Saturday, April 26, 2008

စင်ကာပူတွင် အလုပ်ရှာရာ၌ အမေးခံရတတ်သော အင်တာဗျူးမေးခွန်းများ

စင်ကာပူတွင် အလုပ်ရှာရာ၌ အမေးခံရတတ်သော အင်တာဗျူးမေးခွန်းများ အကြောင်းကို မြန်မာကျူးပစ်ဖိုရမ်ထဲမှာ ရှဲထားတာလေး ပီဒီအက်ဖ်နဲ့ တွေ့လို့ လင့်ခ်တင်ပေးလိုက်ပါတယ်ဗျို

ပီဒီအက်ဖ် လုပ်ပေးတဲ့ ဒေးလိုက်ကိုလဲ သိုင်းခရုဗျို


Thanks and all credit goes to suuchit@mmcp


Wednesday, April 23, 2008

ကူညီချင်ကြသူများ ကော်နက်ရှင်ကောင်းအောင် လုပ်ပေးပါလား

မယ်လိုဒီတို့ ဒီနေ့ အွန်လိုင်းမှာ ည 9နာရီထိရှိပါတယ်
စိတ်ပျက်လဲသေလို့ ရတဲ့ ကော်နက်ရှင် ဒွတ်ခပေးလို့ ညနေ 7နာရီကတည်းက ပို့တဲ့
မေးလ်တစ်စောင်
ည ၈နာရီထိလဲ မထွက်လို့ attached files တွေကို 4ခါ ခွဲပြီး
ကြိုးစားပို့တော့မှာ 9နာရီမှာ အောင်မြင်စွာထွက်သွားနိုင်ပါတယ်။

အော်..ဘ၀..ဘဝ
အားကျစရာ..အဲလေ ..တော်တော်နေပျော်တဲ့ဘ၀လို့

ကဲ ..ထမင်းသွားစားပြီး အိမ်ပြန်အိပ်ပါတော့မယ်ဗျိုးးးးးးး အွန်လိုင်းကနေ
ထွက်တာ သစ်စိမ်းချိုးချိုးပြီး နှုတ်မဆက်သွားရတဲ့ ဘော်ဘော်တွေရေ
ဂွတ်ညပါနော်

စာကြွင်း။ ။ ပို့တဲ့ မေးလ်က ဖရီးမေးလ်မလို့ 2နာရီကြာတာ။
ဟိုမေးလ်ဆိုရင်တော့ 2ရက်ကနေ 2လထိကြာတာ ရှိတယ်ဗျိုးးးးး မယုံရင်
ပုံပြင်လို့ မှတ်။ အိပ်ရာဝင် ပုံပြင်ပေါ့နော် အဟက်ဟက်

Tuesday, April 22, 2008

သံလွင်ကို အိမ်မက်တဲ့အခါ ငါတို့ရဲ့ တေးသွားကို ကြားရလိမ့်မယ်

သံလွင်ကို အိမ်မက်တဲ့အခါ ငါတို့ရဲ့ တေးသွားကို ကြားရလိမ့်မယ်တဲ့
သံလွင်အိမ်မက် အီးမဂ္ဂဇင်း အတွဲ ၂ ၊ အမှတ် ၁ ။ ၂၀၀၈ ခုနှစ် ဧပြီလထုတ် ထွက်နေပြီ သူငယ်ချင်း နေဘုန်းလတ်ရေ။

ရုံးမှာ တနေကုန် အလုပ်မလုပ်ပဲ အားလုံး ပြောင်အောင် ထမင်းမစား (ကော်ဖီသောက်ပြီး) တနေကုန် ဖတ်ပစ်လိုက်တာ နင်သိစေချင်သားဟ။ နင့်ကိုလဲ သတိရလိုက်တာလေ မပြောပါနဲ့တော့
"၀င်ကစွပ်တွေဆွဲတဲ့ ပန်းချီ" ဓာတ်ပုံလေးကိုပြန်ကြည့်မိတော့လဲ သိပ်ကြိုက်တာပဲ ပြောတဲ့ ငါ့ကို ပုံအကြီးကြီးထုတ်ပြီး လက်ဆောင်ပေးမယ်ပြောထားတဲ့ နင် အမြန်ထွက်လာပြီး လက်ဆောင်ပေးဦးမလားဆိုတာ အိမ်မက်ထဲတောင် ထည့်မက်သဟ။

"ဆေးကောင်းတစ်ခွက်လား အဆိပ်ခွက်လား"ဆိုတဲ့ ဆောင်းပါးလေးလဲ ပြန်ဖတ်မိနေဆဲပေါ့
နင်က တောင်းဆိုလို့ ရေးခိုင်းတဲ့ သံလွင်စကားဝိုင်းမှာလဲ ကိုယ့်ကိုတိုင် ပြန်ရေးတာတွေပြန်ဖတ်ရင်း ငါရေးတာ ကောင်းတယ်ပြော ထောက်ခံခိုင်းတဲ့ ငါ့ကို "အစ်မလဲ x.x.x နဲ့ အတူတူပဲ " လို့ သောက်ညင်ကောက်စရာ နှိုင်းတာမလို့ ရန်ဖြစ်ခဲ့ရတာ စိတ်ကောက်ခဲ့ ရတာလဲ သတိရမိပါရဲ့ (အဲဒီနောက်ပိုင်း ငါတော်ကြောင်း ကောင်းကြောင်း ဘယ်သူ့မှ မထောက်ခံခိုင်းတော့ ပါဘူး သူငယ်ချင်းရေ)

ကာတွန်းတွေ ဖတ်ပြီးတော့ ရယ်ရတာတော့ နင့်ဖို့ ပါ ပိုရယ်ပေးလိုက်သဟ

နင်မရှိပေမဲ့ သံလွင်ဝိုင်းတော်သားတွေ စုပေါင်း ကြိုးစားထားတဲ့ ဒီ
အတွဲ ၂ ၊ အမှတ် ၁ ။ ၂၀၀၈ ခုနှစ် ဧပြီလထုတ်လေးကို နင်မဖတ်ဖြစ်သေးပေမဲ့လဲ တခြားသူငယ်ချင်းတွေ ဖတ်လို့ ရအောင် ငါတာဝန်ကျေစွာ ပို့စ်တင်ပေးလိုက်တယ်နော်။

ဒီမှာ သွားဖတ်လို့ ရတယ်ဗျ
http://www.thanlwin.com/thanlwinainmat/0201/

နင်လဲ အထဲမှာ တာဝန်ကျေနေမှာပါလေ။ ဟက်ပီးသင်္ကြန်နော် သူငယ်ချင်း...

