Tuesday, August 26, 2008

လူကြီးမင်း ကြည့်နေသော ဘလော့ဂ်မှာ.............

အင်မတိ အင်မတန် အလုပ်များနေ၍ ခေတ္တပို့စ်မတင်နိုင်သေးပါရှင် :Pခေတ္တစောင့်ဆိုင်းပြီးမှ ပြန်လာလည်ပါရှင်
ကျေးဇူးတင်ပါသည်ရှင်...


ပဲသီးဘူးသီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

Thursday, August 21, 2008

World Blog Day's Activities in MM and SG

သြဂုတ်လ (၃၁) ရက်နေ့မှာ ကျရောက်မည် World Blog Day အထိမ်းအမှတ်အနေဖြင့် MBS (Myanmar Blogger Society) အဖွဲ့ဝင် Blogger တွေ ဦးစီးပြုလုပ်မယ့် Seminar တစ်ရပ်ကို 2008 ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့မှာ ရန်ကုန်မြို့ လှိုင်တက္ကသိုလ်နယ်မြေထဲမှာရှိတဲ့ MICT မှာ နံနက် (၉) နာရီမှ ညနေ (၄) နာရီထိ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ Seminar အမည်ကိုတော့ "Socialization on Net" လို့အမည်ပေးထားပြီး မြန်မာ Blogger များရဲ့ ဒုတိယအကြိမ်မြောက် ကျင်းပပြုလုပ်တဲ့ Seminar ပဲဖြစ်ပါတယ်။ ဒီပွဲကို ပြည်တွင်းမြန်မာဘလောဂ့်ဂါတွေရဲ့ ဦးဆောင်မှု၊ ပြည်ပမြန်မာ ဘလောဂ့်ဂါတွေရဲ့ ပူးပေါင်းပါဝင်မှု တို့ဖြင့် စည်းစည်းလုံးလုံး ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။ အင်တာနက်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တဲ့ Social Networking နဲ့ Blogging တို့ကို အခြေခံပြီး အများအကျိုး၊ နိုင်ငံ့အကျိုး သယ်ပိုးနိုင်တာတွေ၊ စီးပွားရေး ဈေးကွက်ကို ထိုးဖောက်ဝင်ရောက် နိုင်တာတွေ၊ ပညာရေးကို မြှင့်တင်ပေးနိုင်တာတွေ၊ Global ရေစီးကို ပိုမိုလျင်မြန်အောင် စီးဆင်းနိုင်ဖို့ လုပ်ဆောင်နိုင်တာတွေကို မြန်မာ ဘလောဂ့်ဂါ လူငယ်များမှ ဟောပြောပေးသွားမှာ ဖြစ်ပါတယ်။ MBS ရဲ့ အနာဂတ် လုပ်ငန်းစဉ်များကိုပါ ပြောကြားပေးမှာ ဖြစ်ပြီး Guest Speaker တစ်ဦးကိုလည်း ဖိတ်ကြားဖို့ စီစဉ်နေပါတယ်ရှင်။

ဒီ စီမီနာ အခမ်းအနားလေးကို အိုင်တီ၊ ကွန်ပျူတာ၊ အင်တာနက်၊ စီးပွားရေး၊ ပညာရေး အစရှိတဲ့ နယ်ပယ် အသီးသီးကလူတိုင်းအတွက် ရည်ရွယ် ဟောပြောပေးမှာ ဖြစ်လို့ လူတိုင်း မလွတ်တမ်း လာရောက်နားထောင်သင့်တဲ့ ဟောပြောပွဲတစ်ခု ဖြစ်ပါတယ်။ Social Networking နဲ့ Blogging တို့မှ ရရှိလာမယ့်၊ ဖန်တီးယူနိုင်တဲ့ အခွမ်းအလမ်းတွေဟာ ဘာတွေဖြစ်မလဲ ဆိုတာကိုတော့ အဲဒီနေ့မှာပဲ လာရောက်နားထောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်။

ဤကဲ့သို့ ရည်ရွယ်ချက်ကောင်းများ၊ အောင်မြင်မှုများ၊ အစဉ်အလာကောင်းများဖြင့် ပြုလုပ်မည်ဖြစ်သော ဘလောဂ့်ဂါများ၏ ဟောပြောပွဲတွင် စပွန်စာများ အဖြစ် ပူးပေါင်းပါဝင်ကြပါရန် လေးစားစွာ ဖိတ်ခေါ်ပြီးလို့ main sponsor ကလွဲရင် အတော်အသင့် funding လဲအဆင်ပြေနေပေမဲ့ တကယ်လို့ မေးလ်ပို့တာကျန်ရှိသွားသူများထဲက ရက်ရောစွာ contribute လုပ်ချင်သေးသူ ဘလော့ဂါများ အမြန်အမီ လာရောက် အကြောင်းကြားနိုင်သေးကြောင်း သတင်းကောင်းလဲပါး၏ :P

အဲဒါကတော့ ရန်ကုန်စီမီနာအတွက် လက်တို့ပြီး သတင်းပေးလိုက်ပါတယ်
အဲဒီစီမီနာဖြစ်မြောက်ပြီး နောက်အပတ်မှာတော့ ကျမအပါအ၀င် စင်ကာပူရှိ မြန်မာဘလော့ဂါများ စုပေါင်းပြီး ဘုန်းကြီးကျောင်းမှာ ဆွမ်းကျွေးတာမျိုး ဖြစ်ဖြစ် သို့မဟုတ် ဘလော့ဂါတွေ စုပီး ဆုံတွေ့တာမျိုးဖြစ်ဖြစ် လုပ်ဖို့ လျာထားပါတယ်။ စိတ်ပါဝင်စားသူ စင်ကာပူရှိ ဘလော့ဂါများ ကျမဆီ မေးလ်ပို့ ကွန်ဖန်းလုပ်ဖို့ အသိပေးလိုက်ပါတယ်နော်။ (minimum 10persons ဆိုပျော်ပွဲစားထွက်မယ်နော်) အကျွေးအမွေးကတော့ ဆွမ်းကျွေးဆို အလှူရှင်ရှိတယ် ချစ်လေပြေက မတည်ထားတယ်။ ပျော်ပွဲစားဆိုရင်တော့ အမေရိကန် စစ်စတန် ကိုယ့်စားရိတ်ကိုယ်ခံ သို့မဟုတ် လာမဲ့လူအရေအတွက်ပေါ်မှာ ကိုယ်ကျွေးချင်တာတွေ ကိုယ်စားချင်တာတွေ ယူလာစုစားဆိုကောင်းမလားဗျာ အကြံပေးကြပါဦးဗျို (သေချာရင် နေရာနဲ့အချိန် ပြန်ကွန်ဖန်းပါမယ်)

Tuesday, August 19, 2008

Bird park က ပင်ဂွင်းငှက်နဲ့ ကျမ

ဒီအပတ် ဆန်းဒေးက bird park ကို သွားလည်ဖြစ်တယ်။
တချို့မေးတယ် ပျော်စရာကောင်းလားတဲ့။ သူတို့ကတော့ ငှက်တွေချည်းပဲမလို့ ပျင်းလို့သွားဘူးတဲ့။ ကျမကတော့ ပျော်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမက ပန်းတွေလဲချစ်တယ်၊ ငှက်တွေလဲချစ်တယ်၊ ပြီးတော့ လူတွေကိုလဲချစ်တတ်တယ်။ ကျမအတွက် အများအားဖြင့်တော့ လောကကြီးက သာယာနေပျော်ပါတယ်။

Bird park မှာ မြေပုံကြည့်ပြီး စုံအောင်နှံ့အောင် လည်တယ်၊ ဓာတ်ပုံရိုက်တယ်။ စကားပြောတတ်တဲ့ ကြက်တူရွေးလေးတွေရဲ့ Children’s Parrot Show ကို နေ့လည် ၁နာရီပွဲမှာ ၀င်ကြည့်တယ်။ သိပ်ချစ်ဖို့ကောင်းပြီး လိမ်မာတတ်သိတဲ့ ငှက်ကလေးတွေမို့ အရမ်းသဘောကျတယ်။ singapura ဆိုတဲ့သီချင်းကို ဆိုပြတာများ တကယ့်အဆွဲအငင်တွေနဲ့။ အင်း..ကိုယ်တောင် သူ့လောက် အသံကိုဆွဲဆိုတတ်မယ်မထင်ဘူး :P

ပြီးတော့ ညနေ ၃နာရီခွဲမှာ ပင်ဂွင်းငှက်လေးတွေအစာကျွေးတာလဲ ကြည့်တယ်။



ကျမက ပင်ဂွင်းဆို သိပ်ချစ်တာ။ ဟိုးတစ်လောကြီးတုန်းက ခဏခဏ ကြည့်လွန်းလို့ သူငယ်ချင်းတွေရဲ့ တူ၊တူမ ကလေးတွေကတောင် အမြင်ကတ်ပီး ကြည့်မရဖြစ်တဲ့ Happy Feet ထဲက နတ်ဆရာလို ခေါင်းမှာ အမွှေးလေးတွေပါတဲ့ ပင်ဂွင်းလေးတစ်ကောင်လည်းတွေ့မိသေးရဲ့။ King Penguin၊ ChinStrap penguin ပြီးတော့ နာမည်မသိတဲ့ ပင်ဂွင်းလေးတွေစုံလို့။
အစာကျွေးတာ ကြည့်ပီး ထွက်လာတော့ အရှေ့မှာ ရှိတဲ့ အရုပ်နဲ့လဲ ဓာတ်ပုံရိုက်တယ်။ အရုပ်လဲ ၀ယ်ခဲ့သေးတယ် ချစ်လို့လေ(ပူဆာလိုက်ရင် ၀ယ်ပေးမဲ့သူမရှိတော့ ကိုယ့်ပိုက်ပိုက်နဲ့ကိုယ်ပဲဝယ်လာရတယ်)
ပင်ဂွင်းခရေဇီမို့ ကြိုက်တယ်ပြောရင် ယူသွားဆိုပြီး ပေးတတ်တဲ့ သူငယ်ချင်းတစ်ယောက်ကိုလဲ သတိရမိသေးရဲ့။

