Friday, December 12, 2008

သူများအကြောင်းလဲ မပြောတတ်ပါ..စပ်မိစပ်ရာ ဘာညာကွိကွ..

မြန်မာနိုင်ငံ ပြင်ဦးလွင်ရှိ ရတနာပုံတယ်လီပို့တ်တွင် အိုင်တီမယ် ရွေးပွဲကို အင်ဖိုရစ်သမ်-မေ့ဇ် (Inforithm-maze) ကုမ္ပဏီက ကမကထပြုလုပ်ပြီး ဒီဇင်ဘာ ၁၆ ရက်နေ့တွင် ကျင်းပမယ်တဲ့။ အဲဒီမယ်ရွေးပွဲက ပြင်ဦးလွင်ရှိ ရတနာပုံတယ်လီပို့မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပမည့် အိုင်စီတီပြပွဲ၏ တစိတ်တဒေသလည်း ဖြစ်သတဲ့။

အဲဒီမှာ ပြိုင်ပွဲဝင်သူများအနေနှင့် အိုင်တီနဲ့ဆိုင်တယ်ဆိုတော့ ပုံမှန်နှင့်မတူဘဲ ဆန်းပြား ခြားနားသည့် အ၀တ်အစားများကို ၀တ်စားရမည့်အပြင် နိုင်ငံရေးလဲကင်းရှင်းကြောင်းထောက်ခံစာပါပါရမတဲ့ဆိုတော့ ဘ၀င်မကျ။(ဘယ်မှာဖတ်မိမှန်းတော့ မေ့သွားပီ ကြော်ငြာဒီဇိုင်းလေးတော့ ယူထားမိလို့တင်ပေးလိုက်တယ် ဖတ်ကြည့်ကြည့်)

အဲဒီ ပြိုင်ပွဲကိုအသာထားလို့ The 7th Myanmar ICT Week 2008 ပြပွဲအတွေ့အကြုံများနဲ့ ပါတ်သက်ပြီး ဒီ website လေးမှာ သွားဖတ်ကြည့်ရင်း

ကျွန်တော်တို့နှင့် မိုဘိုင်းလ်ဖုန်းရောဂါ

GSM တစ်ခါသုံးဖုန်းကဒ်တွေ ရောင်းနေပြီ(အလုအယက်တောင် ၀ယ်နေကြသည်ဆိုပဲ)

ရယ်ချင်ပက်ကျိဖြစ်မိ၏။ (website ဖန်တီးသူကိုပြောတာဟုတ်ဘူး တော်ကြာ “- ဂျွန်” ဖြစ်နေမလားမသိ အဟိ)

ကျမ အခုနေတဲ့စလုံးမှာ ကျမပါ့စ်ကျလို့ ဖုန်းလိုင်းလျှောက်လို့ရပေသိ ရောက်ကတည်းက၀ယ်ထားတဲ့ ဟန်းစုတ်(အဲလေ..ယောင်လို့) ၁၀၀တောင်မပြည့်တဲ့ motorola ဟန်းဆက်လေးရယ် starhub GREEN Prepaid SIM card(၃၈ကျပ်) ကိုပဲဆက်သုံးပါတယ်။ အဲဒါက ဂျူလိုင်က၀ယ်သုံးတာ ဒီဇင်ဘာ ၂၀၀၉မှာ သက်တမ်းကုန်မယ်ဗျ။ပြီးတော့ အစက ၁၆ကျပ်တန် S$ 18 green prepaid top up card နဲ့ ဖြည့်သုံးတယ်။(တစ်ခါဖြည့်တိုင်း ၆လသက်တမ်းရှိသဗျ)။ ခုတော့ Happy 128 ဆိုတဲ့ ၂၆ကျပ်တန် S$ 28 top up card ပြောင်းသုံးနေတယ်။(သူကတော့ ရက်၅၀ အတွင်း ကုန်အောင် သုံးရတယ်၊ မကုန်သေးလဲ နောက်ထပ်ထည့် ထပ်ဖြည့်တာနဲ့ ပေါင်းသွားရော၊ ကောင်းပ)Free IDD 018 to 14 destinations
Free incoming calls
Free bundled SMS and credits
Free 10 SMS with 5sent daily
အဲဒါတွေ ရတာတူတူပဲဗျ။

၁၆ကျပ်တန်က ပြား၆၀ နေ့တိုင်းဖြတ်သွားတယ်ဆိုပဲ ဒါဆို ၆လတော့ခံဘူးထင်ရဲ့။ ၂၆ကျပ်တန်ကတော့ local call ၁၀၀ ဖိုးနဲ့ IDD call ၂၈ကျပ်ဖိုး ကို ရက်၅၀အတွင်း ပြောရသဗျို။ မယုံမရှိနဲ့ တကယ်ပြောတာ အဟိဟိ

FREE Incoming Calls ကို ဘယ်လိုရအောင်လုပ်ရမှန်းစစချင်းမသိလို့ ၂ရက်တစ်ပိုင်းနဲ့တင် ၁၆ကျပ်ကုန်သွားဖူးတယ်။ ဒါကြောင့် ၀ယ်ထည့်ပီးပီးချင်း request လုပ်လို့ရအောင် ဒါလေးဖတ်လိုက်နော်။
Enjoy FREE incoming calls whenever you want. Simply key in *133*1# and press "SEND" on your mobile phone to activate this on-demand Free Incoming Calls feature! To de-activate this feature, dial *133*0# and press SEND on your mobile phone.

မှတ်ချက်။ ။ ဖုန်းလာရင် မြန်မာတုန်းကလို ပြတင်းပေါက်ထွက်ပြီးလဲ မအော်ရပါ။ ဓာတ်လှေကား၊ တိုက်အမြင့်အနိမ့် နဲ့ တော်ရုံလှိုဏ်ခေါင်းထဲမှာလဲ အသံကြည်ကြည်လင်လင်ကြားရ၏။

မယုံရင် ဒီမှာ လာဖတ်ဦး
အော်..မေ့တော့မလို့ GREEN Prepaid SIM card ကို 1 November 2005 ကစပြီးတော့တော့ registered လုပ်ပြီး ၀ယ်သုံးရတယ်နော်။ ရှေးရှေးကလို ဈေးဗန်းထဲကလိုတော့ အလွယ်ဝယ်လို့ရတော့ဘူး

ဆော်တီးနော် singtel အကြောင်းတော့သိပ်မသိဘူးဗျ။ ကိုယ်ဖာသာ ရှာဖတ်လိုက်နော်..နော်

1 comment:

khmyt said...

အမကြီး M1 အကြောင်းလဲပြောဦးလေဗျာ။ prepaid phone အားလုံးက ပေးတဲ့ ဝန်ဆောင်မှုက အတူတူလိုပါပဲ။ prepaid phone သုံးတော့ လတိုင်း bill ဆောင်နေရတဲ့ဒုက္ခကင်းတယ်။ ချင့်ချိန်ပြီးသုံးရတော့ သိပ်မကုန်ဘူးပေါ့။ တခုပဲရှိတယ်။ ကိုယ့်ဆီကို တနေ့ အနည်းဆုံး ၁၀မိနစ်လောက် ဖုန်းအဝင်ရှိတဲ့သူမှ incoming free လုပ်တာတန်တာဗျ။ အမကြီးဆီ တနေ့တနေ့ ၁၀မိနစ်ထက်မနည်း ဆက်နေတဲ့သူရှိလား:) နေတော့ အနီရောင်လိုင်းနားလား၊ အစိမ်းရောင်လိုင်းနားလား။ ကျနော်က အစိမ်းရောင်လိုင်းမှာ။