မာတိကာ
အမှာစာ
  သံလွင်ဝိုင်းတော်သားများ
ကာတွန်း
  အော်ပီကျယ်၊ ကေအန်တီ၊ NNOK၊ Lမီးစု
ကဗျာ
  ကမ်းနားသစ်ပင် (ဇေသန်း)
  ပိတောက်၏ ငြင်းပယ်ခြင်း (ပန်ဒိုရာ)
  ချန်ပီယံ "လု" ပွဲ (ခေလွန်း)
  ချစ်သူသိစေဖို့ ... (ချိုဧပရယ်လ်)
  အမှောင်ထဲမှာ မြင်ကြည့်ခြင်း (မိုးလှိုင်ည)
  ကန့်သတ်ဘဝ (ခန့်ငြိမ်းသက်)
  ရယ်လိုက်ပါလားကွာ (ကိုဖြိုး)
  အိမ်ပြန်မယ့်အချိန် (နေဘုန်းလတ်)
စာဖတ်သူများထံမှ ပေးစာ
  သံလွင်စာဖတ်ပရိသတ်များ
ဆောင်းပါး
  သံလွင်စကားဝိုင်း (သံလွင်ဝိုင်းတော်သားများ)
  တိုင်းပြည်အတွက် သင်ဘာလုပ်ပေးနိုင်သလဲ (ညီညီ(သံလွင်))
  မြို့ကြီးပြကြီးနှင့် မီးစက်ယဉ်ကျေးမှု (ကိုလေး(ဆေး-၁))
  နေ့တစ်နေ့၏ အတွေးများ (ခရေဖြူ)
  တောင်ကြီး တန်ဆောင်တိုင် ယဉ်ကျေးမှုနဲ့ အမိမြေ (ခွန်မြလှိုင်)
  ဆေးကောင်းတစ်ခွက်လား အဆိပ်ခွက်လား (နေဘုန်းလတ်)
  သူတို့ပြောတဲ့ အလုပ်အကြောင်း (အေးချမ်း(သံလွင်))
  မျိုးကျော့မြိုင်၊ ဥပဓိအနက်သရုပ်နှင့် စဉ်းစားရန် အတိုအစများ (ရဲစစ်ကောင်းကင်)
  စီးပွားရေးသမား၊ ပရောဂသက်ရောက်မှုနှင့် တံတောင်တွတ်ခံရခြင်း (ဇော်ကြီး)
ဝတ္ထုတို
  သူငယ်ချင်းသို့ ပေးစာ (သံလွင်မောင်)
  မြစ်တစ်စင်း (သက်မာ)
  သူမသည် ကမ္ဘာမြေကို မျှား၏ (ပန်ဒိုရာ)
  မချိုသော ပန်းသီးများ (မွန်းသက်ပန်(ဆေး-၁))
  သူမ၏ အလင်းနှစ်တည်ရှိရာ (နေညိုရနံ့)
  လက်ကလေးများ (နန်းသက်ထား)
  ဘဝဆက်တိုင်း (ပိုး)
  ၀၉၅၁...အနာဂတ် (အောင်ပိုင်စိုး)
  နေရောင်မဲ့သော ကျွန်မ၏ မနက်ဖြန်များ (မီမီတိုး)
အက်ဆေး
  ဘဝကား (မင်းလူ)
  စည်းအပြင်မှာ ပွင့်တဲ့ပိတောက် (ကိုဖြိုး)
  အတိတ်ကျောင်းမှ အတ္ထုပ္ပတ္တိခြေရာများ (ခရေဖြူ)
  စိတ်ကူးမဲ့ မနက်ခင်းများ (မိုးလှိုင်ည)
  စည်းလုံးခြင်းသည် အင်အား (ကိုငယ်(မန္တလေး))
  ရင်ဝေးငှက်ရဲ့ တောင်ပံခတ်သံ (နေညိုရနံ့)
  ကျွန်တော်သိတဲ့ မြို့တော် (ဇင်ကိုလတ်)
စာအုပ်စင်
  သံလွင်ဝိုင်းတော်သားများ
အင်တာဗျူး
  စာရေးဆရာ ဆရာမောင်သစ်ဆင်းနှင့် စကားစမြည် အပိုင်း (၂)
  သီးလေးသီး အငြိမ့်အဖွဲ့နှင့်။
ဗေဒင်
  သံလွင်ကဝိ
သီချင်း
  သီချင်းကောင်း (၁၀) ပုဒ်
ဓါတ်ပုံ
  စိုးဇေယျထွန်း၊ ကိုငယ်(မန္တလေး)၊ ဇင်ကိုလတ်၊ နေဘုန်းလတ်၊ မြင့်ထွန်းလင်း၊ ဖိုးသား၊ ဂျေဂျေ၊ ကိုမောင်မောင်၊ နိုနိုသူ၊ ညီညီ(သံလွင်)။
သို့ ... ကိုသံလွင်
 
သံလွင်နှင့် အမေးအဖြေ

Monday, April 21, 2008

မြန်မာကျူးပစ် နှစ်နှစ်ပြည့် အထိမ်းအမှတ်ဂျာနယ်

မင်္ဂလာပါ
နှစ်နှစ်ပြည့် မြန်မာကျူးပစ်ရေ


မြန်မာကျူးပစ် နှစ်နှစ်ပြည့် အထိမ်းအမှတ် ဂျာနယ်လေးပါ
Volume -5 အနေနဲ့  ထွက်ရှိထားပါတယ်
ကဗျာ၊ ၀တ္ထုတို၊ စာအုပ်အညွှန်း၊ ရုပ်ရှင်အညွှန်း၊ သီချင်းအညွှန်းများနဲ့အတူ ကာတွန်း၊ သံချပ်၊ အိုင်တီအမေးအဖြေကဏ္ဍ ဖတ်စရာစုံလင်စွာနဲ့  စင်္ကာပူတွင် Professional အလုပ်ရှာရာမှာ သိသင့်တဲ့ အချက်အလက်များနဲ့ ဆောင်းပါးလေးလဲ ဖတ်စေချင်လို့  share လိုက်ပါတယ်နော်။
ဒီမှာ ဒေါင်းလုပ်ရယူပါ။ http://myanmarcupid.net/community/showpost.php?p=232455&postcount=18
or here: 4.09 mb ( Screening Quality ) PDF file ( Updated )
download links

megaupload

sendspace

zshare

mediafire

rapidshare

Sunday, April 20, 2008

ဘူးတစ်လုံးဆောင် အိုတောင်မဆင်းရဲ

နှစ်သစ်ကိုရောက်ပီ
လူသစ်စိတ်သစ်နဲ့ အတွေးအခေါ်အသစ်တွေ ရမလားစဥ်းစားပါတယ်
"ဟိုဟာမလုပ်ရဘူး" "ဒီဟာမလုပ်ရဘူး"
"ဟိုလိုမလုပ်ရဘူး" "ဒီလိုမလုပ်ရဘူး" ဆိုတဲ့  ဘောင်ခတ်တဲ့ စကားတွေပဲ ကြားနေရတာ စိတ်ပျက်တယ်
ရှေ့တိုးလို့ သေမယ်ဆိုရင်တောင် ကိုယ်ရွေးတဲ့ လမ်း ကိုယ်ဘာသာ ဆယ်ဘ၀သေစမ်းပါစေ သေပစ်ချင်တယ်
ခုတော့ ..ခုတော့... ခြိမ်းလားခြောက်လားလုပ်လုပ်နေတော့ တော်တော် သောက်ညင်ကတ်လာပီ
ဒါဆို ဒီတားမြစ်တဲ့ ဘူးတွေနဲ့  ရှေးရှေးက စကားပုံ ဘာကွာပါလိမ့်
"ဘူးတစ်လုံးဆောင် အိုတောင် မဆင်းရဲ" တဲ့
အလယ်လယ် ဒီဘူးကတော့ တယ်ကောင်းမဲ့ ပုံပဲ
မယ်လိုဒီဘာတွေပြောနေလဲ လာမမေးနဲ့
ဖြေဘူးးးးးးးးးး
နင့်စကားပုံက မမှန်ပါဘူး အဓိပ္ပါယ်မရှိပါဘူး လို့လဲ လာမငြင်းနဲ့
အရှုံးမပေးဘူးးးးးးးးးးးးးးးးးး
နင်မှားတယ် ငါတို့ပြောတာပဲအဓိပ္ပါယ်ရှိတယ် လာမပြောနဲ့ 
နိုးပဲ နိုးမှနိုးပဲ လုံးဝ အဓိပ္ပါယ် မရှိဘူးးးးးးးးးးးးးးးးးးးးးးးးးးးး
ငါတို့ ပြောတာကိုပဲ ထောက်ခံပါပြောလဲ
လုံးဝ လုံးဝ မထောက်ခံဘူးးးးးးးးးးးးးးးးးးးးးးးးးးး

