Saturday, June 21, 2008

ကိုင်းကွာ..မှတ်ကရော

အလုပ်တွေများပြီး မအားရတဲ့ကြားထဲ ဒီလောက် ဒွတ်ခပေးလာတာ
သည်းမခံနိုင်တော့ဘူး
ဘယ်သူမှ လာမတားနဲ့ မရဘူး
ကိုင်းကွာ..မှတ်ကရော
လာထား နာကွ

အဟက်ဟက် ဘာမှ ဟုတ်ဘူး
အစားစားပြီးတိုင်း သွားကြားညပ်အောင်လုပ်တဲ့ကောင်
လက်နဲ့ ကလိတော့ ပါးစောင်နာတယ်
တခြမ်းပဲ့ထွက်သွားတယ်
နာသုံးနာ အဲလေ ကိုက်သုံးကိုက်ထဲမှာ သည်းမခံနိုင်တာ သူလဲပါတယ်
ခေါင်းကိုက်တာ ၊ ဗိုက်ကိုက်တာ ပြီးတော့ သွားကိုက်တာလေ
အဟိဟိ သွားအားလုံး 29ချောင်း ရှိတဲ့ထဲက တစ်ချောင်းနှုတ်ပစ်လိုက်တယ်
အမယ်လေး ကြီးသွားမို့လို့ အမြစ်က အနက်ကြီးပါလားဗျို(လက်ညှိုးတစ်ဆစ်လောက်ရှိမယ် နှမြောစရာကြီး အဟီး)
လမ်းထဲက ပုလဲဆေးခန်းကပဲ
ဆရာဝန်က အရမ်းတော်တယ် ဈေးလဲ သက်သာတယ်
ည7နာရီမတ်တင်း ထုံဆေးပေးပီး နှုတ်လိုက်တာ မနာပဲနဲ့ ထုံဆေးကလဲ 9နာရီခွဲလောက်မှ အကုန်ပြယ်တာမို့ so nice ပါပဲ
ခုတော့ အံဆုံး ဟောင်းလောင်းပေါက်လေးနဲ့ မယ်လိုဒီဖစ်သွားပီ

အော်.. နာ ရန်ကုန်မှာပဲ ရှိသေးတယ်နော် ချင်ပူရောက်သေးဘူး
ချင်ပူက လာတဲ့ သယ်ရင်းအရင်းကြီးနဲ့လဲ မအားလို့ မတွေ့ရသေးဘူး ဟူးးးးးးး
ပို့စ်တွေလဲ မတင်ဖြစ်တာကြာပြီ
နောက်လကုန်လောက်ထိတော့ အားဦးမယ်ထင်ဘူး

လာဖတ်တဲ့သူတွေတော့ ပျင်းကုန်ရော့မယ်နော် ဆော်တီး
တတ်နိုင်သလောက် တော်ကီတွေလာပွားပါမယ်လေ
မကျေနပ်ရင်တော့ ခွေးလွှတ်ကြပါဗျို

စာကြွင်း။ ။ သွားခဏခဏကိုက်တတ်တဲ့ ပိုးဂင့်ကိုတော့ သတိရသဗျ။ နာ့လို စိတ်ပေါက်ပေါက်နဲ့ လိုက်နှုတ်နဲ့နော် တော်ကြာ တစ်ချောင်းထဲကိုက်တာမဟုတ်ရင် နာ့ပယောဂပါမစိုးလို့ အဟိဟိ


Tuesday, June 10, 2008

လမ်းခွဲစကား...

မင်းကိုချစ်ခဲ့တာ

ကုန်ကြမ်းရှာတာ မဟုတ်ဘူး

မတွေးပါဘူး မဆွေးပါဘူး

တဘက်သတ်အဖြစ်မှာ ငါလေရူး...

ဒီဘ၀မှာတော့ မထူးပါဘူး

မင်းရဲ့ အကြင်နာမှာ ငါယစ်မူး

 

ဘယ်လိုဘယ်ပုံ အပြစ်တင်လဲ

အမြင်လွှာမှာ အရိပ်ထင်ဆဲ

မနေ့ တနေ့ကလိုပါပဲ...

