Thursday, December 25, 2008

ခရစ်စမတ်နေ့လေးမှာ အားလုံးပျော်ရွှင်ချမ်းမြေပါစေ

Christian မဟုတ်ပေသိ စင်ကာပူမှာရောက်နေခိုက် X'mas ရဲ့ အငွေ့အသက်တွေဖုံးလွှမ်းနေတာ
သူတို့အပျော်တွေပါ ကိုယ့်ဆီကူးတာမို့ပျော်မိပါတယ်
အသားအရောင်မရွေး လူမျိုးမရွေး ဘာသာမရွေး ခွဲခြားချက်မရှိပဲ မီးထွန်းထားတာတွေ လျှောက်ကြည့်၊ တွေ့တဲ့သူအချင်းချင်း Merry X'mas လို့ အပြန်အလှန်နှုတ်ဆက်ကြ လက်ဆောင်တွေပေးကြနဲ့လေ
ဒီနေ့ရုံးမှာ mini lunch နဲ့ lucky draw တပျော်တပါး ဆင်နွှဲကြလို့ နေ့ဝက်နဲ့ ရုံးကပြန်ကြတယ်။(ကိုယ်တွေကတော့ ဒီနေ့စတဲ့ project တစ်ခုအတွက် နဲနဲကလိနေလို့ နေ့လည် ၂နာရီကျော်မှ ပြန်လာဖြစ်တယ်)
မနက်ဖန် ရုံးပိတ်တယ်။ အဲဒါနဲ့ ချက်တင်းပြောလိုက် စာဖတ်လိုက် သီချင်းတွေနားထောင်လိုက် မေးလ်ပို့လိုက် ဒီပို့စ်လေးတင်ဖို့စာရိုက်လိုက်နဲ့ မနက် လေးနာရီခွဲကျော်ပီ။ မျှော်သူလဲပေါ်မလာ (မြန်မာမှာဆို ပဲပြုတ်သည်၊ ခုတော့ ဘယ်သူ့မျှော်သလဲမေးကြည့် ဖြေဘူး အသေသတ်)

နောက် ဒီလိုခရစ်စမတ်နေ့တိုင်းမှာ သတိတရ ကျေးဇူးတင်နေမိတဲ့ ကွယ်လွန်သွားပြီဖြစ်သော မန်းလေး (ရတနာပုံဈေးအနောက်လမ်းကြား)က အင်္ဂလိပ်စာ သင်တန်းဆရာ ဦးအောင်သိန်းနဲ့ဇနီး(မာမီ)ကိုပါ။ ၁၀တန်းအောင်စ အင်္ဂလိပ်စာအခြေခံကနေပြန်စ TOEFL ဖြေဖို့ထိ သုံးနှစ်လောက်ဆက်တိုက် တက်လာဖြစ်တဲ့အချိန်တုန်းက ဆရာပြောခဲ့တဲ့ စကားလေးကိုလဲမှတ်မိပါတယ်။ “မင်းတို့ အင်္ဂလိပ်စာကို ကိုယ့်မိခင်ဘာသာလောက် မဖတ်တတ်တောင်မှ how to .. ကို သေချာနားလည်အောင်ဖတ်တတ်တာနဲ့ self study လုပ်ပြီး ကိုယ်သင်ချင်တဲ့ ဘယ်ဘာသာရပ်မဆို တတ်ကျွမ်းသည်အထိလေ့လာလို့ရပီ” လို့ပြောခဲ့ဖူးတာ။ ခုလို ဘာသိချင်သိချင် internet ကနေ google surf လုပ်လိုက်တာနဲ့ လိုချင်တာ သိချင်တာ အကုန်အကုန်ရနိုင်တဲ့ အချိန်မျိုးရောက်လာတော့ စေတနာအပြည့်နဲ့ အားသွန်ခွန်စိုက် စာသင်ပေးခဲ့ ဆုံးမလမ်းညွှန်ပေးခဲ့တာကို ပိုမို၍ ကျေးဇူးတင်မဆုံးပါ။ ဆရာတို့အိမ်ကို နှစ်တိုင်းနီးပါး ခရစ်စမတ်ရောက်တိုင်း အိမ်မှာကျွေးတဲ့ မုန့်(မုံ့ဟင်းခါး၊ ကြာဇံချက်)တွေသွားစားရင်း ခရစ်စမတ်လက်ဆောင် တစ်ခုခုတော့ သွားပေးနေကျလေ။ ခုတော့လဲ ကွယ်လွန်သွားပြီဖြစ်လို့ နှမြောတမ်းတရင်း သတိတရရှိနေဆဲပါ။ ဆရာ့ရဲ့ ပညာအမွေတွေကိုတော့ တတ်နိုင်သလောက် လက်ဆင့်ပြန်ကမ်းနိုင်ဖို့ ကြိုးစားနေဆဲပါ။

နောက်ထပ်သတိတရကတော့ မန်းလေးက YMCA ပါ။ ကျမ ၁၀တန်းအောင်ပြီးစ ကရာတေး ကစားရင်း ခရစ်စမတ်အတွက် သီချင်းဆိုဖို့ သီချင်းတိုက်ကြတာ၊ ကင်ဒိုဓားနဲ့တို့ ပျဉ်ပြားနဲ့တို့ demonstration အနေနဲ့ ပြဖို့ ကြိုးစားခဲ့ကြရတာတွေအပါအ၀င် X'mas night ရဲ့ ပျော်ရွှင်တမ်းတစရာတွေပါ။ Christian သူငယ်ချင်းများအားလုံးနဲ့အတူ တချိန်က မွေးစားသမီးတော်ခဲ့ဖူးသော christian ဘာသာဝင် ကရင်တရုတ်မလေး မီရှဲလ် ကိုလည်း သတိရမိပါရဲ့။

(ချစ်ဖို့ကောင်းတယ်ဏော်)

ဘာပဲဖြစ်ဖြစ် ဒီပို့စ်လေးနဲ့အတူ ခရစ်စမတ်နေ့လေးမှာ အားလုံးပျော်ရွှင်ချမ်းမြေ့စေဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်။

1 comment:

မိုးမောင်(happycloud) said...

မာမီ...အဲလေ.. မမီ.. Merry X'mas ပါ :P