စာကြွင်း။ ။ ဘူးတစ်လုံးဆောင်ကြည့်ရုံသက်သက်ပါဗျို

Saturday, April 12, 2008

ဟက်ပီး သင်္ကြန်ပါဗျာ

မောင်နှမ သူငယ်ချင်းအားလုံးပဲ

ဟက်ပီး သင်္ကြန်ပါဗျာ

မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေ။
လူသစ်စိတ်သစ်နဲ့ စိတ်ကောင်းနှလုံးကောင်းထားတဲ့ သူတော်ကောင်းတို့
ထွန်းကားရာ နိုင်ငံတော်သစ်အမြန်ဖြစ်လို့ ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေလို့

ကဲ..ကဲ..မုံ့လုံးရေပေါ်စားနော် ထန်းလျက်တော့ ရှောင်ထားတယ်
ငရုတ်သီးတော့ ရှယ်ထည့်ထားတာ
အဲလေ ယောင်လို့ ... ငရုတ်သီး မပါဘူးလို့ ပြောတာ အဟိဟိ


Sunday, April 6, 2008

ငါမှန်းပြီးမက်တဲ့ အိမ်မက်


တစ်ယောက်ဆို တစ်ယောက်
ပိတောက်ဆို ပိတောက်လို့
တို့နှစ်ယောက် သစ္စာတွေဆို
မေတ္တာတွေလဲ ပိုခဲ့ပေမဲ့

တစ်နှစ်ပြီးတစ်နှစ်
နင်လဲ တစ်ချစ်ပြီးတစ်ချစ်တွေ့လို့
ီနင်နဲ့ ငါနဲ့လဲခွဲ
အိမ်ရှေ့က ပိတောက်ပင်ကြီးလဲလဲ
(ဒါပေသိ) သင်္ကြန်ရောက်တိုင်း သတိရမြဲပါ..

နွေနေ့ရက်များက ပူပြင်းတောက်ပဆဲ
ငါ့နှလုံးသားလဲ မောလျဆဲပါ
အေးမြတဲ့ သင်္ကြန်ရေတစ်စက်
အကြင်နာနဲ့ သူလာဖျန်းပက်
ငါမှန်းပြီးမက်တဲ့ အိမ်မက်တစ်ကွက်ပေါ့...

စာကြွင်း။။ အများနဲ့ သက်ဆိုင်တဲ့ ပျော်စရာ သင်္ကြန်ကဗျာတစ်ပုဒ်ကို
စပ်ဆိုဖို့ ကြိုးစားပေမဲ့လဲ မအောင်မြင်ပြန်ဘူးဗျာ။ ကာရံမဲ့တဲ့
ဒီခံစားချက်တွေပဲ ထွက်ထွက်လာတာပါလား။ ဟူးးးးးးး
(အဲလိုပြောရင်ယုံပါ့မလားဗျို :P)

အားလုံးနှုတ်ဆက်ထားပါတယ်။ သင်္ကြန်ပြီးမှ ပြန်ပြီး ဘလော့ဂင်းပါမယ်ဗျို
ပြီးတော့ ဟက်ပီး သင်္ကြန်ပါဗျို..အားလုံးပဲ ပျော်ရွှင်ပါစေ၊သင်္ကြန်ရေနဲ့အတူ
အေးမြကြပါစေနော်။

Friday, April 4, 2008

ဂဏန်းဗေဒင်

ဂဏန်းဗေဒင်တဲ့ဗျာ ပို့တဲ့သူပို့လာတာ မှန်သကို မို့လို့
မဖတ်ရသေးသူတွေအတွက် ပြန်တင်ပေးလိုက်ပါတယ်။
ပို့ပေးတဲ့သူအပြင် မူရင်းပို့စ်ပိုင်ရှင်ကိုလဲ ကျေးဇူးဗျို
အော် ကျမကတော့ ၁ ဂဏန်းသမားရှင့် :P

ရှင်နေမင်းနဲ့ ကိုဂျိုကာ

၁ ဂဏန်းသမား
နေမင်းရဲ့တမန်တော်ဟာ လွတ်လပ်မှုကိုမြတ်နိုးတယ်၊ ဦးဆောင်နိုင်စွမ်းရှိတယ်။
တက်ကြွလှုပ်ရှားတယ်။ တီထွင်ဖန်တီးဆန်းသစ်နိုင်တယ်။ သူတပါးကို
အင်မတန်ကူညီတတ်တယ်။ အုပ်ချုပ်မှုစွမ်းရည်လဲမြင့်မားကြတယ်။ သူတို့ဟာ
၁.၁၀.၁၉ နဲ့ ၂၈ ရက်တွေမှာ ဖွားမြင်သူတွေပေါ့။ ခေါင်းဆောင်ကောင်းတွေ၊
ထိပ်တန်းကလူတွေ၊ဖြစ်တတ်ကြပါတယ်။ ဥပမာပြောရရင် ဆိုက်ကားနင်းရင်တောင်
ဂိတ်မှုးလောက်တော့ အသာလေးဖြစ်တတ်သူတွေပါပဲ။ တခါတရံ
မာနကြီးတာ၊ခေါင်းမာတာကတော့ သူ့စရိုက်မို့လို့ခွင့်လွှတ်ပေးရမှာပါ။
ဒီဂဏန်းတွဲတွေထဲမှာမှ တစ်ရဲ့စွမ်းအားကို အပြည့်အ၀ပေးထားတာ ၁၉ ပါ။
တားရော့ကတ်မှာ The Sun ကတ်ပြားကို ကိုယ်စားပြုပါတယ်။
နေမင်းရဲ့သားတော်လို့လဲ တင်စားကြပါတယ်။ ကျနော်တို့ဆီမှာ အဲဒီ ၁၉
ရက်နေ့မွေးတဲ့ ဒိတ်ဒိတ်ကြဲအမျိုးသမီးကြီးတစ်ဦးရှိပါတယ်။
သူမရဲ့မွေးရက်ပေါင်းခြင်း တစ်နဲ့ အခု၂၀၀၈ ပေါင်းခြင်း တစ်ရချိန်မှာ
သူမအတွက် ထူးခြားတဲ့ အောင်မြင်မှုတွေရရှိမယ်လို့ ခန့်မှန်းမိပါတယ်။
သူမဘယ်သူဆိုတာ ..အားလုံးခန့်မှန်းနိုင်မှာပါ။ သူ့ကိုတော့ ကျနော်က
နေမင်းရဲ့ သမီးတော်လို့ ဦးညွှတ်တင်စားထားပါတယ်။