သူကတော့ ပင်ဂွင်းဖြစ်ချင်တဲ့သူလေ။ ပင်ဂွင်းတွေအကြောင်းကို အခြေခံပြီး အတွေးနယ်ချဲ့ခဲ့ရာကနေ ၀တ္ထုတိုလေးဖြစ်အောင်တောင် ဖန်တီးနိုင်ခဲ့သေးတဲ့သူပေါ့။ ပြီးတော့သူ့မှာ ဖြူစင်တဲ့ စိတ်တစ်ခုရှိတယ်။ အားလုံးကို ရိုးရိုးလေး စဉ်းစားတယ်။ နောက်ပြီး... သဘာဝနဲ့လိုက်လျောညီထွေဖြစ်အောင်နေတယ်။လွယ်လွယ်လေးပါတဲ့ ပြီးတော့ မျိုးနွယ်တူအချင်းချင်း ရိုင်းပင်းကူညီရင်းက ဒုက္ခနဲ့ သုခကို အညီအမျှ မျှဝေခံစားကြမယ်လို့ ပင်ဂွင်းငှက်တွေရဲ့ စိတ်ထဲမှာ ထားနိုင်ကြပေမယ့် ကျွန်တော်တို့ လူသားတွေကရော အဲဒီ့လိုစိတ်မျိုး ထားနိုင်ကြပါ့မလား။ ထားဖို့ရော စိတ်ကူးရှိပါ့မလား...။ ထားသင့်တယ်ဆိုတာကိုရော နားလည်ကြရဲ့လား...လို့ထပ်တူခံစားတတ်တဲ့ အဲဒီသူငယ်ချင်းကို အရမ်းသတိရမိတယ်။ ဒီပို့စ်လေးကို အခါခါ အထပ်ထပ်ပြန်သွားဖတ်မိတယ်။ သူ့ကို ကျမသတိရသလို သူ့စာဖတ်ပရိတ်သတ်တွေလဲ သူ့ရဲ့ ကောင်းကင်ကိုဆွဲပိတ်ခံထားရလို့ သူပို့စ်တွေမတင်နိုင်ခင်မှ သူ့ကိုမေ့မသွားကြစေချင်ဘူး သတိရနေစေချင်တယ်လေ။ ဒါကြောင့် ဒီပို့စ်လေးတင်ရင်း ဒီလင့်ခ်လေးပါ ထည့်ပေးလိုက်တယ် ဖတ်ဖူးတဲ့သူလဲပြန်ဖတ်ရင်း မဖတ်ရသေးသူတွေလဲ ပင်ဂွင်းငှက်ဖြစ်ချင်တဲ့ သူ့အတွေးနဲ့အရေးလေးခံစားကြည့်ရအောင်နော်..

Monday, August 18, 2008

ခေါင်းမော့ရင်ကော့ ဆက်ဘလော့မယ်

"MBS ဆိုရှယ်ကွန်ယက်ကြီး ပေါ်ပေါ်က်လာတဲ့ အထိမ်းအမှတ်အနေနဲ့ တယ်ရင်းတို့ ကျနော်တို့ အားလုံး ပေါင်းပြီး မြန်မာ့ဘလော့ဂါလောကအတွက် ရည်စူး ကဗျာတပုဒ်လေး စုရေးရအောင်လားဗျာ။ တယောက် တပိုဒ်ဆီနဲ့ ရေးသွားရင် တထောင့်တည ကဗျာများ ရမလားမသိ။
ကဗျာစပ်ခြင်း ခေါင်းစဉ်အောက်မှာ ရေးသွားကြပါလားဗျာ။ သဘောတူပါသလားမသိ" ဆိုပြီး ကဒေါင်းညင်သာက ဒီမှာ ခေါင်းစဉ်တပ်ပီး အစပျိုးလို့ ဒီကဗျာ တပိုင်းတစလေး ၀င်စပ်ဖြစ်ပါတယ်။

စားလဲဒီစိတ် နားလဲဒီစိတ်
အတွေးတို့ အထွဋ်အထိပ်နဲ့
ငါတို့တွေ ရင်ဘတ်နဲ့ဘလော့တယ်....

တခါတလေ တွေးရင်းဘလော့
ကဗျာတွေလဲ ရေးရင်းဘလော့
ဖတ်တဲ့သူမရှိလဲ ဆက်ဘလော့
ဒိုင်ယာရီသဘောမျိုး ငါ့ဘလော့
ခေါင်းမော့ရင်ကော့ (ငါတို့တွေ) ဆက်ဘလော့မယ်...

Sunday, August 17, 2008

စင်ကာပူရောက် တစ်နေ့တာအမောများ

အလုပ်ကတော့မရသေးပါ။ ရှာဖွေဆဲ။ ရှာပုံတော်မင်းသားကြီး သီချင်းပဲညည်းမိတယ်။
ဒီနေ့စနေနေ့
အမှန်မှာက Strait Times သတင်းစာလေးဝယ် ဖတ် ပြီးတော့ အလုပ်လျှောက်
တချို့ဆို ၁၅မိနစ်တခါလောက် အွန်လိုင်းကတက်လာတဲ့ vacant post လေးတွေလျှောက်လိုက် ချတ်တင်းပြောလိုက် အိမ်မှာ အေးအေးဆေးဆေးနေလိုက်
အဲသလိုဆိုလဲ နိပ်သဗျ
ကျမကတော့ တနေ့တနေ့ မနက်မနက် ၂နာရီ ၃နာရီကျော်မှအိပ်၊ တခါတလေ ၄နာရီမှအိပ်
အဲဒီတော့ မိုးလင်းအိပ်တော့ နေဖင်ထိုး (အဲ ကျမအခန်းကမထိုးဘူး အဟီး) မနက်ကြီး ၉နာရီလောက် စိတ်ပုတ်တဲ့သူတွေ ဖုန်းခေါ် မက်ဆေ့ခ်ျပို့ပြီး နှိုးမှနိုး၊ ကပျာကယာ ကုန်းရုန်းထ သွားစရာရှိတာ သွား။ ကံကောင်းတဲ့နေ့ အနှိုးခံမထိရင် ၁၁ခွဲလောက်ထိအိပ်။ အဲဒီလိုနဲ့ သံသရာလည်နေတာ။
ဒီကနေ့မနက်လဲ ထုံးစံအတိုင်း ၉နာရီမှ နိုးလို့ သတင်းစာလဲဝယ်ချိန်မရ။
Job fair သွားဖို့ ချိန်းထားလို့ ပြင်ဆင်ပြီး အမြန်ထွက်။
မနက်စာတောင် တစ်ခန်းတည်းနေတဲ့ သူမက နို့ထမင်းချက်ထားကျွေးလို့ တော်ပါသေး။
ဘတ်စ်စောင့်စီးပီး city hall သွား အဲဒီကနေ ပင်နင်စူလာမှာ resume ကို print ထုတ်ပြီး ကော်ပီ ၅စုံလောက်ဆွဲသွားရသေးတယ်။
စောသေးလို့ ဆိုင်တွေတောင် ကောင်းကောင်းမဖွင့်သေးဘူး။ စံချိန်မီ ရွှေမြန်မာဆိုင်များပါပဲ။
ပြီးတော့ city link mall ကနေ လမ်းလျှောက်လို့ Suntec City Convention Centre ကိုရောက်။

ဟော ထုံးစံအတိုင်း Qနေပါပီ တစ်သီတစ်တန်းကြီး
အဲဒီနား ဟိုယောင်ယောင် ဒီယောင်ယောင်ရပ် ပြီးမှ ဝေနေတဲ့ survey စာရွက်လေးတောင်း မဖြည့်ပဲကိုင်ထားပြီး ဟိုဘက်ဒီဘက်လျှောက်
အော် တောသူမြို့ရောက် တောသူမြို့ရောက် မအူမလည်နဲ့ ဘာလုပ်လို့ ဘယ်သွားပြီး ဘယ်သူ့မေးရမှန်းမသိ။
ဒီကို မလာခင် Job fair ဆိုတာဘာလဲ ဘယ်လိုသွားရမလဲ ဘာတွေပြင်သွားရမလဲဆိုတာ ဒီသတင်းပေးတဲ့ သူငယ်ချင်းကိုပဲလှမ်းမေးထားတာ။
သူပြောပြကတည်းကတော့ booth တွေရှိမယ်။ ကျောင်းတွေကလဲ သူတို့ကျောင်းတွေတက်ရင် ဒီလိုအလုပ်အကိုင်အခွင့်အလမ်းတွေရမယ်ဆိုပြီး ရိုက်စားလုပ်မယ်လို့ပြောတယ်။ အလုပ်တွေနဲ့ပတ်သက်ပြီး vacancy post တွေလဲကြော်ငြာထားမယ်။ ကိုယ်နဲ့ကိုက်ရင် ၀င်လျှောက်ပီး သူတို့သဘောကျရင် တခါတည်း interview တတ်သတဲ့လို့ ကြိုပြောပြလိုက်သား။
ခုတော့ တန်းစီနေတဲ့သူတွေအများကြီးပဲတွေ့တယ်။ လက်ထဲမှာလဲ စာအုပ်ကိုယ်စီတွေ့ရဲ့။ အဲဒါ ဘယ်ကရကြပါလိမ့် လိုချင်လိုက်တာနော်ပေါ့
အဲလိုနဲ့ ဟိုဘက်ရောက်သွားတယ် Invest Fair 08 တဲ့ seminar တွေဗျ အခန်းသုံးခန်းမှာ။ အဟီး ကိုယ်နဲ့ဆိုင်လောက်ဘူး invest လုပ်ဖို့ပိုက်ပိုက်မှ မရှိတာနော် တကယ်ပဲ။ အဲဒါနဲ့ တန်းစီတဲ့သူတွေကို ပြန်ကျော်ပြီး ပြန်သွားတော့မှ စာအုပ်လဲဝေနေတာရတယ် (Jobs Central Event guide book) ပြီးတော့ စောစောက survey လေးကိုဖြည့်ပီး ၀င်လို့ရမတဲ့။ အိုကေ လာခဲ့ ကြုံသလိုလေး ဖြတ်ကျော်ဝင်လိုက်တယ်။ အထဲရောက်သွားတယ်။ အမယ်မယ် booth တွေအများကြီးပဲ စစချင်း Police booth အဲဒါ ကိုယ်နဲ့ဆိုင်ဘူး။ ဟိုဘက်ထပ်လျှောက် ကျောင်းတွေဖြစ်နေတယ်။ အင်း ကျောင်းလဲတက်ချင်ပါဘူး။ စာအုပ်လှန်ကြည့် အဲတော့မှ jobs listings ထဲမှာ company တွေ 49 ခုလောက်ရှိတယ်။ ကိုယ်လိုချင်တဲ့ပို့စ် ရှိတဲ့ company တွေနာမည်အရင်ရှာလိုက်တယ်။ ပြီးတော့ booth တွေမှာ ရှာကြည့်။ သူများတွေကိုလဲအကဲခတ်။ အလားလား များလိုက်တဲ့ phillipines တွေ သွက်မှသွက်။ ကိုယ့်ရွှေတွေ သိပ်မတွေ့သလားလို့။ resume တွေယူလာတာတွေ ပေးလိုက်။ cv form တွေတောင်းပီး ထောင့်မှာ သွားထိုင်ပီး ဖြည့်တဲ့သူတွေကဖြည့်နဲ့။ တချို့ company တွေက computer နဲ့ online form တခါတည်းဖြည့်ခိုင်းတာလဲတွေ့တယ်။ အိုကေ ဒီလောက်ဆိုသဘောပေါက်ပြီ။ စောစောက တေးမှတ်ထားတဲ့ company တွေ လိုက်ရှာ ဟောတွေ့ပြီ တစ်ခု။ ဒီပို့စ်ကို စိတ်ဝင်စားပါတယ်ပေါ့။ resume တောင်းတာနဲ့အသင့်ကော်ပီကူးထားတာ ထုတ်ပေးလိုက်တော့ ဖတ်ကြည့်ပြီး ဟိုမေးဒီမေးပေါ့။ ပြီးတော့ transcript တွေလဲတောင်းလို့ ကော်ပီထပ်ပေးပေါ့။ ကိုယ်က foreigner/social visit pass နဲ့မလို့ လျှောက်လို့ရလားလဲမေးရသေးတယ်။ ရတယ်ဆိုမှနော်။ တချို့ company တွေက local ပဲခေါ်တာပါဆိုလို့ မပေးရဘူး။ ချက်ချင်းတော့ interview လုပ်ဘူး သူတို့မန်နေဂျာ အပြင်သွားလို့တဲ့။ interview အတွက် ပြန်ခေါ်ပါမယ်တဲ့ ကဲ..
ဒီလိုနဲ့ ဟိုသွားဒီသွား ဟိုရှာဒီရှာ တေးမှတ်ထားတဲ့ list လဲကုန်တော့ ပြန်လာတာပေါ့။ လျှောက်သွားရင်းနဲ့တော့  brochure တွေ ကံစမ်းမဲတွေ လက်ဆောင်ပစ္စည်းတွေ ကြုံသလိုယူလာသဗျ။

