Wednesday, May 28, 2008

Logo Design Contest

March 13-April 13 အတွင်းမှာ ၀င်ပြိုင်ရတဲ့ PhotoShopCandy ရဲ့ ဆုငွေ 400 ချီးမြှင့်တဲ့ Blue Rose logo Design Contest မှာ မြန်မာက ဒီဇိုင်နာတစ်ဦးအနေနဲ့ ကိုချမ်း(cmsmdy.blogspot.com) ၀င်ရောက်ယှဉ်ပြိုင်တဲ့အခါ သူ့လက်ရာလေးတွေ့ရတာ ၀မ်းသာ ဂုဏ်ယူမိပါတယ်။ ပြိုင်ပွဲမှာ ဆုရတာ မရတာက ပဓာနမကျပါဘူးလေ။ ဆုရခဲ့ရင်တော့ မုံ့ဝယ်ကျွေးခိုင်းရတာပေါ့ အဟိဟိ(စတာပါ)
အဲဒီ ပြိုင်ပွဲမှာ ဆုရသွားတဲ့သူကတော့ Wize Lizard ပါ။ http://photoshopcandy.com/?p=383
ပြိုင်ပွဲဝင် လက်ရာတွေကြည့်ချင်ရင်တော့ ဒီလင့်ခ်ကို နှိပ်ပါ။ http://photoshopcandy.com/?p=375
ဆုရှင် Wizie ရဲ့ တခြားလက်ရာတွေကြည့်ရှူလေ့လာချင်သေးရင်လဲ ဒီမှာ ကြည့်နိုင်ပါသေးတယ်။ http://www.coroflot.com/public/individual_set.asp?from_url=true&sort_by=1&set_id=148719&individual_id=189411 (မရရင်တော့ ဒီကတဆင့်ဝင်ပါနော် http://www.coroflot.com/wizelizard/ )
PhotoShopCandy ကနေပြီး  May 9th - June 6th 2008. အတွင်းမှာ ၀င်ပြိုင်ရတဲ့ PhotoShopCandy ရဲ့ ဆုငွေ 300 ချီးမြှင့်မဲ့ Callidus Technologies  ရဲ့ logo Design Contest လဲ ၀ါသနာပါရင် ၀င်ပြိုင်နိုင်ဖို့ လက်တို့လိုက်တယ်နော် http://photoshopcandy.com/?p=386

မြန်မာမှာလဲ သတင်းစာထဲမှာ ကြော်ငြာထည့်ပြီး ပြိုင်ခိုင်းပါတယ်။ ဆုငွေကတော့ တစ်သိန်းပတ်ဝန်းကျင်ပေးတာဆိုတော့ reasonable ဖြစ်မဖြစ်မဆုံးဖြတ်တတ်ပေမဲ့ ၀ါသနာအလျောက်တော့ ၀င်ပြိုင်ရင်း လက်ရည်သွေးလို့ရတဲ့ အခွင့်အရေးတွေမို့ ၀မ်းသာစရာပါ။
ကျမလား.. ကျမကတော့ ၀င်မပြိုင်တော့ဘူးလေ။ အကဲဖြတ်လူကြီးမင်းတွေကို အားနာလို့ ဘာဖြစ်လို့လဲဆို ကျမက ဒီဇိုင်းနဲ့ ပါတ်သက်ရင် နဂါးကိုတောင် တီကောင်ဖြစ်အောင် ဆွဲမိတာမို့လို့လေ အဟိဟိ :P
(ဆရာထက် လက်စောင်းထက်တဲ့ မိုးကုတ်က တပည့်တွေကိုတော့ သတိတရနဲ့ ၀င်ပြိုင်စေချင်သားလေ)

ဘာပဲဖြစ်ဖြစ်တော့ မြန်မာက ဒီဇိုင်နာတွေ နိုင်ငံတကာလက်ရာရှင်တွေ အဖြစ်မြန်မြန်မြင်တွေ့နိုင်ပြီး မြန်မာ့အိုင်တီလောကဖွံ့ဖြိုးစေကြောင်း ဆန္ဒပြုပါတယ်လေ။

Monday, May 26, 2008

ထိုင်ဝမ်က မြေးလေးလူပေရေ ...

လူပေရေ အမျှ အမျှ အမျှ
အဲလေ.. နင်ပို့တဲ့ ပိုက်ပိုက်တွေကို စောင် အထည်200 ၀ယ်ပြီး လပွတ္တာကို ပို့ပီနော် နောက်2ရက်လောက် ရောက်မယ်ကွ...(သာဓု)3ခါဗျို
ဒီနေ့ နေ့လည်တင်ပဲ လူပေနှင့် အပေါင်းပါ သူငယ်ချင်း 6ယောက်တို့ ပို့ပေးထားသော ပိုက်ပိုက် 3သိန်းကျော်ကို မုံရွာစောင် အထည် 200 ဘ၀သို့ ပြောင်းပေးပြီး သကာလ လပွတ္တာကို ပို့ဖို့ ညီလင်းဆက်တို့ဆီ ရှောရှောရှူရှူပို့ပေးလိုက်ပီမို့ တာဝန်တခုပီးသွားပြန်ပါပီ
အလှူငွေပို့ပေးတဲ့ လူပေတို့ထိုင်ဝမ်က အုပ်စုကိုလဲ သာဓုခေါ် ကျေးဇူးတင်ပါတယ်။
ပို့ရမဲ့စောင်တွေကို တကူးတက လာယူပေးတဲ့ သတင်းထောက်ကြီးစိုးဇေယျကိုလဲ ကျေးဇူးတင်သဗျို။

ခုထိတော့ ကိုယ်တိုင် ဘယ်မှ လိုက်နိုင်သေးဘူးဗျို။ အိမ်တိုင်ရာရောက် လာအလှူခံတဲ့သူရယ် သူများသွားတဲ့အဖွဲ့ကိုယ်စီကိုပဲ လူကြုံထည့် လှူနေရသေးတာ အားမရသေးပါဘူး။ ဒါကြောင့် ကိုယ်တိုင်ကိုယ်ကျ တိုက်ရိုက်လက်ရောက်သွားလှူနေတဲ့ ဘလော့ဂါတွေရော NGO တွေက သူငယ်ချင်းတွေကိုရော အားကျမိပါ၏။ သွားခရီးလမ်း ဖြောင့်ဖြူးလို့ ဘေးအန္တရယ်ကင်းစေဖို့လဲ ဆုတောင်းမိပါရဲ့။
လကုန် 31ရက်နေ့ဆိုရင်တော့ ဘိုကလေး ကို 2ရက်3ရက်လိုက်သွားဖြစ်မယ်ထင်ပါရဲ့။ လိုက်ဖြစ်လို့ ပြန်လာမှပဲ ကိုယ်တိုင်တွေ့ကြုံခံစားရတာတွေကို ပြောပေးပါမယ်နော်။

