Monday, July 28, 2008

http://www.myanmarwikipedia.org

Zawgyi-One အသုံးပြုကြတဲ့ user တွေ အတွက် http://www.myanmarwikipedia.org လာပါပြီ... မည်သူမဆို လွတ်လပ်စွာဖြင့် ဝင်ရောက်ရေးသားနိုင်ပါပြီ... တည်ထောင်တဲ့ သက်တမ်း မကြာသေးပေမယ့် အကြောင်းအရာပေါင်း ၂၀၀ ကျော်ရှိနေပါပြီ... စိတ်ဝင်စားသူ မည်သူမဆို ဝင်ရောက်ရေးသားနိုင်ပါတယ်... အခြားသူများ ရေးသားထားတဲ့ အကြောင်းအရာများမှာ လိုအပ်ချက်များရှိနေပါကလည်း ပြင်ဆင် ရေးသားနိုင်ပါတယ်...

http://www.myanmarwikipedia.org နဲ့ http://my.wikipedia.org/ တို့ဟာ မတူညီကြပါဘူး... http://my.wikipedia.org/ ဟာ မြန်မာလိုရေးသားထားခြင်း ဖြစ်သော်လည်း Unicode 5.1 စနစ်အတိုင်း လိုက်နာထားတဲ့ မြန်မာ Unicode font စစ်စစ်များဖြင့် ကြည့်မှသာ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်... http://www.myanmarwikipedia.org ကတော့ Unicode မစစ်တဲ့ Zawgyi-One ရှိရင် ဖတ်ရှုနိုင်ပါတယ်... ဝင်ရောက် ရေးသား၊ ဖတ်ရှုကြပါဦးလို့ တည်ထောင်သူများ ကိုယ်စား ဖိတ်ခေါ်အပ်ပါတယ်...

P.S: ကိုမောင်လှ ဘလော့ကနေ မလာတာပါဗျို http://blog.mghla.com/2008/07/httpwwwmyanmarwikipediaorg.html

ဘိုင်ဒဝေး http://my.wikipedia.org/ ဟာ မြန်မာလိုရေးသားထားခြင်း ဖြစ်သော်လည်း Unicode 5.1 စနစ်အတိုင်း လိုက်နာထားတဲ့ မြန်မာ Unicode font စစ်စစ်များဖြင့် ကြည့်မှသာ ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်...ဆိုတော့ ဘယ်ဖွန့်ကို အင်စတောလုပ်ပြီး ဖတ်ရမှာတုန်းဆိုတာ ကိုမောင်လှကြီးကိုမေးထားပါတယ် အဲဒီ unicode 5.1 စနစ်အတိုင်း လိုက်နာထားတဲ့ မြန်မာ ယူနီကုဒ်ဖွန့်စစ်စစ်ကို localization တစ်ခုအတွက်လဲသုံးချင်နေတာမလို့ ဒီပို့စ်ကိုဖတ်မိတဲ့သူတွေထဲက သိတဲ့သူများရှိရင် ညွှန်ပြပေးပါဦးနော်
သိုင်းခရု အင်အက်ဗန့်စ်ပါ

Wednesday, July 23, 2008

At Henderson Waves

စင်ကာပူကိုရောက်နေတာ ၁၀ရက်ကျော်သွားပီ
တချို့နေရာလေးတွေ ရောက်ဖြစ်ပေမဲ့ ဓါတ်ပုံမရိုက်ဖြစ်တာနဲ့ပဲ ပို့စ်မတင်ဖြစ်ဘူး
မနေ့ကတော့ Henderson Waves ဆိုတဲ့ မီတာ ၃၀၀ လောက်ရှည်တဲ့ သစ်သားတံတားကြီးဆီသွားပီး လမ်းလျှောက်ဖြစ်တယ်
ဇင်ကိုလတ်ဆီ ငါဘယ်ရောက်နေလဲသိလားဆိုပြီး မတ်စိပို့ပြီး လှမ်းကြွားလိုက်တာ အဲဒီနေရာကို သူတောင်သိပ်မသိလို့ တော်တော်ပျော်သွားတယ် အဟိဟိ(ဒီနှစ် မေ ၁၁ လောက်ကမှ ဖွင့်တာနဲ့တူတယ်)

အဲဒီမှာ ဓါတ်ပုံတွေများကြီး ရိုက်လိုက်တယ်
Mount Faber နဲ့ Telok Banglah Hill နှစ်ခုကို ဆက်ထားတဲ့ တံတားကြီးဗျ
လှမှလှနော် ရှုခင်းတွေကလဲ လန်းတယ် ပျော်စရာကြီးပဲ


စင်ကာပူရဲ့ အမြင့်ဆုံး pedestrain bridge တဲ့
elevated walkway ကိုလျှောက်ရတာတော့ ညောင်းသဗျို 1.3km တောင်ရှိတယ်လေ
jogging လုပ်နေတဲ့သူတွေလဲများသား
တချို့ကတော့ပျင်းမယ်ထင်တယ် ဘာမှလဲလုပ်လို့မရပဲဆိုပြီးတော့လေ
ကျမနဲ့ စကားပန်းနဲ့ကတော့ သယ်လာတဲ့အိတ်တွေအထုပ်တွေကို တွေ့ကရာနေရာချထားပီး ဓါတ်ပုံတွေရိုက်လိုက်
ပစ်ချထားတဲ့ဟာတွေ ပြန်ကောက်သယ်ပြီးလမ်းလျှောက်လိုက်နဲ့ ရှုပ်ပြီးပျော်နေတာပါပဲ
ပြန်တော့မှ ဘယ်လမ်းကပြန်ရမှန်းမသိလို့ သူများကိုမေးစမ်းပြီး အောက်က bus stop ကိုရောက်အောင်ပြန်ဆင်းရတယ် အဟဲဟဲ
သွားချင်ရင်တော့ Toapayoh Bus Interchange ကနေ 145 စီးပြီး အဲဒီပုံမှာမြင်ရတဲ့ တံတားကြီးအကျော်က မှတ်တိုင်မှာဆင်း တောင်ပေါ်ကိုလမ်းလျှောက်တက်ဗျို
အပြန်ကိုလဲ 145စီးပြီးပဲ Toapayoh ပြန်လာပေါ့
ကျန်တာတော့ ညွှန်ပြတတ်ဘူးဗျာ...
စကားမစပ် စင်ကာပူကဘလော့ဂါတွေ ပျော်ပွဲစားသွားမလား နာက ပါးစပ်စိုက်မယ်လေ အဟိဟိ