အဲဒီကပြန်လာတော့ မြန်မာကျူးပစ်က သူငယ်ချင်းအစ်ကိုကြီးတစ်ယောက်နဲ့ချိန်းထားလို့ ပင်နင်စူလာမှာ နေ့လည်စာစားရင်းသွားတွေ့။
ထုံးစံအတိုင်း မတွေ့တာကြာပီဖြစ်၍ ရှေးဟောင်းနှောင်းဖြစ်များကို တော်ကီပွား(ဘလော့ဂါ မဟုတ်)
နေ့လည် သုံးနာရီမှာ appointment နောက်တစ်ခုအမီအတွက် ၂နာရီကျော်တော့ စကားဖြတ်ပြီး ခရီးဆက်တယ်။
ဒီတစ်ခါတော့ city hall ကနေ ဘတ်စ်စီးပြီး vivo City ရဲ့ Rooftop ကိုဗျာ
အဲဒီမှာ MMITPros က ငအ ပလုံဖက်ရှင်နယ်(ကိုယ့်ကိုယ်ကိုပြောတာပါ) မင်ဘာများ တွေ့ဆုံပွဲလေးကိုသွားတယ်
လူတွေများတယ် ဒါပေသိ မြန်မာစံတော်ချိန်အတိုင်းနောက်ကျ၏ ပေါ့
၂၅ယောက်ကျော်သမို့ တပျော်တပါးကြီးပဲ

(အဲ့အထဲမှာ ဘလော့ဂါ နဲနဲပါတယ် ရှာကြည့်နော်)
မိတ်ဆက်ကြတယ်။ ဆွေးနွေးကြတယ်။ စားကြသောက်ကြတယ်။ ပြီးတော့ ဓာတ်ပုံတွေလဲရိုက်တယ်။

ပြန်လာတော့ ၆နာရီလောက်ရှိပီ။ MRT စီးပြီး Dohby Gaught ရောက်တော့ အနီလိုင်းပြောင်းစီးတာ platform မှားလို့ toapayoh မရောက်ပဲ Marina Bay ပါသွားသဗျ။ ကယ်တော်မူပါ။
ဘာရမလဲ ဂိတ်ဆုံးတော့ ပြန်လိုက်လာတာပေါ့။ အိမ်ပြန်ရောက်တော့ ၇နာရီခွဲ။
ဗိုက်နဲနဲဖြည့်တုန်း ဖုန်းဝင်လာတယ်။ ပိုက်ဆံလာယူဖို့ချိန်းထားတဲ့သူဆီက( ဆီမီနာအတွက် စပွန်ဆာ ဟုတ်သေးဘူး အဟီး)
အဲဒါနဲ့ တိုးပါရိုး interchange ကိုပြန်သွား အဲဒီသူကိုရှာပြီး ပိုက်ပိုက်ယူပြီး စကားတွေပြောစရာရှိတာပြော။
အမယ်လေး မောလိုက်တာ။ ည ၉နာရီထိုးမှ ပြန်လာ။

အပါးပါး။ ကောင်းကင်ကိုမော့ကြည့် (ဒါလဲ ဘလော့ဂါ ဟုတ်ဘူးနော်)။ လမင်းကြီးသာနေတယ်။
အော် လပြည့်ညပါလား။ ဘာရမလဲ ၀ရန်တာ လမ်းမကျယ်ကြီးကို တစ်ယောက်တည်းအပိုင်စီးပြီး FM ကသီချင်းတွေနားထောင်ရင်း လမင်းကြီးသာနေတာကို အပြတ်ခံစားပစ်လိုက်တယ်။ လကြီးဝိုင်းစက်နေရင်လဲ လွမ်းတယ်ဗျ(လှိုင်းပုတ်သံတွေကြားလည်း လွမ်းတတ်တာပဲ ဟိုးရှေးရှေးတုန်းကပြောပြဖူးတယ်လေ)

၁၀နာရီထိုးတော့ အခန်းကိုပြန်လာလိုက်တယ်။ အိုးးးး ဒီနေ့ လုပ်ရမှာတွေ ကျန်သေးတယ်။
အွန်လိုင်းတက်ရမယ်။ မေးလ်တွေစစ်ရမယ်။ အလုပ်လျှောက်ဖို့ ကျန်သေးတယ်။
မြန်မာကျူးပစ်ထဲ ၀င်စရာရှိတယ်။ MMITPROS မှာလဲ ဓာတ်ပုံတွေပြန်ကြည့် နေကြာကွာစိပြောရမယ်။ MBS မှာလဲ ဘလော့ဂ်ဆီမီနာအတွက် ကဗျာစုစပ်နေတာ တပိုင်း(နဲတယ် ထင်တယ် ရေချိန်ကိုက်လောက်ဘူး အဟီး) ၀င်ရှဲလ်ဖို့ ရွာစားကဒေါင်း ကပြောထားတယ်။
အင်း အဲဒါတွေပီးတော့ ပို့စ် ဒီပို့စ်တင်ရမယ်။
ချစ်လေပြေက လာဖတ်မတဲ့။ အော် job fair နဲ့ပတ်သက်ပြီးတော့ပေါ့။ သူက အလုပ်ရပီးသားမလို့ မသွားတာကြာပေမဲ့ နက်ဖန်တော့ သွားမတဲ့၊ ဘာတဲ့ 4ထပ်မှာ တော့ Loreal sale ရှိသတဲ့လေ...
ကဲ .. ပြီးပီ
မနက် ၃နာရီ၁၅မိနစ် အိပ်ပီဗျို ဂွတ်မောနင်း (စိုးဇေယျကြီး နှုတ်ဆက်သလိုပဲ ကင်းကောင်ရေ နင့်ကို သတိရသွားပီဟ)

Thursday, August 14, 2008

To be careful မြန်မာ ချတ်တာ at #ygnchat

နည်းပညာပိုင်းမို့ တကယ်အဲလိုဖြစ်နိုင်မဖြစ်နိုင်မသိပေမဲ့
အဲလို ပုဂ္ဂလိကဆိုင်ရာ အချက်အလက်တွေထိ မလွတ်မလပ်ထိပါးခံရတာမျိုး မနှစ်သက်လို့ ဒီမေးလ်လေးကို forward လုပ်လိုက်တာပါ။



---------- Forwarded message ----------
မြန်မာ Chatter များအတွက် အထူးသတိပေးချက်

Myanmar Online ဟုတ်ခေါ်သော Network တစ်ခုမှ ပြုလုပ်ထားသော #ygnchat ဆိုသည့် Chatting Server တစ်ခုသည် spy module ကို အသုံးပြုပြီး .. Chatter များ၏ Private log များကို ခိုးယူကြည့်ရှု့နေပါသည်။ ထို Chat မှ Admin Oper Op များသည် Chatter များ Private ကိုခိုးကြည့်က မိန်းခလေးများ၏ ဖုန်းနံပါတ်များကို မှတ်သားပြီး ဖုန်းဆက်ခြင်း ၊ Email များကို ခိုးယူ၍ Email များအတင်းပို့ခြင်း ၊ ကိုယ်ရေးကိုယ်တာ ကိစ္စများကို ကြည့်ရှု့၍ အတင်းပြောရည်မောခြင်းများပြုလု
ပ်နေပါသည်။ ထို့အပြင် Nick register လုပ်ထားသော Password များကို ကြည့်၍ Chatter များ၏ Email များကိုဝင် ရောက်က ကိုယ်ရေးကိုယ်တာ ကိစ္စများကို ခိုးယူကြည့်ရှု့ကြသဖြင့် Nick register Password နှင့် Email Password များကို အတူတူမဖြစ်စေရန် အထူးသတိထားရန် လိုအပ်ပါသည်။ သူတို့အသုံးပြုထားသော IRC Module မျာကို ကြည့်ချင်တယ်ဆိုရင် ဒီ Command လေးကို #ygnchat server တွင်ရိုက်ကြည့်ပါက မြင်တွေ့နိုင်မည်ဖြစ်ပါသည်။ /module ဆိုသော Command ကိုရိုက်ကြည့်ပါက အောက်တွင်ပြထားသော စာများပေါ်လာမည်ဖြစ်ပါသည်။
ထိုပေါ်လာသော စာသားများသည် သူတို့အသုံးပြုထားသော module များဖြစ်ပါသည်။ irc.myanmaronline.net.mm ** spy (real-time spying) [3RD] ဆိုသော module ကိုထိပ်ဆုံးတွင်တွေ့ရမည်ဖြစ်ပါသည်။ ထို module သည် Chatter များ၏ Privacy ကိုတန်ဖိုးထားသော မည်သည့် IRC မှအသုံးပြုခြင်းမရှိပါ။ ထို့ကြောင့် မြန်မာလူမျိုးအချင်းချင်း ကွန်ပြူတာတွင် သူတို့တော်သည်တက်သည်ဆိုတိုင်း အခုလို့ အင်တာနက်ကို အသုံးပြုပြီး အလွဲသုံးစားပြုလုပ် နေသော Myanmar Online #ygnchat Server တွင် အတက်နိုင်ဆုံး Chatting မပြုလုပ်ပဲနေကြပါရန် အထူးသတိပေးအပ်ပါသည်။
ဤသတင်းအား သင်၏သူငယ်ချင်းများကို Forward လုပ်ပေးခြင်းဖြင့် ထိုသူတို့၏ မတရားပြုလုပ်မှု့များကို တားဆီးကြပါရန် .....။


