဒီမေးခွန်းနဲ့ပတ်သက်ပြီး ကျမအမြင်လေးရေးခဲ့ဖူးတာ ဒီအတိုင်းပါ။

programming လဲလုပ်တယ် hardware & networking လဲလုပ်တတ်တယ်
service center အနေနဲ့ မိုးကုတ် KMD မှာ ၁နှစ်ခွဲလောက် စာသင်ရင်း တာဝန်ယူဖူးတယ်
အဆင်ပြေသလောက်ကိုယ်လုပ် မပြေတာ မန်းလေးထိပို့ အဲဂလိုနဲ့ ရန်ကုန်ကို လာတော့ hardware & networking အတွက် အလုပ်မရဘူးဗျ
Yangon KMD က နာ့ကို sales မှာပဲအလုပ်ခန့်ချင်တယ်တဲ့ ကဲ
မိုးကုတ်မှာ စာမသင်ခင်ကတည်းက C/C++ နဲ့ program တွေရေးခဲ့ဖူးတယ်
ရန်ကုန်မှာ programming ဘက်ပြန်လိုက်ပြီး အထူးသဖြင့် web development လုပ်တယ် ပိုအဆင်ပြေတယ်
ဝါသနာပါလို့ ရန်ကုန်က ရုံးအလုပ်တစ်ခုမှာလဲ sales & marketing တာဝန်ယူရင်း ရုံးရဲ့ hardware & networking တွဲကိုင်ပေးတယ် အဆင်ပြေပါတယ် (အလကားတွဲလုပ်ပေးတာကိုး)
အဲဂလိုနဲ့ စင်ကာပူမှာ လာအလုပ်လုပ်ဖို့ကျ သေချာ လမ်းကြောင်းရွေးတော့ ဖြစ်နိုင်ချေရှိတာရယ် ပိုဝါသနာပါတယ် ထင်ရတာရယ်ကြောင့် programming အနေနဲ့ web developer လုပ်ဖို့ပဲ ဆုံးဖြတ်ပြီးလာခဲ့ရင်း ခုတော့လဲ web developer အနေနဲ့ပဲ programming ဘက်လုံးဝရောက်နေပြန်ပါတယ်။ ၀ါသနာအရကတော့ နှစ်ခုစလုံးစိတ်ဝင်စားလို့ရှိရင် လွယ်တယ်လို့ပြောလို့ရပေသိ specialization အနေနဲ့ဖြစ်ဖြစ် ကိုယ့်အတွက် professional ဖြစ်ဖြစ်ကတော့ နှစ်ခုစလုံးလုပ်ကြည့်ရင်း အားသန်တဲ့ဟာ ပိုလွယ်တဲ့ဟာက လူတိုင်းအတွက်မတူသလိုပါပဲလေ။ သူ့ပညာနဲ့သူ တဘက်ကမ်းခတ်တတ်အောင်ပဲလုပ်ဖို့ခက်ပါတယ်။ အမှန်မှာက ကျွမ်းကျင်ရာလိမ်မာပဲထင်တယ်။ အင်း..တော့ပစ်ချော်သွားပီလားမသိဘူး။ ပြန်ပြီးနိဂုံးချုပ်ရင် အတွေ့အကြုံအရတော့ hardware & networking က တကယ်ပဲ straight forward ဖြစ်ခဲ့တယ်။ သိပ်ပြီး challenging မဖြစ်ခဲ့ပါဘူး။ (ကိုယ်က မိန်းကလေးမို့ အလုပ်ရှာရခက်တာကလွဲရင်လေ) programming ပိုင်းကတော့ တချိန်လုံး challenging ဖြစ်နေရုံမက လိုက်လုပ်လို့ကို မပီးနိုင်မစီးနိုင်ပဲလေ ခုလဲ web analytic tools တခုဖြစ်တဲ့ omniture သုံးပြီး tagging တွေလုပ်နေရတာမို့ ကိုယ်ရွေးတဲ့လမ်း ကိုယ်ဆက်လျှောက်ရုံပဲဗျိုးးးးးး :P

စာကြွင်း။ ။ ကျမပြောတဲ့ challenging ကိုရှာမတွေ့ဘူးဆိုတဲ့သူတွေကို ပြန်ပြောချင်တာကတော့ dot net မှာ ဆိုရင် 2.0 လုပ်တုန်း 3.0, 3.5 လိုက်လုပ်ဦးဟဲ့ ပြီးတော့ sharepoint server လိုမျိုး silver light တို့ wpf တို့လိုမျိုးလုပ်ရဦးမတဲ့တို့ flash မှာဆိုလဲ action script 2 ကနေ 3 ဖြစ်ပြန်ပြီ
အဲဒီလိုနဲ့ပဲ challenging ဖြစ်နေတယ်ပြောတာပါ။ cosmetics တွေ တမျိုးပြီးတမျိုးအသစ်ပေါ်တိုင်း မိန်းကလေးတွေက ပိုက်ဆံကုန်မှာလောက်တော့ don't care, သာတောင်ပျော်သေး ဆိုတဲ့သဘောထားမျိုးကို programmer တွေလဲ new updated version နဲ့ new technology တွေပေါ်တိုင်း challenging ကို အရသာတွေ့နိုင်တာမျိုးကိုပြောတာပါလေ။

(လွတ်လပ်စွာ သဘောကွဲလွဲကြတိုင်း အငြင်းအခုန်ပြင်းထန်လို့ ရန်ဖြစ်ပြီး ပွဲသိမ်းတာမျိုးမဟုတ်ခဲ့ပဲ မြန်မာအိုင်တီပရိုမှာ အပြုသဘောဆောင်တဲ့ ကိုယ့်အတွေးကိုယ့်အမြင်လေးတွေကို အေးဆေးစွာတင်ပြ ဆွေးနွေးထားတဲ့အခါမျိုးတွေများကျတော့လဲ ငြိမ်းချမ်းစွာဖလှယ်ခွင့်ရဲ့ အရသာကို ထင်ထင်ရှားရှားခံစားခဲ့ရတယ်)

ရယ်ရတယ်..

နားထောင်ဖူးပီးသားလဲဖြစ်ချင်ဖြစ်မယ်
အဲဒီလိုလဲ ငယ်ငယ်ကတွေးဖူးတယ်
ဘာပဲဖြစ်ဖြစ် အဲဒါလေးနားထောင်မိတာ သဘောကျလွန်းလို့ ရယ်ရလို့ တင်ပေးလိုက်တယ်
နားထောင်ကြည့်လေ


လူအချင်းချင်းလည်း လှည့်ပတ်ချင်း လုံးဝမကင်းရှင်းသည့်တိုင်...

2008/11/7 joe (ဂျိုး) <joexxxx@gmail.com>:

အ ခု ရက် ပိုင်း ကျွန် တော့် မေမေ ရောက် နေ လို့ မ အား မ လပ် ဖြစ် နေ ပါ တယ်။ မေမေ နဲ့ မ တွေ့ ရ တာ ကြာ နေ ပြီ မို့ သား အ မိ နှစ် ယောက် ရှေး ဟောင်း နှောင်း ဖြစ် လေး တွေ ပြော မ ကုန် နိုင် အောင် ပါ ဘဲ။ ဒါ ကြောင့် ပို့စ် အ သစ် လေး တွေ ကို ကောင်း ကောင်း မ ရေး နိုင် ခဲ့ ပါ ဘူး။ ဒီ လို နဲ့ ဒီ ည မှာ တော့ မေမေ နဲ့စ ကား ပြော ရင်း မေမေ  ဆီ က စိတ် မကောင်း စ ရာ သ တင်း လေး တ ခု ကြား လို့ စိတ် မကောင်း စွာ နဲ့ ဘဲ ဒီ သ တင်း ကို ဖြန့် ဝေ ပေး ဖို့ ဆုံး ဖြတ် လိုက် ပါ တယ်။
စာ ဖတ် သူ တို့ အ နေ နဲ့ လည်း ဒီ သ တင်း လေး ကို ဖတ် ပြီး ဖြန့် ဝေ ပေး ပါ လို့ မေ တ္တာ ရပ် ခံ ပါ တယ်။ အ ဖြစ် က ဒီ လို ပါ ခင် ဗျ.................
ရခိုင် ပြည်နယ်  ကျောက် ဖြူ မြို့ နယ်၊ အ လယ် ဒွိန် အုပ် စု၊ အ လယ် ဒွိန် ရွာနေ  (ဦး အောင် ကျန် ဖြူ + ဒေါ် မ ချွန်း) တို့ မှာ သားသ္မီး ၉ ယောက် ရှိတယ် ခင် ဗျ။
သူ တို့ တွေ က တော့
       (၁) အောင်ဖေသန်း
       (၂) ထွန်းတင်
       (၃) သန်းသန်းမြင့်
       (၄) ထွန်းကြိုင်
       (၅) မောင်သန်းဝင်း
       (၆) သန်းကြည်
       (၇) လှမောင်သန်း
       (၈) လှလှသန်း
       (၉) မောင်လှသန်း   တို့ ဖြစ် ကြ  ပါ တယ်။
အဲဒီ ထဲ မှာ နံ ပါတ် (၄) သား (ထွန်း ကြိုင်) ဟာ က နေ ဒါ(canada) ကို ရောက် နေ  ပါ တယ်။ သူ ဟာ သူ တို့ မိသား စု နဲ့ အ ဆက် အ သွယ် ပြတ် နေ တာ တော် တော် လေး ကို ကြာ နေ ပါ ပြီ။ နှစ် တွေ နဲ့ ရေ တွက် ရင် တောင် မ မှတ် မိ နိုင် လောက် အောင် ပါ  ဘဲ လို့ နံ ပါတ် (၇) သား ဖြစ် တဲ့ လှ မောင် သန်း က ပြော ပါ တယ်။ ဒါ ပေ မယ့် သူတို့ ထဲ မှာ တော့ အောင် ဖေ သန်း ဆို တဲ့ အ ကို အ ကြီး ဆုံး က တော့ သူ့ ညီ ထွန်း ကြိုင် နဲ့ အ ဆက် အ သွယ် ရှိ နေ တာ ထွန်း ကြိုင် ကနေဒါ  ကို ထွက် သွား တုန်း က တည်း က ပါ ခင် ဗျ။ ကို ထွန်း ကြိုင် ဟာ သူ့ မိ ဘ တွေ ဆီ ကို ငွေ မ ကြာ မကြာ လွှဲ တယ် လို့ လှမောင်သန်း က ပြော ပါ တယ်။ ဒါ ပေ မယ့် အဲဒီ ငွေ တွေ ဟာ အောင် ဖေ သန်းလက် ထဲ ကို ဒါ ရိုက်  ရောက် တယ် လို့ ကြား သိ ရပါ တယ်။ အောင် ဖေ သန်း ဟာ ရလာ တဲ့ ငွေ တွေ ကို မိဘ တွေ ကို မ ပေး ဘဲ သူ့ တစ် ကိုယ် တည်း အ တွက် သုံး တယ်လို့ လဲ သိ ရ  ပါ တယ်။ လှ မောင် သန်း ဟာ ထွန်း ကြိုင် နဲ့ ဆက် သွယ် ဖို့ အ တွက်  အောင် ဖေ သန်း ဆီက ထွန်း ကြိုင် ရဲ့ ကနေဒါ က ဖုန်း နံ ပါတ် ကို တောင်းပါ တယ်။ အောင် ဖေ သန်း ဟာ ယုတ် မာ စွာ နဲ့ သူ သိ တာ တွေ ကို တ ခု မှ ပြော ပြ ခြင်း မ ရှိ ပါ ဘူး ခင် ဗျ။ အ ခု ဆို ရင် ထွန်း ကြိုင် ရဲ့ မိခင် ဟာ အ သက် အ ရွယ် ရ နေ လို့ တော် တော် ကို အို စာ နေ ပါ ပြီ။ သူမ ဟာ ဘာ ကို မှ မ မျှော် လင့် ပါ ဘူး တဲ့။ သား ဖြစ် တဲ့ ထွန်း ကြိုင် နဲ့ ဖုန်း ပြော ခွင့် ရရင် ဖြင့်၊
အ သံ လေး ကြား ခွင့်ရ ရင် ဖြင့် သေ ပျော် ပါ ပြီ လို့ လှ မောင် သန်း က ပြော ပါ တယ်။ ဒ့ါ ကြောင့် ကျေး ဇူး ပြု ပြီး ဒီ စာ ကို  က နေ ဒါ က ထွန်း ကြိုင် ကို လက်ဆင့် ကမ်း ပို့ ပေး ပါ ဗျာ။  ပြီး တော့    ဒီ လို အင် တာ နက် က နေ တ ဆင့် ပြော ပြ တာ လေး က ထွန်း ကြိုင် ဆီ ကို ဒီ သ တင်း ရောက် နိုင် တယ် လို့ လှ မောင် သန်းနဲ့ သူ့ ရဲ့ အ မေ က ယုံ ကြည် နေ ကြ ပါ တယ်။ သူ တို့ ရဲ့ ယုံ ကြည် ချက် လေး တွေ ကို  ကျွန် တော် တို့ မ ပျက် ပြယ် စေ ဘဲ လက် ဆင့် ကမ်း အ ကောင် အ ထည် ဖော် ပေးစေ လို ပါ တယ် ခင် ဗျာ။   " ထွန်း ကြိုင် ရေ ဒီ စာ ကို ဖတ် မိ ရင် ကျွန် တော် ဆီ ကို ဆက် သွယ် ပါ။ ကျွန် တော့် အီး မေးလ် က တော့ (mibamyittar79@gmail.com)ပါ။ ကန် တော့် ဆီ မှာ အ ကို အ မေ နဲ့ လှ မောင် သန်း ရဲ့ လိပ် စာ ရှိ ပါ တယ်။

ကျွန် တော်ဆီ  ကို လှ မောင် သန်း ရေး လာ တဲ့ စာ က တော့ ဒီ လို ပါ။

(အကို ကျ နော် လေး စားစွာဖြင့် စာ ရေး လိုက် ပါ တယ်။ ကျနော် အန် တီ နှင့် အ တူ အ လုပ်လုပ် တဲ့ ပန်း တိမ် ဆရာပါ။ အ မေ အ သက် ကြီး ပြီ ဆို တော့ စကား ပြော ချင်လို့ ကျ နော် အကို ထွန်းကြိုင် ကို အ ပန် မ ကြီး ဘူး ဆို ရင် ကျေး ဇူး ပြုပြီး ဆက် သွယ် ပေး လို့ ရ ရင် ဆက် သွယ် ပေး ပါ။
အား ကိုး စွာ ဖြင့်
လှ မောင် သန်း )