အသီးသီးအသက သွားနေကြတဲ့ ပုဂ္ဂလိကအလှူအဖွဲ့တွေ NGO အဖွဲ့တွေအတွက် transportation charges ကလဲ တကယ်တော့ hidden charges အနေနဲ့ အိတ်စိုက်ရတာ အကြိမ်များရင်လဲ မသက်သာဘူးဗျိုးးးးးးးးးးး
volunteer ကို ကားလိုက်ပေးနိုင်တဲ့ ကားအလှူရှင်လေးများ မရှိကြဘူးလား(ဆီလဲထည့်ပေးပါမယ် မောင်းပေးတဲ့သူကိုလဲ စရိတ်ခံပါမယ်ဗျို)
ကဲ.. ခုတော့ OJT အတွက် စာမဖတ်ခင် NGO ဆေးအဖွဲ့ တစ်ဖွဲ့ ကျုံမငေးဖက်သွားဖို့ volunteer လိုက်ပေးနိုင်တဲ့ ပါပလစ်ကာကားရနိုင်မလား လိုက်ရှာလိုက်ဦးမယ်ဗျို...........မဟုတ်ရင် တစ်ရက်ကို တစ်သိန်းနဲ့ လေးငါးရက် ခရီးအတွက် (ကြားရက်မှာ ကားကိုဒီတိုင်းထားထားရက်နဲ့) 5သိန်းလောက် အပိုကုန်မယ်လေ။

Saturday, May 24, 2008

ASP.Net Code-behind page Model(အခန်း၁ ၏အဆက်)

2. Code-behind page Model

- .aspx( VE တွေပါသော) တစ်ဖိုင် နှင့်

- .cs( PC တွေပါသော) တစ်ဖိုင် ဆိုပြီး နှစ်ဖိုင်ခွဲရေးပါတယ်။

Single-file page Model နှင့် ကွာခြားချက်မှာ runat="server" ပါသော script block ကိုထည့်သွင်း မရေးသားရတော့ပါ။ သို့သော် @page directive တွင် .aspx page နှင့်  သူ၏ကုဒ်တို့ ချိတ်ဆက်ရမည့်အတွက် ကိုးကားသော attributes နှစ်ခုထပ်ထည့်ရပါမည်။ တစ်ခုမှာ CodeFile="external file" ဖြစ်၍ နောက်တစ်ခုမှာ Inherits="class" ဖြစ်သည်။

 

အောက်ပါနမူနာ page ကိုစမ်းကြည့်ရန်အတွက် ဖွင့်ထားသော Visual Studio 2005 တွင် ပထမဦးစွာ view>solution explorer ကိုခေါ်ထားပါ။ ထို့နောက် မိမိ create လုပ်ထားသော root folder တွင် right click နှိပ်၍ Add New Item ကို click ထပ်လုပ်ပါ။ Add New Item dialog box အတွင်းမှ Web Form ကို ရွေး၍ အောက်ပါ ဖိုင်နာမည် ပြောင်းပြီး Add လုပ်ပါ။

ရရှိလာသော page တွင် အောက်ပါ ကုဒ်များကို ရိုက်သွင်းပါ။ (အရင်ရက်က နမူနာ page ပြုလုပ်သည့်အတိုင်း)

 

SamplePage.aspx(ဖိုင်နာမည် ပေးရန်)

 

<%@ Page Language="C#" AutoEventWireup="true" CodeFile="SamplePage.aspx.cs" Inherits="SamplePage" %>

 

<html>

<head runat="server">

    <title>Code-behind Page Model</title>

</head>

<body>

    <form id="form1" runat="server">

    <div>

        <asp:Label ID="Label1" runat="server" Text="Label">

        </asp:Label>

        <br/>

        <asp:Button ID="Button1" runat="server" OnClick="Button1_Click" Text="Button" />

    </div>

    </form>

</body>

</html>

 

 

.cs file ကို ဆက်လက်ရိုက်ရန်အတွက် solution explorer ထဲရှိ SamplePage.aspx file ဘေးမှ + သင်္ကေတလေးကို နှိပ်၍ဖွင့်လျှင် SamplePage.aspx.cs file ကိုတွေ့ပြီး နှစ်ချက် click နှိပ်ပြီး အောက်ပါ program code များကို ရိုက်ပါ။

 

SamplePage.aspx.cs(ဖိုင်နာမည် ပေးရန်)

 

using System;

using System.Web;

using System.Web.UI;

using System.Web.UI.WebControls;

 

public partial class SamplePage : System.Web.UI.Page

{

    protected void Button1_Click(object sender, EventArgs e)

    {

        Label1.Text = "Clicked at" + DateTime.Now.ToString();

    }

}

 

Browser တွင် ကြည့်ရန် page တွင် right click နှိပ်၍ View in Browser ကိုရွေးပြီး run ကြည့်ပါ။ IE browser တက်လာလျှင် Label ဟူသည့် စာသားနှင့်  button တခုတွေ့ပါမည်။ button ကိုနှိပ်ကြည့်လျှင် တကြိမ်နှိပ်တိုင်း clicked at ဟူသည့် စာသားအသေနှင့် updated Date time ကိုတွေ့နိုင်ပါသည်။ (Dynamically produce လုပ်နေခြင်းမှာ သိသာထင်ရှားပါသည်)

 

Coding ရှင်းလင်းချက်

1. <% @ Page..... CodeFile="SamplePage.aspx.cs" external file ဖြစ်၍ နောက်တစ်ခုမှာ Inherits="SamplePage"  သည် class file ဖြစ်ပါသည်။(အပေါ်တွင်  နှိုင်းယှဉ်ရှင်းလင်းခဲ့သည့်အတိုင်း)