Monday, July 21, 2008

သံလွင်အိပ်မက် အတွဲ (၂)၊ အမှတ် (၂) သို့မဟုတ် Thanlwin.com ရဲ့ နောက်ထပ်ခြေတစ်လှမ်း

ပြီးခဲ့တဲ့ ဧပြီလအတွင်း မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ သံလွင်အိပ်မက် အတွဲ (၂)၊ အမှတ် (၁) ကိုထုတ်ဝေခဲ့အပြီးမှာ ယခုတဖန် ထူးခြားကောင်းမွန်သော အဆင်အပြင်များဖြင့် သံလွင်အိပ်မက် အတွဲ (၂)၊ အမှတ် (၂) ကို ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့မှာ ထပ်မံဖြန့်ချီလိုက်ပြီဖြစ်ပါတယ်။


သံလွင်အိပ်မက် အတွဲ(၂)၊ အမှတ်(၂)၏ မျက်နှာဖုံးဒီဇိုင်း



ဒီတခေါက်မှာ ထူးခြားချက် အချို့ရှိနေပြီး ပထမဆုံး ထူးခြားချက်ကတော့ သံလွင်အိပ်မက်နဲ့အတူ မူရင်း website ဖြစ်တဲ့ www.thanlwin.com ကိုပါ CMS တစ်ခုအသုံးပြုပြီး Portal ဆန်ဆန်အဆင့်မြှင့်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သတင်း၊ ဖိုရမ်နဲ့ စိတ်ဝင်စားဖွယ် ဘလော့ဂ်များကိုလည်း တွဲဘက်တင်ဆက်ထားပါတယ်။ သံလွင်အိပ်မက်ကတော့ thanlwin.com ရဲ့ Product တစ်ခုအနေနဲ့ပါဝင်နေတာဖြစ်ပါတယ်။ Issue တစ်ခုနဲ့တစ်ခုအကြားမှာရတဲ့ သုံးလဆိုတဲ့အချိန်အတွင်းမှာ အကောင်းဆုံးနဲ့ အပြည့်စုံဆုံးဖြစ်အောင် ကြိုးစားတင်ဆက်ထားပါတယ်။ Open Source နည်းပညာပိုင်းမှာ ကျွမ်းကျင်ပိုင်နိုင်တဲ့ အယ်ဒီတာ ကိုညီညီ(သံလွင်)ရဲ့ အချိန်ပေးကြိုးပမ်းမှုကြောင့် ဆိုရင်လည်း မမှားပါဘူး။ အခု သံလွင် အတွဲ (၂) အမှတ် (၂) မှာ စာဖတ်သူတွေအနေဲ့ ဝေဖန်အားပေးနိုင်တဲ့ comment တွေ၊ အမှတ်ပေးနိုင်တဲ့ rating လို features လေးတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ်။

နောက်ထပ်ထူးခြားချက်ကတော့ သံလွင်ရဲ့ အမာခံစာရေးသူတွေ အင်အားတောင့်တင်းစွာနဲ့ ထွက်ရှိလာတာပဲ ဖြစ်ပါတယ်။ သံလွင်အိပ်မက်ဝိုင်းတော်သားတွေဖြစ်တဲ့ နေဘုန်းလတ်၊ ညီညီ(သံလွင်)၊ ကိုငယ်(မန္တလေး)၊ စကားပန်း၊ အေးချမ်း(သံလွင်)၊ လက်တွဲဖော် ဘလော့ဂ်ဂါများဖြစ်တဲ့ ဘုန်းဘုန်းးဦးကောဝိဒ၊ နိုင်းနိုင်းစနေ၊ ပန်ဒိုရာ၊ မိုးလှိုင်ည၊ ဂျစ်တူး၊ မွန်းသက်ပန်၊ အိမ့်ချမ်းမြေ့၊ ကိုဖြိုး၊ အောင်ပိုင်စိုး၊ ဆုဝေ၊ ညိမ်းညို၊ နငယ်၊ အမာခံကလောင်ရှင်တွေဖြစ်တဲ့ ခရေဖြူ၊ ညီသစ်၊ ကိုလေး(ဆေး-၁)၊ နန်းသက်ထား၊ ဇေသန်း၊ ခန့်ငြိမ်းသစ်၊ သံလွင်အိပ်မက်ရဲ့ကလောင်သစ်များအဖြစ် မယ်ကိုး၊ ဒီဝိုင်း၊ ကမ္ဘာစိုးမင်း စသူတို့ရဲ့ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုတို၊ အက်ဆေးများကို အားပါးတရဖတ်ရှုရမှာဖြစ်ပါတယ်။ ဒါ့အပြင် ထည့်သွင်းနေကြဖြစ်တဲ့ ကာတွန်း၊ အင်တာဗျူး၊ ပေးစာ၊ ဗေဒင်တို့ကိုလည်း ရိုးရာမပျက် ဖတ်ရှုရဦးမှာဖြစ်တဲ့အတွက် သံလွင်အိပ်မက် ကို အလည်တစ်ခေါက်တော့ လာရောက်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။

အဟိ အဲဒီအပေါ်က ဟာတွေအကုန်လုံး မောင်ပွတ်ပို့စ်ကမလာတာလေ သံလွင်အိပ်မက် အတွဲ (၂)၊ အမှတ် (၂) သို့မဟုတ် Thanlwin.com ရဲ့ နောက်ထပ်ခြေတစ်လှမ်း

Saturday, July 19, 2008

အာဇာနည်နေ့ ဒို့မမေ့ (သို့မဟုတ်) ၁၉ ဇူလိုင် မမေ့နိုင်

မနှစ်က ဒီလိုအချိန်မှာ ဒီပို့စ်ကို လွတ်လွတ်လပ်လပ် ရေးဖို့အခွင့်အရေးမရခဲ့ဘူး။ ဒီလိုပို့စ်မျိုးတင်ရင်တောင်မှ နိုင်ငံရေးမှုနဲ့ ပုဒ်မတပ်ခံရမှာလိုလိုမျိုး။ ဟူးးးးးးမြန်မာမှာတုန်းက ဒီလိုကြုံခဲ့တယ်။ ဒီနှစ်တော့ စင်ကာပူမှာ ရေးဖြစ်မလား စဉ်းစားသေးတယ်။ စားသုတ်သုတ် သွားသုတ်သုတ်နဲ့ပဲ တိုပါရိုးက စင်ထရယ်ကိုသွားတုန်း ဖုန်းမတ်ဆေ့ခ်ျလေးဝင်လာလို့ ၁၀နာရီ ၃၇မှာ တိတ်ဆိတ်ငြိမ်သက်ပြီး ခဏလေးပဲ ၀မ်းနည်းကြေကွဲလိုက်ရတယ်။ ဘ၀ဆိုတာကလဲ ဒီလိုမျိုးပဲလား။ မနှစ်က ဒီပို့စ်လေးတင်တော့ တခြားတချို့ဘလော့တွေမှာ ကိုယ်ရေးထားတဲ့အတိုင်း တသွေမတိမ်းတင်ထားတာ တွေ့ဖူးတယ်။ ဒီနှစ်မှာတော့ ဆားချက်တယ်ပြောပြော မဖတ်လိုက်ရသေးတဲ့သူတွေ ပြန်ဖတ်နိုင်အောင် ပြန်တင်လိုက်ပါတယ်နော်။