အထက်ကစာလေးက forward mail ကနေဖတ်မိတာပါ။ ခုလို အင်တာနက်ခေတ်ကြီးမှာ သတင်းမှန်ရောသတင်းမှားပါ မကြာခဏ ပွထနေတတ်တော့ ချင့်ချိန်စဉ်းစားယုံပြီးမှပဲ မေးလ်တွေကို တဆင့်ပြန် forward လုပ်နေမိတာ နဲနဲဝန်ကင်းတယ်ဆိုပေသိ ဒီသတင်းမှာတော့ မှန်နေသည်ရှိသော် ကောက်ရိုးတမျှင်လောက် အကူအညီအနေနဲ့ပဲဖြစ်ပစေတော့ လူအချင်းချင်းလည်း လှည့်ပတ်ချင်း လုံးဝမကင်းရှင်းသည့်တိုင် ဒါလေးကို သင်ခန်းစာယူတန်တာယူ ဒီလိုညီအစ်ကိုချင်း၊ နောက်ဆုံး ကိုယ့်အမေမိဘပေါ်တောင်မှ မညှာတာတဲ့ လူ့တိရစ္ဆာန်မျိုးတွေ ရပ်တန်းကရပ်စေချင်လို့ ဘလော့ဂ်ပို့စ်မှာတင်လိုက်ပါတယ်။ တကယ် အဆက်အသွယ်ရှိသူများလည်း မေးလ်ကနေဖြစ်ဖြစ် forward လုပ်ပေးရင်း ကူညီပေးကြပါဦးနော်။

ကဲ..ကိုထွန်းကြိုင်လဲ ဒီပို့စ်လေးကို တိုက်ရိုက်ဖတ်မိသည်ဖြစ်စေ တဆင့်ကြားသိသည်ဖြစ်စေ အမေနဲ့အမြန်အဆက်အသွယ်ရပါစေလို့ ဆုတောင်းပေးပါတယ်။

Wednesday, November 26, 2008

လုပ်ငန်းခွင်အတွင်း ဆောင်ရန်ရှောင်ရန်

လုပ်ငန်းခွင်အတွင်း ဆောင်ရန်ရှောင်ရန်ဆိုလို့ အများကြီး အသုံးတည့်မယ်လို့တော့ အာမမခံဘူး
ကျမအလုပ်မရသေးခင်က သွားတွေ့မိတဲ့ employment agency တစ်ခုက ကချင်လူမျိုး အစ်မတစ်ယောက်က သင်ပေးလိုက်တာလေးပါ။ Probation ကာလမှာ သုံးခွန်းသောစကားပဲဆိုတဲ့။အလုပ်ဆက်ခန့်စေချင်ရင်တဲ့။ ပြီးတော့ အလုပ်ကိုပဲပိုကြိုးစားလုပ်ပြတဲ့။ အဲဒီသုံးခွန်းက ဘာစကားလဲဆိုတော့ Yes, No and Sorry တဲ့။(ဟုတ်ကဲ့၊ ဟုတ်ပါတယ်၊ မဟုတ်ပါဘူးနဲ့ မှားသွားရင်တောင်းပန်တာတဲ့လေ) အဟီး..ကျမကတော့ မလိမ္မာဘူး။ သင်ပေးတုန်းခဏပဲမှတ်ထားတာ။ ပြီးတော့ စွာတတ်တဲ့ကျမ ဒီနေ့တော့ team mate ကသတိပေးလာတယ်။ သူက indonesia ကလာတာ။ singaporean မဟုတ်တဲ့ other peoples ချင်းမို့ထင်တယ်။ သူနဲ့ကအဆင်ပြေတယ်။ သူဘာပြောလဲဆိုတော့ “မင်း အခု အလုပ်ခွင်ထဲမှာရှိတဲ့သူတွေက အားလုံး nice person လို့မထင်ပါနဲ့တဲ့။ စကားပြောရင် သတိထားပါတဲ့။ ကိုယ်က ကိုယ့်အလုပ်အချိန်မီပီးအောင် အကူအညီတောင်းလဲ သူတို့က attitude တွေ တမျိုးလေတဲ့။ ဘာဖြစ်ဖြစ် ပြဿနာတခုခုပေါ်ရင် စီနီယာနဲ့ သူ့ကိုအရင်ပြောပြပါတဲ့။ ကိုယ်တိုင် အရင်မဖြေရှင်းမိစေနဲ့တဲ့”

ဖြစ်ပုံကတော့.. ဒီနေ့ ကျမ ကိုင်ထားတဲ့ ပရောဂျက်ကို server မှာ တင်တော့ error တစ်ခုဖြစ်နေတာနဲ့ testing အတွက် တစ်ခါ ၊ အမှားရှာတွေ့လို့ ပြင်ပြီးလို့ ရှိရင် နောက်ထပ်တစ်ခါလောက်လေး server ပြန်တင်ပေးဖို့ အကူအညီတောင်းမိပါတယ်(ကိုယ့်မှာလဲ အဲဒီ server မှာ hosting လုပ်ဖို့ အခွင့်မှမရှိပဲကိုး) ဘာပြန်ပြောလဲဆိုတော့ အဲလို ထပ်ခါတလဲလဲ လုပ်လို့မရဘူး။ သေချာ အပြင်မှာ စမ်းပြီးမှ final version မှ တင်လို့ရမယ်တဲ့။ ကျမလဲ ထုံးစံအတိုင်း ထစ်ကနဲဆို ဒေါကပွနှင့်ပြီးသား။ “ငါ မင်းကို ပြချင်တယ်၊ ငါ လုပ်ထားတုန်းက logic အရရော coding အရပါ မှန်အောင် run နေပြီးသား၊ မင်းရဲ့ staging server မှာမှ မင်းသုံးထားတဲ့ Ajaxtoolkit control တွေကြောင့် ကပေါက်ကချာဖြစ်လို့ ငါ့မှာ ထပ်စမ်းဖို့လိုနေတာလို့ ပြန်ပြောလိုက်တော့” အဟဲ သူက သဘောတူပြီး လိုက်လုပ်ပေးပါတယ်။(မနေ့ကတစ်ရက်လုံးလဲ သူ့ပရောဂျက် dead line ဆိုလို့ ကိုယ့် ဒီနေ့ dead line ကိုအသာမေ့ထားပြီး စိတ်ရှည်သီးခံ စောင့်ပေးနေခဲ့တာပေပဲလေ) ဒါပေသိ စီနီယာနဲ့ အဲဒီ team mate က ဘာဖြစ်လဲမေးတော့ ကိုယ်က ပွစိပွစိ ပြောပြလိုက်တာပေါ့။ စီနီယာကတော့ မဆူပါဘူး (ကိုယ်တွေ မှန်မှန်း သူသိတယ်လေ) ဘာပဲဖြစ်ဖြစ် team mate ကတော့ သတိပေးလာတယ်။ “မင်းပြောတဲ့ သူ့ရဲ့ မန်နေဂျာက ကိုယ်တွေရဲ့ office က အကြီးဆုံးနဲ့ တယ်ရင်းနှီးတယ်ဆိုပဲ။ မင်း အပြောမတော်လို့ သူစိတ်ဆိုးပြီး ပြဿနာရှာခဲ့ရင်တဲ့ မင်းကို ဘယ်သူမှ ကယ်လို့မရတော့ဘူးတဲ့”

အွန် .. စင်ကာပူမှာလဲ အဲလိုအဖြစ်မျိုးရှိတာပဲလား
အော်..မှတ်သားလောက်ပါရဲ့
အိုကေ အိုကေ နောက်နေ့ကစပြီး Yes, No & sorry ဆိုတဲ့ သုံးခွန်းသောစကားပဲဆိုဖို့ ကျင့်ရဦးမှာပ
ဟူးးးးးးးး လွယ်ဘူး Singapore ဆိုတာကလဲ Asia ပေပဲမဟုတ်လား။

Tuesday, November 25, 2008

ပေါ့ပေါ့ပါးပါးအတွေးစများ

ရေးဖို့အကြွေးကျန်နေသေးတဲ့ လေးလေးနက်နက်အတွေးတွေ အသာထားလို့ ဒီနေ့တော့ စိတ်လက်ကြည်လင်စွာနဲ့ ပေါ့ပေါ့ပါးပါးအတွေးစလေးတွေ ရေးဖို့ စိတ်ကူးပေါက်လာပါတယ်။

ဘာတွေပေါ့ပေါ့လေးတွေးမိလဲဆိုတာ မပြောခင် ရုံးကအပြန် shuttle bus ပေါ်မှာ အေးအေးဆေးဆေးထိုင်ရင်း အိမ်ပြန်ရောက်ဖို့ နာရီဝက် သုံးဆယ့်ငါးမိနစ်လောက် အချိန်လေးကို သီချင်းလေးနားထောင်လိုက် တွေးချင်တာလေးတွေးလိုက် ဆိုသလိုမျိုးအခွင့်အရေးလေးရအောင် လက်တို့သတင်းပေးရုံမက လမ်းပြပေးတဲ့ ရုံးကမောင်လေး(ဘလော့ဂါ ကိုသန့် ရဲ့ရုံးကသူငယ်ချင်းလေး) ကိုတော့ အရင်ဆုံးကျေးဇူးတင်တယ်ဗျာ

အင်း ဘာတွေတွေးလဲဆိုတော့ အချိန်တွေ တစ်နေ့တစ်နေ့ကုန်နေတာ ခုတော့လဲတယ်မြန်တယ်လို့
မနက် ၆နာရီခွဲ အိပ်ယာထ မျက်နှာသစ်ပြီးတာနဲ့ ဘုရားရှိခိုး၊ ပရိတ်ရွတ်ပြီးရင် ၇နာရီခွဲပေါ့ ပြီးတော့ ရေမိုးချိုး ရှိုးပြင်ပြီးရင် ၈နာရီခွဲဘတ်စ်အမီ အိမ်ကထွက် ရုံးကို ၉နာရီမထိုးခင်ရောက်။ အဲဒီအချိန်တော့ အတွေးများအသာဖယ်၊ အိပ်ရေးမ၀တဲ့နေ့တွေ အိပ်ချင်မူးတူးနဲ့ ဒဏ်ရာမရအောင် ဂရုစိုက်ပေါ့နော်။
တစ်ပတ်ကို ၅ရက် ရုံးတက်ကတာက မနက် ၉နာရီကနေ ညနေ ၆နာရီခွဲအတွင်း အလုပ်လုပ်ရင်း ဒီတစ်လအတွင်း ပရောဂျက်နှစ်ခုပီးသွားတာလဲ သြော် မြန်ပပေါ့။

အချိန်အကြောင်းတွေးပြီးတော့ အစားအသောက်အကြောင်းစဥ်းစားမိတာ ရူံးက ကန်တင်းမှာတော့ အပြုတ်နဲ့ထမင်းကြော်ကို တလှည့်စီစားတာလဲ အဆင်ပြေပါ၏။ ပြီးတော့ ရုံးတက်ရက်နေ့လည်တိုင်း ရုံးမှာ မြန်မာအဖွဲ့လေးတောင်ဖြစ်လို့ အားလုံး၆ယောက် အတူတူ နေ့လည်စာစားမိကြတာကလဲ ငယ်ပေါင်းကြီးဖော်တွေကျလို့ ပျော်စရာကြီး။ စကားတပြောပြောနဲ့စားရလို့လဲဖြစ်မယ် ဘာစားစားသောက်သောက် အဆင်ပြေတယ်။ ညဘက်အိမ်ပြန်ရောက်ရင်တော့ အောက်မှာရှိတဲ့ food court ကနေ စားချင်တာလေး take away သယ်လာလာ၊ အိမ်မှာတင် ရှူးရှူးရှဲရှဲ အမြန်ကြော်လှော်စားစား အစားအသောက်အတွက်လဲ ဗာဟီရမရှိတာ စိတ်ချမ်းသာစရာပဲ။

အင်း ..အဆင်ပြေတဲ့အကြောင်းတွေ တွေးနေပြောနေတာချည်းလဲမဟုတ်ပါဘူး။ သူငယ်ချင်းတွေထဲက တချို့လဲ အလုပ်ကူရှာပေး ၊ ဘော့စ်ကို recommend ပို့ပေး၊ ကူအလုပ်လျှောက်ပေးတဲ့ကြားက အဆင်မပြေလို့ ပြန်ကြရတာအတွက်လဲ စိတ်မကောင်းတာကလွဲလို့ အများကြုံကြရတာ(ကိုယ်လဲ ဘယ်တော့ကြုံမလဲ မသိနိုင်တာ) အတွက်တော့ ကံအကြောင်းတရားပဲအောက်မေ့ပါတယ်။ ပြန်သွားတဲ့ သူငယ်ချင်းတွေနဲ့ကတော့ ကံမကုန်သေးရင် ပြန်ဆုံကြမှာပေါ့လေ။

နောက်ထပ်တွေးမိတာလေးက အစ်ကိုကြီးတစ်ယောက်နဲ့ဖုန်းပြောရင်း နိုင်ငံခြားမှာ လာပြီး အလုပ်လုပ်ဖို့နေဖို့ရဲ့ အဓိက ရည်ရွယ်ချက်ဘာလဲတဲ့။ ကိုယ်ရည်မှန်းထားတာတွေ ပြည့်စုံပြီလို့ယူဆတဲ့ တစ်နေ့ကျရင် မြန်မာကိုပြန်မှာလား၊ ဘာလုပ်မှာတုန်းလို့မေးလာတယ်။ မပြောပြဘူးလို့ ဖြေလိုကတယ် အဟီး။  ဟုတ်တယ်နော်..  စင်ကာပူမှာ ခုချိန်လို  စီးပွားရေးတွေကျလို့ သူတို့နိုင်ငံသားတွေတောင် အနည်းနဲ့အများ ဒုက္ခတွေ ကြုံရ အလုပ်လက်မဲ့တွေဖြစ်ရတဲ့အချိန် မြန်မာက သူငယ်ချင်းတချို့ ဒီရက်ပိုင်းမှာ အလုပ်လာရှာဖို့ စွန့်စားဖို့လုပ်နေကြတာ ဘာကို သေချာမျှော်မှန်းပြီး ဘယ်လိုရည်ရွယ်ချက်တွေ ရှိပါလိမ့်ဆိုတာ မခန့်မှန်းနိုင်ပါလားနော်။

