Friday, December 12, 2008

ဒီဇင်ဘာရဲ့ လပြည့်ည

ဒီဇင်ဘာရဲ့ လပြည့်ည
ငွေလမင်းက ၀ိုင်းစက်လှပ
ကောင်းကင်မှာသာဆဲခဏ
အခန်းမှာလဲ လရောင်တွေဖိတ်ကျ
နင့်ကိုလေ ငါ သတိရ...

ပက်ပ်စီက ရှတတ
ငါ့ညစာလဲ မ၀တဝ
အိတ်ထဲမှာ ပိုက်ဆံကုန်တဲ့ဘဝ
လိုသမျှငွေတွေ ပို့နေကျ
အမေ့ကိုလေ ငါ သတိရ...

စဉ်းစားရင်းနဲ့ သတိရ
ငါ ချစ်တဲ့သူရော
ငါ့ကို ချစ်တဲ့သူရော
ရေမြေခြားတဲ့ ဒီဘဝ
အဝေးကနေ ငါတမ်းတ...

မှန်းဆလွမ်းရဖန်များရင်းနဲ့
ချမ်းမြတဲ့ ဆောင်းညတွေကျော်လွန်...
ကြိုးကြာငှက်တို့လို တာဝန်
ငါလေ ရှေ့ဆက် ခရီးကျွံ
အလွမ်းတို့နဲ့ မာရသွန်...

စာကြွင်း။ ။ ဒီနေ့လို လပြည့်ညမှာ အမြဲသတိရတယ်။ သတိရမိစေတဲ့သူတိုင်းကို သတိရစရာ အကြောင်းအရာတွေ ပေးတာအတွက်လဲ ကျေးဇူးတင်ပါရဲ့။ ကိုယ်က သတိရသူရော ကိုယ့်ကို သတိရသူတွေနဲ့ရော ခွဲခွာနေရတဲ့ ကွဲကွာနေကြတဲ့ အဲလို ဘ၀တူတွေ အများကြီးရှိမယ်လို့ မျှော်လင့်ပါတယ်

1 comment:

Myo Kyaw Htun said...

သတိရစရာတွေက အများသား :(