-irc.myanmaronline.net.mm- ** spy (real-time spying) [3RD]
-
-irc.myanmaronline.net.mm- ** operjoin (Join & sajoin override) [3RD]
-
-irc.myanmaronline.net.mm- ** staff (command /staff) [3RD]
-
-irc.myanmaronline.net.mm- ** ircops (command /ircops) [3RD]
-
-irc.myanmaronline.net.mm- ** m_antidccbug (Anti mIRC dcc exploit) [3RD]
-
-irc.myanmaronline.net.mm- ** getinfo (command /getinfo) [3RD]
-
-irc.myanmaronline.net.mm- ** clones (command /clones) [3RD]
-
-irc.myanmaronline.net.mm- ** m_chgswhois (commands /chgswhois & /setswhois) [3RD]
-
-irc.myanmaronline.net.mm- ** cloak (Official cloaking module (md5))
-
-irc.myanmaronline.net.mm- ** commands (Wrapper library for m_ commands)
-
-irc.myanmaronline.net.mm- ** operpasswd (Failed OPER attempts notifier) [3RD]
-
-irc.myanmaronline.net.mm- ** textban (ExtBan ~T (textban) by Syzop) [3RD]



ကျေးဇူးတင်ပါသည်
မြန်မာလူမျိုးကိုချစ်သော မြန်မာလူမျိုးတစ်ယောက်


Monday, August 11, 2008

စပ်မိစပ်ရာ ဖတ်မိသော လင့်ခ်များ

ဒီရက်ပိုင်း စပ်မိစပ်ရာဖတ်မိသော ဘလော့ဂ်လင့်ခ်တွေပါ

နားခိုရာ => http://narkhoyar.blogspot.com/
ဖြူအောင်စိတ်ကိုထား => http://brain-and-beauty.blogspot.com/
knowledge for Burmans => http://www.educate-myanmar.com/

Nutty professor? => http://education.zdnet.com/?p=1793

Roast the baddies, report phishers or social engineers!!! =>
http://www.us-cert.gov/nav/report_phishing.html

LSE External Study => http://www.lse.ac.uk/collections/LSEExternalStudy/

Professional Graduate Diploma in IT => http://www.bcs.org/server.php?show=conWebDoc.12022
(This level is the academic equivalent to Year 3 of a UK university honours degree.)


Henley DL MBA => http://www.henleymc.ac.uk/henleymc03.nsf/pages/mba_modes_dlmba

FT list => http://www.ft.com/cms/e677c5bc-b5b5-11da-9cbb-0000779e2340.pd

The Economists Magazine EIU's which MBA list for DL MBA =>
http://mba.eiu.com/index.asp?layout=view_article&eiu_article_id...

Singapore NUS DL =>
http://www.rmi.nus.edu.sg/mscdislearning/intro.html

NTU non degree cert programs =>
http://www3.ntu.edu.sg/cce/Distance_Learning/default.htm

Online MBA from Univ of North Alabama => http://distance.una.edu/

DL MBA, WBS, Warwick Univ,, UK => http://www.wbs.ac.uk/students/mba/learn/dl.cfm

Online MBA, Institute of Economics, Yangon => http://www.elearning.edu.mm/

CFA => www.cfainstitute.org/

PMP => http://www.pmi.org

Good univ. guide UK 2009 => http://extras.timesonline.co.uk/tol_gug/gooduniversityguide.php

PhD comics => http://www.phdcomics.com/comics.php

မြန်မာ အိုင်တီ ပရိုဖက်ရှင်နယ် ဖိုရမ်ရဲ့သရက် တစ်ခုထဲက အဲဒီလင့်ခ်တွေတွေ့မိတာပါ။

Sunday, August 10, 2008

ကြွားချင်လွန်းလို့ဗျို…

မယ်လိုဒီအကြွားထူပါသည်။
ကိုယ့်ကိုယ်ကိုလဲသိပါသည်။
သို့သော် ကြွားချင်ပါသည်။
ကြွားချင်လွန်းလို့ ကြွားပါရစေ ခွင့်တောင်းပြီး စကြွားပါပြီ။
ရွှေမေတ္တာတော် ပို့လိုက ပို့ သို့မဟုတ် ဤပို့စ်ကို ကျော်ဖတ်ပါဗျိုးးးးးးး :P

စင်ကာပူကိုရောက်နေတာ တစ်လပြည့်ပါတော့မည်။
ရောက်ကတည်းက KFC နှင့် Mac Donald, Burger King တို့တွင် အလှည့်ကျစားပါသည်။ ရံဖန်ရံခါ Hawker Centres များတွင် စင်ကာပူအစားအသောက်များကို စား၍သော်လည်းကောင်း StarBucks တွင် ကော်ဖီသောက်ခြင်းကိုလည်းကောင်း အစီအစဉ်အတိုင်း အလျဉ်းသင့်သလို ထည့်သွင်းထားပါသည်။
မြန်မာဟင်းနှင့် မြန်မာစားစရာမျိုးစုံကိုလည်း ပင်နင်စူလာ B1 မှ ဆိုင်အသစ်များတွင် လည်းကောင်း သံလွင်အိမ်၌ သွား၍သော်လည်းကောင်း တစ်မျိုးပြီးတစ်မျိုးမရိုးအောင် စားပါသည်။ အားနေလျှင်ပျင်းနေလျှင် Toapayoh Central နှင့် Bugis ရှိ OG တွင်လည်းကောင်း Junction 8 တွင်လည်းကောင်း shopping ထွက်ပါသည်။ Orchard တွင်တော့ အလုပ်မရသေး၍ ပိုက်ပိုက်ခြွေတာနေရသေးသောကြောင့် window shopping သာလုပ်ရပါသေးသည်။ ၀ယ်ဖြစ်သော ပစ္စည်းများမှာ စာရင်းမလုပ်နိုင်သေးသောကြောင့် မရေးတော့ပါ။

AngMoKio ရှိ ရုပ်ရှင်ရုံတွင်လည်း RED CLIFF ကို ကြည့်ရှုခံစားပြီးကာ Esplande ကိုလည်းရောက်ပီးပီ။ Handerson Waves ကိုလည်း နှစ်ခေါက်၊ Vivo City နှင့် Orchid Garden၊ တိုပါရိုး ဘုန်းကြီးကျောင်း၊ Eunos ဘုန်းကြီးကျောင်း လဲရောက်ပီးပီ။ ဆေးရုံတို့ ရဲစခန်းတို့ကိုလည်း ခင်မင်ရင်းနှီးသူတစ်ဦး ကျေးဇူးနှင့် ရောက်သွားပါသေးတယ်။(တစ်ယောက်က သောကြာနံနှင့်စသော ဘလော့ဂါတစ်ဦး နေမကောင်း၍ ဆေးရုံလူနာသွားမေးခြင်း နှင့် နောက်တစ်ဦးက အင်္ဂါနံနှင့်စသော …)
နှစ်ထပ်ဘတ်စ်ကို အပေါ်ရောအောက်ပါကြုံသလိုစီးပြီး နေရာအနှံ့ sightseeing လုပ်ခြင်း MRT ကို မြေပေါ်မြေအောက် အကုန်ရောက်အောင်စီးပြီး လျှောက်သွားခြင်းလဲ လုပ်ပီးပီ။

မြန်မာကျူးပစ် မင်ဘာများထဲမှ Garfield ကြောင်ဝတုတ် နှင့် တော်သလင်းတို့ကိုလဲ တွေ့ပါသည်။ Garfield မှ KFC လိုက်ကျွေး၍ အားနာပါးနာနှင့်သော်လည်းကောင်း တော်သလင်းမှ Singapore Sling ဖြင့် ဧည့်ခံမှုကို အားနာပါးနာနှင့်သော်လည်းကောင်း)
Singapore National Day တွင်လည်း တထိန်းထိန်းနားကွဲ မတတ်သော အသံများနှင့်ပစ်ဖောက်သော မီးရှူးမီးပန်းများကိုလည်း ရင်သပ်ရှုမော သွားကြည့်ပီးပီ။ ဘူဖေးစားနည်းနိဿရည်းကို ဟော့ပေါ့နှင့် အကင်ဆိုင်တွင် လက်တွေ့အသုံးချပြီးခြင်းသည် လည်းကောင်း မယ်လိုဒီ၏ တစ်လတာ ကြွားစရာအကြောင်းအရာများအဖြစ် အမြင်ကတ်ခံရအောင် ရေးသားတင်ဆက်လိုက်ပါတယ်နော်။ ဒန်..တန့်..ဒန်…

လွတ်လပ်စွာ ကဲ့ရဲ့နိုင်သလို ပျော်ရွှင်စွာ မျှဝေခံစားနိုင်ပါသည်။ မယ်လိုဒီအလုပ်ရပီးတဲ့အချိန် သူငယ်ချင်းမောင်နှမတွေ စင်ကာပူကို လာလည်တဲ့အခါ အခု ကြွားသွားတာတွေ အကုန်လုပ်ဖို့ စိတ်ဝင်စားရင် ကိုယ့်စားရိတ်ကိုယ်ခံ American system နဲ့အဖေါ်လိုက်လုပ်ပေးမယ်နော် တကယ်ပြောတာပါ အဟိဟိ

Saturday, August 9, 2008

jedi master တွေဖြစ်အောင်လုပ်ပြီး lucas Animaiton Singapore မှာ အလုပ်လုပ်မလား..

