Wednesday, December 31, 2008

၂၀၀၈ အားပြန်လည်သုံးသပ်ခြင်း

၂၀၀၈ အားပြန်လည်သုံးသပ်ခြင်း ဆိုတဲ့ပို့စ်လေး တင်ဖို့ကြိုးစားရင်း လူရင်းကြီးတွေရဲ့ အပြောင်းအလဲများနှင့် ၂၀၀၈ ကို သုံးသပ်ချက်အား စိတ်ဝင်စားမိခဲ့တယ်။ ကိုယ့်အကြောင်းကိုတော့ မညှာမတာပြန်သုံးသပ်ရင်း ဒီပို့စ်လေးတင်လိုက်ပါတယ်။

Jan မှာ မှတ်မှတ်ယယ ကျိုက်ထီးရိုး၊မော်လမြိုင်၊ဘားအံဖက်ကို staff vacation ထွက်ခဲ့တယ် ပျော်ပျော်ပါးပါး မော်တော်ကားနဲ့ကွယ်
အင်္ဂလန်က ရွှေမန်းမင်းသား ရန်ကုန်ရောက်တုန်းရောက်ခိုက် လျှောက်သွားဖြစ်ကြတယ်။ အနီးဆုံးက သူငယ်ချင်းတစ်ယောက် မထင်မှတ်ပဲ အမှောင်ကမ္ဘာထဲ ရောက်ခဲ့တယ်။

Feb မှာ ကျမရဲ့ မွေးနေ့ကို offline friends တွေနဲ့ပဲ တိတ်တိတ်လေး ကျင်းပဖြစ်ခဲ့တယ်။

March မှာတော့ ကိုကြီးစေးထူးရဲ့ ကော့မှူးဆေးခန်းအတွက် အလှူ နဲ့ပတ်သက်ပြီး စိတ်ဖုစရာလေးတွေကြုံခဲ့တယ်။ ခုတော့ အားလုံးမေ့ထားလိုက်ပီးပီ။ ပြီးတော့ လှိုင်သာယာ (ရေဥက္ကံ) သို့ မီးဘေးအလှူအတွက် ကိုယ်တိုင်ကိုယ်ကျ လုပ်အားပေးခွင့်ရခဲ့တယ်။

April သင်္ကြန် မကဲအားခဲ့ဘူး (ASP .Net)ခွေးနက်ကြီးနဲ့ပါတ်သက်ပြီး MCTS certified ဖြစ်ဖို့ စာမေးပွဲအတွက်ပဲ လုံးပမ်းနေဖြစ်ခဲ့တယ်လေ။ လကုန်မှာတော့ Tourism အလုပ်ကနေလဲ တရားဝင်နှုတ်ထွက်ပြီး ပတ်စာခွာဖျာလိပ်ပေါ့။

May မှာတော့ ရက်စက်ပါ့ နာဂစ်ရေ လို့အော်ဟစ်ညီးတွားရင်း စာမေးပွဲရက်နောက်ရွေ့တာက တချက်၊ တတ်နိုင်သမျှ အပေါင်းအသင်းတွေဦးစီးလုပ်ဖြစ်တဲ့အလှူလေးတွေအတွက် ကိုယ်တိုင်ကိုယ်ကျမလိုက်နိုင်ခဲ့ပေမဲ့ ဆော်သြရေး၊ စုဆောင်းရေးလုပ်ပေးနိုင်ခဲ့တယ်။ ဒီလထဲမှာ ရက်ပေါင်းတစ်ရာ တိုက်ပွဲတစ်ခု အောင်ခဲ့တယ်။

June မှာတော့ ကိုင်းကွာ..မှတ်ကရော ဆိုပြီး သွားနှုတ်ပစ်လိုက်တယ် အဟိဟိ (မထူးဆန်းပေသိ မနှုတ်ကတာ နှစ်၂၀လောက်ရှိပီလေနော်)