အချစ်မူးလဲလို ဖြစ်ခဲ့တဲ့

အတိတ်တွေထဲ

အိပ်နေဆဲက..ငါပေါ့လေ

 

ငါကမင်းကိုခွဲတာလား

မင်းကငါ့ကိုခွဲတာလား

"လွမ်းလိုက်လွဲလိုက်

လွဲလိုက်လွမ်းလိုက်" လို့

မင်းပြောခဲ့တော့ ဒီစကား

ဘ၀ဇာတ်ဆရာကလဲ မသနား

(ဇတ်လမ်းဆုံးတော့)

အသည်းကွဲသမားက ငါပဲလား...

Saturday, June 7, 2008

ASP.Net 2.0 Page Directives များနှင့် Attributes များ

အရင်ရက်က ပြောခဲ့တဲ့ ထဲက page directives နဲ့ပါတ်သက်ပြီး directives ဆိုတာတွေ attributes ဆိုတာတွေကိုတော့  မှတ်မိမလားမသိဘူးနော်။

ခုပြောပြချင်တာက ASP.Net pages တွေရဲ့ behavior တွေကို ASP.Net Directives တွေနဲ့ control လုပ်နိုင်တယ်ဆိုတာပါ။ pages တွေကို compile လုပ်တဲ့အခါ compiler ကဒီ directives တွေကို သုံးပါတယ်။ ASP.Net pages သို့မဟုတ် user controls တွေမှာ သုံးနိုင်တဲ့ directives တွေ 11ခုရှိပါတယ်။ သူတို့ ရဲ့  format က ဒီလို ပုံစံလေးနဲ့ ရှိပါတယ်။

<%@ [Directive] [Attribute=Value] %>

 

Directives: (ရှင်းလင်းဖေါ်ပြချက်တွေကိုတော့ လက်သည်းကွင်းထဲမှာ ထည့်ပြီးရေးသားလိုက်ပါရစေ)

  1. Assembly (page သို့မဟုတ် user control တို့နှင့် ပါတ်သက်ဆက်စပ်သော assembly တို့ကို link ချိတ်ရန်)
  2. Control(.ascx ဖိုင်လို user controls သုံးဖို့ ရည်ညွှန်းတဲ့ directive ပါ)
  3. Implements( တိကျသေချာစွာဖေါ်ပြထားသော .Net framework interface တွေကို implement လုပ်ရန်)
  4. Import(တိကျသေချာစွာ ဖေါ်ပြထားသော namespaces တွေကို page သို့မဟုတ် user control တွေထဲသို့ import လုပ်ရန်)
  5. Master(.master ဖိုင်လို master pages တွေမှာရေးထားတဲ့ attributes နဲ့ value တွေယူသုံးစေဖို့ တနည်းအားဖြင့် ကိုယ့် web site တခုလုံးရဲ့ consistent layout အနေနဲ့ ဖြစ်စေချင်တဲ့အခါ layout, structure နဲ့ interface elements တွေဖြစ်တဲ့ header, footer, copyright စာသားတွေ navigation bar လိုမျိုးတွေကို ရေးထားတဲ့ master ဖိုင်ဖန်တီးတဲ့ အခါသုံး)
  6. MasterType( master page ထဲကပါတဲ့ references တွေ members တွေကိုယူပြီး page ထဲက class name တခုခုနဲ့ ပါတ်သက်ပြီးသုံးရန်)
  7. OutputCache(page သို့မဟုတ် user control ရဲ့ output catching policies ကို control လုပ်ရန်)
  8. Page(.aspx ဖိုင်မှာ attributes နဲ့ value တွေ specify လုပ်ဖို့ မဖြစ်မနေသုံးတဲ့ အသုံးအများဆုံး directive ပါ)
  9. PreviousPageType(ဒီ directive ကို သုံးခြင်းအားဖြင့် page တခုကနေ application မှာရှိတဲ့  တခြား page က post back event နဲ့ အလုပ်လုပ်လို့ ရပါတယ်)
  10. Reference(page သို့မဟုတ် user control ကို လက်ရှိ page သို့မဟုတ် user control တခုနဲ့ link ချိတ်ပေးပါတယ်) နှင့်
  11. Register(namespaces တွေ class names တွေကို custom server control syntax မှာ notation သဘောမျိုး alias လုပ်ပေးတာပါ) တို့ဖြစ်ပါတယ်။

 

တကယ်အသုံးအများဆုံးကတော့ Page, Master, Control နဲ့  Register တို့ပဲ ဖြစ်ပါတယ်။

 