၅ ဂဏန်းသမား
၅.၁၄.၂၃ မှာမွေးတဲ့သူတွေကတော့ နေရာတကာစပ်စပ်နဲ့ပါနေတဲ့ ဂျိုကာလိုပါပဲ။
ဗုဒ္ဓဟူးဂြိုဟ် စိုးမိုးနေပါတယ်။ အသိဥာဏ်ကြွယ်ဝတာ၊ သွက်လက်ချက်ချာတာ၊
ပရိယာယ်ကြွယ်ဝတာ၊ ပျော်ပျော်နေတာ၊ စကားများတာ၊
စာရေးသားကောင်းတာ၊ရောက်ရာမှာတွေ့တဲ့သူနဲတည့်အောင်ပေါင်းတတ်တာ၊
ဖင်မငြိမ်တာတွေနဲ့ ငွေရှာကောင်းတာတွေကတော့ ၅ သမားရဲ့သင်္ကေတတွေပါပဲ၊
ITနည်းပညာရပ်ကြီးကိုကိုယ်စားပြုထားသလို ကုန်သည်ပွဲစား၊
သိပံ္ပပညာ၊ဗေဒင်ပညာ၊ဆေးပညာတွေနဲ့လည်း ဆက်သွယ်ထားပါတယ်။
လက်သန်းလေးတွေကောက်ကွေ့မယ်။ လက်သန်းအောက်က ဗုဒ္ဓဟူးဂြိုဟ်ခုံလည်း
အားနည်းညံ့ဖျင်းမယ်၊ ပြီးတော့ ၅ ဂဏန်းသမားလည်းဖြစ်ရင်တော့
သတိထားသာပေါင်းပေတော့။ စကားအင်မတန်လှအောင်ပြောတတ်သူ၊
ပုံပြောကောင်းသူကြီးတွေ၊ လူလိမ်တွေ၊ ကလိန်ကကျစ်ကျသူတွေ၊
ဂျင်ပေါ်ကထုံးတွေဖြစ်တတ်လို့ပါပဲ။ အင်မတန်တော်တဲ့ မျက်လှည့်ပညာရှင်တွေလည်း
ဖြစ်တတ်ပါတယ်။
လရောင်ချစ်တဲ့ ၂ နဲ့ ၇

၂ ဂဏန်းသမား
လရောင်ဆမ်းတဲ့ညတွေမှာ အလန်းဆုံးသူတွေကိုပြပါဆိုရင် ၂.၁၁.၂၀.၂၉
ရက်မွေးသူတွေ၊ ၇.၁၆.၂၅ရက်နေ့မွေးသူတွေကို ညွှန်းရပါလိမ့်မယ်။ စိတ်ကူးယဉ်၊
ခံစားချက်ကြီး၊ ဖီလင်သမားတွေဖြစ်ကြပါတယ်။ ဂဏှာမငြိမ်တာ၊ အသွားအလာများတာ၊
စိတ်ဓာတ်တက်ကျလွယ်တာတွေကတော့ သူ့အားနည်းချက်မို့လို့ ခွင့်လွှတ်ရမှာပါပဲ။
နူးညံ့သိမ်မွေ့လွန်းတော့ ဆရာအကြည်တော်စကားနဲ့ ပြောရရင်
နုဖက်ဥအက်နေသူတွေလို့ ဆိုရမယ်။ ၂ ဂဏန်းသမားလဲဖြစ်၊
ရေရာသီတစ်ခုခုမှာလဲမွေးမယ်။ နောက်ပြီး လက်ဖနောင့်ဝန်းကျင်က
တင်္နလာဂြိုလ်ခုံမှာ အားနည်းချက်ရှိမယ် ဆိုရင်တော့
စိတ်ပိုင်းဆိုင်ရာပြသာနာတစ်ခုခုရှိတတ်ပါတယ်။ စေတနာထားတာ၊စိတ်နူးညံ့တာ၊
ပြုပြင်ပြောင်းလဲလွယ်တာတွေကတော့ ဒီဂဏန်းရဲ့ အားသာချက်ပါ။ အနုပညာရပ်နဲ့
ပက်သက်ရင်ခံစားတတ်ပေမယ့် လက်တွေ့အားသွန်ခွန်စိုက်လုပ်ဖို့တော့
မတတ်နိုင်ကြပါဘူး။

၇ ဂဏန်းသမား
၂ ရဲ့စရိုက်တစ်ချို့ပါဝင်နေပေမယ့် သူနဲ့ သိပ်မတူတာက
နက်ပကျွန်းဂြိုလ်ပိုင် ၇ သမားပါ။ သူကပိုကြံ့ခိုင်ပါတယ်။ (ကြံ့ဖွတ်
မဟုတ်ပါ) အတွေးအခေါ်ကောင်းသူ၊ တီထွင်တတ်သူ၊ ထူးခြားဆန်းကြယ်တာဆို
ရှေ့ဆုံးကပါသူ၊ စာအရေးအသားကောင်းသူ၊
နိုင်ငံရပ်ခြားပင်လယ်ခရီးစိတ်ဝင်စားသူတွေဖြစ်တတ်ကြပါတယ်။ ၇သမားတွေဟာ
သူမတူတဲ့ စိတ်စွမ်းအားနဲ့ အတွေးမြင့်မားသူတွေလဲဖြစ်ပါတယ်။ ဆရာမင်းသိင်္ခဟာ
၂၅ ရက်မှာမွေး၊ ကရကဋ်ရာသီမှာဖွားပါတယ်။ သူ့စာတွေ အရေးအသားကောင်းမကောင်း၊
မြန်မာပြည်တစ်ဝှမ်းက သူ့စာဖတ်ပရိသတ်နဲ့ အကြိမ်ကြိမ်ပြန်ရိုက်နေရတဲ့
သူ့စာအုပ်တွေကြည့်ရင် သိသာမှာပါ။၂ ဆိုတဲ့ တင်္နလာဂြိုလ်စိုးမိုးသူနဲ့ ၇
ဆိုတဲ့ နက်ပကျွန်းစိုးမိုးသူတွေဟာ လမင်းနဲ့ ပင်လယ်ကို
ကိုယ်စားပြုနေပါတယ်။ နားအေးပါးအေးနေချင်သူ၊ မိသားစု သံယောဇဉ်ကြီးမားသူ၊
စိတ်ပေါက်လာရင် အသည်းအသန်အလုပ်လုပ်ပြီး ပြီးတာနဲ့ လုံးဝအနားယူတတ်သူ၊
အအေးဓတ်နဲ့ ပင်လယ်ကိုကြိုက်သူတွေဖြစ်တတ်ပါတယ်။
၂ သို့မဟုတ် ၇ ဂဏန်းသမားကောင်မလေးကို ရည်းစားစကားပြောချင်ရင်တော့ လဆန်း ၈
ရက်ကနေ လပြည့်နေ့အတွင်းမှာ သာပြောပေတော့၊ တရိပ်ရိပ်ပြည့်ဝလာတဲ့
လမင်းနဲ့အတူ သူမရဲ့ချစ်စိတ်တွေကလည်း ဒီရေအလား တဖြည်းဖြည်း
မြင့်တက်လာမှာမို့လို့ ခင်ဗျားအတွက် ကံကောင်းမှာပါ။ တကယ်လို့များ
အဆင်မပြေရင်တော့ ဗေဒင်ကို အပြစ်မတင်ပါနဲ့၊ ကိုယ့်ဖာသာညံ့လို့ ပဲ
မှတ်လိုက်ပါကုန်...