ဘာသာရေး၊ နိုင်ငံရေး၊ ပညာရေး၊ လူမှုရေးစသည့် ရေးရာ အဖြာဖြာနှင့် ပါတ်သက်၍ နိုင်ငံအသီးသီးတွင် မိမိတို့ နိုင်ငံဆိုင်ရာ အထိမ်းအမှတ်နေ့ ထူးနေ့မြတ်များစွာ ရှိသည့် အတိုင်း အမြတ်တနိုး ကျင်းပလေ့ ထိန်းသိမ်းလေ့ ရှိကြသည်။ Globalization ဖြစ်လာသည့် အတွက် တခြားနိုင်ငံများဆီမှ အလေးအမြတ်ပြုခြင်း၊ တန်ဖိုးထားခြင်းတို့နှင့် ယှက်နွယ်သော နေ့ထူးနေ့မြတ်များဖြစ်သည့် ချစ်သူများနေ့၊ အဖေနေ့၊ အမေနေ့၊ ကမ္ဘာ့ ကြက်ခြေနီနေ့၊ ကမ္ဘာ့ ဘလော့ဂ်နေ့ စသည်ဖြင့် စိမ့်ဝင်လာသော နေ့ ရက်များတစတစ များပြားလာသည်နှင့် အမျှ ကျမတို့ ဇာတိမြေ အမိနိုင်ငံတော်မှာလည်း လေးစားဖွယ်၊ မြတ်နိုးဖွယ်ကောင်းတဲ့ အစဉ်အလာနှင့် တကွ သမိုင်းဝင်ဖြစ်ရပ်များ၊ သမိုင်းဝင်ပုဂ္ဂိုလ်နဲ့ ပါတ်သက်တဲ့ သမိုင်းဆိုင်ရာ နေ့ထူးနေ့မြတ်များကို မေ့ထားဖို့ မသင့် ပါဘူး။

ကိုပုထုဇဉ်ကသူ့ ရဲ့ ပို့စ်တစ်ခုထဲက မှတ်ချက်မှာ ပြောဖူးတယ် “ဆဲဗင်းဇူလိုင်လို နေ့မျိုးကို မှတ်မိနေရတဲ့ အဓိကအကြောင်းရင်းကတော့ ကျွန်တော်တို့ မမှတ်မိအောင် သမိုင်းမှာ အသေအချာ အာဏာနဲ့ ဖျောက်ဖျက်ခံထားရတဲ့ နေ့မို့လို့ကို မှတ်မိတာပါပဲ။

ဥပမာပေးရရင် ထိုင်းနိုင်ငံသားတွေက သူတို့ ဘုရင်မင်းမြတ်ရဲ့ မွေးနေ့ကို မမှတ်မိရင် ဘာဖြစ်မလဲ၊ ဘာမှမဖြစ်ဘူး။ ဘုရင်ကို စိတ်ထဲက အမြဲလေးစားနေရင် ပြီးတာပါပဲ။ မွေးနေ့ဆိုတာ နှစ်တစ်နှစ်ထဲက နေ့တစ်ရက်ပဲ၊ ဘာဖြစ်လဲပေါ့။ အဲဒီမွေးနေ့ကို ကိုယ်မမှတ်မိရင် မှတ်မိတဲ့လူတွေ၊ အဖွဲ့အစည်းတွေ အများကြီး ရှိပါတယ်၊ သူတို့တွေက ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ်နဲ့ တနိုင်ငံလုံးမှာ လှုံ့ဆော်ခွင့် ရှိလို့ လှုံ့ဆော်ရင် မေ့နေသူများလည်း သတိရမှာပဲ၊ ဒီအစဉ်အလာ အဖြစ်အပျက်ကလည်း ပျောက်ပျက်သွားမှာ မဟုတ်ဘူး၊ သမိုင်းစာမျက်နှာတွေ ပေါ်မှာရှိနေမှာပဲ၊ ပြဋ္ဌာန်းစာအုပ်တွေထဲမှာလည်း နေရာပေး ဖော်ပြခံနေရတာပဲ။ အဲဒီတော့ ထိုင်းနိုင်ငံသားတွေက ထိုင်းဘုရင်မွေးနေ့ကို မှတ်မိဖို့ အထူးအားထုတ်နေစရာ မလိုဘူး၊ မေ့လည်း ကိစ္စမရှိဘူး၊ It makes little difference, so they can afford to forget it.