2. external file ကို နာမည်ပေးရာတွင် ကြိုက်တာပေးလို့ ရသော်လည်း .Net convention အရ အပေါ်က .aspx file ၏ နာမည်ကိုယူပြီး .cs ဟူ၍ ပေးလေ့ ရှိပါသည်။

3. public partial class SamplePage:System.Web.UI.Page ဟူသည့် ကုဒ်တွင် SamplePage သည် class ဖြစ်၍ နာမည်ပေးရာတွင် ကြိုက်သည့်နာမည် ပေး၍ ရပါသည်။ သို့သော် System.Web.UI.Page မှ inherit လုပ်ကိုလုပ်ရပါမည်။

အထက်ပါ သုံးချက်သည်မဖြစ်မနေ ရေးသားရမည့် ကုဒ်များဖြစ်သည်။

Button1_Click ဟူသည့်  Event Handler method လေးကိုမူ script block တွင် ရေးမည့်အစား .cs file တွင် လာရေးသားထားခြင်းဖြစ်ပါသည်။ ဒီနမူနာ .cs page မှာတွေ့တဲ့  partial class sample page ဆိုတာ ထည့် တာနဲ့ ပါတ်သက်ပြီး ပြောပြချင်တာက ASP.Net 2.0 သည် code-behind ဖိုင်တွင် partial classes ခေါ်တဲ့ language feature အသစ်ပါတာမို့လို့  .aspx file မှာ ပါတဲ့ class type တွေကို .cs file မှာ ထပ်ပြီး declare လုပ်စရာမလိုပဲ dynamically compile လုပ်ပေးသွားပါတယ်။

 

ယမန်နေ့ကရေးသားခဲ့သော single-file page model(in-line programming ဟူ၍လည်း ခေါ်ပါသည်) နှင့်  ယခု code-behind page model တို့တွင်

ဘယ်ပုံစံနဲ့ရေးရေး နောက်ဆုံးရတဲ့ result သည် အတူတူဖြစ်သည် ကိုတွေ့ရှိရပါမည်။ ဒါဆို အပိုကြီးပဲလို့တော့ မတွေးပါနဲ့ဦး။ Code-behind model ရဲ့ အားသာချက်က VE နဲ့ PC က သပ်သပ်ခွဲရေးတာဖြစ်လို့  design ပိုင်းပဲ ကွက်ပြင်ချင်ရင် အလွယ်တကူပြင်လို့ရမှာ ဖြစ်ပါတယ်။ ကိုယ်ပဲ design ရေး ကိုယ်ပဲ coding ကိုင်တာဆိုရင်တော့ ကြိုက်တာသာ သုံးပေါ့နော်။ ဒါပေသိ ASP ကနေ ASP.Net ကိုပြောင်းဖို့ဆိုရင်တော့  single-file page model သုံးတာက logical model ဖြစ်ပါတယ်။ ASP.Net new application ကို create လုပ်တာဆိုရင်တော့  server-side code(in .cs file) နဲ့  client-side code (in .aspx file) သပ်သပ်စီခွဲရေးလို့ ရတဲ့  code-behind model ကိုသုံးဖို့ recommend လုပ်ပါတယ်။

 

ကျမ နားလည်ထားတာတွေ ပြန်ရေးတာဖြစ်လို့ အမှားပါရင် ထောက်ပြပေးစေလိုပါတယ်။ programming ကို စိတ်ဝင်စားသူတွေအတွက် တစ်စိတ်တစ်ပိုင်းလေးပဲဖြစ်ဖြစ် အထောက်အကူဖြစ်ဖို့ မျှော်လင့်မိပါတယ်။

ဆက်ရေးမှာလေးတွေလဲ ထပ်ပြီးအားပေးကြပါဦးစို့နော်။

အိမ်သာပရောဂျက်

ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှာ ရွာတွေက စုစုပေါင်း ၁၁ ရွာရှိပါတယ်။ ဦးမြ၊ ငဇင်၊ ဆိပ်ကြီး၊ အလတ်ချောင်း၊ စက်ဆန်း၊ အောက်ရုံ၊ အေးရွာ (အရှေ့)၊ အေးရွာ (အနောက်)၊ ဗလုတ်ညွှန့်နဲ့ ၀ါးရုံဆိပ်တို့ပါ။ လူဦးရေကတော့ ၃၈၀၀၀ ကျော်ပါတယ်။ တောကျီးကန်းအဖွဲ့အနေနဲ့ လောလောဆယ် ရွာတစ်ရွာမှာ အများသုံးအိမ်သာ ၄ လုံးလောက် ဆောက်ဖို့ ရည်ရွယ်ထားပါတယ်။ အိမ်သာတွေကိုတော့ သွပ်မိုး ပျဉ်ကာဆောက်ဖို့ မှန်းထားတယ်။

---

လက်ရှိသုံးနေတဲ့ အိမ်သာတွေကတော့ လောက်တဖွားဖွားပါပဲ။ ကျင်းတွေကလည်း ပြည့်လျှံနေပါတယ်။ အနံ့အသက်ကတော့ ပြောမနေပါနဲ့တော့။ လှုပ်လီလှုပ်လဲ့ အိမ်သာတွေပေါ်ကို တက်ကြည့်ရတာလည်း အသဲယားစရာပါပဲ။ မတော်လို့ ပြုတ်ကျရင် ချီးတွင်းကြီးထဲကို တန်းနေတာပါပဲ။ အိမ်သာအများစုကတော့ ပျက်ဆီးနေပါတယ်။ ကယ်ဆယ်ရေးစခန်းတွေမှာ လောလောဆယ် ၀မ်းရောဂါဖြစ်နေသူက ၁၇ ယောက် ရှိနေပါပြီ။ ဒါကြောင့် ယင်လုံအိမ်သာတွေ ပြန်ဆောက်ပေးဖို့ လိုအပ်နေတဲ့ ရွာတွေပါလို့ မှတ်ချက်ပြုမိပါတယ်။

 

အိမ်သာပရောဂျက်အတွက် အလှူငွေတွေ လိုအပ်နေပါတယ်။ တတ်နိုင်တဲ့သူများ လှူချင်ရင် ဆက်သွယ်ပေးပါနော်။

