Monday, March 31, 2008

ကွန်ပြူတာ နည်းပညာဆွေးနွေးပွဲ ဖိတ်ကြားလွှာ

ဖိတ်စာလေး ပို့လိုက်ပါတယ်။
စိတ်ဝင်စားသူ မည်သူမဆို သွားရောက် လေ့လာ နားထောင်နိုင်ပါတယ်။
ကျမကတော့ သင်တန်းချိန်ဖြစ်နေလို့ မသွားဖြစ်ပါဘူး။
သွားနားထောင်ဖြစ်တဲ့ဘလော့ဂါမောင်နှမတွေထဲက ပြန်လည်ဝေမျှပေးဖို့ တောင်းဆိုပါရစေ။

ဆွေးနွေးမည့် ခေါင်းစဉ်များကတော့ -Myanmar OCR
-Machine Translation
-Myanmar Calendar
-Online Dictionary
-၀ိဇ္ဖာ
-Web Text Editor + Baglish

နေ့ရက်က 6.4.2008(တနင်္ဂနွေ) မှာ
အချိန်က နေ့လည် (၁း၀၀) နာရီမှ
ညနေ (၅း၀၀) နာရီထိ ဖြစ်ပြီး
နေရာက Myanmar Info Tech, Main Building, Room #205 ဖြစ်ပါတယ်။

www.MysteryZillion.com
www.mmopenlibrary.com

Sunday, March 30, 2008

Industrial ASP.Net(intro)

ကိုချမ်းကတော့ ခွေးနက်ကြီးလို့ ပြောတယ်။ ဘာကိုဆိုလိုမှန်းတော့ သိပါဘူး။
ကျမ သိတဲ့ လောလောဆယ်သင်နေတဲ့ Industrial ASP.Net အကြောင်းတော့ နည်းနည်း
ထပ်ဖွချင်ပါသေးတယ်။
မြည်းလို့ကို မပြီးနိုင်ဘူးလို့တော့ ခွန်မြလှိုင် ပြောဦးမယ် ထင်ပါရဲ့
သည်းခံနော် စစ်

Industrial ASP. Net ဆိုတာ Dynamic Web Application တွေကို develop
လုပ်ဖို့လို့ C# ဆိုတဲ့ programming language နဲ့ ASP. Net ဆိုတဲ့
technology ကို ပေါင်းသုံးပြီး ရေးတာပါ။
အဲဒီ C# ဆိုတဲ့ programming language ရော ASP. Net ဆိုတဲ့ technology
ရောက dot Net ဆိုတဲ့ frame work ကို အခြေခံထားတဲ့ အစိတ်အပိုင်းတွေလို့
ပြောလို့ ရပါတယ်။

ဒီနေရာမှာ ကျမတို့တွေ များသောအားဖြင့် programming language ဆိုတာနဲ့
technology ဆိုတာကြီးကို ကွဲကွဲပြားပြား မသိကြတာပါပဲ။
ကျမဆိုရင် programming language တွေ အရင်က ဘာတွေ သင်ဖူးလဲလို့
ဆရာကမေးတုန်းက ပြန်ဖြေလိုက်တယ်။ HTML, CSS, DreamWeaver, FrontPage,
ColdFusion နဲ့ Java script, C, C++ တွေ သင်ဖူးတယ်။ အဲဒါတွေသုံးပြီး
program တွေ website တွေ ရေးဖူးတယ်လို့။ (ဟိုက် ရှာလပတ်ရည်.. တယ်တော်တဲ့
ငါပါလားပေါ့ ။ ပြောရတာ အရသာရှိ အားရှိ ဘေးနားကြားတဲ့သူတွေကတော့
သောက်ညင်ကတ် ဒါပေသိ ဆရာကတော့ အထင်ကြီးသွားပုံမပေါ်)

ဆရာက ပြန်ပြောပါတယ် အော်.. COM user ခေတ်ကတည်းကကိုးတဲ့။
ဟုတ်ပါတယ် ကျမက ဒေါ့ နက်ဆိုတာကြီး လုံးဝမသိပါဘူး။ 2004ကစလို့ Tourism
လောကထဲကို ခြေစုံပြစ်ပီး ၀င်ခဲ့တာပါ။ ကံကောင်းတာက IT နဲ့ ကျမနဲ့က လုံးဝ
အဆက်ပြတ်မသွားခဲ့တာပါပဲ။ (လျှာရှည်ပြန်ပြီ အဟိဟိ)

ဆရာက ပြောပါတယ်.. Web Application ရေးလို့ ရတဲ့ Technologies တွေကတဲ့
ASP, Servelet, JSP (JAVA သုံးတဲ့) တို့ PHP, ColdFusion, Ruby On Rail
နဲ့ ASP.Net တွေတဲ့။ ဒါတွေ ရဲ့ အရင် ရှေးရှေးတုန်းက CGI(Common Gateway
Interface) ဆိုတဲ့ Technologies တွေ ရှိခဲ့ဖူးတယ်တဲ့။ အဲဒါကိုမှ
programming languages တွေ (Perl, Phython, C) တို့နဲ့ တွဲရေးတာလေ။
ခုလောက်ဆို programming language ဆိုတာနဲ့ technology ဆိုတာကြီးကို
နည်းနည်း ခွဲခြားသိလို့ ရပြီ ထင်ပါတယ်နော်။ ဘိုင်ဒဝေး(စကားမစပ်ပေါ့နော်)
programming language တွေထဲမှာ 3P တတ်ရင် ထမင်းမငတ်ဘူးဆိုလားပဲ။ အဲဒီ
ပီသုံးလုံးကတော့ Python, Pearl နဲ့ PHP ဆိုပဲ (PHP က သူကိုယ်တိုင်ပဲ
programming language, သူကိုယ်တိုင်ပဲ platform သို့မဟုတ် technology
ပါတဲ့ )

Web Application ဆိုတာလေးကို ဆက်ပြောပါရစေဦး။
သူက Client-Server ပုံစံနဲ့ အလုပ်လုပ်ပါသတဲ့ ။ တနည်းအားဖြင့် Stateless
ပုံစံ သို့မဟုတ် request-response-forget လို့လဲ ဆိုနိုင်ပါတယ်။
Client(သုံးတဲ့သူ) ဖက်မှာက web site တခုကို ကြည့်ဖို့ သုံးဖို့ ဆိုရင်
browser တွေရဲ့ အကူအညီ လိုပါတယ်။
ကျမတို့ သုံးနေကြတာကတော့ version မတူကြပေမဲ့ များသောအားဖြင့် Internet
Explorer, Mozilla Firefox, Opera, Netscape Navigator တို့ စသဖြင့်
ဖြစ်ကြတယ်နော်။
Web Server တွေ အနေနဲ့ ကတော့ web application ရေးထားတဲ့ technologies
တွေဖြစ်တဲ့ ASP. Net, PHP, ColdFusion(Dead technology) တို့ပေါ်မူတည်ပြီး
IIS, TomCat, Apache တို့ စတဲ့ web server တွေ သုံးရပါတယ်။ client က
website application တခုကို request လုပ်လာလို့ ရှိရင် web server
ဘက်ကနေပြီး HTML ဖိုင်တခုနဲ့ response ပြန်လေ့ ရှိတာပါ။ server side
အနေနဲ့ က တခုပြောစရာရှိတာက client ၏ request တိုင်းသည် သူ့ အတွက်
အသစ်ဖြစ်နေတတ်ပြီး အဲဒါ ဘာဖြစ်လို့လဲ ဆိုလို့ ရှိရင် သူက response
လုပ်ပြီးတိုင်း သူ့ရဲ့ memory ထဲကနေ ချက်ချင်း ပြန်ဖယ်ထုတ်သွားလေ့
ရှိတာပါ။ ဒါကြောင့် အထက်မှာ ပြောခဲ့သလို Web Application ဆိုတာ
request-response-forget လို့လဲ ဆိုခဲ့တာပါ။ အဲဒီလို current user ရဲ့
information တွေကို မှတ်မထားတဲ့ ပုံစံ stateless ပုံစံကို ASP. Net
မှာတော့ State Management ဆိုပြီး မှတ်မိနေစေတဲ့ အားသာချက်တွေဖြစ်အောင်
ရေးနိုင် သုံးနိုင်ပါတယ်။ (အဲဒီအကြောင်းကို ပို့စ်တစ်ခု သီးသန့်
အသေးစိတ် ရေးပါဦးမယ်နော်)

ဆက်ရန်......