ဆဲဗင်းဇူလိုင်၊ ကိုဖုန်းမော်နေ့ စတဲ့နေ့များကြတော့ လုံးဝ မတူတော့ဘူး။ မျိုးဆက်သစ်လူငယ်တွေက ဒီလိုနေ့မျိုးတွေကို မသိလေကောင်းလေ၊ သိပြီးသူတွေလည်း မမှတ်မိလေ ကောင်းလေဆိုပြီး သမိုင်းကနေ ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားနေတဲ့ အာဏာပိုင်တွေရှိတယ်၊ ဒီအကြောင်းတွေ ဘယ်ပြဋ္ဌာန်းစာအုပ်မှာမှ မပါဘူး။ တနိုင်ငံလုံး ထုတ်ဝေခွင့်ရနေတဲ့၊ ပွင့်ပွင့်လင်းလင်း ရောင်းဝယ်နေတဲ့ စာအုပ်တွေထဲမှာ အရေးတယူ ဖော်ပြခံရတာ မရှိဘူး။ အဲဒီတော့ ဒီလို အဖြစ်အပျက်တွေကို ကျွန်တော်တို့ကမှ မမှတ်မိရင် အနာဂတ်မှာ ဘယ်သူကမှ မှတ်မိမှာမဟုတ်ဘူး၊ သမိုင်းကနေ တခါတည်း ပျောက်သွားမှာပဲ။ တနည်းပြောရင် ဒီလို ဆဲဗင်းဇူလိုင်လို အဖြစ်အပျက်မျိုးဟာ “စာမျက်နှာပေါ် အတင်မခံရတဲ့ သမိုင်း” ဖြစ်တဲ့အတွက် “နှလုံးသားထဲမှာ ထည့်ကို ထည့်ထားရမယ့် သမိုင်း” ဖြစ်နေတယ်။ အထူးသဖြင့် မျိုးဆက်သစ်များရဲ့ နှလုံးသားပေါ်မှာ ရှိနေရမယ့် သမိုင်းဖြစ်တယ်။ အခုကိစ္စမှာ မျိုးဆက်သစ်တွေကို အပြစ်ပြောနေတာ မဟုတ်ပါ။ မသိလို့ မရှိတာ ဘယ်တတ်နိုင်ပါ့မလဲ။ သိပြီးတဲ့ နောက်မှာတော့ ရှိနေစေချင်တာပါပဲ။ သူတို့မှ ဒီအကြောင်းတွေကို မမှတ်မိရင်၊ မသိရင်၊ ဒီအဖြစ်အပျက်တွေဟာ အသက်တွေကြီးလာပြီဖြစ်တဲ့ လူဟောင်းတွေနဲ့အတူ သမိုင်းက တခါတည်း ပျောက်သွားမှာပဲ။ အဲဒါကြောင့် ကျွန်တော်တို့အတွက်ကြတော့၊ It makes a huge difference, so we cannot afford to forget.”

မနက်ဖြန် ဇူလိုင်(၁၉) ရက်နေ့ ဟာဆိုရင်လဲ ကျမတို့ အတွက် မမေ့သင့် မမေ့ အပ်တဲ့ ကျမတို့ နိုင်ငံရဲ့ သမိုင်းမှာ အလေးအမြတ်ထားကိုထားရမဲ့ မျိုးဆက်သစ်များရဲ့ နှလုံးသားပေါ်မှာ ရှိနေရမယ့် သမိုင်းဝင် အာဇာနည်နေ့ ဖြစ်ပါတယ်။
ကိုကဒေါင်းညင်သာကလဲ “ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်များ ကျဆုံးခဲ့သည်မှာ နှစ်ပေါင်း ၆၀ တိုင်တော့မည် ဖြစ်ပါသည်။ ထို အာဇာနည် ၉ ဦးအား နှစ်အဆက်ဆက် ဂုဏ်ပြုခဲ့သည်မှာ ကျနော်တို့ ၁၉၈၈ နောက်ပိုင်း အစိုးရလက်ထက်တွင် မှေးမှိန်ကွယ်ပျောက်လုနီးပါး ဖြစ်ခဲ့ပါသည်။ ထိုအာဇာနည် ၉ ဦးမှာ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘ၀င်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေး တို့ ဖြစ်ကြပါသည်။

ကျနော်တို့ ဘလော့ဂါများမှလည်း နိုင်ငံ၏ သားကောင်းရတနာများ ဖြစ်သည်နှင့် အားလျော်စွာ ထို အာဇာနည် ၉ ဦးကို သိတတ်သည်နှင့်အညီ ဂုဏ်ပြုရမည့် ၀တ္တရား ရှိပါသည်။” ဆိုပြီး ဆော်သြထားပါသည်။

အာဇာနည်နေ့ ဆိုတာနဲ့ ပါတ်သက်တဲ့ အဓိပ္ပါယ်ဖွင့် ဆိုချက်ကိုတော့ စာသံပေသံနဲ့ မပြောပဲ ကျမ ရိုးရိုးရှင်းရှင်း နားလည်ဖူးတာက စွန့်လွှတ်စွန့်စားရဲ၍ အာဂသတ္တိနှင့် ပြည့်စုံသော သားကောင်းဇာနည်တွေကို ဆိုလိုတယ်လို့ ဟိုးငယ်ငယ် ၆တန်း၇တန်း လောက်တုန်းကထဲက မှတ်သားဖူးတာပါ။ ဒါဆိုရင် “အာဇာနည်နေ့ ” ဆိုတာကရောလို့ မေးလာခဲ့ရင် ကျမတို့ အဘိုးအဘွားတွေ အင်္ဂလိပ်နယ်ချဲ့ လက်အောက်မှာ ကိုလိုနီ ကျွန်သဘောက်ဘ၀နဲ့ နေခဲ့ ကြရတုန်းက တိုင်းပြည်လွတ်လပ်ရေးအတွက် အသက်၊သွေး၊ချွေး နဲ့ ရင်းပြီး တိုက်ယူခဲ့ ကြတဲ့ တို့ ရဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ဒီအာဇာနည်ကြီး(၉) ဦးဟာ ဂဠုန်ဦးစောရဲ့ မသမာတဲ့ လုပ်ကြံမှုကြောင့် ဇူလိုင်(၁၉) ရက်နေ့ အတွင်းဝန်များရုံးမှာ သေနတ်နဲ့ ပစ်သတ်လုပ်ကြံခံရပြီး ကျဆုံးခဲ့ ရတဲ့ နေ့ကို သမိုင်းဝင်အထိမ်းအမှတ် အနေနဲ့ အာဇာနည်နေ့ ရယ်လို့ သတ်မှတ်ပြီး နှစ်စဉ်မပျက် အလေးပြုလို့ ၀မ်းနည်းဂုဏ်ယူခဲ့ ရတာကို ၁၉၈၈ မတိုင်မီအထိတော့ အမှတ်တရရှိခဲ့ ပါတယ်။