ကိုယ်တွေ အရင်ဆယ်နှစ်လောက်က အသက်ငယ်စဉ်တုန်းကတော့ နိုင်ငံခြားဆိုတာကြီးကို မျှော်မှန်းကြည့်ပြီး ရင်ခုန်မိတာက ကျောင်းတွေတက် ပညာတတ်ကြီးဖြစ်ပြီး ပိုက်ဆံတွေအများကြီးရမယ်၊ မြန်မာပြန်လာရင်လည်း နိုင်ငံခြားပြန် ပညာရှင်ကြီးဖြစ်မယ်ဆိုပြီးတော့လေ။ လူလတ်ပိုင်းကျတော့ နိုင်ငံခြားသွားလည်ဖြစ်တယ်ဆိုတာက ဘယ်လိုတိုးတက်လဲ သာယာလှပလဲ သူတို့နိုင်ငံသူနိုင်ငံသားတွေ ဘယ်လို လှုပ်ရှားရုန်းကန်လဲ ရုံးတွေမှာ ဘယ်လိုအလုပ်လုပ်ကြလဲဆိုတာကို စိတ်ဝင်စားလို့ ဒေသန္တရဗဟုသုတတဖြစ်လဲ အပန်းဖြေ အလည်အပတ်သွားခဲ့တာပေါ့နော်။ ဖြစ်နိုင်ရင်တော့ မြန်မာမှာပဲ မန်နေဂျာလောက်ကနေ CEO သော်လည်းကောင်း ကိုယ်ပိုင်လုပ်ငန်းရှင်သော်လည်းကောင်းလုပ်ချင်ခဲ့တာပါ။ ဒါပေသိ ဖြစ်ချင်တဲ့ဆန္ဒနဲ့ ဖြစ်လာတဲ့ အခြေအနေက ဘ၀ကို ပုံပြောင်းခိုင်းတော့လဲ အထုပ်ပိုက်လို့ စင်ကာပူရောက်လာတယ်ပေါ့နော်။ ဖတ်တဲ့သူတွေ စိတ်မရှည်တော့ဘူးထင်တယ်။ အတွေးဆိုတော့လဲ ပေါ့ပေါ့ပါးပါးတွေးရင်း ဟိုရောက်ဒီရောက်ဖြစ်တတ်တာပေါ့နော်။ သီးခံပါရှင် .. :P
စင်ကာပူကိုရောက်ပေသိ အလုပ်ရမယ်မရဘူး လုပ်ဖြစ်မယ်မလုပ်ဖြစ်ဘူးက မသေချာပါဘူး။ ဘာလို့တုန်းဆိုတော့ အလုပ်လုပ်ရမယ်ဆိုရင် ကျမက အရင်ဆယ်နှစ်က ရည်ရွယ်ခဲ့ဖူးသလို နိုင်ငံခြားမှာတော့ IT နဲ့ပဲအလုပ်လုပ်ချင်တယ်။ ပညာရှင်တစ်ယောက်အနေနဲ့ပဲ ဂုဏ်ယူစွာ အလုပ်လုပ်ချင်ပါတယ်။ service ပေးရတဲ့အလုပ်ကို မြန်မာမှာလဲလုပ်ဖူးခဲ့တဲ့အတွေ့အကြုံရှိလို့လားမသိဘူး။ ကျမ tourism နဲ့ပတ်သက်တဲ့အလုပ်လုပ်ရမှာကို သေမလောက်ကြောက်တာ ကျမကို အလုပ်ကူရှာပေးတဲ့သူတွေ အံ့သြယူတဲ့အထိလေနော်။ အင်း..ထားပါတော့ စကားကိုပြန်ကောက်ရရင် ကျမဘာလို့ နိုင်ငံခြားမှာ အိုင်တီနဲ့ အလုပ်လုပ်ချင်တာလဲဆိုတော့ လွတ်လပ်စွာကြိုးစားခွင့် မြန်မာမှာတုန်းက ကျမမရခဲ့ဘူးတာ(နိုင်ငံရေးနဲ့မပတ်သက်ပါပဲနဲ့ပေါ့နော်) အဲဒါကို အတိုးချပြီး နိုင်ငံခြားမှာ ကျမကြိုးစားပြချင်တာ၊ မြန်မာက အိုင်တီသမားတွေ ခေသူမဟုတ်မှန်း ကမ္ဘာကလက်ခံစေတဲ့စာရင်းဝင်ထဲပါချင်တာ နံပါတ်တစ်ပါ။ (ဆယ်စုနှစ်တစ်ခုစာ သက်တမ်းနောက်ကျပေမဲ့ ကျမ ယုံကြည်တဲ့ အိုင်တီမှာ အသက်အပိုင်းအခြား ခွဲခြားစရာမလိုတာ စိတ်ကျေနပ်စရာပါ)။ နံပါတ် နှစ်က ကျမဒီမှာ သုံးဖြုန်းမဲ့ပိုက်ဆံတွေကို မြန်မာမှာကျန်ခဲ့တဲ့ မိသားစု၊ ဆွေမျိုးအသိုင်းအ၀ိုင်းနဲ့ ကျမလုပ်နေကျ လူမှုရေးဆောင်ရွက်မှုလုပ်ငန်းလေးတွေကို အတတ်နိုင်ဆုံး ပံ့ပိုးပေးချင်တာပါ။ နံပါတ်သုံးကတော့ (ကျမမြန်မာကို တစ်နေ့ လူကိုယ်တိုင်အပြီး ပြန်ဖြစ်သည်ဖြစ်စေ၊ မပြန်ဖြစ်သည်ဖြစ်စေ) ကျမရဲ့ ကောင်းတဲ့အငွေ့အသက်တွေ ဖုံးလွှမ်းရှင်သန်တဲ့နေရာလေးတွေ ဖန်တီးနိုင်တဲ့သူဖြစ်ချင်တာပါ။ နားရှင်းသွားအောင် ဥပမာပြောရင် စာကြည့်တိုက်၊ ဆေးခန်း၊ သက်မွေးဝမ်းကျောင်းသင်တန်းကျောင်း၊ လူမှုကယ်ဆယ်ရေးစောင့်ရှောက်မှုဂေဟာ တို့လိုမျိုး စသဖြင့် ထူထောင်ထားချင်တာပေါ့နော်။ ဒါဆို ကျမရဲ့ ရည်မှန်းချက်တစ်စိတ်တစ်ပိုင်းကို သိနားလည်လိမ့်မယ်ထင်ပါတယ်။ ဖြစ်လာတာမဖြစ်လာတာကတော့ ကျမရေးမဲ့သမိုင်းလေ။ စောင့်ကြည့်ပြီးမှ မှတ်ချက်ပေးပေါ့။ ခုတော့ စောပါသေးတယ်။

ကဲ.. ဘတ်စ်လဲ မှတ်တိုင်ကိုရောက်ပြီ အတွေးတွေလဲ ရပ်တော့မယ်။ နောက်ကြုံမှပဲ ဆက်ကြတာပေါ့နော်။

အတွေးတွေတွေးဖို့ ဝေးဝေးရှောင်တဲ့ ကျမ ခုလိုအတွေးလေးတွေ တွေးတတ်ဖို့ တွန်းအားပေးသူများအားလုံးကိုလဲ ကျေးဇူးတင်ပါတယ်။
ကျမရဲ့ ရောက်တတ်ရာရာ ပေါ့ပေါ့ပါးပါးအတွေးစလေးတွေကို အချိန်ကုန်ခံလာဖတ်တဲ့သူတွေလဲ ကျေးဇူးတင်တယ်ဗျို
လာဖတ်ရင်း တွေးမိတာလေးတွေရှိရင်လဲ ကွန့်မန့်မှာ ဝေမျှသွားဖို့ တောင်းဆိုလိုက်ပါတယ်နော်။

အားလုံး ရွှင်လန်းချမ်းမြေ့ပါစေ...

Sunday, November 23, 2008

လူငယ်နှင့်တာဝန်ယူစိတ်

ဒီအပတ် စနေ၊တနင်္ဂနွေမှာတော့ ခွဲခွာနေရသော၊ ကွဲကွာကာ မတွေ့ရတာကြာသော သူငယ်ချင်းအဟောင်းတွေကို သတိရနေတယ်
ဓာတ်ပုံတွေ ပြန်ကြည့်ဖြစ်တယ် ချတ်လော့အဟောင်းတွေပြန်ဖတ်မိတယ် ပို့ထားတဲ့မေးလ်တွေထဲက ပျော်ရွင်ရယ်မောစရာ၊ ဗဟုသုတရစရာ အချင်းချင်း ဝေမျှဖြစ်ကြတဲ့ မေးလ်တွေထဲက attached file တွေ ပြန်မွှေနှောက်ဖတ်မိတယ်။ အဲဒီထဲက လူငယ်နှင့်တာဝန်ယူစိတ် ဆိုတဲ့ ဆောင်းပါးခေါင်းစဉ်လေးကနေ အတွေးတွေ ရင်ထဲရောက်လာအောင် ဆွဲခေါ်သွားတယ်။ လောလောဆယ်တော့ အဲဒီစာအုပ်(တနည်းအားဖြင့် လူငယ်လမ်းညွှန်စာစုများ) ကိုစီစဉ်သူရဲ့ စကားလေးထဲက ကျမအတွေးတွေဆင့်ပွားစေတဲ့ စာသားတချို့ ရိုက်တင်ပေးရင်း အဲဒီစာစုကိုလဲ megaupload နဲ့ အပ်လုပ်တင်ပေးလိုက်တယ်။ အချိန်လေးရတာနဲ့ နားနားဖတ်ပြီး အတွေးတွေ ဆင့်ပွားနိုင်ပါစေနော်။

စီစဉ်သူ့စကား

မျက်မှောက်ကာလမှာ ကျွန်တော်တို့တစ်တွေ ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်သာသနာနဲ့ ထည်ထည်ဝါ၀ါ ရပ်တည်နေနိုင်ကြတာဟာ ကျွန်တော်တို့ရှေ့က မျိုးဆက်ဟောင်း ဘိုးဘေးဘီဘင်တို့ရဲ့ တာဝန်သိသိ စွန့်လွှတ် အနစ်နာခံမှုများစွာရဲ့ ရလဒ်ပဲဖြစ်ပါတယ်။ သူတို့ဆီက ကောင်းမြတ်တဲ့ အမွေကို လက်ဆင့်ကမ်းခံယူနိုင်ခြင်းဟာ မျိုးဆက်သစ်လူငယ်တို့ရဲ့ မွေးရာပါ ရပိုင်ခွင့်ပါပဲ။

ဒီနေရာမှာ သတိပြုရမှာက လူရယ်လို့ဖြစ်တည်လာတာနဲ့ တစ်ဘက်က မွေးရာပါ ရပိုင်ခွင့်တွေ ရရှိကြသလို တစ်ဘက်ကလည်း မွေးရာပါတာဝန်တွေ အလိုအလျောက် ပါရှိလာတယ်ဆိုတာပါပဲ။ ကိုယ့်အထက်က မျိုးဆက်ဟောင်းကြီးများရဲ့ တာဝန်ကျေပွန်မှုကြောင့်သာ မျက်မှောက်ခေတ်မျိုးဆက်သစ် လူငယ်များအနေနဲ့ အဆိုပါရပိုင်ခွင့်တွေကို ခံစားခွင့်ရကြခြင်းဖြစ်ပါတယ်။ ဒီတော့နောင်လာမယ့် အသစ်အသစ်သော မျိုးဆက်များအတွက် သာလွန်ကောင်းမွန်တဲ့ ရပိုင်ခွင့်အမွေတွေ ချန်ထားခဲ့နိုင်အောင် အားထုတ်ကြိုးပမ်းသွားကြရမှာက မျိုးဆက်သစ် လူငယ်တို့ရဲ့မွေးရာပါတာဝန်ပါ။

မျက်မှောက်ခေတ်မျိုးဆက်သစ် လူငယ်များအနေနဲ့ အဲဒီတာဝန်ကို ၀ံ့ဝံ့စားစားပခုံးပြောင်း လက်ခံသယ်ပိုးသွားလိုတဲ့ တာဝန်ယူစိတ်ရှိခြင်း၊ မရှိခြင်းဟာ အနာဂတ်မျိုးဆက်သစ်တို့ရဲ့ ကံကြမ္မာ အကောင်းအဆိုးကို ပြဌာန်းပေးသွားမှာပါ။
.....................

အပြည့်အစုံဖတ်ဖို့ ဒီမှာ:

ကျမ ခေါင်းထဲမှာ ရင်ထဲမှာ ဆက်လက်နေရာယူ ဆင့်ပွားမိတဲ့အတွေးတွေအကြောင်းကို နောက်ထပ်ပို့စ်တစ်ခုနဲ့ သီးခြားထပ်ရေးမယ်လေနော်။ မျှော်....

Friday, November 21, 2008

အကူအညီတောင်းသူများအား မေတ္တာရပ်ခံချက်

အလုပ်စ၀င်တာ သုံးပတ်ရှိပါပြီ
tight deadline dates များဖြင့် projects များကို အပြင်းအထန်လုပ်နေရပါ၍ တစ်ပတ်ခုနှစ်ရက်အတွင်း ရုံးချိန် မနက် ၉နာရီမှ ညနေ ၆နာရီခွဲအတွင်း လုံးဝမအားလပ်နိုင်သေးပါ။ probation ကာလသာဖြစ်နေ၍ ရုံးချိန်အတွင်း၌ ခေါ်ဆိုသမျှဖုံးများကို လက်ခံပြောဆိုနိုင်ခြင်းမရှိသေးသည်ကို ကိုယ်ချင်းစာနားလည်နိုင်သောအားဖြင့် အကူအညီတောင်းလိုသူ သူငယ်ချင်း၊မောင်နှမများ ဖုန်းခေါ်ဆိုခြင်းအစား sms သာပို့ထားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ အဆင်ပြေသည့်အချိန် ပြန်လည်ခေါ်ဆိုပါမည်။ ပြန်မခေါ်ခဲ့မိပါက ညဘက် ရုံးချိန်နောက်ပိုင်းတွင် ခေါ်ဆိုပေးစေလိုကြောင်းဗျို...
ဟူးးးးးးးဒီလိုပြောမိတာ အားနာပါတယ်။ ခင်လည်းခင်ပါတယ်။ ဘယ်လိုမှ မတတ်သာတော့လို့ ဒီမတ်ဆေ့ခ်ျတင်လိုက်ရတာကို နားလည်ပေးကြမယ်လို့မျှော်လင့်ပါ၏

Sunday, November 16, 2008

ကောက်ရိုးမီးလေလား... ဖွဲမီးလေလား..