ဆောက်ရမယ့်အိမ်သာက ၄၄ လုံးတောင်ပါ။

အခု အိမ်သာ ၁ လုံးကုန်ကျစရိတ်က ၃ သိန်းပါ။ ဒါတောင် သွပ်မိုး ပျဉ်ကာ အဆင့်ပဲ ရှိပါတယ်။

အဲ့အိမ်သာတွေက အစကတည်းက မရှိတာလား မုန်တိုင်းကြောင့်လား ဆိုတော့ မုန်တိုင်းကြောင့်

အိမ်သာတွေ ရေထဲ ပါသွားတာရယ်။ ကျင်းတွေ ပြိုကျကုန်တာရယ် ရှိတဲ့အိမ်သာတွေ ကုန်ပြီဖြစ်လို့

လောလောဆယ် ခြုံတိုးနေကြရတယ်တဲ့။

အလှူငွေထည့်ဖို့ စိတ်ပါဝင်စားတယ်ဆိုရင် Raven အဖွဲ့ကို contact လုပ်ကြည့်ပါနော်။



Tuesday, May 20, 2008

ASP.Net Web page Code Model(အခန်း၁ ၏အဆက်)

ASP.Net Web page ရေးရာတွင် Code Model နှစ်မျိုးရှိပါသည်။

-         single-file page model နှင့်

-         code-behind page model ဟူ၍ဖြစ်ပါသည်။

ဘယ်ပုံစံနဲ့ရေးရေး နောက်ဆုံးရတဲ့ result သည် အတူတူဖြစ်ပါသည်။

 

1. Single-file page model

- .aspx တစ်ဖိုင်တည်းရေးပြီး အဲဒီဖိုင်ထဲမှာတင် VE နှင့်  PC တွေပါသည်။

- PC တွင် ASP.Net က execute လုပ်သည့်  runat="server" ဟူသည့်  attribute ပါဝင်သည့်  script block ထည့်သွင်းထားသည်။

 

အောက်ပါနမူနာ page ကိုစမ်းကြည့်ရန်အတွက် ဖွင့်ထားသော Visual Studio 2005 တွင် ပထမဦးစွာ view>solution explorer ကိုခေါ်ထားပါ။ ထို့နောက် မိမိ create လုပ်ထားသော root folder တွင် right click နှိပ်၍ Add New Item ကို click ထပ်လုပ်ပါ။ Add New Item dialog box အတွင်းမှ Web Form ကို ရွေး၍ အောက်ပါ ဖိုင်နာမည် ပြောင်းပြီး Add လုပ်ပါ။

ရရှိလာသော page တွင် အောက်ပါ ကုဒ်များကို ရိုက်သွင်းပါ။

 

FirstExample.aspx(ဖိုင်နာမည် ပေးရန်)

<%@ Page Language="C#" %>

 

<script runat="server">

    void Button1_Click(object sender, EventArgs e)

    {

        Label1.Text = "Clicked at" + DateTime.Now.ToString();

    }

</script>

<html>

<head runat="server">

    <title>Single-File Page Model</title>

</head>

<body>

    <form id="form1" runat="server">

    <div>

        <asp:Label ID="Label1" runat="server" Text="Label"></asp:Label>

        <asp:Button ID="Button1" runat="server" OnClick="Button1_Click" Text="Button" /></div>

    </form>

</body>

</html>

 

Browser တွင် ကြည့်ရန် page တွင် right click နှိပ်၍ View in Browser ကိုရွေးပြီး run ကြည့်ပါ။ IE browser တက်လာလျှင် Label ဟူသည့် စာသားနှင့်  button တခုတွေ့ပါမည်။ button ကိုနှိပ်ကြည့်လျှင် တကြိမ်နှိပ်တိုင်း clicked at ဟူသည့် စာသားအသေနှင့် updated Date time ကိုတွေ့နိုင်ပါသည်။ (Dynamically produce လုပ်နေခြင်းမှာ သိသာထင်ရှားပါသည်)

 

Coding ရှင်းလင်းချက်

<% ................ %> သည် ASP.Net page ၏ directive ဖြစ်သည်။

<% Page directive ကို သုံးထားသည်။

Language="c#" ကဲ့သို့သော key=value ပုံစံမျိုးနှင့် ရေးထားသော attributes များစွာပါရှိပါသည်။( မိမိ ရေးသားမည့်  Language ကိုပြောပေးခြင်း)

<script runat="server"> (ဒီ attribute လေးပါကိုပါရပါမည်။ အဘယ့်ကြောင့်ဆိုသော် C# code တွေကို server ပေါ်မှာပဲ run စေချင်၍ဖြစ်သည်)

</script> (အဖွင့် tag အတွက် အပိတ် tag ပြန်ထည့်ပေးရခြင်း)

ဒီ script block လေးက single-file page model နှင့် ရေး၍ pc(C# code) တွေ ရေးရန်ထည့်ပေးရပြီး .aspx page အတွင်း မည်သည့်နေရာတွင်မဆို ထားလို့ ရ၏။

<asp:Label......>

<asp:Button.....>

အထက်ပါ asp: နှင့် စသမျှ အရာအားလုံးကို server controls တွေဟုခေါ်ပါသည်။

server controls ဖြစ်တာနဲ့လည်း id, runat="server" ဟူသည့်  attribute နှစ်ခု ရှိကိုရှိရပါမည်။

onclick="Button1_Click" ဆိုသည်မှာ ထည့်သွင်းထားသည့် button လေးကို Event လာချိတ်ခြင်းဖြစ်သည်။

 

မှတ်သားရန်

server controls အမျိုး 200ကျော်ရှိပါသည်။ သို့သော် ၄င်းတို့အတွက် ချိတ်ရန် Events အသုံးအများဆုံး 4ခုသာရှိပါသည်။

  1. Click (controls button: ဥပမာ-Button, ImageButton, LinkButton)
  2. TextChanged (ဥပမာ-Text Box)
  3. CheckChanged( ဥပမာ-RadioButton, CheckBox)
  4. SelectedIndexChanged(list controls: ဥပမာ-DropDrownList, ListBox, CheckBoxList, etc..)

