Monday, September 29, 2008

ကျမနှင့်ပထမဆုံးများ

ပထမဆုံးတွေရေးရမတဲ့ ဘလော့ပို့စ်ထဲမှာ မေတ္တာစာနဲ့တင်မက ဖုန်းဆက်ပြီးပါတက်တဲ့သူကလဲရှိသေး(ဘယ်သူရှိမလဲ ဟွင်းဟွင်း)

ကဲ..ရေးတယ်ကွာ

ပထမဆုံး နေခဲ့တဲ့မြို့ — မန်းသမီးမို့ မန်းလေးလေ..

ပထမဆုံး တက်ခဲ့ရတဲ့ကျောင်း — အ.ထ.က (၁၃) မန်းလေးမြို့(ဆရာမတွေကို အမကြီးလို့ခေါ်တဲ့ကျောင်းပေါ့)။

ပထမဆုံး အတန်း — မူကြိုလို့ ထည့်ပြောရင်တော့ မှန်ဦးမလားမသိဘူး(ထွန်းလဟိုတယ်မှာ ဖွင့်တယ်၊ မန်းကလူတွေသိတယ်)။

ပထမဆုံး သူငယ်ချင်း၊ ပထမဆုံး ရတဲ့ ကျောင်းသူငယ်ချင်း — မွေးကတည်းက သူငယ်ချင်းနဲ့။ သူက တစ်လတော့ကြီးတယ်၊ ဇော်ဝင်းအေးတဲ့။ ၉တန်းတုန်းက ရည်းစားစကားလိုက်ပြောလို့ စက်ဘီးနဲ့ပစ်တိုက်ဖူးတယ်(ခုတော့ ကလေးဘယ်နှစ်ယောက်လဲတောင် သိတော့ဘူးအဟီး)။ ပထမဆုံးရတဲ့ ကျောင်းသူငယ်ချင်းကတော့ ပပတဲ့ မူကြိုကနေ တက္ကသိုလ် ဒုတိယနှစ်ထိတွဲခဲ့တာ(သူလဲ အခုအိမ်ထောင်နဲ့ပဲ)

ပထမဆုံး ဖတ်ဖူးတဲ့စာအုပ် — နေလင်းအောင်(တရုတ်သိုင်းဝတ္ထု ၅အုပ်တွဲထင်တယ် သိပ်မှတ်မိတော့ဘူး) အဲဒါသူငယ်တန်းကတည်းကဖတ်တာ ယုံချင်ယုံ မယုံချင်နေ။

ပထမဆုံး အလွတ်ရတဲ့ ကျောင်းစာ — ကမ္ဘာမကျေ(အဲဒါဆိုပြီးရင် အိမ်ပြန်ရတယ်လေ အဟဲ)


ပထမဆုံး အရိုက်ခံရခြင်း — သူငယ်တန်းမှာ စအရိုက်ခံဘူးတာ။ အရပ်ရှည်လို့အနောက်မှာထိုင်ရတော့ အရှေ့ကနေ ထိုင်လိုက်ထလိုက်လုပ်တာ မျက်စေ့နောက်လို့ ကွန်ပါဗူးနဲ့ သွားခေါက်မိလို့လေ အဟီး

ပထမဆုံး ရတဲ့ဆု — မူကြိုကတည်းက ဆုတွေအများကြီးစရတယ် (အာလူးကောက်တို့ အပြေးပြိုင်တာတို့ ....)

ပထမဆုံး သွားဖူးတဲ့ခရီး — မိသားစအတူတူ မော်လမြိုင်သွားလည်ကြတယ်။(၅တန်းအရွယ်လောက်က)

ပထမဆုံး စီးဖူးတဲ့ကား — မူကြိုကျောင်း ဖယ်ရီကားပါ။

ပထမဆုံး ဆိုတဲ့သီချင်း — မိုးရွာရင်မိုးရေချိုးမယ်..

ပထမဆုံး ရေးတဲ့ကဗျာ — ရိုးရိုးလေးပြောမယ် တိတ်တိတ်လေးနားထောင် သုံးလုံးထဲရယ် ငါချစ်တယ်(သူငယ်ချင်းအတွက် ကိုယ်စားရေးပေးတာ)

ပထမဆုံး ရေးခဲ့သော ရည်းစားစာ — စာပြန်တာပဲဖြစ်မှာပါ။ ကိုယ်ကတော့ ဘယ်လာစပေးမလဲလေနော်။ “သေတောင် နင့်ကို စိတ်ကူးထဲထည့်မယဉ်ဘူး” လို့ ဟီးဟီး

ပထမဆုံး ရည်းစားထားခဲ့ဖူးသောနှစ် — နိုင်တီးနိုင်းတီး အိတ်..ကြော်ငြာဝင်ပါပြီ။ ဒီမှာဖတ်ကြည့် အသေးစိတ်ရှိ၏။ http://melodymaungmm.myanmarbloggers.org/2007/05/urmmuduusofwfwju.html

ပထမဆုံး ချစ်သူ — အော် အပေါ်မှာပြောပြီးပြီလေ

ပထမဆုံး ၀ယ်ဖူးတဲ့ စာအုပ် — readers digest (ကာတွန်းတွေအင်္ဂလိပ်လိုဖတ်ရတာ သဘောကျလို့)

ပထမဆုံး ၀ယ်တဲ့သီချင်းခွေ — ဇော်ဝင်းထွဋ်ရဲ့ ရှင်သန်ခြင်း(၁) (၂) အခွေ

ပထမဆုံး တက္ကသိုလ်ရောက်တဲ့နေ့ — ၁၁ရက် ၅လပိုင်း ၉၅ ပါ။

ပထမဆုံး ရဖူးတဲ့လက်ဆောင် — မွေးကတည်းက ရတာတွေများတယ်ဆိုပေသိ မှတ်မှတ်ရရ သုံးနှစ်သမီးမှာ ချစ်သောဖေဖေ ၀ယ်ပေးတဲ့ ဂျင်းဘောင်းဘီနဲ့ ရှူးဖိနပ်အဖြူလေး(မွေးနေ့လက်ဆောင်)

ပထမဆုံး အလုပ် — ပလုံဂွမ်ဆရာ(programmer) ၁၉၉၆။

ပထမဆုံး တစ်ယောက်ထဲခရီးသွားခြင်း — ရန်ကုန်ကနေ မန်းလေးကိုအပြန်ခရီး(၁၉၉၈)

ပထမဆုံး သောက်ဖူးတဲ့ဆေးလိပ်၊ ပထမဆုံး သောက်ဖူးတဲ့အရက် — ငွေတောင် ဆေးပေါ့လိပ်(မန်းကလူတွေ သိတယ်) ၆တန်းလောက်က ခိုးသောက်တယ်။. အရက်လား... ဖေဖေတိုက်တဲ့ မန်းလေးဘီယာ(သောက်ရင် မူးသတဲ့)