ဒီရက်ပိုင်း ဘာတွေခံစားမှန်းတောင် မသိတော့ဘူး
ကြေကွဲတယ် ပေါက်ကွဲတယ်
စိတ်တွေရှုပ်ထွေးနေတယ်
တန်းပလိတ်ကိုလဲ လျှောက်ကလိတယ် ထည့်ချင်တာတွေထည့်တယ်
အရူးမီးဝိုင်းလို့ပြောလဲ ကိုယ်တိုင်အရူးဖြစ်ဦးမယ်

ပြောချင်ရာတွေလျှောက်ပြောနေမိတယ်
ရေးချင်ရာတွေလျှောက်ရေးနေမိတယ်
စိတ်ထဲရှိရာ...ပြီးတော့ စိတ်ကူးပေါက်ရာ
လက်ထဲကိုင်ထားတဲ့ ဖုန်းဖြစ်ဖြစ် ဘာဖြစ်ဖြစ် မကြာခဏလွတ်ကျတယ်
ဟိုဝင်တိုက် ဒီဝင်တိုက်တာလဲ အကြိမ်ပေါင်းမနည်း
အကြားအလပ်မရှိတဲ့ ကြမ်းပြင်နဲ့တံခါးကြားမှာ ညာဘက်ခြေချောင်းတွေအကုန်ဝင်ပြီး ညပ်သွားတယ်(နာမှန်းသိတဲ့ခံစားမှုကလွဲရင် ဘာဒဏ်ရာမှ မကျန်ခဲ့ပါလား ထူးပေစွ)
မနေ့က သတိရလို့ သေချာကြည့်တော့ အဲဒီအကြားအလပ်လေးက ဖိတ်စာကဒ်၊လိပ်စာကဒ်တခု ညပ်သာရုံ ပြောမယ်ဆိုရင် အရပ်ရှည်တဲ့မော်ဒယ်ပုရွက်ဆိတ်တောင်မလွတ်လောက်ဘူး။ ဘယ်လိုညပ်မှန်း စဥ်းစားဖို့ဥာဏ်မမီဘူး။ ဟူးးးးး

တရားနဲ့ဖြေ၊ စိတ်လျှော့ဆိုတော့လဲ သတိလေးကပ်အောင် ဘုရားလေးရှိခိုး ခြောက်ပါးသီလလေးခံ
အော် .. ငါးပါးသီလ ဟုတ်တော့ဘူး သိလား
ခေတ်သစ်စောင့်ထိန်းရမှာက ခြောက်ပါးသီလဖြစ်သွားပီ
တစ်ပါးတိုးတယ်
“အီလက်ထရွန်းနစ် ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ”
မြန်မာအနက်ပြန်ရင် ထောင်အနှစ် ၂၀ကျော် စီရင်ချက်ကျခံနိုင်စေသော လျှပ်စစ်ပစ္စည်းများကို ကိုင်တွဲအသုံးပြုခြင်းမှ ရှောင်ကြဉ်ခြင်း သိက္ခာပုဒ်ကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာ စောင့်ထိန်းပါ၏ တဲ့။
(ဖုန်းတို့ ဓာတ်ခဲတို့ပါမပါတော့ အတည်ပြုချက်ဘယ်သူနဲ့ယူရမှန်းမသိသေးဘူး)
လူ့ပြည်မှာ သူကလူသတ်မှုထက် အပြစ်ပေးခံရတာများတယ်
မတော်လို့ သေလွန်ပြီးနောက်မှာ ပါဏာတိတို့ထက် ငရဲမှာ နှစ်ကြီးမှာ စိတ်ပူရတယ်လေ ဟုတ်ဘူးလား..

အားးးးးးးးးးးးးး စိတ်ရှုပ်လိုက်တာ
ဘာတွေရေးမိပြန်မှန်းမသိတော့ဘူး
ခွင့်လွှတ်ကြပါဗျို
ကောက်ရိုးမီးလို ၀ုန်းကနဲတောက်ပြီးငြိမ်းတဲ့ တခဏတာခံစားချက်မျိုးဆိုရင်လဲ စိတ်တွေတည်ငြိမ်သွားအောင်တော့ အချိန်ပေးရဦးမယ်
ဖွဲမီးလို တမြေ့မြေ့လောင်ကျွမ်းနေတဲ့ တနုံ့နုံ့ခံစားချက်မျိုးဆိုရင်လဲ ဒီဘ၀မှာ နှစ်၂၀ကျော်တော့ မစတေးချင်ဘူးဗျာ

အိုးးးးး ကောက်ရိုးမီးလေလား ..ဖွဲမီးလေလား...
ကိုယ်ကိုယ်တိုင်တောင် မသိတော့ပါလား...

Saturday, November 15, 2008

မြို့သစ်တည်ခြင်း

မြို့သစ်တည်ခြင်း

ငါ့နှလုံးသားက
ခွဲထုတ်လင်းလတ်ချင်တာ
တိမ်မျှင်ပါးပါးလေးတစ်စ...
မြို့ရိုးတွေ ကျိုးပျက်
နန်းတော်ကြီး ပြိုလဲသွားတော့
ငါ့သွေးတွေလည်ပတ်ဖို့
ငါ့ရင်ထဲက
ဓါးတစ်စင်းက
တလတ်လတ် ၀င်းပရတော့မှာ...
ဒီတစ်ခါရှုံးပေမဲ့
ငါ့နှုတ်ခမ်းမှာ
ဓါးကွေးတစ်စင်းကို
ထက်ရှရှလေး တင်ထားလိုက်တယ်...

စူးရှတဲ့ မျက်ဝန်း အစုံမှာ
ယုံကြည်ချက်မြှားတစ်စင်းက
မီးတောက်တွေ တ၀င်းဝင်းနှင့်...
ဓါးဆိုတာ
ဓါးအိမ်ထဲ ထားရုံနှင့်
တုံးသွားရိုး ထုံးစံမရှိဘူး...

ငါ့စိတ်ဓါတ်တွေ မသုန်းသမျှ
ငါ့ မြို့ရိုး မကျဆုံးဘူး...
ငါလွတ်ကျခဲ့တဲ့
အဲဒီ မြို့တော်ထဲမှာပဲ
အမှန်တရားကို
ပြန်ကောက်ပစ်မယ်...
ငါ့နှလုံးသွေးတွေနှင့်
ငါ့မြို့ရိုး အသစ်ကို
ကြံခိုင်စေမယ်...
ငါ မျှော်လင့်တဲ့
သစ္စာတွေလင်းတဲ့ မြို့တော်ကို
ငါ့ကိုယ်အနှံ့ကသွေးတွေနှင့်
အသက်သွင်းမယ်...
တိမ်ညိုတွေ ပြိုကျပြီး
ကောင်းကင်တစ်ခုလုံး
အလင်းဖြာမဲ့နေ့...
လင်း...ဖြာ...မှိုင်း...ရီ...နေ....မဲ့....
ငါ့ အာရုံအတက်မနက်ခင်းမှာ
ရွှင်းပ ၀င်းမြနေမဲ့...
မင်းတို့ရဲ့မျက်နှာ တွေနှင့်အတူ...
ဆူးမငြိမဲ့ မင်းတို့ရဲ့
ခြေဖ၀ါးတွေ
နင်းချစေဖို့....
ငါ့ နှလုံးသားတစ်စုံကို..
မြို့အ၀င်တံခါးဝမှာ...
ခင်း...ချ...လို့...ထား...လိုက်...မယ်...။

လေးစားစွာ ခံစားရေးဖွဲ့ပါသည်
(ဖိုးမောင် HappyCloud)

လေးစားစွာခံစားရေးဖွဲ့ထားတဲ့ကဗျာလေးကို နှစ်သက်မြတ်နိုးစွာ ဒီမှာ လာတင်ထားခွင့်ပြုလို့ ကျေးဇူးပါ ဖိုးမောင် ရေ..

အီလက်ထရွန်းနစ်ဥပဒေဆိုတာ..

electronic ပုဒ်မဆိုတာ...0 နဲ့ 1 ပဲပါတယ်
0 လဲ on တယ်
1 လဲ on တယ်

တဲ့ အဲလိုတစ်ယောက်ကကွန့်မန့်မှာပြောတယ်

ဒါဆို ဒီလိုလား
01100110A
10011001R
00110011N
11001100A
01100110R
10011001Y
00110011U
11001100U

ဟားဟားဟား မိုက်တယ်

ရင်တွင်းစကား

ပုပ်သိုးနေသော ပုပ်မများ အလိုမရှိပါ

ရာဘာကွင်းလို ဥပဒေလည်း အလိုမရှိပါ

လုပ်ချင်ရာလုပ်နေသော အာဏာရှင်စနစ်လည်း အလိုမရှိပါ

Friday, November 14, 2008

အပိုဒ် ၁၉ “ကမ္ဘာ့လူ့အခွင့်အရေးဆိုင်ရာ ကြေငြာချက်”

အပိုဒ် ၁

လူတိုင်းသည် တူညီ လွတ်လပ်သော ဂုဏ်သိက္ခာဖြင့် လည်းကောင်း၊ တူညီ လွတ် လပ် သော အခွင့် အရေး များဖြင့် လည်းကောင်း၊ မွေးဖွား လာသူများ ဖြစ်သည်။ ထိုသူ တို့၌ ပိုင်းခြား ဝေဖန် တတ်သော ဥာဏ်နှင့် ကျင့်ဝတ် သိတတ် သော စိတ်တို့ ရှိကြ၍ ထိုသူ တို့သည် အချင်းချင်း မေတ္တာ ထား၍ ဆက်ဆံ ကျင့်သုံး သင့်၏။

အပိုဒ် ၂

လူတိုင်းသည် လူ့အခွင့် အရေး ကြေညာ စာတမ်းတွင် ဖော်ပြ ထားသည့် အခွင့် အရေး အားလုံး၊ လွတ်လပ်ခွင့် အားလုံး တို့ကို ပိုင်ဆိုင် ခံစားခွင့် ရှိသည်။ လူမျိုးနွယ် အားဖြင့် ဖြစ်စေ၊ အသား အရောင် အားဖြင့် ဖြစ်စေ၊ ကျား ၊ မ ၊ သဘာဝ အားဖြင့် ဖြစ်စေ၊ ဘာသာ စကာား အားဖြင့် ဖြစ်စေ၊ ကိုးကွယ် သည့် ဘာသာ အားဖြင့် ဖြစ်စေ၊ နိုင်ငံရေး ယူဆချက်၊ သို့တည်း မဟုတ် အခြား ယူဆချက် အားဖြင့် ဖြစ်စေ၊ နိုင်ငံနှင့် ဆိုင်သော၊ သို့တည်း မဟုတ် လူမှု အဆင့် အတန်းနှင့် ဆိုင်သော ဇစ်မြစ် အားဖြင့် ဖြစ်စေ၊ ပစ္စည်း ဥစ္စာ ဂုဏ်အားဖြင့် ဖြစ်စေ၊ မျိုးရိုး ဇာတိ အားဖြင့် ဖြစ်စေ၊ အခြား အဆင့် အတန်း အားဖြင့် ဖြစ်စေ ခွဲခြားခြင်း
မရှိစေရ။
ထို့ပြင် လူတစ်ဦး တစ်ယောက် နေထိုင်ရာ နိုင်ငံ၏ သို့တည်းမဟုတ် နယ်မြေ ဒေသ ၏ နိုင်ငံရေး ဆိုင်ရာ ဖြစ်စေ စီရင် ပိုင်ခွင့် ဆိုင်ရာ ဖြစ်စေ တိုင်းပြည် အချင်းချင်း ဆိုင် ရာဖြစ်စေ၊ အဆင့် အတန်း တစ်ခုခုကို အခြေပြု၍ သော်လည်းကောင်း၊ ဒေသ နယ် မြေ တစ်ခုသည် အချုပ် အခြာ အာဏာပိုင် လွတ်လပ်သည့် နယ်မြေ၊ သို့တည်း မဟုတ် ကုလသမဂ္ဂ ထိန်းသိမ်း စောင့်ရှောက် ထားရသည့် နယ်မြေ၊ သို့တည်းမဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အာဏာတို့ တစိတ် တဒေသ လောက်သာ ရရှိသည့် နယ်မြေ စသဖြင့် ယင်းသို့ သော နယ်မြေများ ဖြစ်သည်၊ မဖြစ်သည် ဟူသော အကြောင်းကို အထောက်အထား ပြု၍ သော်လည်းကောင်း ခွဲခြားခြင်း လုံးဝ မရှိစေရ။

အပိုဒ် ၃
လူတိုင်း၌ အသက်ရှင်ရန် လွတ်လပ်မှု ခွင့်နှင့် လုံခြုံ စိတ်ချခွင့် ရှိသည်။

အပိုဒ် ၎
မည်သူကိုမျှ ကျေးကျွန် အဖြစ်၊ သို့တည်း မဟုတ် အစေအပါး အဖြစ်၊ နိုင်ထက် စီးနင်း စေခိုင်းခြင်း မပြုရ၊ လူကို ကျေးကျွန် သဖွယ် အဓမ္မ စေခိုင်းခြင်း၊ အရောင်းအ၀ယ် ပြုခြင်းနှင့် ထိုသဘော သက်ရောက်သော လုပ်ငန်း ဟူသမျှကို ပိတ်ပင် တားမြစ် ရမည်။

အပိုဒ် ၅
မည်သူကိုမျှ ညှဉ်းပန်း နှိပ်စက်ခြင်း၊ သို့တည်း မဟုတ် ရက်စက် ကြမ်းကြုတ်စွာ လူ မဆန် စွာ ဂုဏ်ငယ် စေသော ဆက်ဆံမှု မပြုရ၊ သို့တည်းမဟုတ် အပြစ်ဒဏ် ပေးခြင်း မပြုရ။