Saturday, March 29, 2008

သင်္ကြန်ကျရင်..ရေပက်မယ်၊ သူငယ်ချင်းတို့ရော ဘာလုပ်မလဲ..

မတ်လကုန်လို့ ဧပရယ်ရောက်ပြီး သင်္ကြန်ကျဖို့ နှစ်ပတ်ပဲ လိုတော့တယ်နော်။

အချိန်တွေ ရာသီတွေ ဘယ်လိုပြောင်းပြောင်း မန်းသင်္ကြန်အကြောင်း
စဥ်းစားတိုင်း ရင်ခုန်ဆဲ ပျော်ရွှင်ဆဲ သတိရ တမ်းတနေဆဲပါ။

မန်းသင်္ကြန်နဲ့ ဝေးနေတာ ဒီနှစ်ပါနဲ့ဆို 9နှစ်တောင် ရှိပီပေါ့
ဒီနှစ်လဲ မသွားနိုင်သေးဘူးလေ

ရင်မှာ အမှတ်တရရှိဆဲပါ မန်းသင်္ကြန်ရယ်...
98ခုနှစ်တုန်းက သင်္ကြန်မှာပေါ့ ရန်ကုန်က သူငယ်ချင်းအုပ်စုရယ် မန်းလေးက
အုပ်စုရယ် နှစ်ခုပေါင်းပြီး ဂျစ်ကားတစ်စီးနဲ လျှောက်လို့လည်ပါတယ်။
ကားပေါ်မှာလဲ မိုးလင်းကတည်းက သောက်တဲ့ ဘီယာဗူးတွေ ပုလင်းတွေရယ်
စုထားမယ်ဆို ဆာလာအိတ်နဲ့ တစ်လုံးလောက် ရှိမယ် :P
မိုးလင်းလို့ မနက် 7နာရီကတည်းက စထွက်လိုက်တာ ည2နာရီလောက်မှ အိမ်ပြန်ရောက်တယ်။
အကြိုနေ့က စလို့ အတက်နေ့ထိ မန်းမြို့တခွင်ပြဲပြဲစင်အောင် ရေပက်ခံထွက်
သူငယ်ချင်းတွေရှိတဲ့ မဏ္ဍပ်တွေမှာ ခဏရေ၀င်ပက် အားမရသေးရင်
စစ်ကိုင်းဘက်ထိထွက်
နှစ်ဆန်းတစ်ရက်နေ့မှာတော့ မေမြို့တက်

မှတ်မှတ်ရရ သင်္ကြန်အတက်နေ့မှာ..
ကျုံးဘေးက ရေတွေကလဲ ဒလဟော။ သူငယ်ချင်းတစ်ယောက်ရှိတဲ့ မဏ္ဍပ်မှာ သွားအခေါ်
မြောင်းကလဲ ပေါ်မနေတော့ မြောင်းထဲကျွံကျ အရှင်လတ်လတ် ရေမြိုသည်ထင်ရဲ့ ။
အော်ခွဲလိုက်တော့ သူငယ်ချင်း ယောက်ကျားလေးနှစ်ယောက်က သွက်သွက်လက်လက်
ကားပေါ်က ခုန်ဆင်းပြီး ချိုင်းနှစ်ဘက်က ထူမ။ အပေါ်ကိုကြွလာတဲ့ ပုံလေး
ငါမမေ့သေး အဟေးဟေး
(ရက်ပ်လိုက်နေတာဟုတ်ဘူး.. အဲဒါ တကယ်ဖြစ်ခဲ့တာ)

သင်္ကြန်ပြီးလို့ ရန်ကုန်ပြန်ရောက်တော့ အခုအော်စီမှာ ပျော်နေတဲ့ KTY ကို
အိမ်လိုက်အပို့ သူ့မားမားက အိမ်တံခါးလာဖွင့်ပေးရင်း သူ့သားမန်းလေး
သင်္ကြန်သွားလည်တဲ့အကြောင်းပြောရင်း မီမီ နင်နဲ့ သွားတာမဟုတ်ဘူးလားတဲ့ ။
ဟုတ်ပါ့ သူ့သားက ဘေးမှာ မတ်တတ် မမှတ်မိနိုင်အောင် မဲတုန်းပြီး
ပြန်လာတာလေ အဟိဟိ။

သင်္ကြန်ကျတိုင်း...
ပိတောက်တွေ လာပေးတတ်ကြတဲ့ သူတွေကို သတိရတတ်တယ်
သင်္ကြန်ကျတိုင်း...
အတူတူ ရေပက်ဖူး မဏ္ဍပ်ထိုင်ဖူး ရေပက်ခံထွက်ဖူးတဲ့ သူငယ်ချင်းတွေတိုင်းကို သတိရတယ်
သင်္ကြန်ကျတိုင်း...
ထွက်ကဲနေကျ သမီးကို အဖေမဆူအောင် ဖုံးဖိပေးတဲ့ ချစ်သောမေမေကို သတိရတယ်
သင်္ကြန်ကျတို်င်း...
လွဲခဲ့ဖူးတဲ့ ချစ်သူကို သတိရတယ်
သင်္ကြန်ကျတိုင်း...
စိတ်နာနာနဲ့ ရိပ်သာမှာ စိတ်ငြိမ်အောင် တရားသွားထိုင်တုန်း အတူတူ
တရားစခန်းမှာ တွေ့ရတဲ့ ယောဂီတွေကို သတိရတယ်

ပြောမယ်ဆိုရင် သတိရစရာတွေ အများကြီးပါပဲ။

ဒီနှစ်သင်္ကြန်ကလဲ မန်းကို မပြန်နိုင်သေးဘူးဗျာ။
မန်းသင်္ကြန်လဲ ဒီနှစ် စည်ကားနိုင်ပါဦးမလားမသိ။
ဘာပဲဖြစ်ဖြစ် မယ်လိုဒီ ဒီနှစ်လဲ အလုပ်တွေနဲ့ နပမ်းလုံးရဦးမယ်ထင်ပါတယ်။
အဆင်ပြေရင်တော့ ဘလော့ဂါတွေ စုပြီး ကားနဲ့ လည်ကြမလားဗျို...

ကဲ... မတက်တာလဲကြာပြီဗျာ
သူငယ်ချင်းမောင်နှမတို့ရေ.. သင်္ကြန်နဲ့ ပါတ်သက်တဲ့ အမှတ်ရ
ပျော်ရွှင်စရာလေးတွေကို ရေးပြီး လာမဲ့ သင်္ကြန်ကို ကြိုဆိုကြရအောင်နော်...