Click သည် postback events ဖြစ်၍ ကျန်သုံးခုသည် non-postback event or cache events များဖြစ်သည်။

 

စာကြွင်း။ ။ Code-behind Page Model ကိုနောက်တစ်ပို့စ်တွင် ဆက်လက်ရေးသားပါမည်။ ခေတ္တစောင့်ပေးကြနော်။

ASP. Net Overview(အခန်း ၁)

အရှေ့ပို့စ်များတွင် ဖေါ်ပြထားပြီးသည့်အတိုင်း ASP.Net သည် Dynamic Web Applications များ ရေးသားရန်အတွက် technology တဖြစ်လဲ tool တခုဖြစ်ပါသည်။ ASP.Net application ကိုရေးသားရန်အတွက် ၄င်း၏ CLR(Common Language Runtime) နှင့်  compatible ဖြစ်သော မည်သည့်  programming language များ(Microsoft Visual Basic, C#, Jscript.Net နှင့် J# အပါအ၀င်) ကိုမဆို အသုံးပြုရေးသားနိုင်ပါသည်။

 

ASP.Net တွင်

-         A page and controls frame work

-         ASP.Net compiler

-         Security infrastructure

-         State-Management facilities

-         Application configuration

-         Health Monitoring and performance features

-         Debugging support

-         An XML Web services framework တို့ ပါဝင်ပါသည်။

 

ASP.Net page and controls တို့သည် programming framework ဖြစ်ပြီး web server များတွင် dynamically run နိုင်ပြီး browser များက တောင်းဆိုသည့် အတိုင်း သင့်တော်သော mark up များ tag များနှင့်  render လုပ်ပေးသောကြောင့်  ၄င်း browser များစွာတွင်လည်း display လုပ်နိုင်ပါသည်။

 

ASP.Net Web page များကို Microsoft Visual Studio 2005 နှင့် ရေးနိုင်ပါသည်။

ပထမဦးစွာ ၄င်းကိုဖွင့်၍ File menu မှ New > Website တွင် click နှိပ်ပါ။

New Web Site dialog box ကျလာပါမည်။ ၄င်းမှ

(၁) ASP.Net Web Site ကိုရွေးပါ။

(၂) မိမိ PC တွင် အသုံးပြုမည်ဖြစ်၍ Location ကို File System ထားပေးပါ။

(မှတ်ချက်။ Location ရွေးရာတွင် 1.Local File System or 2. Remote Web Server(HTTP/FTP) ဟူ၍ နှစ်မျိုးစဉ်းစားနိုင်ပါသည်)

(၃) Language တွင် (VB နှင့်  C#)မှ မိမိ ကျွမ်းကျင်သည့် အတိုင်းရွေးချယ်ပါ။

(မှတ်ချက်။ ကျမ ဖေါ်ပြမည့် coding များသည် C# သာ ဖြစ်ပါသည်)

(၄) ဖိုင်သိမ်းမည့် လမ်းကြောင်းကို ရွေးပေးပါ။ (ဥပမာ-C://Website1)

(၅) OK ကို နှိပ်ပါ။

ယခုဆိုလျှင် Default.aspx ဟူသည့်  ASP.Net web page ကိုတွေ့နေပါပြီ။

 

ASP.Net Web page များတွင် အောက်ပါအတိုင်း နှစ်ပိုင်းပါဝင်ဖွဲ့စည်းထားပါသည်။

1.Visual Elements(VE ဟူ၍ အတိုကောက်မှတ်ထားပေးပါ)

          1.1 Static Text/Date (ဥပမာ- Melody)

          1.2 Tag/Mark Up/Elements(ဥပမာ-<html> <b> <i>)

          1.3 Server Controls

2.Programming Code(PC ဟူ၍ အတိုကောက်မှတ်ထားပေးပါ)

          2.1 Event Handle Method

          2.2 Other code

 

ASP.Net Web Page ၏ Runtime condition ဆိုသည်မှာ

-         User မှ ပထမအကြိမ် .aspx page ကို browse လုပ်လိုက်သည်နှင့် ASP.Net မှ page ကို ကိုယ်စားပြုသည့်  .Net class file ကို automatically generate လုပ်ပေးပါသည်။

-         ထို့နောက် ASP.Net Engine သည် ၄င်း generated class ကို .dll(dynamic-link library) ဖိုင်အနေနှင့်  compile လုပ်ပါသည်။

-         .dll ဖိုင်ကို ဆာဗာပေါ်တွင် run လိုက်သည့်အခါ သင့် page အတွက် HTML output ကို dynamically ထုတ်ပေးသွားခြင်းဖြစ်ပါသည်။

Sunday, May 18, 2008

ကျမနှင့် ရက်ပေါင်းတစ်ရာ......

မုန်တိုင်းဒုက္ခသည်တွေနဲ့ပါတ်သက်တဲ့ ကူညီရေးကယ်ဆယ်မှုတွေလုပ်နေတာကြောင့် အလုပ်ရှုပ်တာလဲရှုပ်သမို့ ပို့စ်အသစ်တွေမတင်နိုင်ပေမဲ့ ကြွားစရာ..အဲလေ..ပြောစရာလေးကြုံလို့ ဒီပို့စ်လေးတင်မိပါတယ်နော်။

ခေါင်းစဉ်တပ်ထားသလိုပဲ ကျမရဲ့ ရက်ပေါင်းတစ်ရာ တိုက်ပွဲတစ်ခုအကြောင်းပြန်ပြောမယ်ဗျာ
စစ်ပွဲတော့ ဟုတ်ဘူး။ စစ်ပွဲကတော့ ကျမအမုန်းဆုံး။
ဘယ်သူမဆို အမြဲကြံ့ကြံ့ခံတိုက်သင့်တဲ့ ဘ၀တိုက်ပွဲပါ။