ဒီမနက်မှ ဖတ်မိတာလေး အားလုံးသိစေချင်လို့ ဝေမျှရုံသက်သက်ပါ။
မူရင်းပို့စ်က ဒီမှာပါ။
Myanmar နိုင်ငံနဲ့ အနီးဆုံးမှာဖြစ်တဲ့ Singapore မှာ Lucas film / Industrial Light and Magic ကလာပြီးတော့ branch တစ်ခုလုပ်ထားပါတယ်။ လုပ်တာတော့သိပ်မကြာသေးပါဘူး ဒီနှစ်ပိုင်းထဲမှာဖွင့်တာပါ။

အဲဒီမှာ internship program တစ်ခုရှိပါတယ်။ အဲဒီ program က ဒီ trainee တွေကို jedi master တွေဖြစ်အောင်လုပ်ပြီး lucas Animaiton Singapore မှာ အလုပ်လုပ် နိုင်အောင် train ပေးမှာပါ။
Hollywood ထိသွားစရာမလိုတော့ပါဘူး။

star wars fans တွေ special effect wizard ဖြစ်ချင်တဲ့သူတွေ Lucas film/ Industrial light and magic လိုနေရာမျိုးမှာ အလုပ်လုပ်ချင်တဲ့သူတွေ လိုအပ်ချက်တွေ သေခြာဖတ်ပြီး ကြိုးစား
ကြည့်ကြပါလား။ မြန်မာတွေက မညံ့ကြပါဘူး။

၆လ program လို့ ထင်ပါတယ်။ ဒီ program ကို apply လုပ်နိုင် ဘို့က အရွေးခံရတာ မရတာနောက်ထား Singapore မှာ ရှိနေတဲ့သူဖြစ်ရမှာပါ။ အလုပ်နဲ့သော် ဖြစ်စေ၊ မှီခိုသော်ဖြစ်စေ၊ ကျောင်းသားသော်ဖြစ်စေ၊ ဖြစ်ရပါမယ်။ visit နဲ့လာပြီး apply လုပ်လို့မရပါဘူး။
ကျတော်သိရသလောက်တော့ သူတို့က ဘာ pass မှလျောက်ပေးမှာမဟုတ်ပါဘူး။

ဒီလို industry ကို crazy ဖြစ်တဲ့ လူငယ်တွေ သွား လျှောက်သင့်ပါတယ်။ ကျတော့စိတ်ထင်တော့
မြန်မာပြည်ကနေလာပြီတန်းပြီ အရွေးခံရဘို့ မလွယ်ပါဘူး။ အရန်းဝါသနာပါ ရင်တော့ နဂိုကလည်းဘာ skills မှသေခြာရှိမနေဘူးဆိုရင်တော့။

Singapore က Poly တို့ ITE တို့ အထူးသဖြင့် ITE လို ဟာမျိုးမှာ မိမိအတွက် အလွယ်ဆုံးလို့ဖြစ်နိုင်မဲ့ ဘာသာတစ်ခုကိုရွေးတတ်လိုက်ပါ။ gov school ကကျောင်းသားဖြစ်
သွားတဲ့ အတွက် Lucas Animation Singapore က internship job ကို apply လုပ်လို့ eligible ဖြစ်
သွားပါပြီ။ private school ကဆိုရင်တော့ မရလောက်ပါဘူး။

ပြီးရင် singapore မှာ short course တွေရှိပါတယ် animation တို့။ life drawing တို့ 3d တို့ ကို တတ်ပါ။ short course တွေက သိပ်ဈေးမကြီးပါဘူး။

နောက်ဆုံးမှာတော့ requirement မှာပါတဲ့ skill တွေရှိလာပြီဆိုရင်တော့ သွားပြီး apply လိုက်ပါ။
ခင်ဗျားတို့မှာ talent ရှိရင် ဟိုလူတွေက ရွေးပါလိမ့်မယ်။ အဓိက က ရူးသွပ်မှုပါဘဲ။

hope this help to who want to join animation and special effects industry .


Jedi master program home page

ဘယ်လို ဟာမျိုး တွေရှိလည်းဆိုတာကို တော့ ဒီမှာကြည့်ပါ။

requirement တွေကိုတော့ ဒီမှာကြည့်ပါ။


သူတို့ကဒီလိုပြောပါတယ်။

[ The trainees, who will be paid 'a lot better than in an industrial attachment', will learn to work in specialised fields within animation such as lighting, special effects and compositing.

More than half their time will be spent in a real production environment, with the majority slated for permanent jobs should they reach expected standards.

As for prospective candidates, the studio will check out not only the alumni of digital media schools, but also those who may have spent years honing their artistic skills on their home computers but have never received a paper qualification. ] ref: asiaone.com

under line တားထားတာက ဘာ certificate ဘာ diploma မှ မရှိတဲ့သူလဲ့ talent ရှိရင်ရွေးမယ်
ဆိုတဲ့သဘောပါ။

ဒီ Lucas Animation Singapore ရဲ့ managing director Mr.Christian Kubsch ကဒီလိုပြောပါတယ်။
"It is about being talented, being able to show what you have done. If someone has just one piece of animation done in the past year, but with enthusiasm, passion and potential in it, that may well be good enough."

try ကြည့်ကြပါလား။ animation တွေ special effect တွေလုပ်ချင်တဲ့သူတစ်ရောက်အတွက် အမြန်ဆုံး Industry ထဲကိုရောက်
နိုင်တဲ့ နည်းလမ်းပါ။

P.S: All credit goes to this post original writter Marius79

Friday, August 8, 2008

ချစ်သော သူငယ်ချင်းသို့......

သူငယ်ချင်းရေ...
နင်နဲ့ငါနဲ့ကြားက ဖြူစင်တဲ့သံယောဇဉ်တွေကို ဘယ်တော့မှ အရောင်မဆိုးကြေးဆိုသလို အဖြူထည်သက်သက်နဲ့ အကြင်နာသံစဉ်တွေသီကျူးဖူးတယ်

သူငယ်ချင်းရေ...
ဘယ်တော့မှ ဘယ်အရာမှ လေးလေးနက်နက် မတွေးတောမစဉ်းစားချင်တဲ့ ငါ့ကို နင်လေ့ကျင့်ပေးခဲ့လို့ အရှေ့ကို ကြိုတွေးတတ်တဲ့ ပြတင်းတံခါးလေး အမြဲဖွင့်ထားတတ်ပီ

သူငယ်ချင်းရေ...
နင်ကတော့ အမှောင်ထဲမှာ တစ်ယောက်တည်းအထီးကျန်နေချိန်မှာ ငါကတော့ လွတ်လပ်ပေါ့ပါးစွာနဲ့ လောကကြီးကို ရွက်လွှင့်ပျံသန်းနေတဲ့ငှက်ငယ်တစ်ကောင် ဖြစ်နေတော့ ငါမတရားသလို ခံစားမိတယ်

သူငယ်ချင်းရေ...
နင်က ကြင်သူထားတော့ ငါဘယ်နားသွားနေရမှန်းမသိတဲ့အချိန် အခုငါလဲ ကြင်နာချင်သူတွေ့တော့ နင်ဘယ်နားသွားနေမလဲ တော့ တွေးနေမိသေးတယ်

သူငယ်ချင်းရေ...
များပြားလှတဲ့တာဝန် ၀တ္တရားတွေကြား နင်မအားမလပ် ကြိုးစားနေရင်း ကံကြမ္မာဆိုးကြောင့် မှောင်မိုက်ပိန်းပိတ်တဲ့ ချောက်ထဲကျနေတုန်း နင့်ကို ငါဆယ်မတင်နိုင်ပေမဲ့ နင်ဖြစ်ချင်တာတွေ ငါ တတ်နိုင်သလောက် ပခုံးပြောင်းယူချင်တာ အမှန်ပါနော်

သူငယ်ချင်းရေ...
ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာတွေ ဘေးချိတ်ထားရချိန်မှာ ဖြစ်နိုင်တာလေးတွေ လုပ်ရင်းနဲ့ပဲ အချိန်ကုန်လွန်စေပြီး နင့်ကျန်းမာရေးလဲ ဂရုစိုက်နော်

သူငယ်ချင်းရေ...
နင်နဲ့ငါနဲ့ လူချင်းမတွေ့ရပေမဲ့ ငါတို့တွေ စိတ်ချင်းနီးနေကြဦးမယ်ဆိုရင် ငါလုပ်နေတာတွေ ငါပြောချင်တာတွေ နင်တိုက်ရိုက်မမြင်မကြားပေမဲ့လဲ ရင်ထဲက ခံစားနိုင်ပါစေ အဲဒီသတင်းတွေ အားဆေးတစ်ခွက်ဖြစ်ပါစေလေ...

စာကြွင်း။ ။ ကဗျာတွေစာတွေနှင့် ဘလော့ဂ်ရေးသော၊ ဓာတ်ပုံတွေ လျှောက်ရိုက်တတ်သော၊ အနုပညာကို ခုံမင်ရူးသွပ်သော ဘလော့ဂါသူငယ်ချင်းအတွက်ပါ။

Wednesday, August 6, 2008

စင်္ကာပူမှာ အလုပ်အကိုင်များရှာမယ်ဆိုရင်

ကျမလဲ အလည်လာရင်း အလုပ်ရှာရင်း အားနေဆဲမို့ စင်္ကာပူမှာ လာပြီးအလုပ်လုပ်ချင်သူများအတွက် အသုံးဝင်မဲ့ ဆိုဒ်လေးတွေ ရှာစုပြီးတင်ပေးလိုက်ပါတယ်။

* Agilent
* AICG Online
* AsiaEmployment
* AsianSpider
* BestJobs
* BayT
* CareerTips
* CareerZone
* CyberSpace
* EFinancialCareer
* EnterSingapore
* ExpatForum
* Expatriates
* FutureGen
* JobsCentral
* JobsCity
* JobsCyclone
* JobsDB
* JobsF1
* JobMarket
* JobsQ
* JobsearchWorld
* Jobseek
* JobsSupermart
* Jobstreet
* Jobs @ Intel
* Jobs @ Nature
* Jobs @ Streetdirectory
* Micron
* MOE Jobs
* Monster SG
* SG Ads Online
* SG Expats
* SG IT Jobs
* SG JobsOnline
* SGJobsSearch
* SG Recruit သူ့မှာ job alert ပေးထားလိုက်ရင်တော့ အိုကေ ပွဲပြီးသွားပီ။ သူက တခြားက ခေါ်တာတွေပါအကုန် alert လုပ်ပေးတော့တာပဲလေ
* ST701 သတင်းစာကြော်ငြာမှာပါတဲ့အလုပ်တွေပဲ
* TP Jobs
* Work SG
* ZDNetAsia
* 4ICJ
* Adecco Website


အဲဒါ အလုပ်ခေါ်တဲ့ ဆိုဒ်တွေချည်းပဲမလို့ အဲဒီတွေမှာ သွားရှာရတယ်(ကိုလူအေး sidebar ထဲကမလာတာတွေ အဟိဟိ) ။ များသောအားဖြင့်တော့ register လုပ်ရတယ်။ ပြီးတော့ mail ကနေ Job alert ပို့ခိုင်းထားလဲရတယ်လေ။