Page directive မှာမှ ASP.Net page အတွက် attributes နဲ့ value တွေကို ထပ်မံပြီး specify လုပ်နိုင်ပါတယ်။ အများကြီးရှိတဲ့အထဲကမှ အသုံးများတာတွေကို ဖေါ်ပြလိုက်ပါတယ်။

 

Attributes: (Attributes ဆိုတာ 2005/ JAVA 1.5 မှာ စသုံးတဲ့ Annotation ကို အတုယူပြီး C#မှာကျ သူ့လို how ဆိုတဲ့ coding တွေကို compiler/machine က auto generated လုပ်သွားပေးဖို့ ပြောပေးတဲ့ additional information to compiler or machine လို့ ပြောချင်ပါတယ်)

 

-AutoEventWireUp(page events တွေကို autowired လုပ်စေချင်တဲ့အခါမှာ value ကို true ပေးတာပါ။ default ကလဲ true ပါ။ မလုပ်စေချင်တဲ့အခါ false ပေးထားလို့ရပါတယ်)

-CodeFile(.cs လို့ သိထားတဲ့ code behind file နဲ့  page ကို associate လုပ်ဖို့ပါ။ code behind file အကြောင်းပြောတုန်းက ရှင်းပြဖူးပါတယ်)

-Debug(Page ကို debug symbols လေးတွေနဲ့ compile လုပ်စေချင်တဲ့အခါမှာ true ပေးပြီးသုံးပါတယ်)

-EnableSessionState(ကိုယ့် application ရဲ့ သတ်မှတ်ထားတဲ့ session state ကို အလုပ်လုပ်စေချင်တဲ့ အခါမှာ true ပေးပြီးသုံးပါတယ်)

-EnableViewState(user က registration form လိုမျိုးမှာ data တွေဖြည့်ပြီး back နဲ့  to and from ပြန်သွားတဲ့အခါ ဖြည့်ထားတဲ့ data လေးတွေ ကျန်နေတာမျိုး ပြန်မြင်ကြည့်ရင် အဲလို condition ရဖို့  viewstate ကို maintained လုပ်ထားဖို့ true ပေးပါတယ်လို့ အလွယ်ပြောပါရစေ။ နည်းပညာဆန်ဆန် ပြောမယ်ဆိုရင်တော့  ASP.Net က StateManagement ဖြစ်သွားပြီး current user's information ကို တစ်ကြိမ် submit မလုပ်ခင်အချိန်အထိ server မှာ retain လုပ်ပေးထားတဲ့ view state technology ကို သုံးစေချင်တဲ့ အခါ ဒီ attribute ကို သုံးတာပါ။)

-ErrorPage(page မှာ unhandled exceptions တွေတက်တဲ့အခါ ပို့စ်လုပ်ဖို့ URL ကို specifies လုပ်ပေးထားတဲ့ page ပါ)

-Language(အရင်ပြောခဲ့ဖူးသလို page ကို VB နဲ့ ရေးမလား C# နဲ့ ရေးမလားဆိုပြီး ကြေငြာတာပါ။ စကားစပ်တုန်း application တခုတည်းမှာတင် language ကို VB or C# သီးသန့်ချည်းရေးတာဖြစ်ဖြစ် page တချို့  မှာ VB နဲ့ ရေးပြီး တချို့မှာတော့ C# နဲ့ရေးတာမျိုး လုပ်လို့ ရကြောင်း ပြောပြချင်ပါတယ်)

နောက်ထပ် attribute ကတော့

-MasterPageFile(master page မှာ "အပေါ် directive မှာ ပြောခဲ့သလို" ရေးထားပြီးမှ တခြား pages တွေကနေ ဒီ attribute လေးနဲ့  master file ရဲ့ location ကိုဖေါ်ပြပြီး ခေါ်ခေါ် သုံးတာမျိုး) တို့ဖြစ်ပါတယ်။

 

Attributes တွေနဲ့ ပါတ်သက်ပြီး အသေးစိတ်ကိုတော့  နောက်ထပ် ပို့စ်တွေမှာ ကြုံရင်ကြုံသလို ထပ်ပြောပါဦးမယ်။ အခုတော့ calculator page လေးကို create လုပ်ပြီး run ကြည့်ရအောင်နော်။

 