အရင် ရက်ပေါင်း 100ကျော်ကျော်က ကျမဖတ်မိတဲ့ စာအုပ်တစ်အုပ်ရှိတယ်။ (ဆံပင်ညှပ်၊ မျက်ခုံးမွှေးရိတ်၊ လှလှပြင်သွားရင်း ဖတ်မိတာလေ :P ) ခရစ်ယာန်နဲ့ပတ်သက်တာပေမဲ့ စိတ်ဝင်စားလို့ ဖတ်ကြည့်မိတယ်။
အဲဒီစာအုပ်ထဲမှာက နောက်ရက်ပေါင်း 40အကြာမှာ ဖြစ်ချင်တဲ့ အရာအတွက် သုံးသပ်စဉ်းစားတာ၊ ပြင်ဆင်တာ၊ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို အောက်မေ့ဖို့တွေပါတယ်။
ကျမအနေနဲ့လဲ အဲဒီပုံစံလေးကို ကိုယ်နဲ့ သင့်တော်သလို ယူသုံးလို့ ရလို့ ပိုစိတ်ဝင်တစားဖတ်မိပြီး သန္နိဌာန်ချဖို့ ဖြစ်လာတယ်။ Knowledge age လို့ ပြောကြတယ်။ ကျမ Tourism မှာ လေးနှစ်လုပ်တယ်။ ပညာတွေတတ်တယ်။ အရင်းအနှီးမရှိရင် ဘာမှ ကိုယ်ပိုင်လုပ်စားလို့ မရပါဘူး။
ကျမက ပညာတတ်သူဌေးပဲ ဖြစ်ချင်တော့လဲ အခက်သား။ အိမ်က မိသားစု စီးပွားရေးလဲ လုပ်ချင်ပါဘူးလေ။
ဒီတော့ ကျမ သူဌေးဖြစ်ဖို့ အလားအလာရှိတာရော(မသက ကမ္ဘာ့ အချမ်းသာဆုံးစာရင်ဝင်ထိပါ ဖြစ်ကောင်းဖြစ်နိုင်တယ်) သူဌေးမဖြစ်သေးခင် လခစားလုပ်ရင်တောင်မှ Tourism မှာ လေးနှစ်လုပ်လာတဲ့ ရာထူးနဲ့ အတွေ့အကြုံထက် ၀င်ငွေများတဲ့ အလုပ်ကို ပြောင်းဖို့ စိတ်ကူးရတော့ ကျမ career  ပြန်ပြောင်းမှဖြစ်မယ်။

အဲဒါနဲ့ နောက် ရက်ပေါင်းတစ်ရာ ကြာရင်တော့ Microsoft Certified ဖြစ်တဲ့ ဘာပညာရှင်လုပ်ရင်ကောင်းမလဲ စဉ်းစားရင်း လောလောဆယ်လဲ ဘလော့ဂ်ရေးတာ website ရေးတာက လုပ်လက်စဖြစ်တာက တစ်ကြောင်းကြောင့်  MCTS: Web Developer ဖြစ်ဖို့ ဆုံးဖြတ်ပါတယ်။ ဖေဖေါ်ဝါရီ 8ရက်ကစပြီး ကျမသင်တန်းတွေတက်ရင်း မနေ့က(17-5-2008) မှာတော့ ရက် 100 တိတိ ပြည့်ပါပြီ။ အဲဒီတော့ ကျမ သင်တန်းတွေကလဲ ပီးသလောက် ရှိသွားလို့  70-536(Application Development Foundation) နဲ့ 70-528(Web Based Client Development) စာမေးပွဲနှစ်ဘာသာကို ဒီမနက် သွားဖြေလိုက်တာ အောင်မြင်သွားပီဖြစ်လို့  MCTS တော့ ဖြစ်ပီဗျ။ အဟိဟိ ..ပျော်စရာကြီးနော်
ဘာပဲဖြစ်ဖြစ် So call web developer တော့ လုပ်လို့ ရပီပေါ့။ ဘာလဲ အမှတ်လား? မေးလို့ ဖြေတာနော် 536 က အမှတ် 1000 အပြည့်ဗျ၊ မျဉ်းဇောင်းအပေါ်ကနော် အဟက်ဟက် 528 ကတော့ 929 ပဲ ရပါတယ်။
ဒီနေ့ကစပြီး Freelance Web Developer အနေနဲ့ အလုပ်အပ်ရင် လက်ခံမယ်နော်။ (အကြွေးတော့ သည်းခံ) Professional Web Developer လဲ ဖြစ်ချင်ပါတယ်ဗျာ။ စာမေးပွဲတွေ ဆက်ဖြေရင်း တကယ့် ပညာရှင် အဆင့်ထိ ဖြစ်ချင်ပါသေးတယ်။ ခုတော့  on job training ဆင်းရင်း ကုဒ်ဒင်းတွေနဲ့ ချာလပတ်လည်နေတဲ့ ကျမ(သူများ 3နာရီရေးရမဲ့ ဟာကို နာရီ20စာ 4ရက်လောက်ထိုင်ရေးတာတောင် ပီးသေးဘူး) ဆရာက မဆူတာ တော်ပါသေးရဲ့။

ပြန်ပြီး ပြောမယ်ဆိုရင်တော့ ကျမရဲ့ ရက်ပေါင်းတစ်ရာ စီမံကိန်းက အောင်မြင်သွားပါပြီ။ career ပြောင်းလိုက်ပါပြီ။ ရှေ့ဆက်ချီတက်ဖို့ပဲ ကျန်ပါတော့တယ်လေ။ အရင် Tourism အလုပ်ကနေလဲ အရင်လကုန်မှာပဲ တရားဝင်နှုတ်ထွက်ပြီးပြီမလို့  အရင်ဆက်သွယ်ရေး ဆပ်စလူး နံပါတ်က ဆက်သွယ်လို့ မရတော့ပါဘူးနော်။ နောက် နံပါတ် အသစ်တခုကို အမြန် ပြန်အကြောင်းကြားပါမယ်ဗျို

Monday, May 12, 2008

Nagris Pamphlet(မုန်တိုင်းဘေးကို အမျိုးသားရေးစိတ်နဲ့ ကူညီကြပါ)

ကိုမျိုးချစ်မြန်မာဆီကရတဲ့ palmphlet လေးပါ





မိတ်ဆွေတို့ရေ

တတ်နှိုင်သမျှ ဆင့်ပွားဝေမျှပေးကြပါနော်
Designer ကိုမျိုးရဲ့ လက်ရာပါ
ကျေးဇူးတင်ပါတယ်


လေးစားခင်မင်စွာဖြင့်

မျိုးချစ်မြန်မာ

http://myochitmyanmar.blogspot.com/

Sunday, May 11, 2008

UN warns another storm headed toward Myanmar

ဟုတ်တာမဟုတ်တာကနောက်
ကြောက်တာကတော့ ကြောက်နေတယ်ဗျို
ဂျပန်ကရတဲ့ မတ်ဆေ့ခ်ျရော ဒီမေးလ်ရောကြောင့်  တနေ့ ဘုရား 10ခါ ရှိခိုးရမလိုပဲ အဟင့်

Dear all of my frz,

Pls be carefull of your family and inform to them, if you are in other country.