Find a Job in Singapore
အဲဒီမှာ သွားကြည့်လဲရတယ်နော်။

Recommended လုပ်ချင်တဲ့ ဆိုဒ်တွေကတော့

http://jobscentral.com.sg
http://www.monster.com.sg/ နဲ့
http://jobstreet.com.sg ပဲ
ကျမကတော့ IT jobs နဲ့ဆိုင်တဲ့ web developer role ကိုလျှောက်ချင်တာမလို့ အဲဒီဆိုဒ်တွေကနေပဲ အလုပ်လျှောက်ဖြစ်တယ်။
သတင်းစာမှာက အဲဒီလောက်ခေါ်တာမများဘူး။ သိပ်မတွေ့ဘူးပေါ့နော်။
အဲဒါနဲ့ စနေနဲ့ ဗုဒ္ဓဟူးနေ့လောက်ပဲ သတင်းစာဝယ်ပြီး ရှာလျှောက်ဖြစ်တယ်။် (612က IT/Infocom ဆိုပြီး တန်းလှန်လိုက်တာပဲ)
အလုပ်ရရင်တော့ကောင်းမယ်နော်။ ဒီမှာ ဆက်နေလို့ရမယ်။ လခထုတ်ပြီးတော့ Flyer ထဲက capsule ထဲမှာ ညစာသွားစားမယ်။
အလုပ်မရသေးရင်တော့ တနည်းနည်းပေါ့နော် နည်းလမ်းရှာရမှာပေါ့
ဘာလဲတော့ ပြောပြဘူး အဟိဟိ အဲဒါလျှို့ဝှက်ချက်(ဒါပေသိ တောင်တွေးမြောက်တွေးမတွေးကြေး :P )

Tuesday, August 5, 2008

Online Extension of Short Term Visit Pass (e-XTEND) in SG

ဒီနေ့မနက်တင် အွန်လိုင်းကနေ ဗီဇာသက်တမ်းတစ်လတိုးပေးဖို့ တင်လိုက်တယ်။ မနက်ဖြန်ကျရင်တော့ အိုကေမကေ သိရမယ်။ အိုကေမှာပါ။ ပုံမှန်အတိုင်းတော့ ဘယ်သူမဆို အိုကေတာပဲလေ။ အွန်လိုင်းကနေ လှမ်းတင်ရုံနဲ့ရတာဆိုတော့ တော်တော်အဆင်ပြေတာပေါ့။ ICA ကို ကိုယ်တိုင် သွားတိုးစရာမလိုလို့ ကယိကထမများတော့ အလုပ်ရှုပ်သက်သာတယ်။ အချိန်မကုန်ဘူး။ သွားလာစရိတ်မကုန်ဘူး။ ဘယ်သူ့မျက်နှာမှလဲ ကြည့်ဖို့လိုဘူးပေါ့။

၁၂ရက်နေ့ကျ သက်တမ်းကုန်မှာဆိုတော့ တစ်ပတ်လောက်ကြိုလုပ်ဆိုလို့ ဒီနေ့ လုပ်လိုက်တာလေ။ website address မှာ http://www.ica.gov.sg လို့ရိုက်ထည့်ပီးရင် ညာဘက် side bar မှာ eServices online application for ဆိုပြီးရှိတယ်။ အဲဒီအောက်က Extension of Short Term Visit Pass (e-XTEND) ဆိုတဲ့လင့်ခ်မှာ ကလစ်နှိပ်ပြီးရွေး။ နောက်တစ်မျက်နှာကူးသွားရင် စာမျက်နှာအောက်ဆုံးနားမှာ Click here if you are a
foreigner applying for extension. ဆိုတဲ့အောက်က individual ဆိုတာလေးကိုထပ်နှိပ်ပြီး နောက်တစ်မျက်နှာထပ်ကူး။ အဲဒီမှာ ရက် ၃၀ တိုးတာလဲရှိတယ်။ ရက်၉၀ ထိတိုးချင်လဲရတယ်။ ပုံမှန်အနေနဲ့ကတော့ ရက် ၃၀ပါပဲ။ တကယ်လို့ ဆေးကုတာဖြစ်ဖြစ်၊ အမျိုးတော်စပ်သူ PR သို့မဟုတ် Singaporean ရှိတာပဲဖြစ်ဖြစ် အထောက်အထားတွေပြနိုင်ရင်တော့ ရက် ၉၀ထိ တိုးလို့အဆင်ပြေတာပေါ့။ ကျမကတော့ up to 30days ကိုပဲ နှိပ်လိုက်ရတယ်။ ဘာတွေဖြည့်ဖြည့် space မခြားပဲဖြည့်ရတယ်။ ဖြည့်ဖို့လိုတာတွေက နာမည်အပြည့်အစုံ(passport မှာပါတဲ့နာမည်)၊ မွေးသက္ကရာဇ်၊ ကျားလားမလား၊ passport no. နဲ့ expired date၊ ပြီးတော့ DE card no. ဆိုတာ White card မှာပါတဲ့ bar code no. လေးဖြည့်ရတယ်။ ပြီးရင် proceed ကိုနှိပ်လိုက်ရုံပဲ။ acknowledge form လေးထွက်လာတယ်။ print ထုတ်ချင်လဲရတယ်။ ဒါပေသိ နက်ဖန် extension approved letter လေးထွက်မှပဲ print ထုတ်ပီးသိမ်းထားလိုက်တော့မယ်။
Approved ဖြစ်မဖြစ် check လုပ်တာလဲလွယ်ပါတယ်။ စောစောက up to 30days နှိပ်ရတဲ့စာမျက်နှာကိုလာပြီးပဲ အဲဒီအောက်က status enquiry ကိုနှိပ်ပြီး တောင်းတဲ့အချက်တွေပြန်ဖြည့်ပြီး proceed နှိပ်ရုံပဲလေ။

ဒီလို အွန်လိုင်းကနေ extension တိုးတာလေးကို သိပြီးသားလဲဖြစ်ချင်ဖြစ်မှာပါ။
ရန်ကုန်မှာရှိနေတဲ့ (အစတုန်းက အတူတူ လာဖြစ်မယ်ထင်ပြီး ကျန်နေခဲ့တဲ့) သူငယ်ချင်း မောင်လေး တစ်ယောက်က အစ်မ ရန်ကုန်မှာ ပါတ်စပို့လုပ်တာ ဗီဇာဘယ်လိုလျှောက်တာကအစ လေဆိပ်မှာ ICA မှာဘာတွေအမေးခံရတယ်၊ အိမ်ငှားဖို့ကြိုစီစဉ်တာနဲ့ ဖုန်းဝယ်တာအဆုံး အကုန်လုံးကို ပို့စ်တင်ပြီး ပြောပြပါလားလို့ မေးထားလို့ ဒီပို့စ်လေးအရင်တင်ဖြစ်ပါတယ်။

တကယ်လို့ အချိန်ရမယ် အဆင်ပြေတယ်ဆိုရင်တော့ အဲလိုပို့စ်လေးတွေလဲ မြန်မြန်တင်နိုင်ဖို့ ကြိုးစားပါ့မယ်လေ။

ဒီအကြောင်းနဲ့ပါတ်သက်ပြီး ကိုလူအေးကွန့်မန့်မှာရေးပေးသွားလို့ သူ့ပို့စ်လေးပါ သွားဖတ်ကြည့်ဖို့ ဒီမှာ
ကိုလူအေးရေ ရှဲ့ရှဲ့ဗျို :)

Monday, August 4, 2008

ပျင်းတယ်..တအားပျင်းတယ်

အလုပ်လဲလျှောက်ချင်ဘူး ပျင်းတယ်
လျှောက်လဲလည်ချင်ဘူး ပျင်းတယ်
ဈေးဝယ်လဲထွက်ချင်ဘူး ပျင်းတယ်
တစ်ယောက်တည်းနေရလို့ ပျင်းတယ်
မိုးတွေရွာလို့ ပျင်းတယ်
ပျင်းလွန်လွန်းလို့ သေရပါတော့မယ်
ပျင်းတယ်ဗျိုးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ပျင်းတယ်...တအားပျင်းတယ်
သေလောက်အောင်ပျင်းတယ်
ပိုးစိုးပက်စက်ပျင်းတယ်
ပျင်းရမှာလဲပျင်းတယ်
မတ်ဆေ့ခ်ျတွေလဲ ရီပလိုင်းမလုပ်ချင်လောက်အောင် ပျင်းတယ်
ဖုန်းပြောရမှာလဲ ပျင်းတယ်
ဘလော့ရမှာလဲ ပျင်းတယ်
ချတ်ရမှာလဲ ပျင်းတယ်
ပျင်းပြီးသေလို့ နတ်သမီးဖြစ်ရင်ကောင်းမယ်
ပျင်းတယ်ဗျိုးးးးးးးးးးးးးးးးးးးးးးးးးးးးးး
(အော် စားဖို့တော့ပျင်းဘူး တစ်ယောက်ယောက် မုံ့ဝယ်လာကျွေးရင် ကောင်းမယ် :P )

Sunday, August 3, 2008

ဝါဆိုသင်္ကန်းကပ်ကြတယ်..