ဇူလိုင်လ(၁၉) ရက်နေ့ ရောက်တိုင်း မနက် ၁၀း၃၇ မှာ ဥသြသံဆွဲပြီး လမ်းထဲ၊ ရပ်ကွက်ထဲ၊ မြို့ ထဲမှာရှိသမျှ ပြည်သူပြည်သားအားလုံး ငြိမ်သက်စွာ အလေးပြုခဲ့ ကြတာပါ။ အဲဒီတုန်းက ကျမက (၇)တန်းကျောင်းသူလောက်ထိပါပဲ။ ဆရာမမေငြိမ်းရဲ့ အာဇာနည်နေ့ အလွမ်းဆိုတဲ့ ပို့စ်လေးထဲမှာလဲ “၁၀နာရီ၃၇မိနစ်ဆိုရင်တော့ ရန်ကုန်မြစ်ထဲမှာ ဆိုက်ကပ်ထားတဲ့ သင်္ဘောတွေက ဥသြ စဆွဲပါတော့တယ်။ တချိန်ထဲမှာပဲ လမ်းပေါ်မှာသွားနေတဲ့ မော်တော်ကားတွေက ရပ်လိုက်ပြီး ကားဟွန်းတွေ အရှည်ကြီး တီးပါတယ်။ (အစအဆုံး တစ်မိနစ်လောက်ကြာမယ် ထင်ပါတယ်) လမ်းလျှောက်လက်စ လူတွေက ရောက်တဲ့ နေရာမှာ ရပ်ပါတယ်။ တချို့က အလေးပါ ပြုပါသေးတယ်။ ကျမတို့ တမိသားစုလုံးလဲ ငြိမ်ပြီး အလေးပြုရပါတယ်။ ကျမတို့ တတိုက်လုံး.. ပြီးတော့ တလမ်းလုံး … မျက်စေ့တဆုံး.. အားလုံးငြိမ်… လို့။ ကျမအဖွား အသက်၇၀ ကတော့ နှစ်စဉ် ၀တ္တရားမပျက် အဲဒီအချိန်ဆို.. သူ့ပခုံးပေါ်က မျက်နှာသုတ်ပုဝါနဲ့ မျက်ရည်တွေ တို့သုတ်မြဲ။ ကျမ ကိုယ်တိုင်လည်း တော်တော် ငယ်ငယ်ကလေးတည်းက အဲဒီအချိန်လေးမှာ ကြက်သီးထ တတ်ခဲ့တာ။ ပြီးတော့ ငိုချင်နေခဲ့တာ။ အဖွားနဲ့ အဖေ ပြောပြထားလို့ ကောင်းကောင်း သိထားတဲ့ အာဇာနည်ကြီးတွေကို သတိရ လွမ်းတ နှမျောစိတ် နဲ့ ငိုချင်နေတတ်ခဲ့တာ။”
ဆိုပြီးတော့ အတိတ်တချိန်က သမိုင်းဝင်နေ့ လေးဆီကို ထပ်တူထပ်မျှ သတိရမိစေပါတယ်။

ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုရင်း ကျမရဲ့ ကိုယ်ထဲမှာလည်း ရဲရဲနီတဲ့ အာဇာနည်သွေးတွေ ပွက်ပွက်ဆူလာသလို ခံစားရပြီး ကျမလဲ ကြီးလာလို့ လူကြီးဖြစ်ရင် တနေ့နေ့ကျ နိုင်ငံတော်အတွက် သစ္စာစောင့်သိရိုသေပြီး တိုင်းပြည် အကျိုးအတွက် ကိုယ့် အသက်၊သွေး၊ချွေးကို နောက်မတွန့် စတမ်း စွန့် လွှတ် စွန့်စားရဲတဲ့ အာဇာနည်တွေထဲက အာဇာနည်တစ်ယောက် ဖြစ်စေရမယ်လို့ ရင်ထဲမှာ ကြွေးကြော်ခဲ့ ဖူးပါတယ်။

ကျမသင်ခဲ့ ရတဲ့ မြန်မာ့ သမိုင်းထဲက အနော်ရထာမင်း၊ ကျန်စစ်သား၊ ဘုရင့် နောင်၊ အလောင်းမင်းတရား၊ မဟာဗန္ဓုလ စတဲ့ သူရဲကောင်းကြီးတွေနဲ့ အတူ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ အာဇာနည်ကြီးများကိုလည်း အထင်ကြီးလေးစားခဲ့ မှုက ကမ္ဘာ့ သမိုင်းမှာရှိတဲ့ တခြားနိုင်ငံတွေရဲ့ ခေါင်းဆောင်များရဲ့ အကြောင်းခြင်းရာများနဲ့ ချိန်ထိုးသုံးသပ်ကြည့်ရင် မြန်မာဖြစ်ရတာကိုက တန်ဖိုးထား ဂုဏ်ယူစရာ အချက်ဖြစ်မိသေးတယ်။ ဒီလို မြတ်နိုးချစ်ခင်ခြင်း၊ အလေးအမြတ်ပြုခြင်းဆိုတဲ့ ခံစားမှုတွေဟာ ဇွတ်အတွင်း သွတ်သွင်းလို့ ရတဲ့ ခံစားမှုများ မဟုတ်ကြပါဘူး။ ဒါပေမဲ့ ခက်တာက အခြေခံပညာကျောင်းများသာမက အဆင့် မြင့် ပညာ(တက္ကသိုလ်) ကျောင်းများမှာတောင်မှ သမိုင်းဘာသာ သင်ကြားမှုသည် မေးမှာကိုပဲသင်ပြီး၊ သင်တာကို မတွေးပဲကျက်၊ ကျက်ထားတာကိုပဲ အလွတ်ပြန်ရေးနဲ့ အချိန်သိပ်မကြာခင် အကုန်မေ့သွားတဲ့ အပြင် အာဇာနည်နေ့ ကဲ့သို့သော မိမိတို့ နိုင်ငံ ၊ မိမိတို့ လွတ်လပ်ရေး သမိုင်းနဲ့ ပါတ်သက်တဲ့ နေ့ထူးနေ့မြတ်၌ ကျောင်းပိတ်၊ ရုံးပိတ်၊ ဈေးပိတ်၊ အလုပ်ခွင်များ ပိတ်ရုံမှလွဲ၍ မည်သည့် အထိမ်းအမှတ် အလေးဂရုပြုခြင်းမျှလည်း မရှိသဖြင့် မျိုးဆက်သစ် ကျောင်းသားလူငယ်တို့၏ ကိုယ်ထဲတွင် ရဲရဲနီသော အာဇာနည်သွေးတို့ ပွက်ပွက်ဆူဖို့ဝေးစွ၊ အာဇာနည်နေ့ ဆိုသည်မှာ ဘာနေ့လဲ၊ ဘာအတွက်လဲ၊ ဘယ်လိုသမိုင်းဝင်လဲ၊ အာဇာနည်ကြီး (၉)ဦးမှာ မည်သူတွေနည်း စသည့် မေးခွန်းများကိုကောင်းစွာ ဖြေဆိုနိုင်မည့် စိတ်ဝင်တစားရှိမည့် အရေအတွက်သည် လက်တစ်ဆုပ်စာ ၁% မျှသာ ရှိမည်ဆိုလျှင် ရင်နာဖွယ်ကောင်းပေချိမ့် မည်။