ပထမဆုံး တက်ဖူးသော ဆေးရုံ — အရိုးဆေးရုံ(မန်းမှာ) ၁၉၉၉ တုန်းက။ ဒီမှာဖတ်ကြည့်ဦး အသည်းယားတယ်။ http://melodymaungmm.myanmarbloggers.org/2007/12/blog-post_22.html

ပထမဆုံး ဘလော့ပို့စ် — မြန်မာလက်ကွက် ရိုက်မတတ်သေးခင် သိုးဆောင်းနဲ့စရေးတုန်းကပို့စ်ပါ http://melodymaung.myanmarbloggers.org/2007/03/my-first-step-to-write-blog-on-13-mar.html

ပထမဆုံး ခင်တဲ့ ဘလောဂ့်မိတ်ဆွေ အွန်လိုင်းမှာဆိုရင်တော့ ဇင်ကိုလတ်၊ အပြင်မှာတော့ နေဘုန်းလတ်

ပထမဆုံး ကိုယ်ရှာတဲ့ပိုက်ဆံကိုယ်သုံးခြင်း — မုံ့ဖိုးရတာတွေစုထားပြီး အဖေ၊အမေတွေဆီမှာ အတိုးနှုံးနဲ့ ပြန်အပ်ပြီး သုံးတာလေ အဟီး

ပထမဆုံး အကြိမ် ရန်ဖြစ်ခြင်း — ပထမတန်းမှာ သူငယ်ချင်းကို အနိုင်ကျင့်တဲ့ တရုတ်တစ်ယောက်ကို တံမြက်စည်းနဲ့ ကျောင်းလမ်းရှေ့တစ်ပြထိ လိုက်ရိုက်ဖူးတယ်လေ

ပထမဆုံး အကြိမ် ထီပေါက်ခြင်း (ချဲထီ) — ပေါက်ဖူးတယ်၊ မှတ်မိဘူး(ပေါက်ရင်ပေါက်တယ်ပဲမှတ် အဟတ်ဟတ်)

ပထမဆုံး ရင်ခုန်ဖူးခြင်း — ကျောင်းထဲမှာတင် စာမသင်ချင်လို့ စာကြည့်တိုက်ထဲသွားစာဖတ်ပြီး ကျောင်းလစ်တုန်းက(အဲလိုပြောလို့ရလား) မရရင် ထပ်ပြောမယ် ဆယ်တန်းအောင်စာရင်းထွက်တုန်းက.. အဟီး

ပထမဆုံး တီးဖူးတဲ့ဂစ်တာ — အဲဒါ ဘိုဘို(emotion of mind) နဲ့တူသွားတယ်။ အစ်ကို့ဂစ်တာကို မတီးတတ်ဘဲတီးတာ ကြိုးတွေပြတ်ကုန်တယ်လေ။ အဲဒီအစ်ကိုကတော့ လိဒ်ရောဘေ့စ်ပါတီးရင်းခုတော့ သင်တန်းလဲဖွင့်ထားတယ်။(တစ်ရက်ပဲကြီးတဲ့ အစ်ကိုဝမ်းကွဲပေါ့)

ပထမဆုံး ရောက်ခဲ့သော နိုင်ငံရပ်ခြား — ထိုင်းနိုင်ငံပါ(ရောက်ရောက်ချင်း တော်တော်ထိုင်းတာပဲလို့လဲ ခံစားဖူးပါတယ်)

ကဲ..ဒီလောက်ဆိုရင် လာတက်ထားတဲ့ (emotion of mind)ဘိုဘို တော့ ကျေနပ်မယ်ထင်ပါရဲ့
ပြန်တော့မတက်တော့ပါဘူး။ ကိုယ့်ကိုကိုယ်ဖေါ် ...ပဲပြောပြော လာဖတ်ရင်း မှတ်မှတ်ရရပထမဆုံးလေးတွေ ပြန်ဖေါ်ပြဖို့ စိတ်ဝင်စားတယ်ဆိုရင် ရေးကြပါဦးလို့ပဲ ဖိတ်ခေါ်ပါတယ်။

စာကြွင်း။ ။ ကဒေါင်းတို့မစ်သွန်းသွန်းတို့တက်ထားတဲ့ တက်ကြွေးတွေတော့ နားနားပီးဆပ်မယ်နော်..နော်

Friday, September 26, 2008

အချစ်ငှက်ဆီ ...(၀ှက်ထားတာဏော်)

ဘလော့ပေါ်တင်ရင် အလုပ်ရတယ်ထင်မစိုးလို့ back date နဲ့ခဏ၀ှက်ထားလိုက်ချင်တဲ့ကဗျာ တစ်ပုဒ်
(ကျေးဇူးပြု၍ မမြင်ချင်ယောင်ဆောင်ပေးကြနော်)

မင်းရဲ့အနမ်းတွေက
ဝိဥာဉ်နှုတ်တဲ့ လိပ်ပြာတစ်ကောင်ရဲ့
နှုတ်ခမ်းတွေအလား
ငါ့နှလုံးသားလေးကို
တစ်ကြိမ်စုပ်နမ်းသွားဖူးစဉ် ကတည်းက...
တစ်သက်တာ နလံမထူနိုင်အောင်
မိန်းမောသွားရင်း
အကြင်နာချောက်ကမ်းပါးထဲ ထိုးကျခဲ့တာ
ကိုယ်တိုင်တောင် မသိလိုက်မိပါလား...

ငါ့နှလုံးသားလေးသေဆုံး
ဆယ်စုနှစ်တစ်ခုလုံး
ပြတိုက်ထဲမှာလို အမှောင်ဖုံးရင်း
တိတ်တဆိတ် ကြေကွဲအထီးကျန်နေခဲ့သလား..
အပြာရောင်ကောင်းကင်ထက်ဆီက
မျှော်လင့်ချက်အတောင်ပံတစ်စုံ အစဉ်ရိုက်ခတ်နေဆဲလဲ
မင်းနဲ့ငါ ပြန်မဆုံနိုင်အောင် ဒီဘ၀မှာလွဲ
ကဲ...ဒီနှလုံးသားလေးမပုပ်ခင်
ကိုက်ချီချင်တဲ့ အချစ်ငှက်ဆီ...
လှမ်းခွင့်ပြုတော့လေ..သခင်။ ။



Saturday, September 20, 2008

Happy Birthday My Friend, Eye

အပြင်မှာလဲသူငယ်ချင်း
ဘလော့ရေးတော့လဲသူငယ်ချင်း
အရင်းခေါက်ခေါက် တူနယ်ဂျင်း
သူ့နာမည်က ငါခေါ်နေကျ ညက်လုံး
မြင်နိုင်တာတွေရော မမြင်နိုင်တာတွေပါ မြင်အောင်ကြည့်ရင်း
လောကရဲ့ သဘာဝအလှတရားတွေနဲ့ ဒီနေ့မွေးနေ့ကစလို့ နောင်နှစ်ပေါင်းများစွာ ချစ်တဲ့မိသားစု၊ အသိုင်းအ၀ိုင်း သူငယ်ချင်းတွေနဲ့အတူ
အေးချမ်းသာယာစွာ ခံစားကြည့်မြင် ပျော်ရွှင်ပါစေဏော်