Calculator.aspx(ဖိုင်နာမည် ပေးရန်)

 

<%@ Page Language="C#" AutoEventWireup="true" CodeFile="Calculator.aspx.cs" Inherits="Calculator" %>

 

<html>

<head runat="server">

    <title>Calculator Page</title>

</head>

<body>

    <form id="form1" runat="server">

    <div>

        <asp:Label ID="lblFirst" runat="server" Text="First number"></asp:Label>

        <asp:TextBox ID="txtFirst" runat="server"></asp:TextBox>

        <br />

        <br />

        <asp:Label ID="lblSecond" runat="server" Text="Second number"></asp:Label>

        <asp:TextBox ID="txtSecond" runat="server"></asp:TextBox><br />

        <br />

        <asp:Button ID="btnAdd" runat="server" Text="Add" OnClick="btnAdd_Click" />

  <br />

        <br />

        The answer is:

        <asp:Label ID="lblAnswer" runat="server" ></asp:Label>

  </div>

  </form>

</body>

</html>

 

Calculator.aspx.cs(ဖိုင်နာမည် ရှိပြီးသားတွင်ရိုက်ရန်)

using System;

using System.Data;

using System.Configuration;

using System.Collections;

using System.Web;

using System.Web.Security;

using System.Web.UI;

using System.Web.UI.WebControls;

using System.Web.UI.WebControls.WebParts;

using System.Web.UI.HtmlControls;

 

public partial class Calculator : System.Web.UI.Page

{

    protected void btnAdd_Click(object sender, EventArgs e)

    {

        decimal a = decimal.Parse(txtFirst.Text);

        decimal b = decimal.Parse(txtSecond.Text);

        decimal c = a + b;

        lblAnswer.Text = c.ToString();

    }

}

 

ဖိုင်ဘယ်လို အသစ်ထည့်ရတယ် browser မှာပေါ်အောင် ဘယ်လို run ရတယ်ဆိုတာ ထပ်မပြောတော့ဘူးနော်။ shortcut အနေနဲ့  run ကြည့်ချင်ရင်တော့  .aspx ဖိုင်ကနေ function key 'F5' နှိပ်ပြီး run ကြည့်နိုင်ပါတယ်။

 

 data လေးတွေ ထည့်ပြီး Add button ကို နှိပ်လိုက်ရင် ကိုယ်မျှော်လင့်ထားတဲ့ အဖြေလေးတွေ့လို့  ဒီသင်ခန်းစာလေးနဲ့ ပျော်ရွှင်နိုင်ပါစေနော်။

အချိန်လဲ အားသေးတယ် programming ကို တကယ်စိတ်ဝင်စားတယ်ဆိုရင်တော့  ပေါင်းတာအပြင် နှုတ်တာ၊ မြှောက်တာ၊ စားတာလေးတွေ လုပ်ဖို့  button လေးတွေ ထပ် create လုပ်ပြီးစမ်းကြည့်ကြပါဦးစို့ ဗျိုးးးးးးးးးးး

 

(ကုဒ်ဒင်း အဆင်မပြေတာတွေ့လျှင် ကွန့်မန့်ထားခဲ့ပါရန်)

Wednesday, June 4, 2008

PROFESSIONAL ဆိုတာ...

PROFESSIONAL ဆိုတာ...နဲ့ပါတ်သက်ပြီး စာရေးဆရာမ ဂျူးရေးခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်မယ်ထင်ပါတယ်။ အဲဒါလေးဖတ်တုန်းက သဘောကျမိတာနဲ့ မှတ်စုတိုသဘောမျိုးလေး ရေးမှတ်ခဲ့ဖူးတာကို ပြန်လည်မျှဝေလိုက်တာပါ။ 

Professional ဆိုတာကို ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုထားသလဲဆိုတော့ -

ဘာသာရပ်တစ်ခုမှာ ကျွမ်းကျင်တတ်မြောက်ပြီး ထိုကျွမ်းကျင်မှုဖြင့် အသက်မွေးဝမ်းကျောင်းပြုသူပါတဲ့။

ပြီးတော့  Professional တစ်ယောက်အနေနဲ့ ရှိသင့်တာ၊ ဒါမှမဟုတ် ရှိနှင့်ပြီးသား အရည်အချင်း(skills) တွေကတော့ -