အပိုဒ် ၆
လူတိုင်းတွင် ဥပဒေ အရာ၌ လူပုဂ္ဂိုလ် တစ်ဦး အဖြစ်ဖြင့် အရာ ခပ်သိမ်းတွင် အသိ အမှတ် ပြုခြင်းကို ခံယူ ပိုင်ခွင့် ရှိသည်။

အပိုဒ် ၇
လူအားလုံးတို့သည် ဥပဒေ အရာ၌ တူညီ ကြသည့် အပြင်၊ ဥပဒေ၏ အကာအကွယ် ကို ခြားနားခြင်း မခံရစေဘဲ တူညီစွာ ခံစား ပိုင်ခွင့် ရှိသည်။ ဤကြေညာ စာတမ်းပါ သဘော တရား များကို ဖီဆန်၍ ခွဲခြားခြင်းမှ လည်းကောင်း၊ ထိုသို့ ခွဲခြားခြင်းကို
လှုံဆော်ခြင်းမှ လည်းကောင်း၊ ကင်းလွတ် စေရန် အကာ အကွယ်ကို တူညီစွာ ခံစား ပိုင်ခွင့် ရှိသည်။

အပိုဒ် ၈
ဖွဲ့စည်းပုံအခြေခံဥပဒေက သော်လည်းကောင်း အခြား ဥပဒေက သော်လည်းကောင်း လူတိုင်း အတွက် ပေးထားသည့် အခြေခံ အခွင့်အရေး များသည် ချိုးဖောက် ဖျက်ဆီး ခြင်းခံ ခဲ့ရလျှင် ထိုသို့ ချိုးဖောက် ဖျက်ဆီးသော ပြုလုပ် မှုကြောင့် ဖြစ်ပေါ် လာသော
နစ်နာချက် အတွက် ထိုသူသည် နိုင်ငံ ဆိုင်ရာ အာဏာပိုင် တရားရုံးတွင် ထိရောက် စွာ သက်သာ ခွင့် ရနိုင် စေရမည်။

အပိုဒ် ၉
မည်သူမျှ ဥပဒေ အရ မဟုတ်သော ဖမ်းဆီးခြင်းကို ဖြစ်စေ၊ ချုပ်နှောင် ခြင်းကို ဖြစ်စေ၊ ပြည်နှင်ခြင်းကို ဖြစ်စေ မခံစေရ။

အပိုဒ် ၁၀
အခွင့်အရေးများနှင့် တာဝန် ၀တ္တရား များကို အဆုံးအဖြတ် ခံရာတွင် လည်းကောင်း၊ ပြစ်မှုကြောင့် တရား စွဲဆို စီရင် ဆုံးဖြတ် ခံရာတွင် လည်းကောင်း၊ လူတိုင်းသည် လွတ်လပ်၍ ဘက်မလိုက် သော တရား ရုံးတော်၏ လူအများ ရှေ့မှောက်တွင် မျှတစွာ ကြားနာ စစ်ဆေး ခြင်းကို တူညီစွာ ခံစား ပိုင်ခွင့် ရှိသည်။

အပိုဒ် ၁၁
(၁) လူအများ ရှေ့မှောက်၌ ဥပဒေ အတိုင်း စစ်ဆေး၍ ပြစ်မှု ကျူးလွန် သည်ဟု ထင်ရှား စီရင်ခြင်း ခံရသည့် အချိန် အထိ ပြစ်မှုနှင့် တရား စွဲဆိုခြင်း ခံရသူ တိုင်းသည် အပြစ်မဲ့သူ ဟူ၍ ယူဆခြင်း ခံထိုက်သည့် အခွင့်အရေး ရှိသည်။ ထိုအမှုကို ကြားနာ စစ်ဆေး ရာဝယ် စွပ်စွဲ ခံရသည့် ပြစ်မှု အတွက် ခုခံ ချေပ နိုင်ရန် လိုအပ်သော အခွင့် အရေး များကို ထိုသူအား ပေးပြီး ဖြစ်စေ ရမည်။
(၂) လူတစ်ဦး တစ်ယောက်အား နိုင်ငံ ဥပဒေ အရ ဖြစ်စေ၊ အပြည်ပြည် ဆိုင်ရာ ဥပဒေ အရ ဖြစ်စေ၊ ပြစ်မှုမမြောက်သော လုပ်ရပ် သို့မဟုတ် ပျက်ကွက်မှု အရ ဆွဲဆို ပြစ်ပေးခြင်း မပြုရ။ ထို့အပြင် ပြစ်မှု ကျူးလွန်စဉ် အခါက ထိုက်သင့် စေနိုင်သော
အပြစ် ဒဏ်ထက် ပိုမို ကြီးလေးသော အပြစ် ဒဏ်ကို ထိုက်သင့်ခြင်း မရှိစေရ။

အပိုဒ် ၁၂
မည်သူမျှ မိမိ သဘော အတိုင်း အေးချမ်း လွတ်လပ်စွာ နေထိုင်ခြင်းကို သော်လည်း ကောင်း၊ မိမိ၏ မိသားစုကို သော်လည်းကောင်း၊ မိမိ၏ နေအိမ် အသိုက် အ၀န်းကို သော်လည်းကောင်း၊ စာပေး စာယူကို သော်လည်းကောင်း၊ ဥပဒေအရ မဟုတ်သော ၀င်ရောက် စွက်ဖက်ခြင်း မခံစေရ။ ထို့ပြင် မိမိ၏ ဂုဏ်သိက္ခာ ကိုလည်း အထက်ပါ အတိုင်း ပုတ်ခတ်ခြင်း မခံစေရ။ လူတိုင်းတွင် ထိုသို့ ၀င်ရောက် စွက်ဖက် ခြင်းမှ သော် လည်းကောင်း ပုတ်ခတ် ခြင်းမှ သော်လည်းကောင်း ဥပဒေ အရ ကာကွယ် ပိုင်ခွင့်ရှိသည်။

အပိုဒ် ၁၃
(၁) လူတိုင်းတွင် မိမိ၏ နိုင်ငံ နယ်နိမိတ် အတွင်း၌ လွတ်လပ်စွာ သွားလာ ရွှေ့ပြောင်း နိုင်ခွင့်၊ နေထိုင်ခွင့် ရှိသည်။
(၂) လူတိုင်းတွင် မိမိ နေထိုင်ရာ တိုင်းပြည်မှ လည်းကောင်း၊ အခြား တိုင်းပြည်မှ လည်းကောင်း ထွက်ခွာ သွားပိုင်ခွင့် ရှိသည့် အပြင်၊ မိမိ၏ တိုင်းပြည်သို့ ပြန်လာ ပိုင်ခွင့်လည်း ရှိသည်။

အပိုဒ် ၁၄
(၁) လူတိုင်းသည် ညှဉ်းပန်း နှိပ်စက် ခံနေရခြင်းမှ လွတ်ကင်းရန် အခြား တိုင်းပြည် များ၌ အေးချမ်းစွာ ခိုလှုံ နေနိုင်ခွင့် ရှိသည်။
(၂) နိုင်ငံရေးနှင့် မပတ်သက်သည့် ပြစ်မှု များမှ သော်လည်းကောင်း၊ ကုလ သမဂ္ဂ၏ ရည်ရွက်ချက်နှင့် သဘော တရား မှုများကို ဖီဆန်သော အမှုများမှ သော်လည်း ကောင်း၊ အမှန် ပေါ်ပေါက် လာသော ပြစ်မှုကြောင့် တရား စွဲဆိုခြင်း ခံရသည့် အမှု အခင်း များတွင် အထက်ပါ အခွင့်အရေးကို အသုံး မပြုနိုင် စေရ။

အပိုဒ် ၁၅
(၁) လူတိုင်းသည်၊ နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံသား အဖြစ် ခံယူခွင့် ရှိသည်။
(၂) ဥပဒေ အရ မဟုတ်လျှင် မည်သူမျှ မိမိ၏ နိုင်ငံသား အဖြစ်ကို စွန့်လွှတ်ခြင်း မခံ စေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲ နိုင်သော အခွင့်အရေး ကိုလည်း ငြင်းပယ်ခြင်း မခံစေရ။

အပိုဒ် ၁၆
(၁) အရွယ်ရောက် ပြီးသော ယောက်ျား နှင့် မိန်းမ တို့တွင် လူမျိုးကို သော်လည်း ကောင်း၊ နိုင်ငံသား အဖြစ်ကို သော်လည်းကောင်း ကိုးကွယ်သည့် ဘာသာကို သော် လည်းကောင်း၊ အကြောင်း ပြု၍ ချုပ်ချယ် ကန့်သတ်ခြင်း မရှိဘဲ၊ ထိမ်းမြား နိုင်ခွင့် နှင့် မိသားစု ထူထောင် နိုင်ခွင့် ရှိသည်။ အဆိုပါ ယောက်ျားနှင့် မိန်းမ တို့သည် လင်မယား အဖြစ် ပေါင်းသင်း နေစဉ် အချိန် အတွင်း၌ သော်လည်း ကောင်း၊ အိမ်ထောင်ကို ဖျက်သိမ်း၍ ကွာရှင်း ကြသည့် အခါ၌ လည်းကောင်း၊ လက်ထပ် ပေါင်းသင်း အိမ်ထောင် ပြုခြင်းနှင့် စပ်လျဉ်းသော တူညီသည့် အခွင့်အရေး များကို ရရှိ ထိုက်သည်။
(၂) သတို့သား နှင့် သတို့သမီး နှစ်ဦး နှစ်ဘက်၏ လွတ်လပ်သော သဘော ဆန္ဒရှိမှ သာလျှင် ထိမ်းမြားခြင်းကို ပြုရမည်။
(၃) မိသားစု တစ်ခုသည် လူ့အဖွဲ့အစည်း၏ သဘာဝ ကျသော အခြေခံ အဖွဲ့တစ်ရပ် ဖြစ်သည်၊ ထိုမိသားစုသည် လူ့ အဖွဲ့အစည်းနှင့် အစိုးရ တို့၏ ကာကွယ် စောင့်ရှောက် ခြင်းကို ခံယူခွင့် ရှိသည်။

အပိုဒ် ၁၇
လူတိုင်းတွင် မိမိတစ်ဦး ချင်းသော်လည်း ကောင်း ၊ အခြားသူ များနှင့် ဖက်စပ်၍ သော်လည်း ကောင်း၊ ပစ္စည်း ဥစ္စာ တို့ကို ပိုင်ဆိုင်ရန် အခွင့်အရေး ရှိရမည်။ ဥပဒေ အရ မဟုတ်လျှင်၊ မည်သူမျှ မိမိ၏ ပစ္စည်း ဥစ္စာ ပိုင်ဆိုင် ခွင့်ကို စွန့်လွှတ်ခြင်း မခံ စေရ။

အပိုဒ် ၁၈
လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ် ကြံဆ နိုင်ခွင့်၊ လွတ်လပ်စွာ ခံယူ ရပ်တည် နိုင်ခွင့် နှင့် လွတ်လပ်စွာ သက်ဝင် ကိုးကွယ် နိုင်ခွင့် ရှိသည်။ အဆိုပါ အခွင့်အရေး များ၌ မိမိ ကိုးကွယ်သည့် ဘာသာကို သို့တည်းမဟုတ် သက်ဝင် ယုံကြည် ချက်ကို
လွတ်လပ်စွာ ပြောင်းလဲ နိုင်ခွင့် ပါဝင်သည့် အပြင် မိမိ တစ်ယောက် ချင်းဖြစ်စေ၊ အခြား သူများနှင့် စုပေါင်း၍ ဖြစ်စေ၊ ပြည်သူ အများ ရှေ့မှောက်တွင် သော်လည်း ကောင်း၊ ရှေ့မှောက်တွင် မဟုတ်ဘဲ သော်လည်းကောင်း၊ မိမိ ကိုးကွယ်သော
ဘာသာကို သို့တည်းမဟုတ် သက်ဝင် ယုံကြည် ချက်ကို လွတ်လပ်စွာ သင်ပြ နိုင် ခွင့်၊ ကျင့်သုံး နိုင်ခွင့်၊ ၀တ်ပြု ကိုးကွယ် နိုင်ခွင့်နှင့် ဆောက်တည် နိုင်ခွင့်တို့လည်း ပါဝင်သည်။

အပိုဒ် ၁၉
လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင် ယူဆ နိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟ ဖော်ပြ နိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေး များ၌ အနှောင့် အယှက် မရှိဘဲ လွတ်လပ်စွာ ထင်မြင် ယူဆ နိုင်ခွင့် ပါဝင် သည့်အပြင်၊ နိုင်ငံ နယ်နိမိတ် များကို ထောက်ထားရန် မလိုဘဲ သတင်း အကြောင်း အရာနှင့် သဘော တရား များကို တနည်း နည်းဖြင့် လွတ်လပ်စွာ ရှာယူ ဆည်းပူး နိုင်ခွင့်၊ လက်ခံ နိုင်ခွင့်နှင့် ဝေငှ ဖြန့်ချီခွင့် တို့လည်း ပါဝင်သည်။

အပိုဒ် ၂၀
(၁) လူတိုင်းတွင် လွတ်လပ် အေးချမ်းစွာ စုဝေး နိုင်ခွင့် နှင့် ဖွဲ့စည်း နိုင်ခွင့် တို့ ရှိသည်။
(၂) မည်သူ ကိုမျှ အဖွဲ့အစည်း တစ်ခုသို့ ၀င်စေရန် အတင်းအကျပ် မပြုရ။

အပိုဒ် ၂၁
(၁) လူတိုင်းတွင် မိမိ နိုင်ငံ၏ အုပ်ချုပ်ရေး၌ ကိုယ်တိုင် ဖြစ်စေ၊ လွတ်လပ်စွာ ရွေး ချယ် လိုက်သည့် ကိုယ်စားလှယ် များမှ တစ်ဆင့် ဖြစ်စေ ပါဝင် ဆောင်ရွက် နိုင်ခွင့် ရှိသည်။
(၂) လူတိုင်းတွင် မိမိ၏ နိုင်ငံရှိ ပြည်သူ့ ၀န်ထမ်း အဖွဲ့၌ ၀င်ရောက် နိုင်ရန် တူညီသည့် အခွင့် အရေး ရှိသည်။
(၃) ပြည်သူ ပြည်သား တို့၏ ဆန္ဒသည် အုပ်ချုပ် အာဏာ၏ အခြေခံ ဖြစ်ရမည်၊ အဆိုပါ ဆန္ဒကို အချိန် ကာလ ပိုင်းခြားလျက် စစ်မှန်သော ရွေးကောက်ပွဲ များဖြင့် ထင်ရှား စေရမည်။ ရွေးကောက် ပွဲများ တွင်လည်း လူတိုင်း အညီအမျှ ဆန္ဒမဲ ပေးနိုင်ခွင့် ရှိရမည့် အပြင် ၊ ထိုရွေးကောက်ပွဲ များကို လျှို့ဝှက် မဲပေး စနစ်ဖြင့် ဖြစ်စေ၊ အလားတူ လွတ်လပ်သော မဲပေး စနစ် ဖြင့်ဖြစ်စေ၊ ကျင်းပ ရမည်။