ရေးစေချင်သူများကတော့..
(၁) ရွှေမန်းမင်းသား ကိုချမ်းမြစိုး
လူဆိုးကြီး မိုက်ကယ်ရေခဲချမ်း နာ tag လုပ်တာကိုလဲ ဖူးလုပ်ပစ်တယ် မိုက်ကယ်ရေခဲချမ်း တစ်ချမ်း ငါကျပ် တစ်ဆယ် နှစ်ဆယ်
(၂) ထိုင်းသံအမတ် မျိုးကျော်ထွန်း
(၃) ဘာဘာ ဘလာဂေါက်
(၄) ဓည၀တီ ရခိုင်ပြည်မှ ကျူတီးပင့်ဂိုးလ်
(ရေးချင်လို့ပဲရေးရေး တက်လို့ပဲ ရေးရေး ရေးပြီး)
(၅) ညီမလေး သဇင်ဏီ
(၆) ညီမလေး မေမီကို
(၇) သူငယ်ချင်းကြီး ပီကေ
(၈) ချစ်သူငယ်ချင်း အဖြည့်ခံမလေး
(၉) နောင်တော် ကဗျာလမ်း
(၁၀) သူငယ်ချင်းကြီး မျက်လုံး နဲ့
(၁၁) ချင်းမိုင်က စိုင်းစိုင်း တို့ ရေ ရေးပေးကြပါဦး။ ကဗျာပဲဖြစ်ဖြစ် ..
ရေးချင်ရာရေးပီး ပို့စ်တင်ကြပါဦးနော်

အကြိုရေလောင်းထားမယ်..ဗွမ်း..ဘုန်း..ဗွမ်း..ဘောက် (ရေပုန်းနဲ့ ပက်တယ်၊
ခွက်စောင်းခုတ်တယ် အဟဲဟဲ)
ပြန်မပက်ရ သင်္ကြန်မကျသေး ငရဲကြီးတတ်တယ်

Friday, March 28, 2008

မီးပျက်တော့မည်ဖြစ်ပါသဖြင့်...

မီးပျက်တော့မည်ဖြစ်ပါသဖြင့်...တဲ့

သူငယ်ချင်းကြီး မျက်လုံးရဲ့ ဂျီတော့ခ် မက်စိမှာ တွေ့လိုက်လို့ပါ။
ဟိတ် မီးပျက်ရင် ဖယောင်းတိုင်ထွန်ုးပြီး ကွန်ကြူတာကြည့်ေ
အဟိဟိ ..လို့ ပြန်နောက်လိုက်တယ်။

သတိရမိပါသေးတယ်။

မိုးကုတ်မှာ KMD Computer Center ဖွင့်ကာစ စာသွားသင်တုန်းကပေါ့...
ဘယ်သူက ဘယ်လိုနောက်လိုက်မှန်းမသိဘူး။ မီးသွေးသည် အဒေါ်ကြီးတစ်ယောက်ရောက်လာတယ်။
မီးသွေးလာရောင်းတာတဲ့။

အင်... အဒေါ်ကြီးကို ဘယ်သူမှာထားလို့လဲဆိုတော့...
ဘယ်သူမှတော့ မမှာပါဘူးတဲ့။ ဒီမှာ ကွန်ပြူတာ သင်တန်းဖွင့်ထားတယ်ဆိုလို့ပါတဲ့

အယ်...ကွန်ပြူတာသင်တန်းဖွင့်တာနဲ့ ဘာဖြစ်လို့ မီးသွေးရောင်းတာလဲလို့ဆိုတော့
ဟိုနားက ကလေးတွေက ညွှန်လိုက်လို့ပါတဲ့ ဒီမှာက မီးစက်နှိုးမရလို့ မီးပျက်တဲ့အခါ မီးမွှေးပြီး ကွန်ပြူတာတွေ ဖွင့်ရတာလို့ ပြောလိုက်တယ်တဲ့။

အမယ်လေး သေပါပြီ ဘယ်သကောင့်သားက မသိနားမလည်တဲ့ ဒီအဒေါ်ကြီးကို ချွန်တွန်းလုပ်ပါလိမ့်။
မထူးပါဘူး အားကိုးတကြီးလာရောင်းတဲ့ နားမလည်တဲ့ အဒေါ်ကြီးကို နားလည်အောင်လဲ ရှင်းမပြတတ်တော့ ပြီးစလွယ်ပဲဆိုဆို အားနာလိုက်တာ ဒေါ်ကြီးရယ် သမီးတို့က မီးမလာရင် ကွန်ပြူတာတွေပိတ်ထားပြီး ဖယောင်းတိုင်ထွန်းပြီး သင်မှာမလို့ မ၀ယ်သေးဘူးလို့.. အဟိဟိ

စကားစပ်လို့ နောက်ထပ် ပြဿနာ တစ်ခုလဲ ပြောပြဦးမယ်။
အဲဒီတုန်းက 2002ခုနှစ်လောက်ကပေါ့။
ဒါပေသိ သင်တန်းတွေက office 2000 ကိုသင်တော့ ကြော်ငြာဘုတ်မှာလဲ office 2000 သင်တန်းချိန်အသစ်များအတွက် သင်တန်းအပ်လက်ခံနေပါပြီ ရေးတာပေါ့။
အဲဒီမှာ ကွိုင်တာပဲ
မိုးလင်းလို့ ဘုတ်ကို ကြည့်တိုင်း office 2002 ဆိုပြီး ဖြစ်ဖြစ်နေတာ နှစ်ရက် သုံးရက်ရှိပြီ။
ဘယ်သူ လက်ကမြင်းပြီး လာပြင်ပါလိမ့်ပေါ့။
ချောင်းတာ ချောင်းတာ နောက်ဆုံးလက်စသတ်တော့ သင်တန်းကို ဦးဆောင်ဖွင့်တဲ့ မမရဲ့ ချစ်သော ဖေဖေ ဖြစ်နေသဗျ။

အဲဒါနဲ့ သွားမေးလိုက်တယ် ပါပါးကြီး ဘာဖြစ်လို့ လာလာပြင်သလဲလို့..
အော် နင်တို့ ဟာက 2002 ရောက်နေတာ ဘာလို့ 2000 ရေးသလဲ ဒိတ်အောက်နေလို့တဲ့။
အယ် သေပြီဆရာ ဘယ်လိုပြောရပါ့
...အာ... ပါးပါးကြီးကလဲ အခု သမီးတို့ သင်နေတဲ့ ဟာက နိုင်ငံခြားက သင်ခန်းစာတွေ အဲဒါ 2000 ခုနှစ်တုန်းက ထုတ်ထားတာလို့
ပါပါးကြီးကလဲ ပြန်ပြောပါတယ်။ အဲလိုဆို နင်တို့ နိုင်ငံခြားက ကောင်တွေကို ပြောပြီး 2002အတွက် အသစ်မြန်မြန်ထုတ်ပြီး သင်တော့ ။ မဟုတ်ရင် ခေတ်နောက်ကျလိမ့်မတဲ့..တဲ့။

ဟုတ်ကဲ့ ဟုတ်ကဲ့ ပြောလိုက်ပါ့မယ် ပါပါးကြီးကတော့ အဲဒါ မထုတ်ခင် လာလာမပြင်ပါနဲ့ ဦးနော်လို့ ပြောလိုက်ရတယ် အဟိဟိ

စာကြွင်း။ ။ မိုးကုတ်မြို့ ကအကြောင်းတွေ ရေးပေးဖို့ ပြောထားတဲ့ သားဖြူရေ မအားသေးဘူးဗျ။ နားနားပြီး ရေးဖို့ ကြိုးစားပါ့မယ်ဗျ။