Take Care! and pls forward to other friends.
Thanks.

Sincerely Yours,
Yan Naing Oo.


 UN warns another storm headed toward Myanmar
 Posted: 09 May 2008 1849 hrs

 BANGKOK - The United Nations warned Friday that another storm was
headed in the direction of Myanmar, which could complicate the
slow-moving relief efforts from deadly Cyclone Nargis.

An estimated 1.5 million people have been left homeless by the
disaster, which has killed tens of thousands, and the storm could pose
serious risks to those battling disease, said Richard Horsey, a UN
relief spokesman.


Fast Facts

 "Our meteorological people tell us there's likely to be fairly strong
rainfall in the next seven days," he told AFP in neighbouring
Thailand.

"That's going to be a big issue with unpaved roads. Heavy rainfall
could complicate things for all those people going without shelter,"
Horsey said.

"If there's an epidemic of water-borne disease and a lack of shelter
when a storm comes in ... if we have another storm coming into the
delta, that's going to be a significant concern for all those people
without shelter."

The country's military, which has run Myanmar with an iron fist for
almost half a century, said earlier that it welcomed shipments of
supplies but was "not ready" to let in foreign aid workers, including
disaster experts.

"If we don't get this relief effort up to full scale quickly, there's
significant risk of a second round of this disaster which could
potentially kill as many people as the initial cyclone," Horsey said.
- AFP/ir

source: http://www.channelnewsasia.com/stories/afp_asiapacific/view/346646/1/.html


နောက်မုန်တိုင်းတခု လာနိုင်သည်ဟု ကုလသမဂ္ဂ သတိပေး
ဧရာဝတီ| မေ ၉၊ ၂၀၀၈

နောက်ထပ် မုန်တိုင်းတခု မြန်မာပြည်ကို ဦးတည်လာနိုင်သည်ဟု ကမ္ဘာ့ကုလသမဂ္ဂက
ယနေ့ သတိပေး ကြေညာလိုက်ကြောင်း AFP သတင်းတွင် ရေးသားဖော်ပြထားသည်။

၎င်းမုန်တိုင်းမှာ ကြောက်မက်ဖွယ်ရာ နာဂစ် ဆိုင်ကလုံး မုန်တိုင်းနောက်မှ
ဖြည်းညင်းစွာ ရွေ့လျားလာသော နာက်ဆက်တွဲ မုန်တိုင်း ဖြစ်ပြီး အခြေအနေ
အမျိုးမျိုးဖြစ်သွားနိုင်သည်ဟု ဆိုထားသည်။

နာဂစ်မုန်တိုင်း ဒဏ်ကြောင့် အနည်းဆုံး လူဦးရေ ၁.၅ သန်းခန့်
အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး လူ ၁ သိန်းကျော် သေဆုံးခဲ့ရသဖြင့်
မုန်တိုင်းဆိုသည့် အသံကပင် မြန်မာပြည်သူလူထုအတွက် အလွန် ထိတ်လန့်
ကြောက်ရွံ့ ဖွယ်ရာ ဖြစ်နေရကြောင်း ကုလသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူ ရစ်ချတ်
ဟိုဆေးကပြောသည်။

"ကျနော်တို့ မိုးလေဝသ ပညာရှင်တွေရဲ့ အဆိုအရတော့ လာမယ့် ၇ ရက်အတွင်း
မြန်မာပြည်မှာ မိုးသည်းထန်စွာ ရွာသွန်းမယ်လို့ သိရပါတယ်" ဟု ဟိုဆေးက AFP
သို့ ပြောကြားလိုက်သည်။

"လူတွေမှာ အမိုးအကာမရှိတဲ့အချိန် နောက်ထပ်မိုးသည်းထန်မယ့် ကိစ္စက တော်တော်
ကြီးမယ့် ပြဿနာ ဖြစ်လာနိုင်တယ်" ဟု ၎င်းကဆက်ပြောသည်။

"ရေကြောင့် ကူးစက်ရောဂါတွေ ပျံ့နှံ့နိုင်တာနဲ့ အမိုးမရှိတာနဲ့
မုန်တိုင်းထပ်လာဦးမှာနဲ့….။ နောက်တခါ မုန်တိုင်းထပ်လာလို့ မြစ်ဝကျွန်းပေါ်
ဒေသကိုဝင်ခဲ့ရင်…ပြဿနာကတော့ အကြီးကြီးပဲ" ဟု၎င်းကပြောသည်။

source: http://www.irrawaddy.org/bur/news2008/May/may_09d_08.html


Thursday, May 8, 2008

ရက်စက်ပါ့ နာဂစ်ရေ

အဖြစ်အပျက်တွေတော့  ပြန်တောင် မပြောချင်တော့ပါဘူး
အိမ်မှာ ခေါင်မိုးမှာတင်ထားတဲ့ စလောင်းပါသွားတယ်
အိမ်အတွင်းထဲလဲ ရေတွေဝင်လို့ လှေမ၀ယ်စီးရရုံတမယ်
နာဂစ်မွှေလို့  စာမေးပွဲ နှစ်ဘာသာ( 536 ရော 528 ) ပါ မဖြေရဘူး
နောက်မှ ပြန်ဖြေရမတဲ့
ရေကတော့ နှစ်ရက်လောက် ဒွတ်ခရောက်သွားတယ် (သုံးခွက်ပဲ quota နဲ့ ချိုးရတာ)
ရေ၀ယ်သုံးရတယ်။ ဂျိုးဖြူရေလွှတ်မှ တော်သေးရဲ့ မီးစက်နဲ့ တင်တာရလို့။
မီးကတော့ ပျက်နေသေးတယ်။ ဘယ်လောက်ကြာမယ်မှန်းမသိဘူး
(ပန်းဘဲတန်းဘက်မြေအောက်လိုင်းရှိတဲ့အိမ်တွေရတယ်လို့တော့ သိတယ်)
ဘာပဲပြောပြော ကိုယ့်ထက် ဆိုးတဲ့သူတွေချည်းပဲမို့ စိတ်မကောင်းဘူး
ဘလော့ဂါသူငယ်ချင်းတွေ အိမ်မှာ နဲနဲ ပျက်စီးတာကလွဲရင် အားလုံး သိပ်မဆိုးဘူးပဲသိရလို့ တော်ပါသေးရဲ့
လောလောဆယ် english blog မှာတော့ ပို့စ်နှစ်ခုတင်ထားတယ်။
http://melodymaung.myanmarbloggers.org/2008/05/burma-cyclone-ngo-appeals.html
http://melodymaung.myanmarbloggers.org/2008/05/cyclone-relief-more-information.html