အသားအရေ ဖြူ၊နီ၊၀ါ မတူပစေ
ဆင်းရဲချမ်းသာ ဂုဏ်ဒြပ်တွေမတူပစေ
ဆူ၊ကြုံ၊ နိမ့်မြင့် ပညတ်တွေမတူပစေ
ငါတို့ရဲ့ ခင်မင်မှုတွေ ထာဝရယူလေ
နင့်မွေးနေ့မှာပျော်ရွှင်ပါစေ
အဝေးကနေပဲ တောင်းဆုခြွေ
ဟတ်ပီးဘတ်ဒေးလေ

မျက်လုံးရဲ့ ထာဝရ တူနယ်ဂျင်းကြီး နားရွက်
(မှတ်ချက်။ ။ mi mi မိမိ ဆိုတာ ဂျပန်လိုအဓိပ္ပါယ် နားရွက်တဲ့ဟ)

မယ်လိုဒီမောင်

Monday, September 15, 2008

ဆင့်ကာပူရတဲ့ စင်ကာပူပါဗျို

သူများတွေတော်သလို မတော်တဲ့နာ
သူများတွေ အလုပ်မြန်မြန်ရပြီး ကံကောင်းသလိုလဲ ကံမကောင်းပါလားနော်
ဆင့်ကာပူရ အဲလေ စင်ကာပူရကို ပြန်ရောက်လို့ ဆင့်ကာပူနေရတဲ့ နာ့ဘ၀ပါနော်
အလုပ်ရှာကြည့်လိုက်ဦးမယ်လေ
အလုပ်မရမချင်း မဘလော့သေး
တုံ.... သန္နိဌာန်ကို ခပ်ပြင်းပြင်းချ (အင်း ခြေမကွဲပလားမသိ အဟိ)

အလုပ်ရရင် ပြန်ဘလော့မယ်
အလုပ်ရရင် ပြန်ဘလော့မယ်
အလုပ်ရရင် ပြန်ဘလော့မယ်

ပြန်ဘလော့စေချင်ရင်တော့ အလုပ်မြန်မြန်ရအောင် ဆုတောင်းပေးကြကုန်စေသတည်း...
ဒူ..ဟူ..ဟူ.. ဘလော့သူငယ်ချင်း မောင်နှမအပေါင်းတို့ :P

Wednesday, September 10, 2008

HAPPY BIRTHDAY TO YOU, AUNTY MIE

For Aunty Mie, SM Tours(Thailand)


Wish you a very happy birthday for you.


Many happy returns of the day


I wish every birth day of yours stay


May you lead a wonderful life


In happiness & prosperity with delight


May you enjoy long life and good health


Grace be yours forever bless.


Sunday, September 7, 2008

World Blog Day အထိမ်းအမှတ် SG MMbloggers gathering party


World Blog Day အထိမ်းအမှတ် စင်ကာပူရှိမြန်မာဘလော့ဂါများပါဝင်ဆင်နွှဲသော gathering party ကို ဒီနေ့ ၆ရက် စက်တင်ဘာ ၂၀၀၈ စနေနေ့ ညနေ ၄နာရီမှာစတင်ပြီး ည၁၀နာရီခွဲအချိန်မှာ အောင်မြင်စွာကျင်းပပြီးဆုံးခဲ့ပါပြီ။
ကွန်ဖန်းစာရင်းထဲမှ ၄ဦးမှလွဲ၍ အားလုံး ဘလော့ဂါ၂၅ဦး ပါဝင်ဆင်နွှဲခဲ့ပြီး ဧည့်သည်တော် ကိုဂျွန်မိုး(MMITPROS) မိသားစုနှင့် ဖြိုးမင်းထွန်း(MMITPROS) တို့ပါ လာရောက်ဆင်နွှဲခဲ့သည်။

၁) MrDBA
၂) မယ်လိုဒီမောင်
၃) မြတ်မင်းဟန်
၎) အိုအေစစ် မောင်ပွတ်
၅) ဇင်ကိုလတ်
၆) ကိုဇေယျာ
၇) မစ်သွန်းသွန်း
၈) သန့်ဇင်ဦး(မောင်သန့်ဇင်)
၉) Emotion of Mind
၁၀) ToMMyGiRL
၁၁) မဗေဒါ
၁၂) ကျော်ဇေယျ
၁၃) ၁၄) ကိုနေ + ၁
၁၅) မိုးကြယ်
၁၆) ဝေယံလင်း
၁၇) ရဲနိုင်စိုး
၁၈) StevenWang
၁၉) အိဝေဖြိုး
၂၀) ၂၁) ညီညီ (သံလွင်)+ စကားပန်း
၂၂) စိုးမင်းထိုက်(တောင်ပေါ်သား)
၂၃) စက်တင်ဘာဒရင်းမ်
၂၄) ပုလုကွေး
၂၅) happy cloud
၂၆) ကိုငယ်(မန္တလေး)


ဓာတ်ပုံတွေလည်း မေးလ်နဲ့လဲရောက်တာတွေရောက်ပီး MBS တွင်လည်းတင်တာတွေတင်ကုန်ကြပီ။ ပုံများကို ကျမတော့ကြည့်လို့မ၀နိုင်ဘူး x အကြိမ်တစ်သိန်းပါ
ဒီနေ့ပွဲကြီး ဒီလိုအောင်အောင်မြင်မြင်ပြီးဆုံးသွားဖို့ စပွန်ဆာပေးသူများ၊ organizer များ၊ အသီးသီးအသက တာဝန်ကိုယ်စီယူပေးကြသူများ၊ လာရောက်တွေ့ဆုံပါဝင်ကြသူများ၊ မလာနိုင်သောသူများရော ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ပါကြောင်း၊ ဒီပွဲရဲ့ ပုံများကိုလဲ ဦးဦးဖျားဖျားလာတင်ပေးထားတဲ့ emotion of mind ကိုလဲ အထူးကျေးဇူးတင်ကြောင်း၊ ဓာတ်ပုံများပို့ပေးလာသော MrDBA ကိုလဲအထူးကျေးဇူးတင်ကြောင်း။

ဒီလင့်ခ်များမှာ သွားရောက်ကြည့်ရှုနိုင်ပါသည်။
photos from Emotion of Mind
photos from MrDBA

အရမ်းပျော်တယ်၊ ၀မ်းသာတယ်... (မျက်ရည်များတောင်လည်ချင်တယ်လေ) :)