-         vision ဆိုတဲ့ အမြင် နဲ့  mission(တိကျသေချာစွာသတ်မှတ်ထားတဲ့ လုပ်ငန်းတာဝန် လို့ခေါ်မလားမသိ) ရှိရပါမယ်

-         determined ဆိုတဲ့ တစ်ခုတည်းသောအာရုံနဲ့ စိတ်ပိုင်းဖြတ်ပြီးသား သန္နိဌာန်ချပြီးသား( ဆိုလိုတာက သူ့စိတ်ကို ပိုင်ပိုင်နိုင်နိုင်သိပြီးသား၊ သူဘာလိုချင်တယ်၊ ဘာပေးချင်တယ်ဆိုတာ ဆုံးဖြတ်ပြီးသား)

-         designing ways forward

ရှေ့ဆက်မဲ့ ခြေလှမ်းတွေ အဆင်ပြေမဲ့နည်းလမ်းတွေကို ပုံဖေါ်ဖို့လဲတတ်ရမယ်။

-         compromise

အပေးအယူ၊ အလျှော့အတင်းလဲ ရှိရမယ်။

-         stand on principle

ကိုယ့်မူ၊ ခံယူချက် အတိုင်း ရပ်တည်ရမယ်။

-         efficiency

ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို အမြဲ မြှင့်နေရမယ်။

-         management

ကိုယ်အပါအ၀င် ကိုယ့်လုပ်ငန်းခွင်ကိုလည်း စီမံအုပ်ချုပ်နိုင်ရမယ်။

-         money

ကိုယ့်ဘ၀ စားဝတ်နေရေးအတွက်လုံလုံလောက်လောက် earning လုပ်တဲ့ အခြေအနေ ဖြစ်ရမယ်။

-         Accessment

ကိုယ်ရထားတဲ့ ရာထူး၊ လစာသည် ကိုယ်ပေးရတဲ့ အချိန်၊ ကြိုးပမ်းအားထုတ်မှုနဲ့ ထိုက်တန်လား မတန်လား ဆန်းစစ်နေရမယ်။

-         Association

ကိုယ့်ရဲ့ သက်မွေးဝမ်းကြောင်း အလုပ်သည် ယုံကြည်ချက်နဲ့ အလုပ်တူတဲ့ အစုအစည်း၊ အသိုင်းအ၀န်းဖြစ်ရမယ်။

-         Sharing

ကိုယ်သိရှိနားလည်မှုတွေ၊ အောင်မြင်မှုတွေကို မျှဝေခံစားနိုင်ရမယ်

-         Responsibility

ကိုယ်နဲ့အတူ ကိုယ့်လက်အောက်ငယ်သားတွေ လုပ်တဲ့ တာဝန်ဝတ္တရားနဲ့ လုပ်ဆောင်မှုတွေအပေါ်မှာ မှားသည်ဖြစ်စေ၊မှန်သည်ဖြစ်စေ တာဝန်ယူမှု ရှိရမယ်။

-         Commitment

ကိုယ်လုပ်ဆောင်ရတဲ့ အပိုင်းတိုင်းမှာ အာရုံစူးစိုက်နစ်ဝင်မှု ရှိရမယ်။


အဲဒါတွေကို ကျမမှတ်သားခဲ့မိတာတွေကို ဆီလျော်အောင် ပြန်ရေးပြီး sharing လုပ်တာပါ။

တကယ့်လက်တွေ့ဘ၀မှာလဲ ကျမသိရှိနားလည်မိရင်းထပ်ဖြည့်ချင်တာက ကိုယ့်ရဲ့ သက်မွေးဝမ်းကြောင်းအလုပ်ကို ကိုယ်တိုင်တန်ဖိုးထားဂုဏ်ယူတဲ့  proud အပြင် ချစ်မြတ်နိုးတဲ့ စိတ် passion လေးလဲ ထပ်ဖြည့်သင့်တယ်ထင်ပါတယ်။

စိတ်ထဲမှာ ထပ်ထည့်ပေးချင် ဖြည့်ပေးချင်တာလေးတွေရှိသေးရင်ဖြစ်ဖြစ် သဘောမတူတဲ့ အချက်တွေဖြစ်ဖြစ် ရှိသေးရင်တော့ ကွန့်မန့်မှာ ၀င်ရေးပေးကြပါဦးနော်။