Monday, July 14, 2008

ခြင်္သေ့ကျွန်းမှာ..ရောက်နေသဗျို

မန်းမှာရှိစဉ် အဂါင်္နေ့က ကိုသခင်ကြီး၊ ကိုတုံ၊ ပုဂံနက်၊ ရတနာချိုနဲ့ ကန်ဇွန်းဥ တို့နဲ့အတူ မာလာဟင်းသွားစားဖြစ်တယ်။
တွေ့ရတာ ပျော်စရာကြီးဗျ။
ချောအိမာန်နဲ့ နောင်တော်တို့ကိုတော့ ဖုန်းနဲ့ပဲ နှုတ်ဆက်ရတော့တယ်။
မန်းမြေမှာ ၅ရက်နဲ့ ၇ညကြာခရီးပြန်လာပြီး ရန်ကုန်မှာ နှစ်ရက်ပဲနေဖို့ အချိန်ရလိုက်တယ်။

ခုတော့ ခြင်္သေ့ကျွန်းကို အလည်ရောက်နေပါသည်

(ကိုချမ်းဘလော့က ဒီပုံမလာတာလေ ဒီပို့စ်က http://cmsmdy.blogspot.com/2008/07/blog-post_13.html)


လေဆိပ်မှာ လိုက်ကူညီပေးခဲ့တဲ့ ဖိုးသူတော်ကိုအထူးကျေးဇူးတင်ပါသည်။
မသွားခင် ရက်ပိုင်းအတွင်း မအားလပ်လို့ နှုတ်ဆက်မသွားဖြစ်တဲ့ ဘလော့ဂါသူငယ်ချင်းများဆောတီးဗျာ
မန်းလေးမှာပဲလို့ ထင်ယောင်ထင်မှားဖြစ်နေတဲ့သူတွေအတွက်လဲ ဆော်တီး အဟီးဟီး
စင်ကာပူကိုရောက်ရောက်ချင်း immigration ၀င်တော့ နှုတ်ခမ်းမွှေးနဲ့ ကုလားကြီးရစ်တာက လွဲရင် အားလုံးအိုကေပါတယ်ဗျို
နေရတာ သွားရတာရောပေါ့
စားရတာကတော့ တိုက်ပွဲဝင်ရသလိုပါပဲ အနံ့တွေက အီဆောင့်နေတော့လဲလေ
ရောက်ရောက်ချင်းလာကြိုပေးတဲ့ ဇင်ကိုလတ်ကြီးကိုလဲ ကျေးဇူးတင်ပါတယ်
ညနေမှာ သံလွင်ဝိုင်းတော်သားများအားလုံးနဲ့ KFC မှာ ကြက်ကြော်သွားစားရတာလဲပျော်ပါတယ်
ညဘက်ကြီး ၂နာရီမှ အိမ်ပြန်ရောက်တဲ့ကိုယ့်ကိုယ်ကိုလဲ တော်ပါပေတယ်ပေါ့ (ဘာလို့နောက်ကျသလဲတော့ မေးနဲ့ ဖြေဘူး အသေသတ်ချင်သတ်လိုက်)
တနေ့ပြီးတနေ့လည်လိုက်ပတ်လိုက်နဲ့ပေမဲက ခုထိ ဘတ်စ်နဲ့ MRT စီးတတ်သေးဘူး အဟီး
ဒီနေ့တော့ ဇင်ကိုလတ်အိမ်မှာလာရှုပ်ပြီး ဟင်းတွေ ချက်ထားသဗျို
ကြက်အသည်းအမြစ်နဲ့ ဂေါ်ဖီကြော်ဗျ စားကြဦးမလား
ဘလာဂေါက်က ဈေးပေါတာစားတာလား ကပ်စေးနှဲလို့ပြောတယ်
အဲလိုပြောနဲ့ ဒီမှာ နာတို့က ဆင်းရဲတယ်လေ အဟဲဟဲ
ညန်မာငွေကို ဒီမှာပြန်တွက်သုံးနေရတာကွ

တော်လောက်ပီနော် နောက်ရက်မှ စင်ကာပူရောက် အလွဲအချော်တွေကို စုထားပီး ပို့စ်တင်လိုက်ပါမယ်။
မယ်လိုဒီကိုပြုစုမယ်ဆိုတဲ့ ချင်ပူက ဘလော့ဂါသူငယ်ချင်းများအမြန် ဆက်သွယ်ပါ။
မတွေ့ချင်လို့ ထွက်ပြေးတိမ်းရှောင်လိုပါက မြန်မာပြည်ကို အလည်ပြန်ကြပါ(ဥပမာ-ကိုကိုတက်စ် “အဟိဟိ ချတာ ချိတ်ချိုးနဲ့”)
ကဲ သူငယ်ချင်းတွေ လုံအောင်ပုန်း မယ်လိုဒီလာပီဗျိုးးးးးး(လာလည်မယ်လို့ဆို..)

Tuesday, July 8, 2008

ရတနာပုံ ရွှေမန္တလေးသို့ အလည်တစ်ခေါက်...

ဒီအပါတ် စနေကပဲ ရတနာပုံ ရွှေမန္တလေးသို့ အလည်တစ်ခေါက် ပြန်လာတယ်ဗျို
နက်ဖန် ညနေတော့  ရန်ကုန်ကိုပြန်မယ်လေ။

မလာခင်တုန်းကတော့  လုပ်ချင်တာလည်ချင်တာတွေ့ချင်တာတွေက တင်းတောင်းနဲ့ အပြည့်
(အများကြီးလို့ ပြောတာဗျ)
ကိုသခင်ကြီးရဲ့ စတူဒီယိုမှာ ဓာတ်ပုံလှလှလေးသွားရိုက်မယ်
မန်းဘလော့ဂါတွေနဲ့ တွေ့မယ်
အမျိုးတွေအိမ်စေ့ လိုက်လည်ပြီး မုံ့ဖိုးတောင်းမယ်
သူငယ်ချင်းတွေ အိမ်စေ့လိုက်လည်ပြီး မုံ့လိုက်စားမယ်
ဘုရားကြီးကို နေ့တိုင်းသွားမယ်
ပြီးတော့ ဟိုတလောက သတင်းဖတ်လိုက်ရတဲ့  ချော်ဆိပ်ကပေါ်တော်မူဘုရား ငါးဆူကိုလဲ သွားဖူးဦးမယ်
မန်းလေးတောင်တို့ ဦးပိန်တံတားတို့ ရွှေကြက်ယက်တို့မှာ ညနေ sunset လှလှကြီးကို တ၀ကြီး သွားခံစားမယ်
မန်းလေးက မြီးရှည်၊ နန်းကြီးသုတ်၊ အချဉ်ပေါင်း၊ ဖက်ထုတ်ကြော်၊ မာလာဟင်း၊ အသားကင် အစုံအစုံ တနေ့တမျိုး မရိုးအောင်စားမယ်
အချိန်ရရင် မိုးကုတ်တောင် သွားလည်ချင်သေးတယ်။