ဒီနေ့အစီအစဉ်လေးကို အရင်ပြောမယ်နော်

ကျမတို့ ညနေ၃နာရီကတည်းက pasir risk MRT ကနေ bus no. 403ရှိတဲ့ interchange မှာရောက်ပြီးစောင့်နှင့်ပါတယ်။ မတ်ဆေ့ခ်ျတွေဝင်လာ၊ ဖုန်းတွေဝင်လာပြီး လူစုတယ်၊ စောင့်တယ်။ မဗေဒါက pasir risk park မှာရောက်နှင့်တယ်။ MrDBA တို့ ၈ယောက်လောက်တစ်အုပ်စုက ဘတ်စ်နဲ့အရင်သွားကြည့်တယ်။ လမ်းကြောင်းသိပ်မသိလို့လေ(ရှေ့ပြေးအနေနဲ့ အဟဲ)။ ကျမတို့ ကျန်ခဲ့တဲ့ ၁၄ယောက်လောက်က တော့ ၅နာရီလောက်မှာ taxi နဲ့အမြန်ပြေးရတယ်။ ဘာဖြစ်လို့လဲဆိုတော့ BBQ လာပို့တဲ့ကားက ရောက်နေပြီး ၁၅မိနစ်အတွင်း လာယူပါ့မယ်ပြောမိလို့လေ :P

အဲလိုနဲ့ pasir risk park, area 1, pit no. 8 မှာ လူတွေတဖြည်းဖြည်းစုံသွားပီး ၆နာရီလောက်မှာ attendance စကောက်တယ်။ organizers တွေရဲ့ လက်ဆောင် mbs sticker လေးတွေလဲ ကပ်ဖို့ဝေပေးလိုက်တယ်။ ပြီးတော့ ယိမ်းနွဲ့ပါး(ကိုနေ၊မိုးကြယ်) တို့ကလဲ သူတို့လုပ်ထားတဲ့ gathering party အမှတ်တရ bookmark လေးတွေလဲဝေပေးသေးတယ်။ နောက်ကျနေတဲ့ ညီညီ(သံလွင်)နဲ့ စကားပန်းတို့လဲလာရော တစ်ယောက်ချင်းစီမိတ်ဆက်ကြတာပေါ့။(အပေါ်က လစ်အတိုင်းအလှည့်ကျလေ) ဧည့်သည်တော်ကြီး ကိုဂျွန်မိုးကတော့ ဒီပွဲမှာ MC လုပ်ပေးသွားတယ်(ကျေးဇူးပါဗျို)
မီးတွေလဲမွှေးပြီး ကိုဇေယျာနဲ့ စိုးမင်းထိုက်(တောင်ပေါ်သား)တို့ကလဲ အကင်တွေစကင်လို့ လက်စွမ်းပြနေပီ။ သူတို့မိတ်ဆက်ကလှည့်ကျတော့ အကင်တွေတူးတူးပေါ့ထားခဲ့တယ်လေ(အဲ ဟုတ်ဘူး ကျမတို့ ၀င်ကင်ပေးတယ်)

အားလုံးမိတ်ဆက်ပြီးကြတော့ ကျမတို့ဘာလုပ်သလဲဆိုတော့ ကျမတို့ရဲ့ ချစ်သူငယ်ချင်းဘလော့ဂါကြီး နေဘုန်းလတ် အမြန်ဆုံးလွတ်မြောက်နိုင်ပါစေကြောင်း ၃မိနစ်လောက်ငြိမ်သက်ပြီး ဆုတောင်းပေးခဲ့ကြပါတယ်လေ။(ဒီနေ့ပွဲကို သူသာဆင်နွှဲခွင့်ရှိရင်သိပ်ပျော်ရှာမှာပဲလို့တွေးမိရင်း တနေ့လုံး သတိတွေလဲရနေပါရဲ့) :-(

ပြီးတော့ sharing contribute လုပ်ဖို့ပြောထားတဲ့အတိုင်း စက္ကူအိတ်လေးနဲ့လိုက်ကောက်လိုက်တော့ နှမြောတွန့်တိုမရှိ ၀ိုင်းထည့်ကြတာ များနေမစိုးလို့ မနည်းတောင် ထိန်းလိုက်ရတယ်(ယုံလားတော့မသိဘူး) တကယ်ပါ အဲဒါပိုတဲ့ပိုက်ဆံတွေကို စပွန်ဆာတွေကို ပြန်ခွဲပေးဖို့ပြောကြည့်တော့ သူတို့တတ်နိုင်တဲ့ပမာဏကို စပွန်ဆာပေးထားတာဖြစ်လို့ ပိုတာကို MBS ကလုပ်တဲ့ အလှူတခုခု သို့မဟုတ် လိုအပ်တာတခုခုအတွက်ပဲ donation အနေနဲ့သုံးပေးပါတဲ့လေ။ ကောင်းလေစွ ဂွတ်ထပေါ့နော်။

အဲဒီလိုကောက်နေတုန်း MC ကလဲ bloggers တွေရဲ့ လက်ရှိအလုပ်အကိုင်အကြောင်း စိတ်လိုလက်ရလိုက်မေးပေးရင်း လာရောက်ကြသူများကို ပိုပြီးရင်းနှီးစေပြန်ပါတယ်။

ပြီးတော့ ကျမကလှည့်ရောက်ပါပြီ။ ဘာလုပ်မလဲဆိုတော့ ကျမ ရန်ကုန်မှာ ဆီမီနာမလုပ်ရလို့ ပြောခွင့်မကြုံတဲ့ ‘Socialization on Net’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျမနားလည် ခံယူမိသလောက်လေးကို အားလုံးရှေ့မှာ ချပြလိုက်ပါတယ်။ (ပို့စ်တစ်ခုအနေနဲ့ သီးသန့်တင်ပါမယ်နော်)
အဲဒီကျမပြောသွားတဲ့ခေါင်းစဉ်လေးပေါ်မှာပဲ MC ကိုဂျွန်မိုးက သူ့အမြင်နဲ့ သဘောထားခံယူချက်လေးကို ၀င်ရောက်ဖြည့်စွက်ပြောသွားပေးတာ အားရစရာပါ။
အဲဒီအချိန်မှာ ဗိုက်ဆာနေပြီဖြစ်တာကတစ်ကြောင်း အကင်ဆရာတွေလက်စွမ်းပြထားတာကလဲ အဆင်သင့်ဖြစ်နေတာကတစ်ကြောင်းမို့ စားရင်းသောက်ရင်းနဲ့ အားပေးကြတာပေါ့နော်။