Thursday, March 27, 2008

Learning ASP.Net

မယ်လိုဒီ ASP.Net ကိုလေ့လာနေပါတယ်ဆိုတော့ တချို့ကလဲ မေးတယ် အဲဒါ ဘာကြီးလဲတဲ့
အဲဒီအကြောင်းပြောပြပါတဲ့
တချို့ကလဲ ပြောတယ် သူတို့လဲ အဲဒီ သင်တန်းတက်မယ်တဲ့
ဘယ်မှာ တက်ရင်ကောင်းမလဲ ပြောပြပါတဲ့
ပြန်ဖြေပါရစေ
အရင်ပို့စ်မှာ ပြောခဲ့တဲ့ web developer လုပ်မလို့ဆိုတော့ dynamic web site တွေကို ဖန်တီးတဲ့ အလုပ်လုပ်ဖို့ coding တွေ ရေးတဲ့ programming language ကို ASP.Net သုံးပြီး ရေးဖို့ပါ
ဒီပုံလေး ကြည့်လိုက်ရင် သဘောပေါက်သွားမယ်။

ဘာတွေ သင်ဖို့ လိုအပ်တယ် ဘယ်မှာ သင်ရင်ကောင်းမလဲဆိုတဲ့ အမေးနှစ်ခွန်းလုံးအတွက် ဖြေထားပီးသား အဟဲဟဲ (ဆားချက်ပြန်ပြီ ပြီးတော့ အခု လက်ရှိတက်နေတဲ့ သင်တန်းကို ကြော်ငြာပေးတာ)
ဟုတ်တယ်လေ ဒီသင်တန်းက ဆရာဦးဝင်းထိန်ဝင်းက ဂျပန်ကလဲ ပြန်လာတယ် လုပ်ငန်းအတွေ့အကြုံတွေလဲ 12နှစ်လောက်ရှိပြီ ပြီးတော့ သူက စင်ကာပူက programmer တွေအတွက် လက်တွေ့ အသုံးချလို့ ရတဲ့ market အတွက် ပြင်ဆင်ပြီး သင်ပေးတာ။ စာမေးပွဲ တွေဖြေဖို့ ပြင်ဆင်တဲ့ အတန်းတွေမှာလဲ အောင်ရုံ သက်သက်မဟုတ်ပဲ တကယ်တတ်ဖို့ သင်ခန်းစာတွေကို သေချာ ရွေးချယ် သင်ကြားပေးတယ်လေ။
သူ့ သင်တန်းမှာတက်ပြီး စာမေးပွဲဖြေတဲ့ သူတွေကလဲ အမှတ်ပြည့် ရရုံမကဘူး 32ယောက်လောက် နိုင်ငံခြားသွားပြီး programmer လုပ်ကြတာ 28ယောက်က အလုပ်ရတယ်။ စင်ကာပူမှာ လုပ်တဲ့သူတွေဆို လုပ်ငန်းအတွေ့အကြုံမရှိပဲ သွားလုပ်ကြတာတောင် စင်ကာပူ ဒေါ်လာ 2000လောက်ရကြတာဆိုတော့ ကျမလဲ အဲဒီမှာပဲ သင်တန်းတွေတက်ဖို့ ရွေးချယ်ခဲ့တာပေါ့။
စကားပုံကြားဖူးတယ်ဟုတ်။ နေရောင်ခြည်ကိုတွေ့ချင်တဲ့ သစ်ရွက်ကတဲ့ နေရောင်ခြည်ကိုမြင်နိုင်တဲ့ အမြင့် ရှိတဲ့ သစ်ပင်ကိုပဲနွယ်တက်ဖို့ ကြိုးစားရတယ်လေ။ ဆိုလိုတာက အောင်မြင်ချင်ရင် အရှေ့က အောင်မြင်တဲ့သူတွေ သွားတဲ့ လမ်းက လိုက်ရုံပဲ (အဟိဟိ အချောင်တော့ ခိုလို့ ရဘူးနော်)

ASP.Net အကြောင်းသိချင်သူတွေအတွက် အမြည်းသဘောလေး လမ်းကြောင်းချပြထားတာကို သိသလောက်လေး ဝေမျှလိုက်ပါတယ်နော်။

P.S: ဆော်တီး ပုံထဲက လိပ်စာမှားနေတယ်။ သင်တန်းနာမည်က "Gusto Software Development and Training Center" နေရာက နံပါတ် 13 ပထမထပ် ရွှေတောင်တန်းလမ်း အောက်လမ်းမှာဗျ။ သွားရှာအပ်လိုက်နော် သင်တန်းသစ်တွေရှိပါတယ်။

Wednesday, March 26, 2008

စာမေးပွဲဖြေမလို့ဗျာ.......



အဲဒီပုံထဲက စာမေးပွဲနှစ်ခု ဖြေမလို့ဗျာ

2007 ဒီဇင်ဘာကတည်းက ပေါက်ကရ၈၀နဲ့ အတူ MCSA စာမေးပွဲကို ဖြေဦးမလို့ပဲ
တစ်လလုံးကို စာဖတ်လိုက်တာ Chapter 2ခန်းပဲ ဖတ်ဖြစ်တယ် အဟိဟိ
အဲဒါနဲ့ စိတ်ကူးပြောင်းလိုက်တယ် ဖြေတော့ဘူးလို့
သူကတော့ ညမှာ မူးမူးနဲ့ မနက်မှာ သွားဖြေတာတောင် အဲဒီ တစ်ဘာသာ အောင်သဗျ (အော်..တကယ်တော်ပါတယ် ပေါက်ကရ၈၀)
ကျမကတော့ ဖေဖေါ်ဝါရီမှာ MCTS exams တွေပဲဖြေတော့မယ်လို့ စိတ်ကူးပြောင်းထားတဲ့ အတိုင်း ရက် 100 ပရောဂျက်ချလို့ မေလ 10ရက်လောက်မှာ ဖြေမယ်ဗျ။ 70-536 & 70-528 ပေါ့။
ခုတော့ စာတွေဖတ်နေပါတယ်။ မေးခွန်းတွေဖြေနိုင်ဖို့အတွက်ပဲ ဆိုရင်တော့ အမှတ် 1000 ယူဖို့ အဆင်သင့် ဖြစ်နေပါပီ အဟိဟိ :P
ပြောချင်ရာတွေ တောင်ရောက်မြောက်ရောက်ပြောကြည့်တာ မယ်လိုဒီ ဘာလုပ်နေလို့ အလုပ်တွေ ရှုပ်နေသလဲ မေးပြီး သိချင်သူတွေ အတွက် ခေါင်းမူးအောင် လုပ်တာ။

ပြန်ပြောရမယ်ဆိုရင် web developer လုပ်မလို့ဗျ။ အရင်တုန်းက web design တွေ ရေးတယ်လေ။ HTML, CSS တို့ နဲ့ Front page တို့ Dream Weaver တို့ သုံးပြီးပေါ့။ အဲဒါက static Web site တွေအနေနဲ့ information ပေးတဲ့ web site design ပေါ့။ ခုကတော့ နည်းနည်း ပိုပြီး စိတ်ရူးပေါက်လို့ Dynamic web site တွေ ရေးတဲ့ web developer ဘ၀ကို ပြောင်းဦးမလို့။
windows based programming ကို COM user ခေတ်က C, C++ တို့နဲ့ မတောက်တခေါက် ရေးခဲ့တာ။ .Net ခေတ်(JAVA အကြောင်းမသိ၍ မပြောပါ) မှာတော့ C# ဆိုတာကြီးကို မသင်ဖူးပဲနဲ့ ASP.Net ကို တန်းလေ့လာပြီးမှ ဒီစာမေးပွဲတွေ ၀င်ဖြေလို့ Microsoft Certified Technology Specialist ဖြစ်ပြီး အလုပ်ရပါ့မလား။ တကယ့် real Programmer ပဲဖြစ်မလား So-Call programmer ပဲဖြစ်မလား Professional programmer ပဲဖြစ်မလားဆိုတာတော့ စောင့်ကြည့်ကြပေါ့နော်။

နောက်ရက်တွေမှာ ASP.Net အကြောင်း Programming အကြောင်းတွေကို အချိန်ရရင် ရသလို စိတ်ကူးပေါက်သလို ထပ်ဖွပါ့မယ်ဗျို..