အဟီးးး
တကယ်ရောက်တော့ ချစ်သောမေမေနဲ့ တူမချောချစ်လေးနား ကပ်ချွဲနေရတဲ့ အချိန်ကများပြီး ဘာမှ ဟုတ်တိပတ်တိ မလုပ်နိုင်ပဲ plan out နေပီဗျ
ဒီကနေ့တော့ ကိုသခင်ကြီးဆီ သွားဖြစ်အောင်သွားပီး အမြဲတမ်း မတွေ့ရတတ်တဲ့ ကိုမောင်လှကြီးကိုတွေ့ရမလား ကြိုးစားပြီး သွားလည်မယ်ဗျို
ကန်ဇွန်းဥ၊ မြလွှာ၊ ရတနာချို၊ ချေအိမာန် နဲ့ ရွာသားတို့ကတော့  ကြိုမပြောထားမိလို့ တွေ့ရပါ့မလားမသိ
နတ်ပျိုမကတော့ မနေ့ကပဲ မုံရွာပြန်သွားသတဲ့  တေ့လွဲလေးပေါ့
နောင်တော်ကလဲ ဒီည ခရီးထွက်ဖြစ်ရင် မတွေ့ရဘူးထင်ပါရဲ့
(ကိုချမ်းတို့ ကိုစစ်ကိုင်းတို့ မျိုးကျော်ထွန်းတို့ မရှိတာ နာတာပဲ ဟွန့် )

နက်ဖန် ညနေပြန်မှာဆိုတော့  တတ်နိုင်ဘူး တွေ့လို့ ရတဲ့ သူတွေကိုပဲ မတွေ့ရတဲ့သူတွေကိုယ်စား အပီ နှိပ်စက်တော့ မယ်
နက်ဖန်မှာတော့ မန်းလေး မွန်းကိတ်တွေအများကြီးဝယ်ပြီး ပြန်မယ်
ရန်ကုန်က ဦးရာလူ လာစားမှ ကျွေးမယ်နော် အဟိဟိ...

အဲစကားမစပ် အခု ဒီပို့စ်တင်ဖို့  38လမ်းက 78စင်တာနားက အင်တာနက်ဆိုင်မှာ လာသုံးတာ တစ်နာရီ 800 တဲ့ဗျာ မီးမလာလဲ မီးစက်နှိုးပြီး လူနည်းနည်းနဲ့ သုံးရလို့ အားနာသဗျာ
မီးလာတော့လဲ ကိုယ်တွေ တစ်ယောက်တည်း ရှိလို့ အားငယ်သဗျို
အော် ဒွတ်ခ ဒွတ်ခ
မန်းမှာ အင်တာနက် သုံးရတဲ့ ဒွတ်ခ
ခြင်ကိုက်ခံရတဲ့ ဒွတ်ခ
ဖုန်ထူ ပူအိုက်ရတဲ့ ဒွတ်ခ
အဲဒီဒွတ်ခတွေကလွဲရင်တော့ အားလုံးက ပျော်စရာဗျို
မလိမ်မညာတမ်းပြောရရင် မန်းသမီးမလို့ မန်းမှာ ပျော်ပါတယ်.. တကယ်..နှစ်ကယ် ..ဆယ်ကယ်

Tuesday, July 1, 2008

နေပူတော်သွားတောလားးးးးးး

ဒီအပါတ် တနင်္ဂနွေညနေကနေ နေပူတော်ကို ကားနဲ့သွားပီး ဒီနေ့ အင်္ဂါနေ့ မနက်ကြီးမှာ ကားနဲ့ ပြန်ရောက်သဗျို။
ဒီအပါတ် ခေတ်မီသွားပါသတဲ့
နေပူတော်ကိုရောက်နေတဲ့ တိရစ္ဆာန်တွေတော့ မတွေ့ခဲ့ရဘူး(အဟိဟိ ရှာမတွေ့ဘူး၊ တမျိုးမတွေးနဲ့ တိရစ္ဆာန်ရုံ မရောက်ခဲ့ဘူး ပြောတာကို)
MOFA ရုံးက လူယဉ်ကျေးတွေနဲ့ ပဲတွေ့တယ်ဗျ
တခြားဘယ်အစိုးရရုံးတွေနဲ့မှ မတူတဲ့ ဆားဗစ်တွေနဲ့ပေါ့
ထောတော့ထောတယ် ဖုန်းကိုယ်စီနဲ့လေ :P
သွားဖြစ်တဲ့ကိစ္စက notery ပြန်ထားတာတွေကို တံဆိပ်တုံးသွားထုတာပါ
သောကြာနေ့ကတည်းက ဘဏ်(၅)မှာ အသည်းအသန် ချလန်တွေသွားသွင်းရတယ် 500နှုံးနဲ့
တနင်္ဂနွေ ညနေ ၆ခွဲလောက်က ရန်ကုန်ကထွက်ပြီး တနင်္လာ မနက်ကြီး 4နာရီမှာ နေပူတော်ကို ရောက်တော့ MOFA ရုံးဘေးက လက်ဘက်ရည်ဆိုင်တွေလဲ မဖွင့်သေးတာနဲ့ သပြေကုန်းက စည်ပင်သာယာ ဧည့်ရိပ်သာမှာ အရင် သွားနှပ်နေလိုက်တယ်။ ရောက်ရောက်ချင်းတော့ ညဘက် ပြန်ဖို့ ကားလက်မှတ်ပါ တခါတည်းဖြတ်ထားလိုက်တယ် ပြီးရော။