ဒီနေ့ သူငယ်ချင်းလင်မယားက သူတို့ ၀ါဆိုသင်္ကန်းကပ်တဲ့ ဘုန်းကြီးကျောင်းကို လိုက်ပြီး ကုသိုလ်ယူဖို့ ဖိတ်လို့ မနက် ၉နာရီကျော်လောက် အိမ်ကထွက်ပြီး MRT ကို အနီလိုင်းနဲ့ အစိမ်းလိုင်း ကျွမ်းကျင်စွာပြောင်းစီးလို့ ၁၀နာရီမှာ Eunos MRT ကို ရှောရှောရှူရှူရောက်သွားတယ်။ စိတ်ပူပေးတဲ့ သူငယ်ချင်းကတော့ စထွက်ကတည်းကနေ ဘယ် MRT ရောက်နေပြီလဲကို ဖုန်း ၃ခါလောက် ဆက်မေးတယ်။ Eunos MRT ရောက်တော့ passenger service နားမှာ စောင့်နေတယ် လာခဲ့ဆိုပြီး ပြောတော့ အဆင်သင့်တွေ့ရတယ်။ ငါကွ…

ရောက်ရောက်ချင်း အောက်ထပ်မှာ ဘုရားကန်တော့ ၊ ဆွမ်းပွဲအတွက် လိုတာတွေကူလုပ်၊ ဘုန်းဘုန်းတွေ အပြင်ခဏကြွသွားလို့ မုံ့ဟင်းခါး အရင်စား၊ ၃ထပ်က ဓာတ်တော်တိုက်ရှိတယ်၊ သွားဖူး။ အားးးးပါးပါးးးဓာတ်တော်တွေအများကြီးပဲ။ မြန်မာမှာ တွေ့ခဲ့ဖူးတာတွေထက် ပိုစုံတယ်။ မိုးကုတ်မှာတုန်းက ဖောင်တော်ဦးဘုရားမှာ မိုးကုတ်ဆရာတော် ဦးဝိမလရဲ့ ဓာတ်တော် မျက်လုံးတော်ကို ဖူးဘူးတယ်။ ရန်ကုန်၊ မန်းလေးတွေမှာ စွယ်တော်၊ မြတ်စွာဘုရား သွားတော် အံတော် နဲ့ ရဟန္တာတွေ၊ ဆရာတော်ကြီးတွေရဲ့ ဆံတော်၊ အရိုးတော်၊ ဓာတ်တော်မွေတော်တွေကိုလဲ အများအပြားစုံလင်အောင် ဖူးဘူးတယ်။ ခု ဒီ Eunos ဘုန်းကြီးကျောင်းမှာကျ ဘာကို ထူးထူးဆန်းဆန်းသတိထားပြီး ဖူးရလဲဆိုတော့ မြတ်စွာဘုရားရဲ့ ဦးဏှောက်တော်ကကျတဲ့ ရွှေရောင်ဓာတ်တော်သေးသေးလေးတွေကို တအံ့တသြဖူးခဲ့ရတယ်ဗျ။


အဲဒီဓာတ်တော်တွေအတွက် လျှပ်စစ်မီးအလင်းရောင်ပူဇော်ဖို့ တစ်နာရီ $၁၀ နှုံးနဲ့လဲလှူလို့ရတယ်။ နည်းများမဆိုလဲ donation box လေးထဲ ထည့်လှူလဲရတယ်။ ကျမလဲ လှူခဲ့တယ်။ ဘုရားမှာလဲ ဆွမ်းတော်တွေကပ်ကြတယ်။ ပြီးတော့ ဘုန်းဘုန်းတွေပြန်ကြွလာတာနဲ့ အောက်ထပ်ပြန်ဆင်းကြပြီး ဆွမ်းကပ်ကြပါတယ်။ ဘုန်းဘုန်းတွေဆွမ်းဘုန်းနေတုန်း ကျမက ၀ါဆိုဖယောင်းတိုင်ပေါ့နော် ဘုရားမီးပူဇော်ပါတယ်။ မုံ့ဟင်းခါးမစားရသေးသူတွေလဲ မုံ့ဟင်းခါးစားကြတာပေါ့နော်။ အဲဒီမှာ ဗောဓိပင်လဲရှိတယ်။ ဗောဓိပင်ကိုလဲ ရေသွားလောင်းလိုက်သေးတယ်။ လှူလို့ရတာတွေက ၀ါဆိုသင်္ကန်းတစ်စုံကို $၃၀ နှုံးနဲ့ ဒါမှမဟုတ်လဲ ၀တ္ထူငွေကပ်ရင်ကပ်ပေါ့နော်။ နောက် ဒီကျောင်းက အိမ်ကို ငှားထားတာလေ။ အဲဒီတော့ နောက်တနေရာရာမှာ အတည်တကျ မြေ၀ယ်ပြီးကျောင်းဆောက်လုပ်ဖို့ရာအတွက် လှူဒါန်းလို့ရပါတယ်။ တစ်ပေပါတ်လည်ကို $500 နှုံးနဲ့ပါ။ လောလောဆယ်တော့ အလုပ်မရသေးလို့ တစ်ယောက်တည်းလှူနိုင်သေးဘူး။ ရေစက်ဆုံချင်သူ သူငယ်ချင်းများနဲ့ စုပေါင်းစပ်ပေါင်း လှူဖို့ စိတ်ကူးထားလိုက်တယ်။

ဘုန်းဘုန်းတွေ(၃ပါး) ဆွမ်းဘုဉ်းပေးပြီးတော့ ကျမတို့ တရားနာ အမျှပေး ရေစက်ချကြပါတယ်။ ဟောတဲ့တရားထဲမှာတော့ အခုလို စုပေါင်းစပ်ပေါင်းလှူတာမှသည် စည်းလုံးညီညွတ်ခြင်းသည် အောင်မြင်ခြင်းသုခ ဖြစ်တဲ့အကြောင်းလဲ ပါတယ(သမဂ္ဂါနံ သမဂ္ဂသုခံ ဆိုလားမသိဘူး)်။ အရွယ်သုံးပါးမရွေး ဆင်မြန်းရမဲ့တန်ဆာအနေနဲ့ စာရိတ္တသီလ ဆိုတာလဲပါတယ်။ နိုင်ငံရပ်ခြားမှာ တင့်တယ်စွာ ဆောင်ယူရမဲ့တန်ဆာက ပညာ၊ လှူဒါန်းပေးကမ်းရက်ရောခြင်း သဒ္ဒါက ကိစ္စပြီးမြောက်အောင်မြင်တယ်ဆိုတာလဲပါတယ်၊ အိမ်တစ်အိမ်မှာ ရပ်ရွာမှာ တိုင်းပြည်မှာ ဥာဏ်ပညာရှိတဲ့သူ အုပ်ချုပ်မှ တိုးတက်အောင်မြင်တယ် ဆိုတာလဲပါတယ်။ နောက်တစ်ခုက ဘာလဲသိဘူး မေ့သွားပီ အဟီးးး
အားလုံးက ကြီးပွားချင်လို့ ဒီမှာအလုပ်လာလုပ်ကြတာတဲ့။ ကြီးပွားချင်ရင် ကြီးပွားကြောင်းတရားပဲလုပ်ရမှာပေမဲ့ မလုပ်ကြတဲ့သူတွေလဲရှိနေတယ်ပေါ့နော်။
နောက် ဆုပေးတာကတော့ မိဘကို အချိန်မီကျေးဇူးဆပ်နိုင်သူတွေဖြစ်ပြီး ဘုရားသာသနာကို ခုလိုလှူဒါန်းစောင့်ရှောက် အထောက်အပံ့ပေးနိုင်သူတွေဖြစ်ကြစေဖို့ ဆုတောင်းလဲဆုတောင်း ပြည့်လဲပြည့်နိုင်ကြပါစေလို့ ဆုပေးပြီး ရေစက်ချ အမျှဝေပါတယ်။ ဘလော့ဂ်မှာ လာဖတ်တဲ့သူငယ်ချင်းတွေလဲ အမျှရကြပါစေ..

ရေစက်ချခွက်ထဲက ရေတွေကိုတော့ ဗောဓိညောင်ပင်လေးမှာ သွားလောင်းပြီး ဒီနေ့ပြုသမျှအလှူကို ၀သုန္ဒေ္ဓရေမြေနတ်သမီးကို သက်သေတည်စေပါတယ်။

ဒီနေ့အလှူလေးကို ဖိတ်ခဲ့တဲ့ သူငယ်ချင်းလင်မယားကိုလဲ မြန်မာလိုပဲ ကျေးဇူးတင်ကြောင်းနှုတ်ကလဲပြောပြီး ဒီပို့စ်လေးကနေလဲ ထပ်မံပြောပါရစေ။

ဓာတ်တော်တွေဖူးဖို့ဖြစ်ဖြစ် အလှူဒါန နည်းများမဆိုတတ်အားသရွေ့ထည့်ဝင်ချင်လို့ပဲဖြစ်ဖြစ် ဒီဘုန်းကြီးကျောင်းကို သွားချင်ရင် လိပ်စာက - No. 11 Teo Kim Eng Road(Behind Eunos Mansion) bet: blk 321 & 322 ၊ ဆရာတော်ဘွဲ့နာမည်က Ven. U Thera Vansa ပါ။ Eunos MRT ကနေ bus no. ၉၃ စီးရင် ၃မှတ်တိုင်မြောက်မှာဆင်းပြီး တံတားပေါ်ကကူးပြီး ၅မိနစ်လောက် ဟိုဘက်ကို လမ်းဆက်လျှောက်ရပါတယ်။ တကယ်လို့ ရှာမတွေ့ရင် ဖုန်းနံပါတ် 6748 7352 ကိုဆက်သွယ်လိုက်နော်။

စာကြွင်း။ ။ ရန်ကုန်မှာဆို ဒီအချိန်လဲ သူငယ်ချင်းတစ်ယောက်အိမ်မှာ နှစ်တိုင်း ၀ါဆိုသင်္ကန်းသွားကပ်နေကြမို့ သတိရမိပါသေးတယ်။

Saturday, August 2, 2008

“မောင်“လို့ခေါ်မယ် မောင်ခေါ်ထိုက်သူရယ်...

မလေးရဲ့ သံစဉ်မဲ့အလင်္ကာများက အင်္ဂလိပ်ကဗျာတစ်ပုဒ်မှာ မောင်လို့မခေါ်ထိုက်လို့ မောင်မခေါ်ဘူးဆိုပဲ
(ဒီမှာ http://www.lyricswithoutmelody.net/index.php?option=com_content&view=article&id=161:youre-not-my-qmaungq&catid=95:2008-07-03-07-45-40&Itemid=199)
ကဗျာလေးက ကလေးဆန်တယ်ထင်ရပေမဲ့ ချစ်ဖို့ကောင်းတယ်
ပြီးတော့ ကာရန်လဲကိုက်တယ်လေ
ကျမကတော့ ကြိုက်နှစ်သက်ပါတယ်
ဒါပေသိ မြန်မာလိုနဲနဲ ပြန်ပြောင်းရေးဖို့ စိတ်ကူးလေးပေါ်လို့ မလေးကို ခွင့်တောင်းတော့ မလေးကလဲရေးပါတဲ့
ဒါနဲ့ပဲ ဒီကဗျာလေးစပ်ပြီးတင်လိုက်တယ်

သက်ဆိုင်သူ သူသိပါစေလေ
ဒီဘ၀မှာကွယ် ရေစက်ဆုံတယ်
"မောင်"လို့ခေါ်မယ် မောင်ခေါ်ထိုက်သူရယ်

တပြည်စီခြားပေမဲ့
ကြုံလာဆုံလာပုံများကရယ်
ဆိုက်ဆိုက်မြိုက်မြိုက် အိမ်လိုက်လာမယ်

အနေနီးလို့ အဖြေသိမယ်
ရင်ထဲမှာ "မောင်" ရှိနေတယ်
မောင့်အနားမှာပဲ အရိပ်လိုကွယ်

ပုံပြင်လိုတော့ ခွဲမသွားပါနဲ့
မောင်မကြင်နာတဲ့တစ်နေ့
ဒီဘ၀မတွေ့ခဲ့ကြသလို နေပြပါမယ်

မောင်ကြင်နာမယ် ဆိုရင်တော့
တကမ္ဘာလုံးပန်းတွေဖုံးလို့ မေပြုံးပျော်မယ်
သိစေချင်တယ် မောင်ခေါ်ထိုက်သူရယ်




Friday, August 1, 2008

ဒီနှစ်အတွက် ဘလော့ဂ်ဒေး ဘယ်လိုလဲ ဘာလဲ...