Friday, March 21, 2008

ကိုကြီးစေးထူးဆီက ကိန်းဂဏာန်းများ

တစ်ခါတရံအားလပ်ချိန်ရတိုင်း လာဖတ်ဖြစ်တယ်။
နှစ်သက်စရာကောင်းတဲ့ ငြိမ်းချမ်းသံစဉ်တွေက
သုံးစွဲလိုက်ရတဲ့ အချိန်တွေအတွက် အကျိုးရှိစေပါတယ်။
လေးလံထိုင်းမှိုင်းနေတတ်တဲ့ စိတ်က
ငါးမရှိတဲ့ ရေအိုင်တခုလိုမျိုး
ခြောက်တီးခြောက်ကပ် နိုင်လွန်းလှတော့
ခုနှစ်တွေ၊ သက္ကရာဇ်တွေကိုတောင် မေ့တတ်လာတယ်။
ရှစ်ခွင်တိုင်း မှိုင်းချင်းတိုင်း မှိုင်းနေစမ်းပါစေ
ကိုးစား ယုံကြည်နေချင်တဲ့ စိတ်ဓာတ်တွေကို
ဆယ်ယူကြရင်း ရှေ့ဆက်ကြမယ်လေ။

ကိုကြီးစေးထူးက မောင်ပွတ်သို့ ကိန်းဂဏာန်းများနှင့် တမ်းချင်းဆိုတဲ့
ပို့စ်လေးရေးတုန်းက ကွန့်မန့်မှာ လာရေးပေးဖူးတာလေးကို ပြန်သွားရှာပြီး
အမှတ်တရ ပြန်တင်လိုက်တာပါ။
သိုင်းခရုနော် ကိုကြီးစေးထူးရေ...

ဒီတစ်ခါ တမ်းတမှု ဆယ်ကုဋေဆိုတဲ့ ကာရံမဲ့ ကဗျာလေးမှာတော့ ထပ်မရေးပေးသွားတော့ဘူး :P
ဘာပဲဖြစ်ဖြစ် ကိန်းဂဏာန်းတွေနဲ့ ဖွဲ့ဆိုရတာ ပျော်သူ သူငယ်ချင်းတွေက
ရေးချင်တာလေးတွေရှိသေးရင်လဲ ကွန့်မန့်မှာ ၀င်ရေးပေးသွားကြပါဦးလို့ ..

Wednesday, March 19, 2008

တမ်းတမှုဆယ်ကုဋေ

တစ်နေ့ပြီးတစ်နေ့ ကုန်လွန်လာဆဲ

တို့နှစ်ယောက်လဲ ပြန်မဆုံနိုင်သေးပဲ

သုံးလို့မရတဲ့ အလွမ်းတွေနဲ့

အလေးအနက် ချစ်နေမြဲ...

အဆင်မပြေတဲ့ ဘ၀ထဲ

ရေလိုက်ငါးလိုက် နေနေလဲ

ခြောက်ကပ်စွာနဲ့ အထီးကျန်ဆဲ

တစ်ပါတ်မှာ ခုနှစ်ရက် နေ့စွဲတွေထဲ...

ကြည့်လေရာရာ အရပ်ရှစ်မျက်နှာမှာ

မင်းပုံရိပ်သာ ကြီးစိုးနေတာ

အချစ်ကိုယုံကြည်ကိုးကွယ်နေမိလို့များလား

တမ်းတမှု ဆယ်ကုဋေနဲ့ ငါ့အလွမ်းများ..

စာကြွင်း။ ။ လုပ်ချင်တာတွေ တစ်ယောက်တည်းလုပ်နေရတုန်း တစ်ကနေ တစ်ဆယ်ထိ
ကိန်းဂဏန်းတွေထည့်ပြီး လွမ်းကြည့်တာလေ။ ဂဏန်းတွေ လိုက်ရှာကြည့်ရင်
မယ်လိုဒီ့ရင်ထဲက အလွမ်းတွေ သိလိမ့်မယ်နော်။

Tuesday, March 18, 2008

လှိုင်သာယာ (ရေဥက္ကံ) သို့ မီးဘေးအလှူ


ခုလေးတင်ပဲ ဘာညာ၊ ဘလာဂေါက်၊ မိုးလှိုင်ည တို့နဲ့ အတူ လှိုင်သာယာ (ရေဥက္ကံ)
သို့ သွားပြီး ကိုယ်တိုင်ကိုယ်ကျ လုပ်အားပေးလို့ မီးဘေးအလှူက
ပြန်လာခဲ့သဗျ။
မီးလောင်ခံရလို့ မီးဘေးဒုက္ခရောက်ခဲ့ရတဲ့ အိမ်ထောင်စုပေါင်း 1207စု ရှိပါသတဲ့။
နေ့လည် 12နာရီမှာ ရုံးမှာ လေးယောက်သားစုဆုံပြီး ကိုယ်ဖာသာ ၀ယ်ထားတဲ့
စတီးလ်ဇွန်းတွေရယ် လက်ထဲမှာ ကျန်သေးတဲ့ (ဘာညာ့ဆီက) ပိုက်ပိုက်
နှစ်သိန်းကို ကြက်ဥ အလုံး 2000 ဘ၀ပြောင်းပြီး သကာလ တက်ကစီနဲ့ ဦးတည်ရာ
အရပ်ကို ထွက်ခဲ့ ကြသဗျ။
1နာရီကျော်ကျော်လောက်မှာ ရောက်သွားပြီး Raven အဖွဲ့ ပစ္စည်းတွေ
ဝေနေဆဲဖြစ်တဲ့ ရေဥက္ကံဈေးဝကိုရောက်ခဲ့တယ်။ ဈေးနားအရောက် လမ်းမှာတွေ့တဲ့
မီးသတ်အဖွဲ့ဝင် တချို့ကို မေးမြန်းမှုလုပ်နေတုန်းမှာ ဘေးနားက
(စိတ်သိပ်မမှန်လားမှန်လားတော့ သေချာမသိဘူး) အမျိုးသမီးတစ်ယောက်က
သူတို့ကို လှမ်းအော် ပြောတယ် "တစ်ဝက်စားတွေတဲ့ " အဟိဟိ
ဈေးပေါက်ဝမှာ Raven အဖွဲ့ အသိကို မိုးလှိုင်နဲ့ ဘလာဂေါက်က ရှာတုနုး
ကျမကလဲ ဖုန်းဆက်ပြီးနေရာမေးတုန်း စောစောကလမ်းမှာတွေ့ခဲ့တဲ့
မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူကြီးတစ်ယောက်ရောက်လာပြီး လာလှူတာလားတဲ့ ။
ဟုတ်ကဲ့လို့။ ကားထဲက ကြက်ဥတွေလှမ်းကြည့်ပြီး..အော် ကြက်ဥတွေလားတဲ့
ရုံးကို ပို့လိုက်ပါတဲ့။
ကျမကလဲ အော် ရတယ် မပို့ ဘူး၊ ကျမက အခု လက်ရှိဝေနေတဲ့ အဖွဲ့ကို လှူမဲ့
ပစ္စည်းထပ်လာပို့တာပါလို့ ပြောလိုက်တော့ ဟုတ်လား ရပါတယ်ဆိုပြီးမှ
ကူသယ်ပေးပါတယ်။ တော်ပါသေးရဲ့