ခဏတာ အစားအသောက်အချိန်လေး ပေးပြီးနောက်မှာ fun game တာဝန်ယူထားတဲ့ ဇင်ကိုလတ်ကနေပြီး ပျော်ရွှင်စရာ game တခုကို စမိတ်ဆက်ပြောပြပြီး စကစားပါတယ်။ ၃ယောက်တစ်ဖွဲ့နှုန်းနဲ့ ၈ဖွဲ့ပေါ့နော်။ ပျော်စရာပါ။ နောက် game တစ်ခုကိုအစပျိုးချိန်မှာတော့ မိုးကရွာလာပါတယ်။ တနေ့လုံးမိုးမရွာစေဖို့ဆုတောင်းတာကို ကျမရဲ့ ဒီနေ့အလုပ်အင်တာဗျူးထက် ပိုပြီးဆုတောင်းထားခဲ့တာပါ။ အပြည့်အ၀ဆုတောင်းမပြည့်တာပေါ့နော်။ ၉နာရီလောက်ရှိမယ်ထင်တယ်။ ကျမတို့က ဟိုဘက် အမိုးအောက်ကို ရွှေ့နေတုန်း ဇင်ကိုလတ်တို့က ထီးတွေသွားယူကြတယ်။ မိုးတွေသည်းကြီးမည်းကြီးဖြစ်တော့အားလုံးအမိုးအောက်ရောက်နေပြီမို့ တော်ပါသေးသည်။ အဲဒီအမိုးအောက်မှာပဲ နောက်ထပ်ပျော်ရွှင်စရာ game များဆက်ကစားဖြစ်ကြသည်။ သူများအဖွဲ့တွေရှိသော်လည်း အဆင်ပြေသည်။ ခြေထောက်အောက်က မြက်ခင်းတွင် ရွှံ့တွေအစကတည်းကရှိသည်။ မိုးများတော့ ခြေမျက်စိပါမြုပ်လာသည်။ ဇွဲကားမလျှော့ ဆက်ဆော့ဆဲ။ ၁၀နာရီကျော်တော့ မိုးစဲပီ။ ဝေးသူများလည်းပြန်ချင်လာသည်။ တချို့ကလည်း မပြန်ချင်သေး။ သို့သော်ကြားချ၍ ၁၀နာရီခွဲတွင် အောင်မြင်စွာပွဲသိမ်းကာ လူစုခွဲ၍ပြန်လာကြသည်။ ကျမတို့က ပစ္စည်းတွေသိမ်းရသေးသည်။ ပွဲမှာ ကြက်တောင်ပံကိုက်နေသောပုံနှင့် ကျမ တကယ်သေချာမစားဖြစ်၍ ဗိုက်ဆာနေသောကြောင့် ang mo kio က ကုလားဆိုင်တွင် ကီးမားပလာတာစားကာ အိမ်ပြန်လာသည်။ ညတစ်နာရီထိုးချေပြီ။ ခုတော့ ဒီပို့စ်ကို ကြိုးစားပမ်းစားတင်တာ ၃နာရီထိုးတော့မည်။ စောင့်ဖတ်မည်ဆိုသော ဘလော့ဂါမောင်နှမသူငယ်ချင်းများ ကျေနပ်ကြမည်ထင်ပါသည်။

Friday, September 5, 2008

Gotta go to BKK Trip on coming Monday

မနက်ဖန် စင်ကာပူက မြန်မာဘလော့ဂါတွေနဲ့ တွေ့ဆုံပွဲလေးပီးသွားရင် ပုံတွေတင်ဖို့ကြိုးစားရမယ်
ဆန်းဒေးကတော့ အားနေသေးတယ်
မန်းဒေးမှာတော့ ဘန်ကောက်သွားလည်လိုက်ဦးမယ်ဗျို
ပိုက်ဆံသိပ်ပေါလို့တော့ဟုတ်ဘူး မွေးနေ့လေးသွားစရာရှိတယ်
ပြီးတော့ မြန်မာမပြန်ချင်သေးလို့ စတေးရှောင် အဲလေ..ယောင်လို့ ..အဟိဟိ သွားချင်လို့သွားတယ်ပေါ့နော်
သွားသွားနိုင်လွန်းတယ်ဆိုပီး မနာလိုမဖြစ်ကြေးနော် ပြန်လာရင် တခုခုဝယ်လာခဲ့မယ်လေ
ကဲ..ဘန်ကောက်ကနေ မလာနဲ့လို့ စွတ်အော်နေတဲ့ မျိုးကျော်ထွန်းရေ လုံအောင်ပုန်း မယ်လိုဒီမောင် လာပီနော်
အဲဒီခရီးသွားဖြစ်ရင် မီထရိုတို့ ဘလော့ဂ်ဖတ်ပရိသတ်တို့ကတော့ ဘလာဂေါက်လို ခရီးသွားပို့စ်လေးတင်ဖို့ တောင်းဆိုထားတယ်ဗျ
အရင် ၂၀၀၆တုန်းက သွားတုန်းကတော့ ဘလော့ဂါမဖြစ်သေးလို့ မဘလော့တတ်သေးတာနဲ့ မတင်ဖြစ်ဘူး။
သွားထားပြီးတာကြာမှလဲ မတင်ချင်ခဲ့ဘူးလေ။
ခုတော့ မလှတမပတပုံလေးတွေပဲအမြည်းတင်ထားနှင့်မယ်နော်
အဲဒီပုံက Grand Palace မှာပေါ့လေးမျက်နှာ ဘုရားရှေ့မှာ
မြို့လယ်က ခရစ်စမတ်မီးတွေထွန်းထားတဲ့ရှေ့မှာ
(ဘလော့စရေးတုန်းကတင်ဖူးတယ် တချို့လဲတွေ့ဖူးလိုက်မယ်နော်)

Wednesday, September 3, 2008

World Blog Day အထိမ်းအမှတ် စင်ကာပူက ဘလော့ဂါတွေလဲ ဆုံကြမယ်လေ

"World Blog Day အထိမ်းအမှတ် စင်ကာပူက ဘလော့ဂါတွေလဲ ဆုံကြမယ်လေ" ဆိုတဲ့ ခေါင်းစဉ်တင်ပြီး ဆွေးနွေးပါလို့ အကြံပေးလို့ စပါပီဗျ
သဘာပတိတော့ မလုပ်ပါရစေနဲ့ မသကာ ငှက္ကဌ အဲလေ ဥက္ကဌဆိုတော်သေး (အဟိ စတာ)
မတ်ဆေ့ခ်ျပို့လိုက်သလိုပေါ့နော် ရန်ကုန်ကစီမီနာဖြစ်မြောက်ပြီး နောက်အပတ်မှာတော့ ကျမအပါအ၀င် စင်ကာပူရှိ မြန်မာဘလော့ဂါများ စုပေါင်းပြီး ဘုန်းကြီးကျောင်းမှာ ဆွမ်းကျွေးတာမျိုး ဖြစ်ဖြစ် သို့မဟုတ် ဘလော့ဂါတွေ စုပီး ဆုံတွေ့တာမျိုးဖြစ်ဖြစ် လုပ်ဖို့ လျာထားပါတယ်။ စိတ်ပါဝင်စားသူ စင်ကာပူရှိ ဘလော့ဂါများ ကျမဆီ မေးလ်ပို့ ကွန်ဖန်းလုပ်ဖို့ အသိပေးလိုက်ပါတယ်နော်။ (minimum 10persons ဆိုပျော်ပွဲစားထွက်မယ်နော်) အကျွေးအမွေးကတော့ ဆွမ်းကျွေးဆို အလှူရှင်ရှိတယ် ချစ်လေပြေက မတည်ထားတယ်။ ပျော်ပွဲစားဆိုရင်တော့ အမေရိကန် စစ်စတန် ကိုယ့်စားရိတ်ကိုယ်ခံ သို့မဟုတ် လာမဲ့လူအရေအတွက်ပေါ်မှာ ကိုယ်ကျွေးချင်တာတွေ ကိုယ်စားချင်တာတွေ ယူလာစုစားဆိုကောင်းမလားဗျာ အကြံပေးကြပါဦးဗျို (သေချာရင် နေရာနဲ့အချိန် ပြန်ကွန်ဖန်းပါမယ်) အခုတော့ ဒီထဲမှာ စနေနဲ့တနင်္ဂနွေ ဘယ်နေ့ကပိုအဆင်ပြေမလဲဆိုတာလေး အရင် ရွေးပေးပြီး အများအားတဲ့နေ့ကို ဗုတ်လုပ်လိုက်ကြရအောင်နော အားလုံးသိုင်းခရုပါ