7နာရီလောက်မှာမှ အိပ်ယာထပြီး 8နာရီမှာ ဖိုင်ကို ထပ်လိုက်တယ်။ ဖယ်ရီနောက်ကျလို့နဲ့တူတယ် 9နာရီကျော်မှ ရုံးတက်မဲ့လူတွေ လက်ဘက်ရည်ဆိုင်မှာ မနက်စာလာစားကြတာ တပျော်တပါးကြီးပဲ။ အဲလောက် ၀န်ထမ်းတွေအများကြီးထဲမှာမှ UFL မှာ အတူတက်ခဲ့တဲ့ အသိသူငယ်ချင်းနှစ်ယောက်မပါဘူးဗျာ။ ထွက်သွားလို့လားတော့ မသိဘူး။ မေးမိတဲ့ အစ်မကြီးကလဲ နာမည်ပြောတော့ အငယ်တွေနဲ့ တူတယ် သူမသိဘူးတဲ့။ ၀န်ထမ်းတွေများလွန်းတော့ တဌာနတည်းတောင်မှ မသိနိုင်ဘူးပေါ့လေ။
9နာရီခွဲတော့ ထပ်ထားတဲ့ဖိုင်တွေကို မှောက်ပြီး နာမည်ခေါ်တယ် form ၀ယ်ပြီးဖြည့်ရတယ်။ 10နာရီခွဲမှာ စလစ်ပ်လေးရတယ်။ နေ့လည် 3နာရီ 4နာရီမှာ လာယူတဲ့။ ဒါနဲ့ပဲ နေ့လည်စာစား၊ မြို့မဈေးသွား မှာလိုက်တဲ့ နန်းစိန်ကိတ်နဲ့ မုံ့တွေဝယ်ပြီး ဧည့်ရိပ်သာ ပြန်နှပ်နေလိုက်တယ်။ စလစ်ကိုလဲ မနက်ကတည်းက ဖောက်သည်လုပ်ထားတဲ့ ဆိုင်ကယ်တက္ကစီသမားနဲ့ပဲ ထည့်ပေးပြီး ယူခိုင်းထားလိုက်တယ်။ ညနေ 6နာရီမှ ပြန်လာခေါ်ခိုင်းလိုက်တယ်။

အမယ်လေး တနေရာနဲ့ တနေရာက အဝေးကြီး။ လမ်းရှင်းတာတောင် ဆိုင်ကယ်မောင်းတာ မိနစ် 20ကြာကြာ သွားယူရတယ်။ တုတ်တုတ်လဲ စောင့်မစီးချင်ဘူး ခရီးဖင့်မစိုးလို့ ။ ဘတ်စ်ကားကတော့ ရှိတယ်။ တွေ့မိတယ်(ကြာကြာနေတော့ တစ်ခါပေါ့) ဘတ်စ်မှတ်တိုင်မှာ စောင့်တဲ့သူကတော့ မရှိသလောက်ပါပဲ။ နေကလဲ ပူမှပူ။ ဖုန်တော့မထူဘူး။ လမ်းမကြီးတွေက အကျယ်ကြီး ကောင်းမှကောင်း။ တို့များ ရန်ကုန်နဲ့တော့ ကွာပါ့။
မိုးတွေကလဲ ရွာသဗျ။ ခဏရွာပြီး တိတ်လိုက်။ တော်နေကြာ ခဏရွာလိုက်နဲ့။ လည်စရာတွေ ရှိတယ် ပြောပေမဲ့ မဖြူတဲ့ အသားတွေ ပိုမည်းကုန်မစိုးတာက တစ်ကြောင်း ဆိုင်ကယ် တက္ကစီခနဲ့ မွဲနိုင်တာကတစ်ကြောင်းနဲ့ လိမ်လိမ်မာမာပဲ အိပ်လိုက် စားလိုက် လုပ်ရင်း အချိန်တွေကုန်ပစ်လိုက်တယ်။

ညနေ 6နာရီမှာတော့ ဆိုင်ကယ်တက္ကစီလာခေါ်လို့ မြို့မဈေးရောက် မိုးလေးကလဲ တဖျောက်ဖျောက်။ လမ်းမကြီးပေါ်က ဗွက်အိုင်တွေထဲ ဆိုင်ကယ်တရကြမ်းမောင်းလို့ ရေတွေကလဲ တဗွမ်းဗွမ်းနဲ့ ပျော်စရာကြီး။ မော်တော်ပီကယ်တွေလဲ အမြဲတမ်း duty ချိန်မှာ ကြိုးကြိုးစားစား တာဝန်ထမ်းနေကြသားပါလား။ အဲ... မြို့မဈေးမှာ ရောက်ရောက်ချင်း ရှမ်းခေါက်ဆွဲစား။ ကောင်းသဗျ။ ဈေးနှုံးတွေက သက်သာပါတယ်။ ရန်ကုန်နဲ့ အတူတူလောက်ပဲ။ ရန်ကုန်ကို ဖုန်းခေါ်တော့လဲ 100ပဲ ပေးရတယ်။ လက်ဖက်ရည်တို့ ရေသန့်တို့လဲ ဈေးအတူတူ။ မနက်က မိတ္တူကူးခလေးပဲ တစ်မျက်နှာ 100မလို့ ဈေးကြီးတယ်။ မြို့မဈေးထဲက ဆိုင်တွေ လျှောက်ပတ်ကြည့်ရတာလဲ ပျော်စရာကြီး။ တရုတ်တန်းလိုပဲ အစားအသောက်တွေကလဲ ပေါမှပေါ။ 7နာရီထိုးတော့ ကားပေါ်တက် 7နာရီခွဲမှာ နေပူတော်ကြီးကို နှုတ်ဆက်ခဲ့တယ်။ မီးတွေကလဲ ထိန်ထိန်ငြီးလို့။ အော် တို့ ရန်ကုန်နဲ့တော့ ကွာပါ့။

နေပူတော်ကိုမှတ်မိတာက မီးတိုင်တွေအများကြီးနဲ့ အ၀ိုင်းပတ်ကြီးရယ်၊ ဧည့်ရိပ်သာရှိတဲ့ သပြေကုန်းရယ်။ ရုံးတွေ ရှိတဲ့နေရာရယ်၊ မြို့မဈေးရယ် ပြီးတော့ ဟိုတယ်ဇုန်ရယ်။ အဟိဟိ ဒါဆို ဘာကျန်သေးလဲ(ဒါပဲ ရှိတယ်ထင်တာပဲနော်..)

လမ်းမှာ ရေတာရှည်မှာ နားတယ်။ နောက်တစ်နေရာနားတယ်။ မနက် 5နာရီမှာ အောင်မင်္ဂလာအဝေးပြေးဂိတ်ကို ပြန်ရောက်လာတယ်။
ကဲ..ကျမရဲ့ နေပူတော်သွား တောလားလေးကတော့ ဒီလောက်ပါပဲရှင်။