ပစ္စည်းတွေ ဝေနေတဲ့ နေရာ ရောက်သွားပြီးနောက်တော့ ကျမတို့ရဲ့
လုပ်အားပေးအစီအစဉ်စပါပြီ ဒန်တန့်တန်..
လူတွေကလဲ အများကြီး ဝေနေရတာ ပျော်စရာကြီး
အစကတည်းက ဝေထားတဲ့ ကတ်ပြားတွေနဲ့ တန်းစီခိုင်းထားပြီး နာမည်ခေါ် တံဆိပ်ထု
ပစ္စည်းတွေပေးဝေတဲ့ ပုံစံနဲ့ပါ။ (ညကတည်းကတော့ ရပ်ကွက်ထဲမှာ လိုက်အော်ပြီး
အကြောင်းကြားထားတာပါ။ တချို့ကလဲ ဘာတွေများရမှာလဲဆိုတာကို
စိတ်ဝင်တစားလာယူချင်သူတွေများသလို တတ်နိုင်သူတချို့ကလဲ မသွားပဲနေတာပဲ
ကောင်းမလားဆိုတဲ့ အနည်းစုတော့ ရှိတယ်လို့ သိရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့
တခါတလေ ဝေတာက ပန်းကန် တစ်ချပ်နှစ်ချပ်လောက်နဲ့ သွားယူရတာ ထမင်းငတ်တာပဲ
အဖတ်တင်လို့ ဆိုပဲ)
ကိုယ်တိုင်တွေ့ရတဲ့ သူတွေထဲမှာတော့ ကျမတို့အိမ်က တကယ်မီးလောင်ခံရတာပါ
တချို့အလှူပစ္စည်းတွေကို မီးလောင်တဲ့ထဲ မပါတဲ့သူတွေပဲ ရကြပါတယ်လို့
ရင်ဖွင့်သွားတာလဲ ကြားရပါတယ်။
ဒီနေ့ကတော့ သေချာပေါက် ရစေရတာ Raven အဖွဲ့ ရဲ့ ကျေးဇူးလို့ပဲ ပြောရပါမယ်။
စကားတွေ ရှည်သွားပြီ။ ကျမတို့ ဘာလုပ်ကြလဲဆိုတော့ ကြက်ဥ 2လုံးစီနဲ့ ဇွန်း
1ချောင်းစီကို အိတ်နဲ့ အထုပ်ထုပ်ကြပါတယ်။ ဇွန်းတွေ ကုန်သွားတော့ ကြက်ဥ
တွေပဲ ဆက်တုတ်ကြတာပေါ့။
ဟိုဘက်က သူတို့ အဖွဲ့တွေဆီက ဗလာစာအုပ်၊ ပိုက်ဆံပါတဲ့ စာအိတ်နဲ့ အင်္ကျ
ီသို့မဟုတ် ဘောင်းဘီ၊ ပုဆိုး တထည်ထည်နဲ့ တွဲပြီး ကျမတို့ ကြက်ဥ အထုတ်နဲ့
တွဲဝေပေးတာပါ။

ပီတိဖြာလို့ ကြည်နူးရပါတယ်။
မဖြစ်စလောက်ပါလို့ ဘေးကပြောမယ်ဆိုလဲ ကျမတို့ ကတော့ ကိုယ်တိုင်ကိုယ်ကျ
လက်ရောက် ပေးဝေခွင့်ရလို့ အင်မတန် ၀မ်းသာစရာ ကိစ္စပါ။
နောက်ဆုံးကျန်တဲ့ အဖွဲ့ ဆိပ်ကမ်းသာရပ်ကွက် အဖွဲ့ပဲ ထင်ပါတယ်။ ကျမတို့
အထုပ်တွေလဲ အားလုံးထုတ်ပေးပြီးဖြစ်လို့ စောပြီး ပြန်လာခဲ့ကြပါတယ်။
ဈေးကနေ လမ်းထိပ်အထိတော့ ဆိုက်ဂျဲရိုးနဲ့ ပေါ့။ လမ်းထိပ်ရောက်တော့
မီးသတ်ကားတွေ သွားနေတာ တွေ့ရတယ်။ ဘယ်မှာ လောင်ပြန်ပြီလဲတော့ မသိပါဘူး။
(အော် ဆင်းရဲတဲ့ထဲ ဖွတ်တက်..အင်း ထားပါတော့)
မြို့ထဲကိုတော့ တက်ကစီနဲ့ ပြန်လာကြတာ 4နာရီလောက်မှာ ပြန်ရောက်ပါတယ်။
လူလဲ နေပူပူ လေပူပူကြောင့် နွမ်းရိပင်ပန်း.. ဒါပေသိ စိတ်မှာတော့
ရွှင်လန်းလို့ပေါ့...

နောက်ထပ် အခွင့်ကြုံသေးရင် ဒီလိုကိုယ်တိုင် သွားလှူနိုင်ဖို့လဲ
ကြိုးစားပါဦးမယ်လေ။

Sunday, March 16, 2008

ကိုကြီးစေးထူးသို့ ပေးစာ (သို့ ) အဆင်မပြေမှုများအတွက် တောင်းပန်ခြင်း

ကိုကြီးစေးထူးရေ

ညီမလဲ လုံးဝမအားဘူးဖြစ်နေတာနဲ့ သွားလှူမဲ့ရက်ကို ဘယ်သူနဲ့မှ
မချိန်းဖြစ်သေးဘူးဖြစ်နေခဲ့တာ။ ဘာညာ့ဆီက ဆန်းဒေးချိန်းထားတယ်ဆိုတဲ့
မေးလ်ကိုလဲ ခုမနက်မှရရချင်း ဖတ်ဖြစ်တာပါ။
(အဲလို ချိန်းပေးထားလိမ့်မယ်မှန်းလဲ မသိလို့ လိုက်မယ်ဆိုပြီး
လာမေးသူတွေကိုတော့ မေးလ်နဲ့ သို့မဟုတ် ဖုန်းနဲ့
အကြောင်းကြားပါမယ်ဆိုပြီးပဲ ဖြေနိုင်တာကလွဲလို့ လိုက်မဲ့သူ အားလုံး
အဆင်ပြေပြီး အားမဲ့ရက်ကို မရွေးခဲ့ရသေးတာဗျ။ ဖိုးသူတော် တို့
မင်းယွန်းသစ်တို့၊ ပေါက်ကရ 80တို့)