discussion လေးနဲနဲ လာupdate လုပ်ပါတယ်နော်(29/Aug/08)
လာမယ့် စနေနေ့ ၆ရက်နေ့မှာ Pasir ris Park မှာ BBQ နဲ့ gathering လေးလုပ်ဖို့လျာထားပါတယ်။(မဗေဒါနဲ့ Emotion of Mind နဲ့တိုင်ပင် အကြံဥာဏ်ယူပြီးနောက်ပေါ့နော်)
အဲဒါ ညနေ ၄နာရီမှာ Pasir ris interchange မှာဆုံပါမယ်။ ၄နာရီခွဲထိစောင့်ပီး Pasir ris Park ကိုသွားပါမယ်။ နောက်ကျသူများ Pasir ris park ကိုအမီလိုက်လာမှ ရမယ်နော်(မဟုတ်ရင်...)
သေချာပေါက် လိုက်မဲ့သူများစာရင်းနဲ့ လိုက်မယ်လျာထားသူများ စာရင်းလေးခွဲထားပါတယ်။
ဖျက်ချင်တာဖြစ်ဖြစ် စာရင်းမပါသေးလို့ စာရင်းပေးချင်တာဖြစ်ဖြစ် အဲဒီအတွက် ကျမရဲ့ ဖုန်းနံပါတ်(၈၁၃၄ ၂၁၈၃)ကို ဆက်သွယ်ပေးစေလိုပါတယ်။ BBQ က ကြိုတင်ဘွတ်ကင်းတင်မှ အဆင်ပြေမှာဖြစ်လို့ လိုက်မဲ့သူနာမည်စာရင်း အတိအကျ မြန်မြန်လိုချင်ပါတယ်။ စရိတ်ကတော့ MR DBA ကတ၀က် စပွန်ဆာပေးမယ်တဲ့(ဂွတ်တယ်နော် သိုင်းခရုဗျို) ။ ကျန်တဲ့တ၀က်အတွက်ကတော့ နောက်ထပ် စပွန်ဆာသမားတွေကိုလဲ အမြန်ဖိတ်ခေါ်ပါတယ်။ မရခဲ့ရင်လဲ လာတဲ့သူတွေထဲက sharing လုပ်ပြီး ကျခံသွားမယ်လေနော်။ အရင်တော့ စီစဉ်သူတွေကနေ စိုက်ထားပါ့မယ်နော်။ ကွန်ဖန်းနာမည်စာရင်း တိုးသွားပေးပါမယ်(bold names are double confirmed)

၁) MrDBA (အဟိဟိ တ၀က် စပွန်ဆာမို့ အရင်တင်လိုက်တယ်)
၂) မယ်လိုဒီမောင် (သတင်းထုတ်ပြန်ရေး နှင့် ဆက်သွယ်ရေး တာဝန်ယူ၏)
၃) မြတ်မင်းဟန်
၎) အိုအေစစ် မောင်ပွတ်
၅) ဇင်ကိုလတ် ( fun game programme တာဝန်ယူ၏)
၆) ကိုဇေယျာ
၇) မစ်သွန်းသွန်း
၈) သန့်ဇင်ဦး(မောင်သန့်ဇင်)
၉) Emotion of Mind (ဖိတ်ကြားရေး တာဝန်ယူ၏)
၁၀) ToMMyGiRL
၁၁) မဗေဒါ (BBQ booking တင်ရန်နှင့် programme arrangement တာဝန်ယူ၏)
၁၂) ကျော်ဇေယျ
၁၃) ၁၄) ကိုနေ + ၁ +
၁၅) မိုးကြယ် = (နှစ်ယောက်ပေါင်း 25% စပွန်ဆာတဲ့ဗျ)
၁၆) ဝေယံလင်း
၁၇) ရဲနိုင်စိုး
၁၈) StevenWang
၁၉) အိဝေဖြိုး
၂၀) Steven Alexandar
၂၁) ၂၂) ညီညီ (သံလွင်)+ စကားပန်း
၂၃) စိုးမင်းထိုက်
၂၄) ပေါက်ကျိုင်း
၂၅) စက်တင်ဘာဒရင်းမ်
၂၆) လွမ်းသုရင်
၂၇) ပုလုကွေး
၂၈) ၂၉) လင်းလက်ကြယ်စင် + ၁
၃၀) happy cloud
၃၁) ကိုငယ်(မန္တလေး)

လျာထားနာမည်စာရင်း(strike names are surely not joined)

-) sky
-) မင်းယွန်းသစ်
၃၂) ဆောင်းကဗျာ
၃၃) ကိုသန့်ဇင်အောင်
၃၄) ကိုလူသစ်
-) ချစ်လေပြေ
-) ကိုမောင်ရင်(စလုံးမှာ ဟုတ်တော့ပြန်ဘူးတဲ့ )
-) ကဒေါင်းညင်သာ
-) Alvin(karaweik's )
-) Sowha1

ဒီဂရုပ်ထဲမ၀င်ရသေးပဲ လိုက်မဲ့ ဘလော့ဂါများရယ် ၊ ဂရုပ်ထဲမှာရှိပေမဲ့ စဉ်းစားနေဆဲ ဘလော့ဂါများရယ် အမြန်ဆက်သွယ် confirm လုပ်ပေးပါဦးနော်