အခုဆို စင်ကာပူမှာ ည ၁၂နာရီကျော်နေပြီ
ကျမအိပ်လို့လဲမပျော်သေးဘူး
တစ်ယောက်သောသူကို သတိရတာချည်းရယ်တော့ မဟုတ်ပါဘူး
မနှစ်က blog seminar day လေးကို ပြန်ပြောင်းသတိရနေမိတာပါ။

၂၀၀၇ ခုနှစ် စက်တင်ဘာ ၁ရက်နေ့မှာ ကျင်းပမဲ့ အဲဒီ ဆီမီနာလေးအတွက်

"Seminar ဖြစ်မြောက်ရေးအစည်းအဝေး (၂၀၀၇ ခုနှစ်၊ ဇူလိုင်လ၊ ၂၆ ရက်)မှ ဆွေးနွေးဆုံးဖြတ်ချက်များ"

ဆိုတဲ့ပို့စ်လေးနဲ့အတူ ကျမတို့ အင်တိုက်အားတိုက် လှုပ်ရှားဆောင်ရွက်ခဲ့ကြတာလေ။(မှတ်မိသေးတယ် ဟုတ်..မမှတ်မိရင် မသိလိုက်တဲ့သူတွေရှိရင် အဲ့မှာ ပြန်သွားဖတ်နော်)

အင်း ဒီနှစ်တော့ `ကျမတို့ ဘလော့ဂါတွေ ငြိမ်ချက်သားကောင်းလှချည်လား´လို့လဲဂျာနယ်တိုက်တခုမှာ အလုပ်လုပ်ရင်း မနှစ်က သတင်းတွေရယူဖူးတဲ့ ညီမငယ်လေး စိတ်ကူးရဲ့ ဒီနေ့ ချတ်ထဲမှာ တွေ့တော့ ဝေဖန်ချက်လေးကြားရတာ စိတ်ထဲမှာ မကောင်းဘူး တကယ်
မန်းမှာ ကိုမောင်လှ၊ ကိုသခင်ကြီး၊ ရတနာချို၊ ကန်ဇွန်းဥ တို့ ပုဂံနက်တို့နဲ့တွေ့တော့ သူတို့ မန်းအစီအစဉ်လဲ သိပ်မသေချာသလို ကိုယ်တွေ ရန်ကုန်ပိုင်းကလဲမသေချာဘူး
စိုးဇေယျကြီး လျာထားသလို မထွက်ဖြစ်သေးတာကြာနေတဲ့ ဘလော့ဂ်စာအုပ်ပဲ

အနာဂတ်လှိုင်း ၏ ဆုံမှတ်များ .............

အီးဘွတ်ခ် e-book ထွက်ဖို့ကြိုးစားရုံနဲ့တင်ပီးသွားလေမလား ဒီတစ်နှစ်ပေါ့နော် ဟူးးးးးးး

ကျမကလဲ ခုလောလောဆယ် စင်ကာပူမှာ နောက်ထပ် နေဖြစ် ၁လကျော်ကျော်ဆိုရင် blog day အမီပြန်ရောက်မယ်မထင်ဘူး။
ဒီတော့ စင်ကာပူမှာတင် ဘာလုပ်လို့ရမလဲ ကူစဉ်းစားကြပါဦးနော်
ခုအတွေးတွေနက်ပြီး အိပ်မပျော်တာနဲ့ပဲ ဒီပို့စ်လေးကောက်တင်လိုက်ပါတယ်
စင်ကာပူရောက်(သို့မဟုတ်) စင်ကာပူမှာရှိနေတဲ့ မြန်မာဘလော့ဂါ သူငယ်ချင်းမောင်နှမများတို့ရေ မအားပေမဲ့လဲ အစဉ်းစားကူပြီး ကွန့်မန့်လေးရေးပေးကြဖို့မေတ္တာရပ်ခံပါတယ်နော်
မနှစ်က အွန်လိုင်းကနေ သိုက်သိုက်ဝန်းဝန်းအားပေးကြသလို တတ်စွမ်းသရွေ့ ပံ့ပိုးကူညီကြသလို ဒီနှစ်တဖန်ပေါ့နော်
ဖြစ်နိုင်ရင် ဒီနှစ်ပိုပြီး ခေါင်းမော့ရင်ကော့ပြချင်ပါသလေ..
ဒီခံစားချက်ကို သူငယ်ချင်းမောင်နှမအားလုံးနားလည်ပြီး ထပ်တူခံစားမိမယ်ထင်ပါရဲ့နော်

ကွန့်မန့်တွေအရင်စောင့်နေပါမယ်

ပလိစ်.....

အင်္ဂလိပ်စာ ဘာကြောင့်မတတ်ကြသလဲ..

အင်္ဂလိပ်စာ ဘာကြောင့်မတတ်ကြသလဲ..တဲ့

အဟိ နာလဲ ချင်ကာပူမှာ ကလယ်ရိုက်နေတယ် singlish နဲ့ စီလုပ်သံတွေကြားမှာ

ပြီးတော့ အထာမသိတာ

ရန်ကုန်မှာတုန်းကတော့ ခရီးသွားလုပ်ငန်းဆိုတော့ နိုင်ငံခြားသားနဲ့စကားပြောတဲ့ကိစ္စကမစိမ်းပဲ ထမင်းစားရေသောက်ပေမဲ့ ဒီရောက်မှ သူတို့ ဘာပြောမှန်းကို logic နဲ့ပြန်ပြန်စဉ်းစားနေရတယ် အဟတ်ဟတ် (ကိုယ်ညံ့ရင်ညံ့တယ်ပေါ့နော်)

 

ထားပါတော့ အခုဒီပို့စ်ကတော့ ဟိုးရှေးရှေးတုန်းက အရင် ၁၀နှစ်လောက်က ဘ၀သစ် ဦးအောင်ကျော်မှာ အင်္ဂလိပ်စာသင်တန်းတက်တုန်းက စာအုပ်နောက်ကျောဖုံးမှာ ပါတာလေးကို ရိုက်ပီး တင်ပေးလိုက်ပါတယ်နော်

 

-         ကိုယ်တိုင် တကယ်တတ်ပြီး တပည့်တွေကို တကယ်တတ်အောင် သင်ပေးနိုင်တဲ့ ဆရာတွေရှားနေလို့

-         ကျောင်းတွေ တက္ကသိုလ်တွေမှာ သင်ရတဲ့ အင်္ဂလိပ်စာနဲ့ မလုံလောက်လို့။

-         အင်္ဂလိပ်စာကို အချန်ယူလေ့လာမှ၊ ဖတ်သမျှနားလည်၊ ပြောချင်ရာပြော၊ရေးချင်ရာရေးနိုင်တဲ့ အဆင့်ကိုရောက်မယ်၊ တကယ်တတ်မယ်ဆိုတာကို သဘောမပေါက်ကြပဲ၊ သုံးလေး ငါးလလောက်သင်လိုက်ရင် တတ်သွားလိမ့်မယ်လို့ အထင်အမှားကြီးမှားပြီး ကြာရှည်မသင်ချင်ကြလို့၊ ခဏတဖြုတ်ပဲ သင်ချင်ကြလို့။

-         အင်္ဂလိပ်စာအုပ်မျိုးစုံဖတ်မှ တကယ်ပြောတတ်၊ ရေးတတ်ဖြစ်မယ်ဆိုတာ နားမလည်ကြတဲ့အတွက် ၊ အင်္ဂလိပ်စာကို ဖြစ်ဖြစ်မြောက်မြောက် မဖတ်ကြလို့။

-         အင်္ဂလိပ်စာ တကယ်တော်အောင် လုပ်ဖို့ လိုအပ်တဲ့သင်တန်း ကြာရှည်တက်ရတာတို့ အရေးလေ့ကျင့်ရတာတို့လို ကယိကထတွေကို မခံနိုင်ကြလို့။ ဇွဲမရှိလို့၊ တချို့ကြတော့ အင်္ဂလိပ်စာတတ်မြောက်ရေးအတွက်  ငွေကုန်ကြေးကျ မခံနိုင်ကြလို့၊ ဒါမှမဟုတ်မခံချင်ကြလို့။

-         တချို့ကတော့ ဘာအလုပ် ညာအလုပ် ရှုပ်နေကြပြီး  အင်္ဂလိပ်စာ တတ်မြောက်ရေးအတွက် အချိန်ကောင်းကောင်းမပေးနိုင်ကြလို့။

-         အချုပ်ကတော့ တတ်သာတတ်ချင်ကြပြီး တကယ်တတ်အောင် ဒုက္ခမခံနိုင်ကြလို့ ဖြစ်ပါတယ်။

 

တတ်အောင် ဒါတွေလုပ်ပါ..တဲ့

-         အင်္ဂလိပ်စာအုပ်မျိုးစုံ အသံထွက်ဖတ်ပါ။ လွယ်တာတွေ စဖတ်ပါ။

-         အင်္ဂလိပ်စာသင်တန်း ကြာကြာတက်ပါ။ အလုပ်များရင် ခဏနားပြီး အားတော့ဆက်တက်ပါ။ တော်ရုံတန်ရုံ အလုပ်များရုံနဲ့ သင်တန်းမရပ်ပါနဲ့။

-         အင်္ဂလိပ်စကားပြော အခွေတွေကြည့်ပါ နားထောင်ပါ။ အင်္ဂလိပ်တီဗီ၊ ရုပ်ရှင်တွေကြည့်ပါ။ အင်္ဂလိပ်ရေဒီယို နားထောင်ပါ။

-         စိတ်တူသဘောတူ သူငယ်ချင်းတွေနဲ့ အင်္ဂလိပ်စကားပြောလေ့ကျင့်ပါ။ မရှက်ပါနဲ့။ တစ်ယောက်တည်းလဲ အပြောကျင့်နေပါ။(သူများတော့မကြားစေနဲ့ပေါ့)တဲ့


ကဲ.. အားလုံးပဲ တကယ်လုပ်ရင်တကယ်တတ်တာမို့ ကြိုးစားကြဖို့လို့ တိုက်တွန်းလိုက်ပါတယ်နော်...