အပိုဒ် ၂၂
လူတိုင်းတွင် လူ့အဖွဲ့ အစည်း၏ အဖွဲ့ဝင် တစ်ဦး အနေနှင့် လူမှုရေး လုံခြုံခွင့် ရယူ ပိုင့်ခွင့် ရှိသည့် အပြင် နိုင်ငံရေး ကြိုးပမ်းမှုဖြင့် ဖြစ်စေ၊ နိုင်ငံ တကာ ပူပေါင်း ဆောင် ရွက်မှု ဖြင့်ဖြစ်စေ၊ နိုင်ငံ အသီးသီး၏ ဖွဲ့စည်းပုံနှင့် လည်းကောင်း၊ သယံဇာတ အင်အားနှင့် လည်းကောင်း ထိုလူ၏ ဂုဏ်သိက္ခာနှင့် စရိုက် လက္ခဏာ လွတ်လပ်စွာ တိုးတက် မြင့်မားရေး အတွက် မရှိမဖြစ် လိုအပ်သော စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေး များကို သုံးစွဲ ပိုင်ခွင့် ရှိသည်။

အပိုဒ် ၂၃
(၁) လူတိုင်းတွင် အလုပ် လုပ်ရန် လည်းကောင်း၊ မိမိ နှစ်သက်ရာ အသက်မွေးမှု အလုပ် အကိုင်ကို လွတ်လပ်စွာ ရွေးချယ်ရန် လည်းကောင်း၊ တရား မျှတ၍ လုပ်ပျော် သော အလုပ်ခွင်၏ အခြေ အနေကို ရရှိရန် လည်းကောင်း၊ အလုပ်လက်မဲ့ ဖြစ်ရခြင်းမှ အကာ အကွယ် ရရှိရန် လည်းကောင်း အခွင့်အရေး ရှိသည်။
(၂) လူတိုင်းတွင် ခွဲခြားခြင်း မခံရ စေဘဲ၊ တူညီသော အလုပ် အတွက် တူညီသော အခ ကြေးငွေ ရနိုင်ခွင့် ရှိသည်။
(၃) အလုပ် လုပ်ကိုင်သည့် လူတိုင်းတွင်၊ မိမိနှင့် မိမိ၏ မိသားစု အတွက် လူ့ဂုဏ် သိက္ခာ နှင့် ညီအောင် နေထိုင် စားသောက် နိုင်ရန်၊ စိတ်ချ လောက်င သည့်ပြင်၊ တရား မျှတ၍ လုပ်ပျော်သည့် လစာ ကြေးငွေ ရပိုင်ခွင့် ရှိသည်။ လိုအပ် ခဲ့လျှင် အခြား နည်းလမ်း များမှ လူမှုရေး အထောက်အပံ့ ကိုလည်း ထပ်မံ၍ ရနိုင်ခွင့် ရှိသည်။
(၄) လူတိုင်းတွင် မိမိအကျိုး ခံစားခွင့်ကို ကာကွယ်ရန် အလုပ်သမား အစည်းအရုံး များ ဖွဲ့စည်းခွင့် ၊ ပါဝင် ဆောင်ရွက်ခွင့်ရှိသည်။

အပိုဒ် ၂၄
လူတိုင်းတွင် သင့်မြတ် လျော်ကန်စွာ ကန့်သတ် ထားသည့် အလုပ် လုပ်ချိန် အပြင်၊ လစာနှင့် တကွ အခါ ကာလ အားလျော်စွာ သတ်မှတ် ထားသည့် အလုပ် အားလပ် ရက်များ ပါဝင်သည့် အနား ယူခွင့်နှင့် အားလပ်ခွင့် ခံစား ပိုင်ခွင့် ရှိသည်။

အပိုဒ် ၂၅
(၁) လူတိုင်းတွင် မိမိနှင့် တကွ မိမိ၏ မိသားစု ကျန်းမာရေး နှင့်တကွ ကိုယ်စိတ် နှစ်ဖြာ အေးချမ်းစွာ နေထိုင် နိုင်ရေး အတွက် အစာ အဟာရ၊ အ၀တ် အထည် နေအိမ်၊ ဆေးဝါး အကူအညီနှင့် လိုအပ်သည့် လူမှု အထောက် အပံ့များ ပါဝင်သော သင့်တော် လျှောက်ပတ်သည့် လူမှု အဆင့်အတန်းကို ရယူ ခံစားခွင့် ရှိသည်။ ထို့ပြင် အလုပ် လက်မဲ့ ဖြစ်သော အခါ၌ သော် လည်းကောင်း၊ မကျန်း မမာ ဖြစ်သော အခါ၌ သော်လည်းကောင်း၊ ကိုယ်အင်္ဂါ မစွမ်း မသန် ဖြစ်သော အခါ၌ သော်လည်းကောင်း၊ မုဆိုးမ ဖြစ်သော အခါ၌ သော်လည်းကောင်း၊ အသက် အရွယ် အိုမင်းသော အခါ၌ သော် လည်းကောင်း၊ မိမိ ကိုယ်တိုင်က မတတ် နိုင်သော အကြောင်းကြောင့် ၀မ်းစာ ရှာမှီး နိုင်သော နည်းလမ်း မရှိသော အခါ၌ သော်လည်းကောင်း၊နေထိုင်စားသောက် ရေးအတွက် လုံခြုံ စိတ်ချ ရမှု အခွင့်အရေး ရှိသည်။
(၂) သားသည် မိခင် များနှင့် ကလေး များသည် အထူး စောင့်ရှောက် ခြင်းနှင့် အကူ အညီ ပေးခြင်းကို ရခွင့် ရှိသည်။ ဥပဒေ အရ ထိမ်းမြား ခြင်းဖြင့် ဖြစ်စေ အခြား နည်း ဖြင့် ဖြစ်စေ မွေးဖွားသော ကလေး အားလုံးသည် တူညီသော လူမှု ကာကွယ် စောင့်ရှောက် ရေးကို ရယူ ခံစားကြ ရမည်။

အပိုဒ် ၂၆
(၁) လူတိုင်းသည် ပညာ သင်ယူ နိုင်ခွင့် ရှိသည်၊ အနည်းဆုံး မူလတန်းနှင့် အခြေခံ အဆင့် အတန်း များတွင် ပညာ သင်ကြား ရေးသည် အခမဲ့ ဖြစ်ရမည်။ မူလတန်း ပညာ သည် မသင် မနေရ ပညာ ဖြစ်ရမည်။ စက်မှု လက်မှု ပညာနှင့် အသက် မွေးမှု ပညာ များကို ယေဘူယျ အားဖြင့် သင်ကြား ရယူ နိုင်စေ ရမည်။ ထို့ပြင် အထက်တန်း ပညာ အတွက် အရည်အချင်းကို အခြေခံ ပြု၍ တူညီသော အခွင့်အရေး ရရှိစေ ရမည်။
(၂) ပညာ သင်ကြား ရေးကို လူသား တို့၏ စရိုက် လက္ခဏာ အပြည့်အ၀ တိုးတက်မှု အပြင်၊ လူ့ အခွင့် အရေးနှင့် အခြေခံ လွတ်လပ်ခွင့် ရိုသေ လေးစားမှု တို့ကို ရှင်သန် ဖွံ့ဖြိုး လာစေရန် ရည်ရွယ်၍ သင်ကြား စေရမည်။ ပညာ သင်ကြား ရေးသည် နိုင်ငံ အားလုံး တို့တွင် လည်းကောင်း၊ လူမျိုးစု များတွင် လည်းကောင်း၊ ဘာသာရေး အသင်း အဖွဲ့ များတွင် လည်းကောင်း၊ အချင်းချင်း နားလည်မှု၊ သည်းခံ မှုနှင့် ခင်မင် ရင်းနှီးမှု တို့ကို အားပေး ရမည်။ ထို့ပြင် ငြိမ်းချမ်းရေး တည်တံ့အောင် ဆောင်ရွက်ရန် အလို့ငှါ၊ ကုလ သမဂ္ဂ၏ ဆောင်ရွက်မှု များကိုလည်း ဖြစ်မြောက် အောင် အားပေး ရမည်။
(၃) မိဘတို့တွင်၊ မိမိတို့၏ ကလေးများ သင်ယူ ရမည့် ပညာ အမျိုး အစားကို ရွေးချယ် နိုင်သော လက်ဦး အခွင့်အရေး ရှိသည်။

အပိုဒ် ၂၇
(၁) လူတိုင်းတွင် သက်ဆိုင်ရာ ယဉ်ကျေးမှု လောက၌ လွတ်လပ်စွာ ပါဝင်ဆောင် ရွက်နိုင်ခွင့် သုခုမ ပညာရပ် များကို လွတ်လပ်စွာ လိုက်စား မွေ့လျော် နိုင်ခွင့်၊ သိပံ္ပ ပညာ ထွန်းကားရေး လုပ်ငန်း များတွင် လွတ်လပ်စွာ ၀င်ရောက် လုပ်ကိုင် နိုင်ခွင့်နှင့် ထိုပညာ၏ အကျိုး အာနိသင် များကို လွတ်လပ်စွာ ခံစား သုံးစွဲ နိုင်ခွင့် ရှိသည်။
(၂) လူတိုင်းတွင် သိပံ္ပမှ ဖြစ်စေ၊ စာပေမှ ဖြစ်စေ၊ သုခုမ ပညာမှ ဖြစ်စေ၊ မိမိ ကိုယ်ပိုင် ဥာဏ်ဖြင့် ကြံစည် ဖန်းတီး မှုမှ ဖြစ်ထွန်း လာသည့် ဂုဏ်နှင့် ငွေကြေး အကျိုး အမြတ် များကို ခံစား ရယူ နိုင်ရန် အခွင့်အရေး အတွက် ကာကွယ် မှုကို ရရှိရန် အခွင့်အရေး ရှိသည်။

အပိုဒ် ၂၈
လူတိုင်းသည် ဤကြေညာ စာတမ်းတွင် ဖော်ပြ ထားသည့် အခွင့် အရေး များနှင့် လွတ်လပ်ခွင့် များကို အပြည့် အစုံ ရယူ နိုင်သော လူမှု ဆက်ဆံရေး အခြေအနေနှင့် အပြည်ပြည် ဆိုင်ရာ ဆက်ဆံရေး အခြေအနေ တို့၏ အကျိုး ကျေးဇူးကို ခံစားနိုင်ခွင့် ရှိသည်။

အပိုဒ် ၂၉
(၁) မိမိ၏ စရိုက် လက္ခဏာ လွတ်လပ်စွာ ဖွံ့ဖြိုး တိုးတက် နိုင်သည့် တစ်ခုတည်း သော လူ့ အသိုက်အ၀န်း အတွက် လူတိုင်း၌ တာဝန် ရှိသည်။
(၂) မိမိ၏ အခွင့်အရေး များနှင့် လွတ်လပ် ခွင့်များကို သုံးစွဲ ရာတွင် လူတိုင်းသည်၊ အခြား သူများ၏ အခွင့်အရေး များနှင့် လွတ်လပ်ခွင့် များကို အသိ အမှတ် ပြု၍ ရိုသေ လေးစား စေရန် အလို့ငှာ လည်းကောင်း၊ ဒီမိုကရေစီ ကျင့်သုံးသော လူ့အဖွဲ့ အစည်း တွင် ကိုယ်ကျင့်တရား အပြင်၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် ပြည်သူ့ အကျိုး စီး ပွား ဖြစ်ထွန်း ရေးတို့ အတွက်၊ တရား မျှတစွာ ကျင့်ဆောင်ရန် အလို့ငှာ လည်း ကောင်း၊ ဥပဒေက ပြဌာန်း ထားသည့် ချုပ်ချယ်မှု များဖြင့်သာ ကန့်သတ်ခြင်း ခံရမည်။
(၃) အဆိုပါ အခွင့်အရေး များနှင့် လွတ်လပ် ခွင့်များကို မည်သည့် အမှုကိစ္စ တွင်မျှ ကုလ သမဂ္ဂ၏ ရည်ရွယ်ချက် များနှင့် လည်းကောင်း၊ အခြေခံမူများနှင့် လည်း ကောင်း ဆန့်ကျင်၍ မသုံးစွဲရ။

အပိုဒ် ၃၀
ဤကြေညာ စာတမ်းပါ အခွင့်အရေး နှင့်တကွ လွတ်လပ်ခွင့်များ ပျက်စီးရာ ပျက်စီး ကြောင်း တို့ကို ရည်ရွယ်၍၊ နိုင်ငံ တစ်နိုင်ငံ အတွက် ဖြစ်စေ၊ လူတစ်စု အတွက် ဖြစ် စေ၊ လူတစ်ဦး တစ်ယောက် အတွက် ဖြစ်စေ ပါဝင် ဆောင်ရွက်ရန် အခွင့် ရှိသည်ဟု သော်လည်းကောင်း၊ ကိုယ်တိုင် ဆောင်ရွက်ရန် အခွင့် ရှိသည်ဟု သော် လည်း ကောင်း အဓိပ္ပါယ် ပိုင်းခြား ကောက်ယူခြင်း မရှိစေရ။