July က ခရီးသွားလလို့ ခေါ်ရမယ်ထင်ပ။ နေပူတော်သွားတောလားးးးးးး ရတနာပုံ ရွှေမန္တလေးသို့ အလည်တစ်ခေါက်... ခြင်္သေ့ကျွန်းမှာ..ရောက်နေသဗျို
အဲဒီပို့စ်တွေတောင် တင်ဖြစ်ခဲ့တယ်။ ချစ်သူခင်သူတွေနဲ့လဲ ခွဲခွာလာရတယ်လေ။ တစ်ရွာမပြောင်း သူကောင်းမဖြစ်ပေါ့(သေချင်တဲ့ကျားလို့တော့ ပြောနဲ့ ငရဲကလူ ပြာပူကြောက်ဘူးကွ)

August မှာ လွမ်းလိုက်လွဲလိုက် အဲလေ..အလုပ်တွေရှာလိုက်နဲ့ ပဲသီးဘူးသီးနဲ့ နပမ်းလုံးနေရင်း စင်ကာပူတခွင်ပြဲပြဲစင်အောင် လျှောက်လည်တယ်။ ရန်ကုန်မှာ ဘလော့ဒေးအထိမ်းအမှတ်ဆီမီနာလေး ကျင်းပနိုင်ဖို့ အင်တိုက်အားတိုက် အဝေးရောက်ကြိုးပမ်းနေခဲ့တယ်။

September မှာတော့ ရန်ကုန်မှာ မလုပ်ဖြစ်တဲ့ ဆီမီနာအစား စင်ကာပူဘလော့ဂါတွေစုဆုံတဲ့ gathering party တစ်ခုကို အလျှင်အမြန်အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်။ ဒါပေသိ အလုပ်မရသေးလို့ ဘန်ကောက်ကိုအလည်သွားရင်း စတောင်ရှေး stay ရှောင်။

October က MMITPROS SG Oct Meet-upကို သွားဖြစ်တယ်။ ကမ္ဘာပတ်နေတဲ့ ဂူဂူးနဲ့ တွေ့ဖြစ်တယ်။

November မှာ အလုပ်စဆင်းပြီ။ ထာဝရ သူငယ်ချင်း နေဘုန်းလတ် အတွက် စိတ်သောကဝေခဲ့မိတယ်။ ဒါပေသိ တတ်နိုင်ဘူးလေ။

December က မင်္ဂလာဆောင်တွေသွားပီး ၀ါးတီး ကိုဖြိုးတို့မင်္ဂလာပွဲ နဲ့ လင်းလက်တို့မင်္ဂလာပွဲ။ ပြီးတော့ melacca ကိုခရီးသွားဖြစ်ခဲ့တယ် ပျော်ပျော်ပါးပါး.. ဟိုနားဒီနား..

ပြောရမယ်ဆိုရင် ဒီ၂၀၀၈ကတော့ meetup တွေ gathering တွေအလုပ်များရင်း ခရီးတွေသွားရင်း အပြောင်းအလဲများစွာနဲ့ ပျော်ပါး မော်ကြွားခဲ့ရတဲ့ နှစ်တစ်နှစ်ပဲလို့ ဆိုနိုင်ပါတယ်။ 2009 မှာတော့ အောင်မြင်ပျော်ရွှင်ကြည်နူးမှုတွေပဲ ကြုံမလား။ ဘယ်လိုအပြောင်းအလဲတွေများကြုံမလဲ။ challenging တွေဘယ်လောက် ရင်ဆိုင်ရမလဲဆိုတာတွေကို ရင်ခုန်မိရင်း ရင်ခုန်နှစ်သစ်ကို ပျော်ရွှင်စွာ ကြိုဆိုလိုက်ပါတယ်။

2 comments:

MrDBA said...

မမီရဲ့ RSS Feed မှာတစ်ခုခုဖြစ်နေသလား။ Google Reader ထဲမှာ အသစ်မတက်တော့ဘူး။ လိပ်စာအသစ်နဲ့လဲ ထပ်လုပ်ကြည့်တာလဲ မရပါ။

MELODYMAUNG said...

MrDBA သိုင်းခရုဗျို ပြင်လိုက်ပီဗျ ဒါပေသိ အဲဒီဘက်မှာလဲ တချက်လောက်ပြန်ပြင်ပေးနော်(ပို့စ်အသစ်လေးနဲ့ အကြောင်းကြားထားတယ်ဗျ)