Saturday, December 20, 2008

လွမ်းမိတဲ့ သောကြာ

ရွှေရောင်သောကြာနေ့တစ်နေ့ကိုလွမ်းမိပါတယ် မင်းကိုလွမ်းတဲ့စိတ်နဲ့အိပ်လို့မပျော်ပါ.. မင်းသာအနားမှာရှိနေရင် ဘယ်မှသွားဖို့လဲမလိုဘူး... ရင်မှာမင်းပဲရှိနေတယ်ဆိုတာ မင်းကတော့ မသိနိုင်တာ အဲလိုနဲ့ စပ်မိစပ်ရာ ကဗျာတစ်ပုဒ် စပ်မိတယ်လေ ရေးမိတာနဲ့ သိပ်မအပ်စပ်ပေသိ လွမ်းမိတဲ့သောကြာလို့ပဲ ခေါင်းစဉ်တပ်လိုက်တယ်ကွာ

အေးတခါ ချမ်းတလှည့်
ဆာတဲ့အခါဆာ ၀တဲ့အခါဝ
ပင်ပန်းလိုက် လန်းဆန်းလိုက်
(တစ်ပတ်မှာ ခုနှစ်ရက်)
ငါ့ ကိုယ်ခန္ဓာက ခံစားနေခိုက်

လွမ်းမိတယ် မှန်းကြည့်တယ်
တမ်းတတယ် သတိရတယ်
တွေးနေတယ် ဆွေးနေတယ်
(တစ်နေ့မှာ နှစ်ဆယ့်လေးနာရီ)
ငါ့ရဲ့စိတ်တခုလုံး နင်ဖမ်းစားတယ်

အိပ်မပျော်ဘူး မဖိတ်ခေါ်ဘူး
လွမ်းတဲ့စိတ်ကစိုးမိုးထားတော့
အိပ်မက်မှာလေ ငါကြည်နူး
ဆန်းစစ်ကြည့်တော့
ငါဟာ..အချစ်ရူး

ကဗျာတွေ စာတွေရေး
အထာတွေ ပေးနေတယ်လို့
ဟိုလူပြော ဒီလူပြော
သူတို့မောမယ်
ငါ ရည်ရွယ်တာ မင်းတစ်ယောက်တည်းအတွက်ပါ

ယုံကြည်ပါတယ် ဒီရင်ထဲ
အချစ်စစ်ဆိုတာ မဖြောင့်ဖြူးလဲ
တစ်နေ့ကျရင် ဆုံမှာမလွဲ
သက်ထက်ဆုံးတိုင် အထီးကျန်လဲ
ဒီလိုသောကြာတိုင်း လွမ်းနေမယ်အမြဲ...

စာကြွင်း။ ။ ကိုစေးထူးကတော့ ဒီလိုကဗျာတွေ ဖတ်မိတိုင်း မယ်လိုဒီအသည်းကွဲပြန်ပြီလားမေးလေ့ရှိတယ်။ မဟုတ်ရပါဘူး ဒီလိုပါပဲ လို့ပဲပြန်ဖြေနေကျပါ။ နှလုံးသားမရှင်သန်တဲ့ဘ၀ ဟာသေနေသလိုပဲ စက်ရုပ်ဆန်သတဲ့။ အဲတော့ စက်ရုပ်မဆန်ရအောင် ခုလဲ ဒီလိုပါပဲလို့ နော်

1 comment:

နန်း said...

ကဗျာလေးကောင်းတယ် အစ်မ...း)