၃၊ ၆၊ ၉ ဆိုတဲ့ အမျိုးအနွယ်တွေ..
၃ ဂဏန်းသမား
၃.၁၂.၂၁.၃၀ ရက်ဆိုတဲ့ ကြာသပေတေးစိုးမိုးရာ
ဒီဂဏန်းသမားတွေကျတော့ရာထူးကြီး၊ ဌာနကြီးတွေမှာ အုပ်စိုးနိုင်သူတွေ၊
စည်းကမ်းတိကျသူတွေအဖြစ်တွေ့ရတတ်ပါတယ်။
ဘာသာရေး၊အတွေးခေါ်လိုက်စားသူ၊ဘ၀ကိုရည်မှန်းချက်ကြီးစွာ
ထားသူတွေလဲဖြစ်ပါတယ်။ သြဇာပေးနိုင်သူ၊ အကြီးအကဲနေရာမျိုးလည်း ရောက်ရှိတတ်ကြပါတယ်။
၃ ဂဏန်းသမားပီသလာရင် သူ့လက်ညိုးဟာဖြောင့်တန်းအားကောင်းပါတယ်။
လက်ညိုးအောက်ကကြာသပတေးဂြိုလ်ခုံကလဲပြည့်ဖြိုးနေတတ်ပါတယ်။ထိပ်တန်းက
ဒိတ်ဒိတ်ကြဲသူတွေဖြစ်တတ်ကြပါတယ်။

၆ ဂဏန်းသမား
၆.၁၅.၂၄ရက်မှာမွေးသူတွေကတော့ဗီးနပ်စ်ဆိုတဲ့သောကြာနတ်သမီးစိုးမိုးသူတွေပါပဲ။
စိတ်နှလုံးနူးညံ့တယ်။ အနုပညာခံစားသလိုတီထွင်ဖန်တီးနိုင်စွမ်းလဲရှိကြတယ်။
ဆွဲဆောင်အားကောင်းသလိုစန်းပွင့်တတ်ကြတယ်။
သူတပါးကိုအလွန်ကူညီတတ်သူတွေလဲဖြစ်ပါတယ်။ လူချစ်လူခင်ပေါများပြီး
အချစ်စိတ်ပြင်းပြပေမယ့် သူတို့ ချစ်ခင်သူတွေကို အသက်ပေးကာကွယ်တတ်တဲ့
ပြင်းထန်တဲ့ စိတ်ဓာတ်မျိုးလည်း ရှိနေပါတယ်။ ဇိမ်ခံ ရတာ၊
အစားကောင်းကြိုက်တာကလည်း သူ့စရိုက်လေးမို့ ခွင့်လွှတ်ပေးကြပါ။

၉ ဂဏန်းသမား
၉.၁၈.၂၇ မှာမွေးတဲ့ သူတွေကတော့ God of War ဆိုတဲ့ စစ်ဘုရင်
အင်္ဂါဂြိုလ်စိုးမိုးသူတွေဖြစ်ပါတယ်။ ဘ၀မှာ အတိုက်အခံ
အပြိုင်အဆိုင်တွေများသလို ကိုယ်တိုင်ကလဲ အဲလိုအခက်အခဲရှိမှသာ
အောင်မြင်မယ့်လူစားမျိုးပါ။ တိုက်ပွဲတစ်ခု ဆင်နွဲသလို ဘ၀ကို
ရင်ဆိုင်တတ်သူတွေပါပဲ။ တခါတလေ ဒေါသကြီးတာ၊ စိတ်ဓာတ်ပြင်းထန်သူတွေ၊
တဇွတ်ထိုးလုပ်တတ်သူတွေဖြစ်ပါတယ်။ သူလည်း အိမ်ထောင်ကျ နောက်ကျတတ်တဲ့
ဂဏန်းမျိုးဖြစ်ပါတယ်။ အားမငယ်ပါနဲ့ဗျာ လက်ဖက်ကောင်းစားချင်ရင်
တောင်တက်ကတော့ နှေးရမှာပေါ့နော..
ဂဏန်းတွေဟာ ကောင်းကင်ကောဇာဂြိုလ်တွေရဲ့ရွေ့လျားမှုတွေ၊နောက် ပြီး
လက္ခဏာပေါ်က အရေးကြောင်းတွေနဲ့ တနည်းတဖုံ ဆက်နွယ်နေတတ်ပါတယ်။ အခု
ကောင်းကင်မှာ ကြာသပတေးက သူပိုင်ဓနုအိမ်မှာ ကသစ်မူနေလို့ ၃
ဂဏန်းပိုင်ရှင်တွေ လက်မထောင်နိုင်တဲ့
အချိန်အခါပါပဲ။ရာထူးတိုးတာ၊လုပ်ငန်းချဲ့ထွင်တာ၊
ငွေတွေအပုံလိုက်ဝင်တာမျိုးတောင်ဖြစ်တတ်ပါတယ်။
ဘာသာရေးလုပ်ပေးပါလို့အကြံပေးလိုက်ပါတယ်။ပညာသစ်တွေလဲရတတ်ပါတယ်။
နောက်ဆုံးအနေနဲ့ လေ့လာမိသမျှပြောရရင်
ဒီ ၃.၆.၉ ဂဏန်းတွေ မွေးသက်ကရစ်မှာကြိမ်ရေများများပါလာရင်တော့
ဥာဏ်များတဲ့သူတွေဖြစ်တတ်ကြပါတယ်လို့

၎ နဲ့ ၈ ချစ်သူတွေ
၎ ဂဏန်းသမား
ကိုယ်မြတ်နိုးတဲ့ ချစ်သူ၊ ဒါမှမဟုတ် သူငယ်ချင်းမိတ်ဆွေဟာ ၄၊ ၁၃၊၂၂ ရက်လို
ယူရေးနပ်စ် စိုးမိုးတဲ့ ဂဏန်းတွေမှာ မွေးဖွားခဲ့ရင်နားလည်ရခက်မယ်။
အစဉ်အလာတွေကို ဂရုမစိုက်သူဖြစ်တယ်။ခေါင်းကလည်းမာတယ်။ထူးဆန်းတာတွေလည်း
ဖောက်ထွက်လုပ်ကိုင်နိုင်သူဖြစ်တယ်။ တော်လှန်ပုန်ကန်တတ်သူဖြစ်တယ်။
အပြောင်းအလဲကို ခုံမင်သူဖြစ်တယ်။ တခါတရံ ကြောင်တယ်လို့ အပြောခံရတဲ့
အထိပါပဲ။

