Friday, December 26, 2008

နှစ်တစ်နှစ်ရဲ့ကုန်ဆုံးချိန်

နှစ်တစ်နှစ်ရဲ့ကုန်ဆုံးချိန်ကိုရောက်လုပြီ
နှစ်ဟောင်းကုန်ရင် နှစ်သစ်ရောက်ပီ
နှစ်သစ်မှာ လူသစ်စိတ်သစ် ပျော်ရွှင်စရာအသစ်တွေကြုံဖို့အမြဲ မျှော်လင့်ချက်နဲ့ ဆုတောင်းတတ်တာ အကျင့်တစ်ခု ဖြစ်လို့နေခဲ့တယ်
မြန်မာနှစ်သစ်မှာ ဆုတောင်းဖြစ်တာထက် calendar year ကုန်တဲ့အချိန်မှာ ဆုတောင်းမိတာပါပဲ။
နှစ်ဟောင်းမှာ ဘာတွေဖြစ်ပျက်ပြောင်းလဲတိုးတက်ခဲ့လဲဆိုတာ သုံးသပ်ရင်းနှစ်သစ်အတွက်လဲ plan တွေ ချရဦးမပေါ့။

၂၀၀၇ အားပြန်လည်သုံးသပ်ခြင်းဆိုပြီး ပို့စ်တစ်ခု မှတ်မှတ်ရရတင်ဖူးသေးတယ်။
ဒီနှစ် ဒီဇင်ဘာ ၃၁မှာလဲ ၂၀၀၈ အားပြန်လည်သုံးသပ်ခြင်းဆိုတဲ့ပို့စ်လေး တင်ဖို့ကြိုးစားနေပါတယ်။
ကျမနဲ့အတူ နှစ်ဟောင်းကိုပြန်လည်သုံးသပ်ပြီး ပို့စ်တင်စေချင်တဲ့သူတွေကတော့ -

ကိုနေဘုန်းလတ်( သူသာ ရေးခွင့်ရမယ်ဆိုရင်လေ)
ကိုရန်အောင်
မပန်ဒိုရာ(Done)
ကိုတက်စလာ
ကိုချမ်းမြစိုး (Done)
မျိုးကျော်ထွန်း
ပီကေ (Done)
မျက်လုံး
မစ်သွန်းသွန်း
မိုးမောင်(happycloud)(Done) နဲ့
ပင့်ဂိုးလ်(Done) တို့ကို ရေးပေးကြပါဦးလို့ တောင်းဆိုပါတယ်။ (၃၁ရက်နေ့အမီတင်ပေးကြနော် နော်)

မှတ်ချက်။ ။ tag လုပ်တယ်ဆိုတာထက် ဒီလူရင်းကြီးတွေရဲ့ အပြောင်းအလဲများနှင့် ၂၀၀၈ ကို သုံးသပ်ချက်အား စိတ်ဝင်စားမိလို့ပါနော်။

5 comments:

Steve Evergreen said...

you all are in the same group with Nay Phone Latt?

Now he has been very famous and receiving awards. You are still a blogger on free website. Pity!

Pinkgold said...

ရေးပြီးသွားပါပြီ မမီရေ..

pandora said...

ရေးပြီးကြောင်း သတင်းပို့ပါသည်။

Tesla said...

မရေးပြီးသေးကြောင်း နှစ်တင်းပို့ပါသည်. အာ.... အခုမှ တွေ့တယ်ဟဲ့. အလင်္ကာမီမီ ရဲ့.. နို့.. ဘလော့လိပ်စာ ပြောင်းတာ သိမှ သိပဲကိုး.. ရေးမလို့ လုပ်တုန်း.. ကြည့်ဦး နှစ်ထောင့်ကိုးက လက်ဦးသွားပြီကော..( အေးရော... :P ) နှစ်ထောင့်ရှစ်ကြီးကလည်း ထူးထူးခြားခြား သိပ်မရှိလှပါဘူး မမီရယ်. သိသိသာသာ ပြောင်းလဲသွားတာ ဆိုလို့ နာရီထဲက အချိန်တွေနဲ့ သေခါနီးသွားတာပဲ ရှိတာ. (ဂွိ).. အော်.. ကဲ... အူလည်လည် အီကွေတာရာသီ ဥတုရဲ့ လူအယောင်ကွယ်ဆောင် ထားသော သူယောင်မယ်များကြား.. ကျနော်အခုထိ လည်း အူကြောင်ကြား နဲ့ ပဲ ရှိနေသေးကြောင်း.... နှစ်တင်းပို့ပါတယ်... အယ်.. (တပြည်နှစ်ကျပ်.. ပေါင်း.. ခြောက်ဆယ့်လေးကျပ် ကြပါတယ်.. ဘာာာာာ....) နှစ်သစ်မှာပျော်ရွှင်ပါစေ မမီ.. :)

MELODYMAUNG said...

how strange? he is deserved more than this award >> to Steve
သိုင်းခရု၊ အာဘွား >> ပိုးဂင့်၊ ပန်ပန်
ပိန်ပိန်ပါးပါး ၀ါးခြမ်းပြား ကိုသဲစား၊ သူယောင်မယ်များကြား အူကြောင်ကျား yoyo! ဘွဲ့တွေတိုးလာပီကိုး အဟိုးဟိုး >> ကိုတက်စ်