ဒါပေသိ ဒီနေ့တော့ ဘာညာ၊ ဂေါက် ၊ ပင့်ဂိုးလ်တို့ အုပ်စု
ပိုက်ဆံလာယူသွားပြီး သွားလှူကြမယ်ဆိုလို့
လိပ်စာပြောပေးပြီးလမ်းညွှန်ပေးရုံပဲ တတ်နိုင်တော့တယ်။ အဓိကလမ်းကျွမ်းတာက
ကိုသန့်မလို့ သူ့ကိုလဲ ပါစေချင်ပေမဲ့ သူလဲ ဆန်းဒေးမအားဘူး တဲ့။
ဖြစ်နိုင်ရင်တော့ ကိုယ်တိုင်လဲ လိုက်ပြီး သွားလှူချင်ပေမဲ့ ဒီအပါတ်ထဲမှာ
ဘယ်လိုမှ အဆင်မပြေနိုင်တာပါ။ (မျက်လုံးနဲ့ နှစ်ယောက်သား ကြိတ်လုပ်နေရတဲ့
အလုပ်အရှုပ်တွေကြောင့် သူလဲ မအားရှာဘူး သွပ်သွပ်)
ဘယ်လိုမအားပေမဲ့ လဲ ဆန်းဒေးချိန်းထားပါတယ်လို့ confirm
ကြိုလုပ်ပေးနိုင်ရင်တော့ လိုက်ခွင့် ရဦးမှာ ပေမဲ့ ခုလို အစစအရာရာ
အဆင်မပြေဖြစ်သွားတာအတွက် မယ်လိုဒီမောင်မှာ တာဝန်ရှိခဲ့မယ်ဆိုရင်...
တောင်းပန်ပါတယ်ဗျို

မအားချက်ကတော့ မိုးလင်းလို့ မျက်လုံးဖွင့်တာနဲ့ အသက်တောင်
ကောင်းကောင်း၀၀မရှူအားပဲ ပြေးလွှားနေရလို့ မဆီမဆိုင် မနက်ကတောင် ဘာညာ နဲ့
ပင့်ဂိုးလ်တို့ စောင့်လိုက်ရတယ် အလုပ်ကိစ္စ တစ်ခုနဲ့ ကုက္ကိုင်းဘက်
ရောက်နေလို့ (သွားဖြစ်မယ် မသွားဖြစ်ဘူးကို မနက်ကမှ confirm
ဖြစ်ကြောင်းဖုန်းဆက်မှ သိရတာမလို့ပါ)။ အသက်ရှူဖို့တောင် မအားတာကို
ရေသွားကူးတယ်လို့ အထင်ခံရသေးတာတော့ ဘ၀င်မြင့် ချင်သလိုလို အဟိဟိ
(ထင်တဲ့သူတွေကို ပြောပါတယ်)

ဘာပဲဖြစ်ဖြစ် အလှူတစ်ခု မြန်မြန်ဖြစ်မြောက်သွားစေချင်တာမလို့
ကိုယ်မသွားနိုင်သေးတာကို သွားလှူပေးကြတာကိုတော့ ကျေးဇူးတင်ပါတယ်။
ကိုကြီးစေးထူးရဲ့ အလှူကိုလဲ သာဓုသုံးကြိမ်ခေါ်ပါတယ်ဗျာ

စာနယ်ဇင်းတွေကို ခေါ်ပေးထားတယ်ဆိုတဲ့ ပေါက်ကရ 80 က တော့
ပါမလာဘူး။ တော်ပါသေးတယ် အကြိမ်ကြိမ် အခေါက်ခေါက်သွားလှူပေမဲ့
မှတ်တမ်းယူတာမျိုးမရှိခဲ့ဘူးတာ စာနယ်ဇင်းပါရင်တော့
ဘုန်းဘုန်းညက်လုံးပြူးမှာ တွေးနေမိတာ
ထားပါတော့ ကိုကြီးစေးထူးရေ

နောက်မှ စာရှည်ရှည်ရေးမယ်နော် ခု အလုပ်တွေ ဆက်လုပ်လိုက်ပါဦးမယ်။

ကိုကြီးစေးထူး ဘ၀နဲ့ ဆန္ဒတွေ တစ်ထပ်တည်းကျလို့ အစစအရာရာ အဆင်ပြေပါစေဗျာ

မီမီ @ မယ်လိုဒီ

စာကြွင်း။ ။ ကိုယ်တိုင်သွားလှူတဲ့ သူတွေ ပြန်လာမှပဲ ပုံတွေနဲ့
အတွေ့အကြုံတွေကို သူတို့ဘလော့ဂ်တွေက ပို့စ်တွေ သွားဖတ်ကြရအောင်နော်။

Saturday, March 8, 2008

ကိုကြီးစေးထူးရဲ့ ကော့မှူးဆေးခန်းအတွက် အလှူ

ကိုကြီးကလိုစေးထူးက သူ့နာမည်နဲ့ တွံတေးမြို့နယ်၊ ဆင်ခြံကျေးရွာ
ကော့မှူးဆေးခန်းမှာ တစ်သိန်းသွားလှူပေးဖို့ ပြောထားတာ
အဲဒါ ပိုက်ပိုက် ပို့ထားတာရပြီးပြီဗျ

ကိုသန့် ၊ မျက်လုံးနဲ့ စိုးဇေယျကတော့
လိုက်မယ်ပြောတယ်၊ ဘာညာ၊ပင့်ဂိုးလ်နဲ့ ဂေါက် တို့ လဲ ရုံးအားရင်လိုက်နိုင်မယ်ထင်ရဲ့
ဘယ်နေ့ သွားရင် အဆင်ပြေမလဲတော့ မသိသေးဘူး
မမီက 1လလုံး သိပ်မအားဘူး ဒါပေသိ ဘာညာတို့ နဲ့လိုက်မဲ့သူတွေ အားမဲ့နေ့ကို
ရုံးက ခွင့်ယူပြီးသွားကြမယ်ဗျ။
ဖြစ်နိုင်ရင် လာမဲ့ အပါတ် ဆန်းဒေးသို့မဟုတ် ကြာသပတေး၊သောကြာ တစ်ရက်ရက်ပေါ့
21ရက်နေ့ တပေါင်းလပြည့်နေ့ဆို ပိုအဆင်ပြေပါမယ်(ကိုသန့်ကတော့ မပြေဘူးတဲ့)

သွားရင် မနက် ၇နာရီလောက်သွားပြီး 11နာရီ 12နာရီဆို ပြန်ရောက်ပါမယ်။
လိုက်မဲ့သူ ဘယ်နှစ်ယောက်ရှိရှိ စရိတ်ကတော့ မမီခံမယ်နော်

လှူချင်တဲ့သူတွေ ရှိသေးရင်ဖြစ်ဖြစ်၊ သွားမဲ့နေ့မှာ
လိုက်မဲ့သူတွေရှိသေးရင်ဖြစ်ဖြစ် အကြောင်းပြန်ပေးကြပါဦး။

စာကြွင်း။။ လှိုင်သာယာ မီးဘေး အလှူငွေအတွက်လဲ ကိုကြီးစေးထူးမှ 50,000
ကျပ်မတည်ပေးထားပါတယ်။
မနက်ဖန်သွားလှူဖြစ်မလား၊ ဘယ်နေ့လဲတော့ သေချာမသိသေးဘူးဗျ။

Wednesday, March 5, 2008

ဆီမီနာမှာ နားထောင်ခဲ့သမျှ...