၈ ဂဏန်းသမား
၎ ကို ၂ နဲ့ မြှောက်လို့ ၈ ရလာတဲ့အခါ ၄ ရဲ့နှစ်ထပ်ကွမ်း
စွမ်းအားတွေပါလာသလို စနေရဲ့ လွှမ်းမိုးချယ်လှယ်မှုတွေပါ ပါဝင်လာပါတယ်။ ၈
ဂဏန်းစိုးမိုးသူတွေကတော့ ၈၊ ၁၇ နဲ့ ၂၆ မှာမွေးဖွားပါလိမ့်မယ်။
ဒဏ္ဏာရီမှာတော့ ခြေကျိုးလို့ အမည်တွင်ပြီး ကောင်းကင်မှာ ရေခဲဂြိုလ်လို့
မြင်နေရတဲ့ စနေစိုးမိုးသူ ၈ ဂဏန်းသမားတွေကျတော့ လျှို့ဝှက်တယ်။
အေးတိအေးစက်နိုင်တယ်။မြုံစိစိသမားတွေလည်းဖြစ်တယ်။
စိတ်ခံစားချက်အလွန်ကြီးမားသူတွေလည်း ဖြစ်ပါတယ်။
အဲဒီဂဏန်းသမားနှစ်ဦးမှာခင်ဗျားတို့ချစ်သူ၊မိတ်ဆွေတွေဖြစ်နေလို့ကတော့သိပ်မချောင်ပါဘူး။
သူတို့ကို အင်မတန်နားလည်ပေးရပါလိမ့်မယ်။ ဘုဂလန့်ကျတဲ့ ၄ ရယ်၊ အေးစက်စက် ၈
ရယ်ကြောင်း
ဆက်ဆံရေးဟာ မချောမွေ့နိုင်ပါဘူး။ သတိထားရပါလမ့်မယ်။
သူတို့ရဲ့ အများနဲ့ မတူတဲ့ စတိုင်တွေ၊ စကားလုံးတွေကြောင့် စိတ်ထဲ
ခိုးလို့ခုလုတော့ ဖြစ်ရမှာ ကျိန်းသေပါတယ်။ ဒါ့အပြင် သူတို့မွေးဖွားရာ
ရာသီတွေက မကာရ၊ ကုံလိုမျိုးရာသီတွေသာဆိုရင်တော့ သူတို့ရဲ့ ထူးခြားတဲ့
စရိုက်တွေက ပိုပေါ်လွင်လာမှာပါ။
သူများတွေကို ပေါင်းသင်းဆက်ဆံရေးမှာ ဖုထစ်စေတဲ့ အဲဒီ ဂဏန်းနှစ်ခုဟာ
ဝဋ်တော့ပြန်လည်ပါတယ်။ ဘယ်လိုလည်လဲဆိုတော့ ၄နဲ့ ၈ သမားနှစ်ဦးစလုံးဟာ
လူပျိုကြီး၊ အပျိုကြီးတွေဖြစ်ရင် ဖြစ်၊ မဖြစ်လို့ကတော့
အိမ်ထောင်ကျနောက်ကျတော့တာပါပဲ။ သူတို့ရဲ့အိမ်ထောင်ဖက်ကတော့
မချိသွားဖြဲလေးဖြစ်နေမှာ မြင်ယောင်ပါသေးတယ်။ ဒါကတော့ ဂဏန်းသင်္ချာကိုသာ
တွက်ဆဟောကိန်းထုတ်တာဆိုတော့ ကွက်တိမှန်ချင်မှ မှန်မှာပါ။
ပျော်စရာလေးဖြစ်အောင်လည်း ရေးထားတာပါ။

Posted by Younggun, All credit goes there: http://aungmyomyint.blogspot.com/

Wednesday, April 2, 2008

Types of Web Application

Web Application အမျိုးအစား နှစ်မျိုးအကြောင်းကို သေချာ ပြန်ပြောပြချင်တာပါ။
(၁) Static Web Site
သူကတော့ informational web site သတင်းအချက်အလက်တွေ ပေးရုံသက်သက်အတွက်
ရည်ရွယ်ထားတဲ့ web site များပါ။
HTML(Hyper Text Mark Up Language)၊ CSS(cascading style sheet)၊ JAVA Scriptံ
HTML က data အတွက် သုံးပါတယ်။ CSS ကတော့ style အတွက် သုံးပြီးတော့
client နဲ့ website အကြား interactive ဖြစ်စေဖို့ အတွက်တော့ JAVA Script
တွေ သုံးပါတယ်။
အဲဒါတွေက Client Side Technologies တွေပါ။

(၂) Dynamic Web Site
သူကတော့ clients နဲ့ အပြန်အလှန် interactive ဖြစ်ဖို့ လိုတဲ့ web site
တွေပါ။ ပြီးတော့ database နဲ့ ချိတ်ဆက်ပြီးသုံးပါတယ်။
ဒီလိုဖြစ်ဖို့ အတွက် အပေါ်မှာပြောခဲ့တဲ့ Client side technologies တွေလဲ
ပြန်သုံးရပါမယ်။ ဒါ့အပြင် Server Side technologies တွေဖြစ်တဲ့ ASP,
ASP.Net, PHP, JSP တို့ကိုလဲ ထပ်သုံးရပါဦးမယ်။ အဲဒီသုံးတဲ့ technologies
တွေပေါ်မူတည်ပြီးတော့မှ web server တွေကို ပြန်လည် ရွေးချယ်ရပါတယ်။
ဥပမာ- ASP, ASP.Net သုံးတဲ့ web application အတွက်ဆို IIS ဆိုတဲ့ web
server ကို သုံးရမှာဖြစ်ပြီး PHP ဆိုရင် Apache နဲ့ JSP ဆိုရင် TomCat
တို့လို web server ကိုသုံးရမှာပါ။

Programming မှာ windows based ရေးတာ web based ရေးတာ နဲ့ enterprise
based ရေးတာတွေဆိုပြီး ကွဲပြားတာမှာ JAVA ကတော့ သုံးမျိုးလုံးအတွက်
cover ဖြစ်ပေမဲ့ .Net မှာတော့ web based ကို အခြေခံပြီး ASP.Net
အကြောင်းကိုပဲ အလေးပေးရေးပါမယ်နော်။
ဒါပေသိ အခြေခံအနေနဲ့ နဲနဲ ဖွပါရစေ။
Programming language ဆိုတာ လူနားလည်တဲ့ ဘာသာစကားကို စက်နားလည်တဲ့
machine code တွေအဖြစ်ပြောင်းလဲပြီး ကိုယ်ဖြစ်ချင်တဲ့ အလုပ်တွေကို
လုပ်ခိုင်းတာလို့ပဲ လွယ်လွယ်ပြောပါရစေ။
အဲဒီ programming language ဆိုတာထဲမှာ (1) instructions : sum=a+b; နဲ့
(2) data : int i,j, sum; (3) comments : //.... (programmer / ဖတ်တဲ့
လူတွေ နားလည်စေမဲ့ အပိုဆောင်း အချက်အလက်တွေကို
မှတ်ချက်ပုံစံမျိုးဖေါ်ပြခြင်း)
အဲဒါတွေ ပါခဲ့တယ်။ 2005 လောက်မှာ JAVA 1.5 လောက်မှာတော့ Annotation
ဆိုပြီး နံပါတ်သုံးအချက်ဖြစ်တဲ့ comments အပြင် compile လုပ်ပြီး
စက်နားလည်စေဖို့ဘာသာပြန်တဲ့ အခါမှာတောင် နားလည်စေမဲ့ additional
information ကိုထည့်ပေးပါတယ်။ ဒီအခါမှာတော့ အရင်က အဲဒီ Annotations တွေ
မပါခင်က instructions တွေမှာ what & how နှစ်ခုလုံးကို ပြောခဲ့ ရေးခဲ့
ရပေမဲ့ ဒီ Annotations တွေ ပါပြီးတဲ့ အခါမှာတော့ what ကိုပဲ
ပြောရတော့တယ်။ how ဆိုတဲ့ code တွေကို compiler က သူဖာသာ generate
လုပ်ပေးသွားတာပါပဲ။ C# မှာကျ [ ] ထဲမှာ ထည့်ရေးတဲ့ Attributes အနေနဲ့
ထည့်ရေးလို့ ရလာပါတယ်။