*** (3 Sept Wed)ဒီနေ့ update status အရ လူ ၃၀စာ BBQ အတွက် အရင်ဘွတ်ကင်းတင်ပါတော့မယ်နော် BBQ ကတော့ လူထပ်တိုးရင် မျှစားသွားဖြစ်မယ်ထင်တယ်နော် လူစာရင်းတော့ မပိတ်ပါဘူး ဘယ်သူမဆို တစ်ရက်အလိုထိ အချိန်မီ စာရင်းပေးနိုင်ပါတယ်။
sponsor ကလဲ 75% ရနေပီမို့ ကျန်တဲ့ 25% ကိုပဲ joiner bloggers တွေက sharing contribute ကျခံရမှာသာ ဖြစ်ကြောင်း သတင်းကောင်းပါးတယ်နော် :) (ဒီနေ့ အားလုံးစီစဉ်ပီးရုံမက ပိုက်ဆံပါအကုန်စိုက်ရှင်းထားပြီးဖြစ်ကြောင်းဗျို)


အားလုံးကို တောင်းပန်ပါတယ်
နေရာလေးပြောင်းသွားလို့ပါ
အစက east coast မှာ စီစဉ်နေပေမဲ့ BBQ alot အတွက် ဘွတ်ကင်းတင်တာလေးနောက်ကျသွားလို့ နေရာမကျန်ဘူးဖြစ်သွားပါတယ်
အဲဒါနဲ့ Pasir ris park, area 1, Pit no.8 မှာပဲ အမြန်ပြန်ပြီး ဘွတ်ကင်းတင်ထားလိုက်တာမို့ နေရာပြောင်းသွားကြောင်း အသိပေးပါတယ်။ ဒါကြောင့် တွေ့ဆုံမှတ်(meeting point) ကလဲ pasir ris interchange မှာ စနေနေ့ ညနေ ၄နာရီဖြစ်ပါတယ်နော်။ လက်လှမ်းမီရာလေး အကြောင်းကြားပေးကြပါဦးနော်

အဲ့နေ့မှာ present changing programme လေးကို အမှတ်တရ လုပ်ချင်ပါသေးတယ်။ ဒါကြောင့် ကိုယ်စိတ်ကူးပေါက်ရာ လှတပတ လက်ဆောင်ပစ္စည်းလေးကို ပါကင်ထုတ်ပြီး အဲ့ပေါ်မှာ မိမိရဲ့ဘလော့ဂါနာမည်လေး ရေးကပ်ယူလာဖို့လဲ တောင်းဆိုပါရစေနော်
Thanks you all joiner bloggers and +1 hehe
CU soon happily!

Monday, September 1, 2008

အနာဂတ်လှိုင်း၏ ဆုံမှတ်များ

အနာဂတ်လှိုင်း၏ ဆုံမှတ်များ

ပြီးခဲ့တဲ့ ၂၀၀၇ ဖေဖော်ဝါရီကတုန်းကပေါ့။ ဘယ်သူက စလိုက်တယ် မသိတော့ပါဘူးနော်။ ကျနော်တို့ ဘလော့ရေးသူအများအနေနဲ့ စုပေါင်း ဘလော့စာအုပ်လေးထုတ်ဖို့ ပြင်ဆင်ခဲ့ကြဖူးတယ်။ ဒါနဲ့ ကျနော်တို့ ရန်ပုံငွေလေး စုပြီး ဘလော့ဂါတွေ တတ်နိုင်သလောက် အများစုဆီကနေ စာမူတွေ ရွေး ပြီးတော့ အယ်ဒီတာတွေ ရွေး စာမူတွေကို အယ်ဒီတာတွေက vote ပေးပြီး vote အများဆုံး ရတဲ့ စာမူတွေကို ဘလော့စာအုပ်မှာ ထည့်ခဲ့ကြတယ်။

အဲဒီတုန်းက ဆရာမဂျူးဆီက အမှာစာရဖို့ အများသဘောတူပြီး ဆရာမဂျူးကလဲ သူရေးပေးမယ်လို့ ပြောခဲ့ပါတယ်။ လူထုဦးစိန်ဝင်းဆီက အမှာစာ ရခဲ့သလား မရခဲ့လားတော့ ကျနော် မသိခဲ့ပါ။ အောက်ပါ အကြောင်းအချက်တချို့ကတော့ ဘလော့စာအုပ်ထုတ်ရေးအတွက် လုပ်ခဲ့ကြတဲ့ ဘလော့မှာ တိုင်ပင်ထားချက်တချို့ ဖြစ်ပါတယ်။ တခြားအယ်ဒီတာတွေဆီက ခွင့်ပြုချက် မတောင်းမိတဲ့အတွက် နားလည်ခွင့်လွှတ်ကြပါဗျာ။



ကျွန်တော်တို့ ဘလော့ဂ်စာအုပ်အတွက် ပဏာမရွေးချယ်ထားကြတဲ့ စာမူတွေရဲ့ ကြယ်အရေအတွက်ကိုရေတွက်အပြီး . . . ကျွန်တော်တို့ အရင်တစ်ခေါက်အစည်းအဝေးတုန်းက ဆုံးဖြတ်ခဲ့ကြတဲ့ ကဏ္ဍတွေအတိုင်း ခွဲခြမ်းလိုက်တဲ့အခါ ဘလော့ဂ်ဆိုသည်မှာ . . . (၁၄) ပုဒ်၊ ကဗျာ (၅၅)ပုဒ်၊ ဟာသ (၁၅)ပုဒ်၊ လူမှုဝန်းကျင် (၂၃)ပုဒ် ၊ အတွေးအမြင် (၁၃)ပုဒ်၊ အထွေထွေဗဟုသုတ (၁၈)ပုဒ်၊ ရသ (၉)ပုဒ်၊

အက်ဆေး (၂၁)ပုဒ်၊ ၀တ္ထုတို (၁၃)ပုဒ်၊ နည်းပညာ (၇)ပုဒ်၊ ခရီးသွားဆောင်းပါး (၃)ပုဒ် ဆိုပြီးရလာပါတယ်။ အဲဒီ့လိုခွဲပြီးတဲ့ နောက်မှာ စာမူတွေရဲ့ရရှိတဲ့ ကြယ်အရေအတွက်ကို များရာကနေ နဲရာကိုစီချလိုက်ပါတယ်။ အဲဒီ့နောက် ပထမအဆင့်အနေနဲ့ ကြယ်အရေအတွက် ၄၀ အောက်ကျတဲ့ စာမူတွေကို စပြီးပယ်ပါတယ်။ ကြယ်အရေအတွက် ၄၀ အထက်စာမူတွေထဲကမှ စာရေးသူတစ်ဦးတည်းရဲ့ ပိုစ့်တွေထပ်နေရင် ကြယ်နဲတဲ့ပို့စ်ကိုပယ်ပါတယ်။ အခြားမဂ္ဂဇင်းတွေမှာပါပြီးသားပို့စ်တွေကို ထပ်ပယ်ပါတယ်။ ဘလော့ဂ်အကြောင်းနဲ့ နည်းပညာတွေမှာတော့ စာမူနဲတဲ့အတွက် စာရေးသူထပ်နေတဲ့ပို့စ်တွေကို မပယ်ခဲ့ပါဘူး။ လူမှုဝန်းကျင်ကဏ္ဍနဲ့ ကဗျာကဏ္ဍတွေမှာ အရေအတွက်များနေတာကြောင့် ကြယ် ၄၅ အောက်ရတဲ့စာမူတွေကို ပယ်ခဲ့ပါတယ်။ အဲဒီမှာ … နောက်ဆုံးအနေနဲ့ … ဘလော့ဂ်ဆိုသည်မှာ . . . (၇) ပုဒ်၊ ကဗျာ (၁၃)ပုဒ်၊ ဟာသ (၁၀)ပုဒ်၊ လူမှုဝန်းကျင် (၁၁)ပုဒ် ၊ အတွေးအမြင် (၅)ပုဒ်၊ အထွေထွေဗဟုသုတ (၈)ပုဒ်၊ ရသ (၆)ပုဒ်၊