အပိုဒ် ၁၉ ပါ ကမ္ဘာ့လူ့အခွင့်အရေးဆိုင်ရာ ကြေငြာချက်က ကျမတို့ သူငယ်ချင်း ဘလော့ဂါ နေဘုန်းလတ်အတွက် အထောက်အပံ့မဖြစ်နိုင်ဘူးလား။ ဘလော့ဂါတွေကို ကာကွယ်ပေးမဲ့ ကော်မတီ တစ်ခုမှာ သူနဲ့ပါတ်သက်ပြီး ပို့စ်တင်ထားတာ ဖတ်ရသေးတယ်။ ဒီရက်ပိုင်း ၀မ်းနည်းခံစားရတာ၊ မတရားမှန်းသိတာကလွဲရင် ဘာမှမတတ်နိုင်တာ၊ ဒီအီလက်ထရောနစ်ဥပဒေဆိုတာကြီးက ကျမတို့ မြန်မာက အိုင်တီသမားများကို ခြိမ်းခြောက် ကြောက်လန့်စေတာမျိုးက တဖုံ၊ သတင်းမီဒီယာတွေကနေ နေဘုန်းလတ်ရဲ့ အရင်ကဘာတွေလုပ်တယ် ဘာကြောင့် ဘာညာဆိုတဲ့ တချို့သတင်းအမှားတွေက တမှောင့် အဲဒါနဲ့ပဲ ကွန့်မန့်လဲရေးရင်း ကျမရဲ့ အင်္ဂလိပ်ဘလော့မှာပါ ပို့စ်တင်ထားပါတယ်။
၁) သူ့ဘလော့မှာ နအဖ အာဏာရူးတွေရဲ့ ကာတွန်းတင်လို့အဖမ်းခံရတာ မဟုတ်တာ(မေးလ်မှာ ပို့တာဖြစ်ကောင်းဖြစ်ချင်လဲ ဖြစ်မယ် မသိဘူးလေ၊ ဒါဆို ကျမတို့ရော လွတ်ကင်းရဲ့လား။ သူတို့သားသမီးတွေရဲ့ မေးလ်တွေမှာ ရှိကောင်းရှိနေရင်ရော တကယ် နှစ် ၂၀ကျော် စီရင်ချက်မျိုးကို ကျောသားရင်သား မခွဲခြားပဲ ချနိုင်မယ်လားလေ)
၂) ရွှေဝါရောင် တော်လှန်ရေးမှာ သူ့ဘလော့ကနေ ဘာသတင်း၊ ဓာတ်ပုံ ဘာမှတင်ခဲ့တာမျိုးမလုပ်ခဲ့တာ
(သူ့ အတွေးအခေါ်၊ အသိအမြင်တွေနဲ့ အနုပညာသက်သက်သာ ဖန်တီးတင်ဆက်ခဲ့တာ ဖတ်တတ်ရင် သိသာပါတယ်။ မြန်မာလိုရေးတဲ့ ဘလော့တစ်ခုပါလေ)
၃) သူက သာမန်ပြည်သူထဲက လူမှုရေးအကျိုးပြုလုပ်ရပ်တွေနဲ့ အနုပညာ သက်သက်ကို ခုံမင်ရူးသွပ်တဲ့ လူငယ်တစ်ယောက်ပါ။ NLD လူငယ်အဖွဲ့ဝင် တချိန်ကဖြစ်ခဲ့ဖူးတယ်ဆိုတာကလွဲရင် ဘာနိုင်ငံရေးများ ထင်ထင်ရှားရှားပတ်သက်လှုံ့ဆော်ခဲ့ဖူးလို့လဲ။ ဘယ်ဘလော့ဂါ ဘယ်နှစ်ယောက်ကို နိုင်ငံရေးဆူပူလှုပ်ရှားမှုတွေ ဆောင်ရွက်ဖို့ စည်းရုံးသိမ်းသွင်းဖူးလို့လဲ။ Never he did it. ဘလော့ဂါတွေစုစည်းဖြစ်ကြတယ် ဆိုတာကလဲ လူမှုရေးအသိ၊ ပညာရေးအသိ၊ နည်းပညာအသိ စတဲ့ နယ်ပယ်တွေ အပြန်အလှန်ဖလှယ်ကြရင်း ခင်မင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံကြတဲ့ အပိုင်းကဏ္ဋပါ။ လူ့ဘောင်လောကဆိုတာ မရှိသင့်တဲ့ အရာလား။

အားလုံးချုပ်လိုက်ရင် ဒီအီလက်ထရွန်းနစ်ဥပဒေဆိုတာကြီးက တိုးတက်မှုရှာဖွေပြီး ကမ္ဘာမှာမြန်မာဖြစ်ဖို့ အားသွန်ခွန်စိုက် ကြိုးစားနေကြတဲ့ မျိုးဆက်သစ်လူငယ်တွေနဲ့ မြန်မာအိုင်တီလောကကသူတွေအပေါ် တကယ်မတရားတာပါ။ အခုကျမရေးတာ သူ့အတွက် ပုဂ္ဂိုလ်ရေးခံစားချက်မပါပဲ ဘေးအမြင်သက်သက်နဲ့ရေးနေတာပါ။ ဒါပေသိ နောက်ကျသွားတယ်။ သူ့ကို ဒီလို အလဲထိုးစီရင်ချက်တွေမချခင် စောစောရေးသင့်ခဲ့တယ်ထင်ပါရဲ့။ (မျှော်လင့်မိတာပါ)

ခုတော့ ကျမ ရင်ထဲရှိနေတဲ့အတွေးတွေက-
ပုဒ်မတွေက
ကမ္ဘာ့လူ့အခွင့်အရေးဆိုင်ရာ ကြေငြာချက်တွေနဲ့ ချိန်ထိုးကြည့်မယ်ဆိုရင် ပုပ်သိုးနေပါသလား
ဥပဒေဆိုတာ ရာဘာကွင်းလို အတင်းအလျှော့လုပ်လို့ရပါသလား
လုပ်ချင်ရာလုပ်လို့ရတာဟာ အာဏာရှင်စနစ်ပဲ မဟုတ်ပါလား

စာဖတ်သူ သင်ရော ဘယ်လိုတွေးပါသလဲ
လွတ်လပ်စွာတွေး၍ လွတ်လပ်စွာရေးပိုင်ခွင့်တွေ ရှိပါသလား ပြန်စဉ်းစားပါလေ...


Thursday, November 13, 2008

ထာဝရ သူငယ်ချင်း နေဘုန်းလတ်

အိပ်မက်တွေကနေ လန့်လန့်နိုး
ခံစားချက်တွေ ထပ်ထပ်တိုးလာတဲ့
ရင်ကွဲ ပက်လက် နံနက်တွေ။


အနှစ်နှစ်ဆယ်လုံးလုံး အဲလိုမနက်မျိုးတွေမကြုံစေချင်ဘူး
ဒါပေသိ ဒီနတ်ဆိုးတွေရဲ့ မုန်တိုင်းတွေနဲ့ အလဲထိုးရိုက်ချက်တွေကြားထဲက
လူကိုသာ အကျဉ်းချလို့ ရမယ်၊ စိတ်ဓါတ်နဲ့ အနုပညာကို ဘယ်တော့မှ ချုပ်နှောင်လို့ မရဘူး . . . ။
နေဘုန်းလတ်

သူငယ်ချင်း
အဲဒီစိတ်ဓာတ်ကို လေးစားတယ်
ဘယ်တော့မှ ဦးမညွတ်နဲ့
အမြန် ပြန်ဆုံမယ်

F - Forever
R - Relations
I - In
E - Earth
N - Never
D - Die

You are always be with us, my dear.

Monday, November 10, 2008

ဖေါ်ပြစရာ စကားလုံးရှာမတွေ့ပါ

ဒီလောက် ၀မ်းနည်းစရာ ကောင်းတဲ့ သတင်းမျိုးအတွက် ငါ့ခံစားချက်ကို ဖေါ်ပြစရာစကားလုံး ရှာမတွေ့ဘူး

ကမ္ဘာကျေသော်လည်း ဥဒါန်းမကျေနိုင်တာမျိုး
ငါ့ကိုယ်မှ ရဲရဲနီသော သွေးတို့ မြေသို့ခချင်ခပစေတော့ ငါကား ဦးမညွတ်နိုင်
အချိန်နှင့်အမျှ..ရှေ့သို့သာ ငါ..

အို...လောကပါလနတ်မင်းကြီး... ကယ်တော်မူပါ

Sunday, November 9, 2008

How about priority?

ဘွဲ့လက်မှတ်ဆိုတာလည်း အရေးပါပါတယ်။ အခြားသော ပြင်ပ သင်တန်းတွေဆိုတာလည်း အရေးကြီးပါတယ်။ လက်တွေ့လုပ်ငန်းခွင်ဆိုတာလည်း အဓိကကျပါတယ်။ ကျောင်းသင်ခန်းစာ ပညာရေးကို Academic ၊ ပြင်ပသင်တန်းကို Professional ၊ ကုမ္ပဏီမှာကတော့ Practical Experience ပေါ့ဗျာ။ အားလုံးကတော့ လိုအပ်တာချည်းပါပဲ။ ဘယ်ဟာကို ဦးစားပေးရမယ်ဆိုတာကတော့ အခုနက ပြောခဲ့သလို လက်ရှိအချိန်မှာ လက်တွေ့ကျနေတာကိုပဲ ဦးစားပေးရွေးချယ်ရမှာပါ။.........
သူငယ်ချင်းကြီးမျက်လုံးရဲ့ ဒီပို့စ် ကစာသားလေးနဲ့ပါတ်သက်ပြီး ထပ်ဆင့်ပွားပြီး တွေးတောမိတာလေးပါ။

ကျမလဲ အတန်းပညာရေး၊ သက်မွေးဝမ်းကျောင်းသင်တန်းနဲ့ လက်တွေ့လုပ်ငန်းခွင်တွေမှာ အဆင့်ဆင့်ဖြတ်သန်းခဲ့ရပါတယ်။ အဲလိုကနေ ဒီနေ့ ဒီအချိန် စင်ကာပူမှာ web developer တစ်ယောက်အနေနဲ့ လုပ်ကိုင်ခွင့်ရရှိလာတာလေးကို ပြန်ပြောင်းသုံးသပ်ကြည့်မိတော့-
၁၉၉၃ ကျမ ဆယ်တန်းအောင်တော့ ဂုဏ်ထူးလေးဘာသာထွက်တယ်။ ဒါပေသိမြန်မာစာ အမှတ်က အညံ့ဆုံးလူအောက်တောင်ရောက်အောင် နည်းခဲ့ရာက(အမှတ်သွင်းသူလွဲခဲ့တယ်လို့ပဲ စွပ်စွဲချင်ပါတယ် နောက်မှ ပို့စ်တခုတင်ပါဦးမယ်) ကျမဖြစ်ချင်တဲ့ ဆရာဝန်မတစ်ယောက်ဖြစ်ဖို့ ဆေးကျောင်းတက်ခွင့်မသာခဲ့လို့ တက္ကသိုလ်တောင် မတက်ဘူးဆုံးဖြတ်ဖူးပေမဲ့ ကုန်သည်ပွဲစားလုပ်ငန်းရှင်မျိုးရိုးထဲမှာ ပညာတတ်တော့ဖြစ်စေချင်တဲ့ ကျေးဇူးရှင်ဖေဖေ၊မေမေ တို့ရဲ့ဆန္ဒကိုလိုက်လျောပြီး သင်္ချာအဓိကနဲ့ကျောင်းတက်ဖြစ်ခဲ့တာ။(ကွန်ပြူတာကိုလဲ ကူးလို့ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ အီးမေဂျာမယူခဲ့ဘူးလေ)။ ထုံးစံအတိုင်း မြန်မာပြည်ပညာရေး မကြာခဏ ကျောင်းတွေပိတ်တုန်း အချိန်တွေ အလဟဿမဖြစ်ရအောင် ခေတ်နဲ့လဲညီအောင် ကွန်ပြူတာသင်တန်းအခြေခံသင်တန်းတွေတက်ရာကစ IDCS , IAD တွေ ပြီးခဲ့တယ်။ သင်တန်းပရောဂျက်တွေမှာ သာမက လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံတွေရအောင်ပါ အပြင်ပရောဂျက်တွေမှာလဲ ပိုက်ဆံရသည်ဖြစ်စေ၊မရသည်ဖြစ်စေ ကူရေးပေးခဲ့တယ်။ သင်္ချာဂုဏ်ထူးတန်းတက်လို့ ကျောင်းမပြီး၊ ဘွဲ့မရခင်မှာတင် ကျမ မိုးကုတ် KMD မှာ ဆရာမလုပ်တာ တစ်နှစ်ခွဲလောက်ပါပဲ။ ဘွဲ့လဲရ ၊ စာသင်တဲ့ hardware & networking service အတွေ့အကြုံတွေလဲရ ၊ ရန်ကုန်မှာ နောက်တခါ အလုပ်လာရှာတော့ International School မှာပဲ နောက်ထပ် တစ်နှစ်ခွဲလောက် ဆရာမ ပြန်လုပ်ခဲ့ပြီး Tours Co. မှာ IT Executive ပုံစံမျိုးနဲ့ အလုပ်စ၀င်ရာကနေ Sales & Marketing Manager ဖြစ်လာတဲ့အထိ ကျမ အဆင့်ဆင့်အတွေ့အကြုံတွေ ဖြတ်သန်းလာခဲ့တယ်။ နောက်ဆုံးတော့ စင်ကာပူမှာ လာအလုပ်လုပ်ဖို့ဆုံးဖြတ်ခဲ့ရင်း ကျမ web developer ဖြစ်ဖို့ programming သင်တန်းတွေ၊ စာမေးပွဲတွေ ထရိန်းနင်းတွေကို နားချိန်မရှိ တရစပ် ကြိုးစားရင်း ကျမ အဖြစ်ချင်ဆုံးလမ်းကြောင်းတစ်ခုပေါ်ကို ခြေပြန်ချနိုင်ခဲ့တယ်။

ကျမ ပြန်ပြီး အချုပ်ပြောရမယ်ဆိုရင် first priority က ကျမ ဖေတို့မေတို့ ယူစေချင်တဲ့ ဘွဲ့တစ်ခု မဖြစ်မနေရဖို့က နံပါတ်တစ်ပါ (အသုံးမလိုဘူးဆိုတာ မရှိဘူးလို့ယုံပါတယ်။ ဒီလောက်လွယ်တဲ့ပညာရေးက ဘွဲ့တစ်ခုတောင် ရအောင်မယူထားဖြစ်ရင် ကျမတခြားပိုခက်တာတွေ ဆက်မလုပ်သင့်ဘူးလေ) ဒါပေသိ အဲဒီသချာင်္ဂုဏ်ထူးတန်းဘွဲ့ရပေသိ ကျမ ဘာမှမတတ်ခဲ့သလိုပါ။ ပြီးတော့ ကွန်ပြူတာမေဂျာကိုလဲ ပြောင်းခွင့်မရခဲ့ပါ(ပေါ်လစီတွေ ပြောင်းတယ်လေ ဘာမှအစိုးမရပဲကိုး)။ အဲဒီဘွဲ့နဲ့ ပိုက်ဆံမရှာနိုင်ခဲ့ဘူးပါ။ ပါတ်စပို့လုပ်တော့မှ လျော်ကြေး (EC ) သွင်းခဲ့ရပါသေးတယ်။ ဘာပဲဖြစ်ဖြစ် သူ့ကျေးဇူးတစ်ခုက စင်ကာပူမှာ ကျမ spass approved ဖြစ်စေတဲ့ main factor ဖြစ်ပါတယ်။