HTML ဆိုတာကလဲ ထိုနည်းဆင်တူပါပဲ။ static website အနေနဲ့ ရေးတာပဲ ဖြစ်ဖြစ်
dynamic မှာဖြစ်ဖြစ် သူက ပါတဲ့ data/contents တွေကို လှအောင်
ပြတာပေါ့နော်။ သူ့ရဲ့ ဖိုင်နာမည်က .html နဲ့ ဆုံးပါတယ်။ သူလဲ
နှစ်ပိုင်းပါဝင်ပါတယ်။ (1) contents/ data & (2) Style elements ပါ။ HTML
လေ့လာတယ်ဆိုရင် အဲဒီ နံပါတ်(2) style elements တွေအတွက် tag/ code တွေ
ဘယ်လို သုံးပြီး ရေးရတယ် ဆိုတာပါ။
ဥပမာ- <html>
<body>
</body>
</html>
အဖွင့် tag၊ အပိတ် tag တွေနဲ့ ရေးသွားတာပါ
HTML နဲ့ ပါတ်သက်ပြီး စေတန်ဂေါ့ ရေးထားတာလည်း ရှိပါသေးတယ်။ ကျမလဲ
ပို့စ်တစ်ခုအနေနဲ့ ဖြစ်ဖြစ် ထပ်တင်ပါဦးမယ် (အဲဒီပို့စ်မှာမှ စေတန်ဂေါ့
ရဲ့ လင့်ခ်လေး ရှာပြီး ထည့်ပေးတော့မယ်လေ)

နောက်ရက်မှာ ASP.Net Introduction ဆိုပြီး ဆက်တင်ပါဦးမယ်။

Tuesday, April 1, 2008

အကုသိုလ်အကျိုးကို ပုံကြီးချဲ့တာ အစား ကုသိုလ်အကျိုးကို ပုံဖေါ်ကြစို့

ဂျီတော့ခ် မတ်ဆေ့ခ်ျမှာ ကျမက "ဧပရယ်ဖူးမှာ ဘယ်သူ့မှ အရူးမလုပ်တော့ပါ..
အရူးလာလုပ်ခြင်းလဲ သည်းခံပါ.."
ဆိုပြီး တင်ထားတာကစလို့ ဘုန်းဘုန်း ဦးကုမာရနဲ့
(http://www.ashinkumara.com) ပြောဖြစ်တာလေးကို ချက်လော့ပါဆွဲပြီး
တင်လိုက်တာပါ။


ashinkumara: ပုထုဇ္ဖနော ဥမ္မတကော
me: :) တင်ပါ့ဘုရား
1:15 PM နဂိုကတည်းက ရူးတာက ခံသာတယ်
အရူးလုပ်ခံရရင်တော့ ဆိုးသွားတယ်ဘုရား
ashinkumara: ပရိုပို့စ် လုပ်ထားသူရှိရင်..ဒီနေ့ အဖြေပေးလိုက်ပေါ့
me: အယ်
ဘာပုလို့လဲ ဘုရား
ashinkumara: ဟားဟား..
တက်သာ ဆုတ်သာ ရှိတယ်..လေ.
သူက တကယ်ချစ်တယ်..ကောင်းတယ်ဆိုရင်အတည် .ပေါ့
me: မလုပ်ပါနဲ့ ဘုရား သူရူးသွားရင် ၀ဋ်လည်မှာကြောက်တယ်ဘုရား
1:16 PM ashinkumara: သူက မကောင်းဘူးဆိုရင်...လည်း ပြန်ဆုတ်လို့ရတယ်လေ..
ဟုတ်
အေပရယ်ဖူး...ဘာညာ ဆိုပီ
me: ၀ဋ်မှာအမြဲတဲ့
ဘုန်းဘုန်း ကြောက်ဘူးလား
ashinkumara: ၀ဋ်..
me: ငရဲက လွတ်နိုင်တယ်
1:17 PM ashinkumara: အင်း..ဟောပါ ကွယ.်..
me: ဟုတ်ဘူးလား
ashinkumara: နားထောင်နေပါတယ်.
ဟုတ်ဘူး...
1:18 PM me: ဒါကြောင့် ဒီဘ၀ ဒီခန္ဓာနဲ့ နိဗ္ဗာန်မရခင်စပ်ကြား ၀ဋ်မလည်ဖို့
ကြိုရှောင်ရမယ်မဟုတ်ဘူးလား ဘုန်းဘုန်းရ
ashinkumara: ၀ဋ်အမြဲ သာ မှန်ရင်..အင်ဂုလိမာလ တို့ ရှင်မောက်ကလန် တို့
ဘယ်လွတ်မလဲ..
me: တပည့်တော် ပြောပီးပီလေ ဒီဘ၀ ဒီခန္ဓာနဲ့ နိဗ္ဗာန်မရခင်စပ်ကြား ၀ဋ်မလည်ဖို့လို့
ashinkumara: ဒါကြောင့် အမြဲ ဆိုတာ မှားတယ်..
me: သူတို့လိုမိုး ပါရမီရှိဘူးထင်ပါတယ်
အော် အမြဲဆိုတာကိုပြောတာလား
1:19 PM ယေဘုယျသဘော ဟုတ်ဘူးလား
ashinkumara: တို့ကပြန်ပြောချင်တယ်ဟာ.. ကောင်းကျိုးအမြဲ လို့
me: အနတ္တ သဘောနဲ့ဆိုရင်တော့ အမြဲရှဘူးပေါ့
ကောင်းကျိုးလဲ ကိုယ့်အကျိုးပေးတဲ့ အချိန်ကျမှ ပေးမှာ ဟုတ်ဘူးလား
ashinkumara: ၀ဋ် ဆိုတာ ကြီးနဲ့ ခြိမ်းခြောက် မနေတော့ပဲ ကောင်းကျိုး
ဆိုတာနဲ့ ခြီးမြောက် ချင်တယ်.
me: ကိုယ်လုပ်တဲ့ ကောင်းကျိုးက ဘယ်ဇောနဲ့ စောလဲမှ မသိတာလေ
1:20 PM 7ရက်အတွင်း 1လအတွင်း 1နှစ်အတွင်း ဒီဘ၀အတွင်း အကျိုးမပေးပဲ
နောင် ဘယ်ဘ၀ဘယ်ကာလမှ အကျိုးပေးမှာမျိုးကျလဲ မသိနိုင်ပါဘူး ဘုန်းဘုန်းရာ
ashinkumara: အကုသိုလ်အကျိုးကို ပုံကြီးချဲ့ပုံဖော်ထားတဲ့စကားပုံတွေ
အစား ကုသိုလ်အကျိုးကို ဖေါ်ပြထားတဲ့ စကားပုံတွေ ထွင်ချင်တယ်.
အလယ်..
me: တင်ပါ့ ဘုရား
1:21 PM ashinkumara: အကျိုးမပေးတော့ အောင် လုပ်ပေါ့.
အဟောသိကံ ဖြစ်..ပီးရော.
me: မကောင်းမြင် အကုသိုလ် ပုံကြီးချဲ့ထက် အကောင်းမြင် ကုသိုလ်ကို
ပုံဖေါ်တာကတော့ ပိုကောင်းပါမယ်ဘုရား
ashinkumara: ဒီ နောင် ခံ ရမယ် ဆိုတာ နဲ့ဖြဲချောက်နေမဲ့အစား......
ဟုတ်ပါတယ်...
1:22 PM ငါ့ဘက် က တစ်ယောက်ရပီ..တို့ခေတ်မှာ အဲသလိုပုံဖေါ်ရအောင်
me: ဘုန်းဘုန်းရေ တချို့လူတွေကျတော့လဲ အဲလောက်ဖြဲခြောက်တာတောင်
နောင်သံသရာ မကြောက်တဲ့ လူ့ငနွားတွေ တစ်ပုံကြီးမဟုတ်ပါလား ဘုရား
ဘာပဲဖြစ်ဖြစ် တပည့်တော်လဲ ဘုန်းဘုန်းနဲ့ အတူ ပုံဖေါ်တဲ့သူပဲ လုပ်မယ် ဘုရား
ashinkumara: ဖြဲခြောက်တဲ့အလုပ်ဟာ စည်းရုံးရေး အသွင်မဆောင်ဘူး...လို့ယူဆရတယ်.
1:23 PM me: တင်ပါ့ဘုရား
ဒီမိုကရေစီကျအောင်ပေါ့နော် ဘုန်းဘုန်း
ashinkumara: ရှိပီးသား လူတွေ အပြင်ထွက်ကုန်တာပဲ အဖတ်တင်တယ်..၊
အေးအေး..ဂွတ်ရှယ်..
သာသနာပြု ကွယ်..
me: အခု ဘုန်းဘုန်းနဲ့ ပြောတာတွေ ပို့စ်တင်လိုက်မယ်နော်
ashinkumara: တွေ့တယ်မို့လား.ဓါတ်ပုံထဲမှာလေ..အားမကျဘူးလား
ရပါ့ဗျာ..
1:24 PM me: အဲဒါမှ ကုသိုလ်ကို ပုံဖေါ်တဲ့သူတွေ တိုးလာမယ်မဟုတ်လား ဘုရား
ashinkumara: ဟုတ်ပ..
me: ခုတော့ ထမင်း သွားစားလိုက်ဦးမယ် ဗိုက်ဆာပီ
တာ့တာ
ashinkumara: အကောင်းမြင်သဘော ကိုလည်းဆောင်ပါတယ်.
ကောင်းပါပိ.
တာ့တာ
me: ဆီးယူ ဘုန်းဘုန်း ဦးကု

