Monday, December 1, 2008

လိုသလိုသုံးသက်ဝေ....

http://nineninesanay.blogspot.com/2007/02/blog-post_21.html
http://melodymaungmm.myanmarbloggers.org/2008/11/blog-post_30.html

အဲဒီပို့စ်အတွက်နဲ့ပတ်သက်ပြီး...
မနိုင်းနိုင်းရေ.. ရှင်းပေးပါအုန်း။ မနိုင်းနိုင်းရဲ့ စာဖတ်ပရိသတ်အနေနဲ့ ဘယ်သူက ဘယ်သူ့ရဲ့စာကို ကော်ပီကူးတယ်ဆိုတာလေး ကို
http://melodymaungmm.myanmarbloggers.org/
ကျနော်က တော့ မနိုင်းနိုင်းကိုဘဲ မေးပါရစေ။ မနိုင်းနိုင်းကို ယုံကြည်လို့ ဆိုပါတော့ဆိုပြီး နာမည်မဖေါ်ပဲ ကွန့်မန့်ရေးတဲ့သူကရေး
reader ဆိုပြီး ...သူခိုးလက်က သူဝှက်လု လို့ ပြောသူကပြော
blog reader ကလဲ ..ဖတ်လို့ ကောင်းတဲ့မြန်မာလိုရေးထားတဲ့စာလေးတွေ ကဗျာလေးတွေဆို တစ်ယောက်နဲ့ တစ်ယောက် Forword Email နဲ့  လက်ဆင့်ကမ်းကြတယ်။ အဲလို လက်ဆင့်ကမ်းတဲ့ စာတွေ အများစုမှာ ဘယ်သူ့ စီကဆိုတာ မပါတတ်ဘူး။

ဒါပေမယ့် Forword Email က တာတွေကို ကြိုက်နှစ်သက်လို့  ကိုယ်ပိုင် Blog ပေါ်တင်မယ် ဆိုရင်တော့ ရေးတဲ့သူ မူရင်းရေးသူ၊ ဘာသာပြန်သူ နာမည်မသိတောင်၊ လိုက်မရှာနိုင်တောင်မှ EMAIL က တစ်ဆင့်ရခဲ့ပါတယ် ဆိုတာလေး ကိုယ့်ရဲ့ ပိုစ့်အောင်ဆုံးမှာ ဖြစ်ဖြစ် အနည်းဆုံး ထည့်ရေးသင့်ပါတယ်။

ဒါဆို သူကိုယ်တိုင်ရေးတာ မဟုတ်ဘူး.. တခြားတစ်ယောက်ရေးတာကို သူကြိုက်လို့  ပြန်မျှတယ်ဆိုတာလေး စာဖတ်တဲ့သူတွေ သိလိုက်ရတာပေါ့။ အပန်းကြီးတဲ့ ကိစ္စတစ်ခုမှ မဟုတ်တာ။

ဒီလိုလုပ်ခြင်းဟာ Blog လာဖတ်တဲ့သူတွေကိုလည်း လေးစားရာ ရောက်ပါတယ်။

Blog ရေးသူတွေ သတိထားသင့်တဲ့ အချက်တစ်ခုပါ။ ...ဆိုပြီး အကြံပေးတဲ့သူကပေး

အော် ..ခက်နေပါပီ နိုင်းနိုင်းရေ
ဒီလိုပဲပြန်ပြောခွင့်ပေးပါနော်..