2nd priority အနေနဲ့ ကျမ ကွန်ပြူတာသင်တန်းတွေနဲ့ language သင်တန်း(ဂျပန်စာ၊ တရုတ်စာ)ကို သက်မွေးဝမ်းကြောင်းဆိုင်ရာ အထောက်အကူပြုအနေနဲ့ time line တွေဆွဲပြီး အကြားအလပ်မရှိ ၁၀နှစ်စာ သင်ယူခဲ့တာ တစိုက်မတ်မတ်ပါ။ ပြောမယ်ဆိုရင် IT field & languages skills တွေက အမြဲတမ်း keep in touch ဖြစ်နေခဲ့လို့ မေ့သွားတယ်ဆိုတာ မရှိတော့ဘူး(စကားပုံတစ်ခုမှာတော့ စောင်းနဲ့ ၆လခန့်ကင်းကွာတဲ့စောင်းသမားဟာ စောင်းမတီးတတ်တော့ဘူးဆိုတာရယ် ၊ ကျမဆရာတစ်ယောက်ကပြောတယ် သင်ပြီးမေ့ပစ်လိုက်တာဟာလဲ မတတ်တာ၊ မသင်ရသေးတာနဲ့ အတူတူပဲဆိုတာရယ် အတွက် ကြိုးစားပြင်ဆင်ခဲ့တာပါ)

အဲဒီမှာ first and second priority ဆိုတာက ကျမအတွက် ထွန်ယက်စိုက်ပျိုးခဲ့ချိန်တွေပါ။ (အလုပ်လုပ်ဖို့ ငွေနဲ့အတွေ့အကြုံတွေရဖို့ရာ စိတ်မလောသေးပါဘူး)

3rd priority ကတော့ ကျမ မိဘတွေဆီက ငွေကြေးအထောက်အပံ့ကို ဒီကနေ့ထိ ယူခဲ့တုန်း၊ ယူနေရတုန်းက တပိုင်းတကန့်ပေမဲ့ ကျမ 99 ခုနှစ်ကတည်းက ကိုယ်ပိုင်ဝင်ငွေသုံးနိုင်ဖို့ စီးပွားရှာတာအပြင်၊ ကြုံလာတဲ့ လုပ်ငန်းတွေမှာ အတွေ့အကြုံတွေရဖို့ အမြတ်အနည်းအများ၊ လခ အနည်းအများ အဓိကထား မစဉ်းစားခဲ့ဖူးဘူး။ အဲဒီအတွက်ကျမအလုပ်တွေလုပ်ခဲ့တယ်။ လုပ်ချင်တဲ့အလုပ်တစ်ခုအတွက် ကုမ္ပဏီမှာ အောက်ခြေ၀န်ထမ်းဘ၀က စ၀င်ဖို့လဲ ၀န်မလေးခဲ့ဖူးဘူး။ ပြီးတော့ ကျမလျှောက်ခဲ့တဲ့ ရွေးချယ်ခဲ့တဲ့လမ်းအတွက် ဘယ်တော့မှ နောင်တမရဘူးသလို နောက်ပြန်လှည့်ဖို့လဲမစဉ်းစားဖူးဘူး။ ဒါပေသိ တောင်အမြင့်တစ်ခုကို တက်ပြီးမှ တခြားနောက်ထပ်တောင်အမြင့် တစ်ခုကိုထပ်တက်ဖို့မတက်ဖို့ကတော့ သေချာစဉ်းစားဆုံးဖြတ်ဖို့လိုတာ ခြွင်းချက်တစ်ခုပါလေ။ ဘာပဲဖြစ်ဖြစ် ၀င်ငွေ သို့မဟုတ် လစာနဲ့ အတွေ့အကြုံဆိုတာ ကျမသင်ထား တတ်ထားတဲ့ ပညာရဲ့ အသီးအပွင့်အနေနဲ့ ရိတ်သိမ်းချိန် ခံစားချိန် ဖြစ်လာပါပြီ။ (ပညာတွေ ကတော့ အမြဲမပြတ်ထပ်ဖြည့်ရင်း continuous improvement ပါ)

နောက်ဆုံး ဦးစားပေးအစီအစဉ်ကတော့ ကျမ လူမှုရေးလုပ်ငန်းတွေမှာ တတ်အားသရွေ့ ဦးဆောင်ပါဝင်ရင်း ကျမ ကူညီပေးတတ်တဲ့လက်တစ်စုံကို ပိုင်ဆိုင်ခွင့်ရရှိခဲ့ခြင်းပါ။ (forumer, organizer, action officer, active member စသဖြင့်ပေါ့ အကျယ်တ၀င့်မရှင်းပြလဲ သိတယ်ဟုတ်)

ကျမ ဒီပို့စ်လေးနဲ့အတူ အတွေ့အကြုံတွေ ကျမရဲ့ priority တွေကို ချရေးပြခြင်းရဲ့ ရည်ရွယ်ချက်က အဓိကနဲ့သာမညကို သေချာစွာနဲ့ ကျမရဲ့ မောင်နှမသူငယ်ချင်းတွေ ခွဲခြားဆုံးဖြတ်နိုင်စေချင်တာပါ။
ကိုယ့်အသက်အရွယ်နဲ့ ပညာအရည်အချင်းပေါ်မူတည်ပြီး priority ကို ကြိုတင်စဉ်းစားရင်း ကိုယ့်ဘ၀ရှေ့ဆက်မဲ့ လမ်းကြောင်းတွေကို မှန်ကန်စွာ ရွေးချယ်နိုင်ဖို့ အထောက်အပံ့တစ်ခုဖြစ်မယ်ဆိုရင် ကျမနဲ့ ကျမသူငယ်ချင်းကြီး မျက်လုံးတို့ ဒီလိုပို့စ်တွေကို အချိန်ကုန်ခံ အပင်ပန်းခံပြီး ရေးရကျိုးနပ်မယ်လို့ ဆန္ဒမှန်ဖြင့်...

စာကြွင်း ။ ။ ကျမ ဦးစားပေးတွေ အခြေကျလို့ ကျမခေါင်းမော့ကြည့်လိုက်တဲ့အချိန်ကျ ကျမဘေးမှာ ကြင်နာစွာစောင့်ရှောက်ပေးမယ်ဆိုတဲ့ စောင့်နေနိုင်သူ တစ်ဦးတစ်ယောက်မှ မရှိတော့တဲ့အချိန်ကျမှ ကျမ နှလုံးသားလေးကို ဦးစားပေးဖို့ မေ့နေခဲ့မှန်း အမှတ်ရမိပါတော့တယ်.. :P
နေ့စဉ်တိုင်းမှာတော့ ကုသိုလ်၊ ပညာ၊ ဥစ္စာ.. တခုခုရှာဖို့တော့ မမေ့မလျော့ခဲ့မိသေးတာမို့တော့ ဖြေသာပါတယ်။ :)

အနားမှာမရှိဘူး

ငါ့မှာ...
အန်ချစရာ စကားလုံးတွေ
ကောင်းကင်နဲ့ အပြည့်ရှိတရ်
ဒါပေသိ
ဇီဝစိုးငှက်ရဲ့ အန်ဖတ်တွေလို
တန်ဖိုးထားပေးတတ်တဲ့
နင်...အနားမှာမရှိဘူး။

ငါ့မှာ...
အူကြောင်ကျားတဲ့ အတွေးအခေါ်တွေ
ယာတစ်ခင်းစာရှိတရ်
ဒါပေသိ
ရေလောင်းပေါင်းသင်ပေးရင်း
ရွှေသီးအောင် လုပ်ပေးနိုင်တဲ့
နင်...အနားမှာမရှိဘူး။

ငါ့မှာ...
နူးညံ့လှပတဲ့ အကြင်နာတွေ
စမ်းချောင်းတစ်စင်းစာရှိတရ်
ဒါပေသိ
ဒိုက်နဲ့အမှိုက်တွေကင်းစေလို့
သန့်ရှင်းကြည်လင်အေးမြအောင်လုပ်ပေးနိုင်တဲ့
နင်...အနားမှာမရှိဘူးလေ။

Friday, November 7, 2008

No Pain No Gain…


No Pain No Gain… Accept the Pain, Future will be Fruitful…

ကျမ ဒီပုံလေးလဲသဘောကျလို့ပါ

ခရီးအစကတည်းက အတူသယ်မလာကြပြီးမှ လမ်းခရီးတလျှောက်လုံး နည်းနည်းချင်းဖြတ်ခဲ့ပြီး သက်သာခိုလာခဲ့တဲ့သူမျိုး
တကယ့်တကယ် ကျဥ်းထဲကျပ်ထဲဖြစ်ဖြစ် ကျော်ဖြတ်ဖို့ဖြစ်ဖြစ်အချိန်ကျမှ သူများနည်းတူ ရှေ့ခရီးမဆက်နိုင်ပဲ ကျန်နေခဲ့တာလေး သင်ခန်းစာရပါတယ်။

ကျမရဲ့ ဘ၀တလျှောက်လုံးမှာလဲ အချောင်ခိုလာတာမရှိစေခဲ့ဘူး။ ကျမယုံကြည်တယ် အလကားကျတဲ့ချွေးဆိုတာမရှိပါဘူး။
ကျမတို့ နာကျင်မှုတွေ လောကဓံရဲ့အထုအထောင်းတွေအောက်မှာ ကျော်ဖြတ်ပြီး ခံနိုင်ရည်ရှိလာရင်း ကာဘွန်ချင်းအတူတူ ကမ္ဘာမြေကြီးရဲ့အထုအထောင်းကို ပိုပြီးနက်ရှိုင်းစွာခံယူရင်း ဖြစ်ပေါ်လာတဲ့ အဖိုးတန်တဲ့စိန်တွေလိုပဲ ကျမတို့လဲ အဖိုးတန်လူသားတွေ တနေ့တော့ဖြစ်လာမှာ မလွဲဘူးလို့ယုံကြည်နေဆဲပါ။

ကျမရဲ့ လက်စွဲစကားလေးတွေလဲ ကြုံတုန်းပြောပြချင်သေးတယ်
"Never Never give up" and "Nothing is impossible."
“အလကားကျတဲ့ ချွေးစက်မရှိပါ ”နဲ့ “ဖြစ်သမျှအကြောင်း ကိုယ့်ကြောင့်”
“ဓားတိုလျှင်လည်း ဓားရှည်မတောင်းပါနဲ့ ရှေ့တလှမ်းတိုးခုတ်ပါ ”(blog day gathering party ညက တောင်ပေါ်သားနဲ့ ငြင်းဖူးသေးတာ မှတ်မိပါသေး)

Sunday, November 2, 2008

ဝေးလွင့်ခြင်းရဲ့သံစဉ်များ

ဘယ်ဘက်ရင်အှုံဆီက သေတ္တာထဲ
ကြင်နာသူအဖြေမရှာလဲ
တကယ်သာ အသေအချာပဲ
သံစဉ်ချိုတွေ တည်နေဆဲ..

ထာဝစဉ်သာ အဖြူရောင်
တခါတလေမှာ သူပန်းရောင်
ဖြူစင်ချင်ယောင် သူဟန်ဆောင်သမို့
ကြင်နာသူ တကယ်မကြားခဲ့လေသလား...

လောကဓံလေလှိုင်းကြား
ဝေးလွင့်ခြင်းရဲ့သံစဉ်များ
ရင်နာစွာလေ လွင့်မျောသွား
(ခုတော့) မဖြေသာတဲ့ တစ်ကိုယ်ရေညများ...

Saturday, November 1, 2008

Great Greeting To the Earth

စက်ရပ်သတင်း

မယ်လိုဒီ နေမကောင်းပါ အသီးများ မုံ့များနှင့်လူနာလာမေးနိုင်ကြောင်း၊
သို့သော် ကြိုတင်appointment ယူရန်လိုအပ်ပါကြောင်း၊
ဖြစ်စဉ်မှာ ယခင်သီတင်းပတ်၏ ဗုဒ္ဓဟူးနေ့တွင် ကုဒ်ဒင်းများနှင့် အိပ်ရေးပျက်ခြင်းသည်တစ်ကြောင်း၊ ဂဏာန်းသင်္ချာများအား အင်တိုက်အားတက်တွက်မိသည်တစ်ဖုံ၊ သုံးရက်ဆက်တိုက်အိပ်ရေးပျက်သောဒဏ်အကျိုးဆက်ဖြင့် သွေးအားကျ၍ ရုတ်တရက်ရှော့ခ်ဖြစ်ကာ Jurong East MRT ၏ Toilet တွင် Great greeting to the Earth အဲ..လေ.. မူးလဲပြုတ်ကျကာ မေးကွဲသွားကြောင်း၊ မျက်နှာလဲ အညိုအမည်းစွဲကာ သွားနှစ်ချောင်းခန့်ပဲ့သွားကြောင်း၊
Toilet ဘေးရှိ ဆေးခန်းတွင်ပင် dressing လုပ်၍ ၅ရက်ခန့်ပလာစတာ ကပ်ထားရန်လိုကြောင်းနှင့် နက်ဖန် ဆန်းဒေးတွင် လူလူသူသူ လှတပတ လျှောက်လည်နိုင်ပြီဖြစ်ကြောင်း၊
သို့သော် တနင်္လာနေ့တွင် အလုပ်စဆင်းရမည်ဖြစ်၍ စနေ၊ တနင်္ဂနွေနေ့များတွင်လည်း ပဲသီး၊ဘူးသီးဖြစ်နေကြောင်း၊
သို့ဖြစ်၍ ပို့စ်များအတင်ကျဲနေဦးမည်ဖြစ်ကြောင်း မယ်လိုဒီ၏ ဘလော့ဖတ်ပရိတ်သတ်များအား သိစေရန် ကြေငြာအပ်ပါသည်။