မြန်မာဘလော့ဂ်မှာတော့ ဘာတွေပြောရမှန်းကို မသိဘူး
ပြောချင်တာလဲ များတယ်
လမ်းမတော်မှာနေတော့ မဲကတော့ 24ရက်မှပဲ ပေးရတော့မယ် ရွှေ့သွားပီ

နေ့လည် နှစ်နာရီက US သဘောင်္ဆိပ်ကမ်းကပ်တယ်လဲ ကြားတယ်(
သဘောင်္မှာ စစ်သား ၁၈၀၀ ပါလာတယ်
ဟယ်လီကော်ပတာ ၂၃ စင်း မလို့ တကယ် အ၀င်ခံမခံတော့ မသိ)

ထိုင်းဘက်က သံရုံးကနေ UN စစ်လေယာဉ် နှစ်စီး ၀င်ပြီးကူမှာကိုလဲ လက်ခံလိုက်ပီပြောတယ်
တကယ်လက်ခံတော့မယ်ထင်ပါရဲ့
သေချာတော့ သိဘူးဗျ

သိတာကတော့ သစ်ပင်တွေပြောင်သလောက်ပဲ
ရန်ကုန်မြို့ကြီး အင်မတန်ပူဦးမှာပ
နာဂစ်ကြောင့် ပြိုလဲသွားတဲ့ သစ်ပင်ကြီးမျိုးတွေ ပြန်ရဖို့ နောင်ဆယ်နှစ် အနှစ်20များကြာလေဦးမလားဗျာ
ကမ်းနားမှာ ပြိုလဲ ပျက်စီးနစ်မြုတ်နေတဲ့ ဗောတံတားတွေနဲ့ အတူ လူသေတွေမျောပါတာ အီးဟီးးးးး ကြက်သီးထတယ်ဗျ
တနေ့ကတော့ တက်နေတဲ့ရေတွေက ရပ်နေတဲ့ ကမ်းနဖူးနဲ့ တစ်ထွာပဲ လိုတော့တယ်
ဒီနေ့ တော့ သွားမကြည့်ရသေးဘူး
ညဖက်လဲ ထွက်ရဲဘူးလေ မှောင်မည်းနေတော့ ကြောက်သကွဲ့
တက်လိုက်တဲ့ ကုန်ဈေးနှုံးကတော့  ဒုံးပျံစီးသွားသလားမှတ်ရဆိုသလိုပဲ

အော် လူဖြစ်ရတဲ့ ဒုက္ခ................
(ဘုန်းဘုန်းတွေ ဆီက စီးတဲ့သွေးတွေ ဆေးသွားသလားမသိဘူး နာဂစ်ရေ)

စက်ရပ်သတင်းကတော့ စင်ကာပူမှာ နောက်ထပ် မုန်တိုင်းတလုံး ABC ဆိုပဲ ၀င်ဦးမတဲ့  နောက် နာရီ ၈၀အတွင်းဆိုပီး မတ်စိတွေ ပလူပျံနေသတဲ့
ဟုတ်ချင်မှတော့ ဟုတ်ပေမပေါ့  http://www.narinjara.com/details.asp?id=1731
ဘာပဲပြောပြော အရင်ဝင်တဲ့ သူပုန်က အကုန် သောင်းကျန်းသွားပီးမလို့ နောက်ဝင်မဲ့ သူပုန်ကိုတော့ သနားတယ်
ဝင်ချင်ရင်လဲ အပျက်အစီးတွေနဲ့ အခွန်ပဲ ရမအေ့

ဖြစ်ပြီးတာတွေတော့ မတတ်နိုင်ဘူး။ ရှေ့ဆက် တို့တွေ(အထူးသဖြင့် ရန်ကုန်ဘလော့ဂါတွေစုပြီးတော့ပေါ့) ဘယ်လို ကူညီရမလဲ ပြင်ဆင်ဆဲ.......
ဝတ်လက်စ အ၀တ်ဟောင်းတွေနဲ့ စောင်၊ ခြင်ထောင်တွေတော့ ကုန်ပီ အဟိဟိ အနားနီးလို့ သတင်းသိရတဲ့သူတွေ လာလို့ ထည့်ပေးလိုက်တာလေ(မဖြစ်စလောက်လေးပါလေ သူများကိုလဲ သနားတယ် တက်သွားတဲ့ ကုန်ဈေးနှုံးကြောင့် အနော့မှာလဲ ပိုက်ပိုက် အများကြီးချိတော့ဘူး)
သတင်းမှာဖတ်ရလို့ နိုင်ငံတကာက လာတဲ့ အကူအညီတွေကတော့ အားရစရာပါပဲ
ဒါပေသိ ထုံးစံအတိုင်း တ၀က်စားတွေ မလုပ်ကြစေချင်ဘူးဗျို(ဘေးဒုက္ခသည်တွေကို တကယ့် သွေးသားရင်းလို ကိုယ်ချင်းစာပြီးတော့ပေါ့)

လောလောဆယ် အိမ်က လိုင်းဖုန်းရော ဆတ်စလူးရော ပျက်နေပီ
ဘယ်သူ့မှ ဆက်သွယ်လို့ ရသေးဘူး ငုတ်တုတ်ထိုင်နေပါတယ်ဗျိုးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
မုန်တိုင်းဗဟိုထိတဲ့ ဘိုကလေးဘက်ကလူတွေတော့ မသေလို့ ပြန်တွေ့ရတာ သိန်းထီပေါက်သလောက် ၀မ်းမြောက်ပါ၏

မြန်မာပြည်သူပြည်သားအားလုံး (ရန်သူမျိုးငါးပါးလုံးရဲ့ )ဘေးဒုက္ခတွေ မြန်မြန်ဝေးရပါစေဗျာ........