ဟုတ်ကဲ့ ရေးတဲ့ရက်စွဲကို ကြည့်ရင် သိသာပါတယ်
နိုင်းနိုင်း အရင်ရေးခဲ့တာပဲလေ
ဒါပေသိ အဲဒီရေးတုန်းက ကျမမဖတ်ခဲ့မိဘူး
ဖတ်ခဲ့ဘူးတဲ့ဟာဆိုရင် ကျမ အမြဲ credits go to ဆိုပြီး လုပ်လေ့ရှိပါတယ်
ဒီတစ်ခါက မေးလ်ကလဲရတာမဟုတ်တော့ နာမည်လဲမတွေ့မိလိုက်ပါဘူး
ဒီလိုအဆိုအမိန့်တွေက ကျမတို့လို အင်တာနက်ကြွက်တွေအတွက် စာတစ်ခုချင်းလိုက်စုနေမိတာမျိုးမဟုတ်ပဲ တွေ့မိတဲ့ နေရာကနေ ဒေါင်းလုပ်ချပြီး ကိုယ်တွေးမိတာလေး ပြန်ရှဲရုံသက်သက်ပါပဲ။ အဲဒီအတွက်လို့ ကျမတို့ ခင်မင်ရင်းနှီးကြတဲ့ ဘလော့ဂါအချင်းချင်းကြားထဲမှာ ဘာမှ ခံရခက်တဲ့ခံစားမှုမျိုးတွေမပေါ်ဖူးပါဘူး။ (ကိုယ်တိုင်ခံစားရေးဖွဲ့ထားတဲ့ ကဗျာလို့ ဘာသာပြန်လိုမျိုးကလွဲရင်ပေါ့လေ) ဒါနဲ့ စကားမစပ် စာဖတ်သူတွေက အဲလို သူခိုးလက်က သူဝှက်လုတွေထိ ပြောရလောက်အောင် ဘာတွေဘယ်လောက်ထိ နစ်နာထိခိုက်စေတယ်လို့ စဉ်းစားမိလို့လဲဆိုတာ စိတ်ဝင်စားပါ၏။ အမှန်မှာက ကောင်းတဲ့စာပေလေးတွေ ကိုယ့်နား အသိုင်းအ၀ိုင်းလက်လှမ်းမီသလောက် ဖတ်ဖူးဖို့ ဖတ်မိဖို့ ရည်ရွယ်ချက်လေးကို နဲနဲလောက်ခံစားပြီး အမြင်ကျယ်ကျယ် နားလည်ပေးနိုင်ကြမယ်ဆိုရင် အားလုံးငြိမ်းချမ်းပျော်ရွှင် အပန်းပြေနိုင်ကြမယ်လို့ မျှော်လင့်ရင်း ဒီစာလေး ရေးဖို့ တွန်းအားပေးတာတွက် ကျေးဇူးတင်ပါတယ်။

ပို့စ်တူနေတာအတွက် ဖြေရှင်းတာမဟုတ်ပေသိ အမြင်ရှင်းအောင် ရီပလိုင်းလေးပြန်ရေးထားပါတယ်။ ကျမအံ့သြတာက ဒီဆီဗုံးမှာလာပြီးမကျေမနပ်အော်ထားတဲ့သူတွေက အရင်ကကျမဆီမှာ တခါမှလာဖတ်ဖူးပုံမရတဲ့ ပရိတ်သတ်တွေများလားမသိဘူးနော် ဘာဖြစ်လို့တုန်းဆိုတော့ ကျမရဲ့ credit goes to ပေးလေ့ရှိတဲ့ အလေ့အထအမူအကျင့်လေးကို မသိသလို ဒီလို တခါတရံ ဖြစ်သွားတတ်တာလေးပေါ်မှာ အမြင်ကျယ်စွာ ခင်မင်စွာ ဖြည့်စွက်တွေးပေးနိုင်တဲ့ မေတ္တာဆိုတဲ့ စိတ်လေးလုံးဝမရှိတာ မထားနိုင်တာကိုပဲခံစားမိရင်း စိတ်မကောင်းဘူးလို့ပဲ ပြန်ပြောခွင့်ပြုပါ
ပြီးတော့ နိုင်းနိုင်းဆိုတာ ကျမ မြန်မာဘလော့ကို အင်တိုက်အားတိုက်ရေးဖြစ်အောင် ကွန့်မန့်တွေပေးပြီး ပြုစုပျိုးထောင်ပေးခဲ့ဖူးတဲ့ သူတစ်ယောက်ပါဆိုရင် ..... နိုင်းနိုင်းက သူပျိုးခဲ့တဲ့ပန်းအပေါ်မှာ သူထားတဲ့မေတ္တာက သွေးခွဲလို့မကွဲဘူးလို့ပဲ ထပ်ပြောပါရစေ
အားလုံး ကျေနပ်ပျော်ရွှင်ပါစေ :)

မှတ်ချက်။ ။ ကျမကတော့ ကျမရဲ့ ဘလော့မှာရှိတဲ့ ရေးထားတဲ့ မည်သည့်အကြောင်းအရာမဆို စီးပွားရေးအမြတ်ထုတ်တဲ့ရည်ရွယ်ချက်မျိုးမဟုတ်ခဲ့ရင် လိုသလိုသုံးသက်ဝေလို့ပဲ အသိပေးထားပါရစေနော်။ ဒါပေသိ တစ်စုံတစ်ရာ အကြံပေးတာ၊ တိုင်တာမျိုးလုပ်ချင်ရင်တော့ ကျမကိုပဲ အရင်ဆုံးမေးလ်လေးပို့ပေးခြင်းအားဖြင့် ဘလော့ရေးသူ၊ ဘလော့ဖတ်သူ နဲ့ ဘလော့တွေကို ကိုးကားသူများအားလုံး ပျော်ရွှင်ငြိမ်းချမ်းပါစေလေ။

5 comments:

Anonymous said...

ပြောလိုက်ရင်ကတော့ ဖြူးနေတာပဲ ဘလော့ဂါတွေ ပညာတတ် ပညာရှိပုံ သိပ်လုပ်ပြတတ်တယ်..