မနေ့က နေ့လည် 1နာရီမှာ တေဇာရယ် သူ့သူငယ်ချင်းရယ်နဲ့အတူ ဒေါက်တာ
ဦးသိန်းဝင်း ဟောပြောတဲ့ ဆီမီနာကို သွားရောက် နားထောင်ဖြစ်ပါတယ်။

IT အနေနဲ့ မဟုတ်ပဲ ICT အနေနဲ့ အစကတည်းက နကန်းတစ်လုံးမှ မသိထားတော့လဲ
ပြောပြသွားတာလေးတွေ လိုက်နားထောင်ရုံသက်သက်မို့ နဲနဲတော့ ပျင်းတယ်ဗျ။
ဘာပဲဖြစ်ဖြစ် ကိုယ်ရဲ့ ကြားဖူးနားဝလေးကိုတော့ တဆင့် ပြန်ပြီး ဖောက်သည်ချလိုက်ပါတယ်။
ဓါတ်ပုံကတော့ တေဇာ ရိုက်သေးသလားမသိဘူး။(အားမှပဲ သူ့ဘလော့မှ
ပြန်သွားချောင်းကြည့်ဦးမယ်)

Intelligent Network(IN) : Telecom ကွန်ယက်တွေမှာ လိုင်းဖုန်း၊
ခြင်းဖုန်း ၊ GSM တွေရဲ့ ကွန်ယက်တွေ ရဲ့ လွယ်ကူလျင်မြန်မှုတွေနဲ့
ဝန်ဆောင်မှု အသစ်တွေအကြောင်း၊ အဲဒီ IN တွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံထဲမှာ IP
ဖုန်းတွေပါ အလွယ်တကူ တပ်ဆင် အသုံးပြုနိုင်ပြီဖြစ်လို့ ဒီ တယ်လီဖုန်း
network ဟာဖြင့် soft-switch အနေနဲ့ communication technology
သီးသန့်မဟုတ်တော့ပဲ IT ဘက်ကို 80% လောက်ထိ အသွင်ကူးပြောင်းလာတဲ့အကြောင်း၊
ပြီးတော့ 3Tier Client-Server Technology အနေနဲ့ အင်တာနက်နဲ့
telecommunication ကို အသုံးပြုသူ ယူဇာတွေရယ် webserver, database server
နဲ့ script language တွေအကြောင်း အကြမ်းဖျဉ်းပြောသွားပါတယ်။ (ဒီ
တော့ပစ်ကတော့ ပျင်းတောင်ပျင်းသေးတယ် အဟိဟိ)

သူ့ရဲ့ လက်ရှိသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်တဲ့ ဂျာမဏီက T-Mobile နဲ့
ပါတ်သက်ပြီးတော့ကတော့ ကုန်ပစ္စည်း ထုတ်ကုန်ကို ရောင်းတာထက် ၀န်ဆောင်မှုကို
အပြိုင်အဆိုင် ရောင်းရတာ ဖြစ်တဲ့ အတွက်ကြောင့် 99.9999% availability
ဖြစ်တဲ့ 24နာရီ အပြတ်အလတ်မရှိ( ဆားဗစ် ဒေါင်းတာမျိုးမဖြစ်အောင်)
သူတို့ရဲ့ machine တွေကို နှစ်ထပ်ကွမ်းစနစ် ၊ ဆာဗာဆိုလဲ နှစ်လုံး၊
လိုင်းဆိုလဲ မတူတဲ့ နှစ်လိုင်း၊ စက်ထဲမှာလဲ network card လိုမျိုးကစ
နှစ်ကဒ် (single point failure) မဖြစ်အောင်တဲ့။ ပစ္စည်းက လူရဲ့ လုပ်အားထက်
ပိုပေါတော့ လဲ ကောင်းပါ၏ ပေါ့နော်။ (ဒီမှာကတော့ လူနှစ်ယောက်နဲ့
ကွန်ပြူတာတစ်လုံး အဟိဟိ)

သူပြောချင်တာလေးတွေ ပြောသွားပါတယ် ။ ကိုယ်ကပဲ ပိန်းတယ်ထင်ရဲ့ ဘာမှ မရလိုက်သလို။ :P
ပြောပြီးသွားတော့ သူ့ရဲ့ မေးလ်လိပ်စာ ရယ် homepage လေးရယ်
မိတ်ဆက်ပေးပါတယ်။ မေးစရာများကို နောက်မှ မေးလ်ပို့မေးလဲ ရပါတယ်ပေါ့နော်။
theinwindr@gmail.com & www.myanmar-online.com ပါ။

နောက်တော့ အမေးအဖြေအစီအစဉ်လေးဆက်လုပ်ဖြစ်သွားပါတယ်။
အဲဒီမှာ လုပ်တဲ့ အမေးအဖြေလေးတွေထဲက တချို့မေးခွန်းလေးတွေကတော့
စိတ်ဝင်စားစရာကောင်းပါတယ်။ အဖြေတွေထဲမှာတော့ ဂျာမဏီက သူလုပ်နေတဲ့
T-Mobile Co. က အနိမ့်ဆုံးလစာ 3000 လောက်ဖြစ်တဲ့ အကြောင်း၊ ဒီလို
industry တွေအတွက်လိုအပ်တဲ့ ပညာရှင်တွေကို တက္ကသိုလ်တွေက
အရည်အချင်းပြည့်မီအောင် မွေးထုတ်မပေးနိုင်တဲ့ အကြောင်း၊ အဲလို
telecommmunication အတွက် အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ အတွက်
အရည်အချင်းစစ် စာမေးပွဲနဲ့ လက်မှတ်တွေလဲ မရှိသေးတဲ့အကြောင်း၊
အလုပ်လုပ်ခွင့် ရတဲ့ chance တခုသာ အရင်ရရှိပြီးမှ
အလုပ်ကနေသင်သွားတာမျိုးဖြစ်ကြောင်း၊ မြန်မာပြည်ရဲ့ အနာဂါတ်
မိုဘိုင်းလ်ကမ္ဘာမှာကတော့ တကယ်လို့သာ အပြိုင်အဆိုင်လုပ်ပိုင်ခွင့်တွေ
ရှိလာရင် ဈေးကွက်မှာ good quality & good service ကို low price နဲ့သာ
ယှဉ်ပြိုင်လာနိုင်မှာဖြစ်ကြောင်း၊ demand & supply အရ အာဖရိကမှာ 1MB
လောက်ရတဲ့ satellite ကနေသုံးတဲ့ အင်တာနက်လိုင်းတခုဟာ $7000 per month
လောက်ဖြစ်နေကြောင်း (အမေရိကမှာတော့ 15$ လောက်သာကျသင့်မှာဖြစ်ကြောင်း) ၊
ဂျာမဏီမှာ sim card တခုကို 2$ နှုံးလောက်နဲ့ ကုမ္ပဏီ 5ခုက ကဒ်တွေကို
ကွမ်းယာဆိုင်ရောင်းသလို ရောင်းပြီး ၀ယ်တဲ့သူက ၀ယ်လို့ စမ်းကြည့်ရင်
စိတ်တိုင်းမကျရင် လွှင့် ပစ်သေးတယ်ဆိုပဲ (အီးဟီးးးး လိုချင်လိုက်တာနော်)
စသဖြင့် စသဖြင့် စုံလင်စွာ ဖြေပေးသွားပါတယ်။ (နည်းပညာပိုင်းတွေတော့
တကယ်ကို လုံးဝ သိပ်မပြောသလို သိပ်လဲ မဖြေသွားပါဘူး)

တကယ်လို့ ဒီဆီမီနာမှာ လာနားမထောင်ဖြစ်ပေမဲ့လဲ စိတ်ဝင်စားတဲ့သူများ MCPA
ရုံးခန်းမှာ အသံသွင်းထားတာလေးကို သွားရောက်ကူးယူနားထောင်လို့ ရကြောင်း
ဖေါက်သည်ချလိုက်တယ်နော်။