ဒီပို့စ်လေးကို အရှိ ပြောတဲ့ အတိုင်း တင်လိုက်တာပါ။ တကယ်ရည်ရွယ်မိပါတယ်။
ကုသိုလ်ကို ပုံဖေါ်တဲ့သူတွေ တိုးသထက်တိုးလာမယ် များသထက်များလာမယ် ဆိုရင်
တိုင်းပြည်လဲအေးချမ်းလဲ ကမ္ဘာသူကမ္ဘာအပေါင်းလဲ ငြိမ်းချမ်းပါစေလို့
ငြိမ်းချမ်းသံစဉ်တွေ သီကြူးလိုက်ပါတယ်။

Common Top-Level Domains

31 Mar 08, 08:56
နတ်ပျိုမလေး: http:// က ဘာကိုပြောတာလည်း ပြီးတော့ www ဆိုတာ သိတယ် http
ကိုမသိဘူး...အဲဒီ အကြောင်းလေးရောထည့်ရေးပြပါလား..ပြီးတော့ .com ဆိုတာ
သိတယ် .net (mean) ကိုမသိဘူး..မမ ရှင်းပြနိုင်မလား။

အဲဒါ နတ်ပျိုမလေးက ဆီဗုံးမှာ မေးသွားတာဗျ
ဆရာကြီးလုပ်တာတော့ ဟုတ်ပါဘူး။ သိသလောက်လေး ပြန်ဖြေပေးတာပါ။
http:// တို့ FTP:// တို့ https:// တို့ဆိုပြီးတော့ website address
တွေမှာ တွေ့တွေ့နေရတာပါ။
client side နဲ့ browser တွေကြားလှမ်းချိတ်ပေးတဲ့ Transfer Protocol
တွေလို့တော့ သိထားပါတယ်။
အသေးစိတ် ဖတ်ချင်ရင်တော့ ဒီမှာ သွားဖတ်ကြည့်ပါနော်။ (ဂဃနဏ သေချာ
ရှင်းမပြတတ်လို့ အချောင်ခိုတာ အဟိဟိ) (A series of commands that defines
how information is formatted, retrieved, and delivered. Usually used
in reference to information transferred ...
Hypertext transfer protocol (HTTP), A protocol commonly used to access
resources on the Internet.
File Transfer Protocol (FTP), a standard Internet protocol, is the
simplest way to exchange files between computers on the Internet. )
http://www.mnhs.org/preserve/records/electronicrecords/erglossary.html

.com တို့ .net တို့ဆိုတာနဲ့ ပါတ်သက်ပြီးတော့ ပထမဆုံးပြောချင်တာက ခု ကျမ
တင်တင်နေတဲ့ ပို့စ်တွေက .Net technology ဆိုတာက သတ်သတ်ပါ။ နတ်ပျိုမလေး
မေးတာတွေကတော့ internet address တွေမှာပါတာတွေပါ။ ပြောမယ်ဆိုရင်
အင်တာနက်လိပ်စာကို ကြည့်လိုက်တာနဲ့ ဒါ ဘာ site အမျိုးအစားလဲ၊
ဘယ်နိုင်ငံမှာ တင်ထားတာလဲ ဆိုတာသိနိုင်အောင် လေ့လာထားသင့်တဲ့ Common
Top-Level Domains တွေပါ။
.com ဆိုရင် Commercial entity
.edu Educational entity
.gov U.S Government
.mil U.S Military
.net Network provider
.org Nonprofit organization
.au Australia
.ca Canada
.ch Switzerland
.cn China
.de Germany
.dk Denmark
.es Spain
.fi Finland
.fr France
.ie Ireland
.in India
.it Italy
.jp Japan
.kr Korea
.mx Mexico
.my Malaysia
.nl Netherlands
.no Norway
.nz New Zealand
.se Sweden
.sg Singapore
.tw Taiwan
.uk United Kingdom
.us United States
.za South Africa
.mm Myanmar

အထက်ပါအတိုင်း ခွဲခြား နားလည်နိုင်ပါတယ်။ ဒါပေသိ ခုနောက်ပိုင်းမှာတော့
.com တွေ .net တွေကတော့ သေချာပေါက် commercial ပါ network provider
တွေလို့ ပြောလို့ မရတော့ပါဘူးတဲ့။ ယေဘုယျ သုံးသလိုတောင် ဖြစ်နေပါတယ်တဲ့။
ကဲ..ဒီလောက်ဆို နတ်ပျိုမလေး ကျေနပ်မယ်လို့ မျှော်လင့်ပါတယ် ညီမရေ။

နည်းပညာနှင့် ပါတ်သက်သော ပို့စ်များအတွက် အမှားအယွင်း ယူဆချက်
တင်ပြချက်များရှိရင် ထောက်ပြ ဆွေးနွေးပေးကြဖို့ ဖိတ်ခေါ်ပါတယ်နော်။
ကျမသိသလောက်လေး ကျမဘလော့ကို လာဖတ်တဲ့ မောင်နှမတွေ မြန်မာလို အလွယ်တကူ
နားလည်သိရှိ လေ့လာနိုင်ဖို့ ရည်ရွယ်ပြီး အတတ်နိုင်ဆုံး
ကြိုးစားထားတာမလို့ နည်းပညာဘိုးအေကြီးများမှ နားလည်ခွင့်လွှတ်
လက်တွဲကူညီညွှန်ကြား နိုင်ဖို့ မျှော်လင့်ပါရစေ။