Anonymous said...

အစ်မရယ်
စိတ်ရှုပ်မိတယ်
post တူတဲ့ ကိစ္စကြောင့် မဟုတ်ဘူး

ကျွန်မတို့ လူတွေ အလုပ်မရှိ အလုပ်ရှာနေကြလို့

ဒါထည့်ပြောရမယ့် ကိစ္စကို မဟုတ်ဘူး
ဘယ်သူ့ မူပိုင်မှ မဟုတ်တဲ့ မူရင်း အဆိုအမိန့်ရှင်တွေရဲ့ နာမည်ပါပြီး ကိစ္စကြီးကို

တခါတခါ လူတွေဟာ မဆိုင်တာတွေနဲ့တိုင်ပတ်နေမယ့် အစား (အိမ်မှာ ကြောင်ရှိရင်) ကြောင်ရေချိုးပေးနေတာကမှ အဓိပ္ပါယ်ရှိဦးမယ်

Anonymous said...

Attn: to above Anonymous
"တခါတခါ လူတွေဟာ မဆိုင်တာတွေနဲ့တိုင်ပတ်နေမယ့် အစား (အိမ်မှာ ကြောင်ရှိရင်) ကြောင်ရေချိုးပေးနေတာကမှ အဓိပ္ပါယ်ရှိဦးမယ်"
If so, why you never do this & come here to put comment?
"ဘယ်သူ့ မူပိုင်မှ မဟုတ်တဲ့ မူရင်း အဆိုအမိန့်ရှင်တွေရဲ့ နာမည်ပါပြီး ကိစ္စကြီးကို"
If so, why this blogger never mention Ma99 name here? Because...the last sentence is Ma99 feeling of own words. It's owned by Ma99.

Childish said...

Well,
When you put free download links for e-books, songs on your page, do you really asked permission from a real owner? No!
(Even if you ask, those artists will not allow you because they're not making them for free. It's simple you cannot buy it, so you steal it, ha ha)
When you search pictures from Google to put on your blog, do you give a credit to the owner? Probably not!
When our famous singers like Lay Phyu, Myo Gyi take a tune from foreign artists to put in their burmese lyrics for you all to listen, do they ask permission from them? They don't even give a credit. We people used to believe it's their own creation.
No one is innocent, even you, the readers of this post, if you steal pirated version of software, songs, ha ha.
Why do you want to make noise?
Enjoy living in this free world, ha ha!

MELODYMAUNG said...

eek :(
မသိလိုက်လို့ပါလို့ ပြောလဲ ရဘူး
ဟူးးးးးးးး ရှားပ :(
စကတည်းက ၉၉နာမည်မပါလို့ဖြစ်တာကို
မသိလို့မပါလိုက်တာပါလို့ပြောနေတာပဲဟာကို
နောက်မှ ခုမှသိလို့ ထည့်လိုက်ပါပီဆိုမှ
အိုးစွပ်ခွက်စွပ်စားမိပဲနဲ့ ဇွတ်
အိုးကမပူ စလောင်းကပဲပူ ဇွတ်
သူတို့ကကျ နာမည်အရင်းတောင်ဖေါ်ပဲနဲ့ သူများကိုကျလာလာပြော ဇွတ်
ဖျက်ချင်တိုင်းဖျက်ပစ်လဲရပါလျက်နဲ့ freedom to describe with each right ကို လေးစားသောအားဖြင့် ဒီလောက်လက်ခံပေးထားတာကို ဇွတ်
အဲဒီဇွတ်တွေသာ ပြည်တွင်းမှာရှိပြီး နအဖ ရဲ့ မဟုတ်တာမှန်သမျှ ခုလိုဇွဲနပဲနဲ့ ပြောရဲဆိုရဲဝေဖန်ရဲလို့ကတော့ yoyo! ခုတော့ ဇွတ်
ဒါပေသိ လက်စသတ်တော့ ဖင်ထောင်အော်နေတဲ့သူရဲ့ ip address ကတစ်ခု၊ နှစ်ခုတည်း အဟီး
ရည်ရွယ်ချက်ကဘာလဲဆိုတာ တို့သိလိုက်ပါပီ ဇွတ်

ဟုတ်ကဲ့ နားလည်ပေးတဲ့သူများအားလုံးကို အဖြူအမည်းသည်းကွဲစွာ ကျေးဇူးတင်ပါတယ်။
နောက်ထပ်ဆူညံသံများကိုတော့ အားနာစွာ ဖျက်ခွင့်ပြုကြပါတော့နော်..

Let's Enjoy blogging and peaceful.

ွှThanks Childish 4ur comment with ur opinion :-)