အက်ဆေး (၈)ပုဒ်၊ ၀တ္ထုတို (၉)ပုဒ်၊ နည်းပညာ (၇)ပုဒ်၊ ခရီးသွားဆောင်းပါး (၂)ပုဒ် ဆိုပြီး စုစုပေါင်း ၈၆ပုဒ် လက်ရွေးစင်အနေနဲ့ထွက်လာပါတယ်။ အဲဒီ့ ၈၆ပုဒ်ဟာ စာမျက်နှာဘယ်နှစ်မျက်နှာထွက်မလဲ ဆိုတာကို အတိအကျမပြောနိုင်ပေမယ့် ပျမ်းမျှခြင်း ပိုစ့်တစ်ခုကို နှစ်မျက်နှာခွဲနဲ့တွက်မယ်ဆိုရင် ၂၁၅မျက်နှာပဲရှိသေးတာဖြစ်တဲ့အတွက် ကျွန်တော်တို့ စာမူတွေထပ်ထည့်ရလိမ့်မယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ဘယ်လိုစာမူမျိုးတွေထပ်ထည့်မလဲ ဆိုတဲ့အချက်ကိုဆွေးနွေးခဲ့ကြရာမှာ ဘလော့ဂ်ဆိုသည်မှာ …၊ ဟာသ၊ အတွေးအမြင်၊ ရသ၊ နည်းပညာ၊ ခရီးသွားဆောင်းပါး စတဲ့ကဏ္ဍတွေအတွက်ထပ်ထည့်သင့်တယ်လို့ ယူဆခဲ့ကြပါတယ်။ အဲဒါကြောင့် အဆိုပါကဏ္ဍတွေနဲ့ပတ်သက်တဲ့ စာမူတွေကို အယ်ဒီတာများအနေနဲ့ ဒီနေရာပဲထပ်မံဆန္ဒပြုပေးနိုင်ပါတယ်။ လိုအပ်တဲ့စာမျက်နှာအရေအတွက် နဲ့ စာမူတွေရဲ့ အရည်အသွေးအပေါ့အလေး ပေါ်မူတည်ပြီးသင့်တော်သလိုထပ်မံဖြည့်စွက်သွားမှာဖြစ်ပါတယ်။

အောက်ကတော့ နောက်ဆုံးလက်ရွေးစင် စာမူ ၈၆ပုဒ်ရဲ့ စာရင်းဖြစ်ပါတယ်။ အဆိုပါ စာမူ ၈၆ပုဒ်ဟာ စီစစ်ရေးလွတ်ပါက ဘလော့ဂ်စာအုပ်မှာပါဝင်ဖို့အတွက် သေချာသလောက်ရှိတာမို့ အဲဒီ့ပို့စ်တွေကိုရေးသားကြတဲ့စာရေးသူတွေကို အောက်ပါအချက်တွေနဲ့ပတ်သက်ပြီး မေးမြန်းအတည်ပြုဖို့လိုအပ်လာပါတယ်။

၁) ကိုယ်တိုင်ရေးစာမူဖြစ်ကြောင်း (ဘာသာပြန်ထားပါကလည်း မူရင်းစာအမည်နှင့် စာရေးဆရာအမည်ကိုဖော်ပြရန်)

၂) မြန်မာနိုင်ငံအတွင်း ပုံနှိပ်ထုတ်ဝေသော အခြားမည့်သည့် မဂ္ဂဇင်း၊ စာအုပ်တွင်မှ ဖော်ပြဖူးခြင်းမရှိကြောင်း။

၃) မြန်မာဘလော့ဂါများစုစည်းထုတ်ဝေမည့် အနာဂတ်လှိုင်း၏ဆုံမှတ်များစာအုပ်အတွက် စာမူကို မိမိသဘောဆန္ဒအရ အသုံးပြုခွင့်ပြုကြောင်း။

၎) နည်းပညာဆိုင်ရာပို့စ်များဖြစ်ပါက မိမိရေးသားထားသော အကြောင်းအရာ အချက်အလက်များ၏ မှန်ကန်မှုကို တာဝန်ယူကြောင်း။

အခြားလိုအပ်သေးတာများရှိသေးရင် ၀ိုင်းဝန်းထောက်ပြအကြံပြုကြဖို့ဖိတ်ခေါ်ပါတယ်။

—-

ဒီလို ဆွေးနွေးခဲ့ကြပြီး ဘလော့စာအုပ်အတွက် ဒီဇိုင်းတွေ အဆင်သင့် ဆွဲခဲ့ နာမည်ပေးခဲ့၊ ဘယ်ပုံနှိပ်တိုက်မှာ ပုံနှိပ်မယ်ဆိုတာကအစ ဦးသောင်းစုငြိမ်းတို့နဲ့ ဆွေးနွေးပြီးသကာလ အခြေအနေအကြောင်းကြောင်းကြောင့် ကျနော်တို့တွေ စာအုပ် မထုတ်ဖြစ်ခဲ့ကြဘူး။ ဒါနဲ့ လွန်ခဲ့တဲ့ ဖေဖော်ဝါရီကစပြီး ဂျူလိုင်အထိ အကြိတ်အနယ်ဆွေးနွေးခဲ့ကြတဲ့ ဒီဘလော့စာအုပ်ဟာ အခုဆို အီးဘွတ်အနေနဲ့ စာဖတ်သူ ပရိသတ်အပေါင်းဆီ ရောက်ရှိလို့လာပါပြီ၊

ဘလော့စာအုပ်မှာ စိတ်ရောကိုယ်ပါ ပါဝင်ခဲ့တဲ့ အယ်ဒီတာရှော်ကြီး အဲအဲ အယ်ဒီတာကြီး ကိုစိုးဇေယျရဲ့ ဘလော့မှာ ကြွက်နှိပ်ပြီး ဒေါင်းအလုပ်လုပ်ယူနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။

http://www.soezeyatun.com

http://www.soezeyatun.com/2008/08/blog-post_28.html

P.S: I copy it from Kadaung's post exactly. :) Thanks and credit goes to kadaung.