Thursday, November 27, 2008

Networking နဲ့Programming....ဘယ်ဟာပိုလွယ်သလဲ????

Networking နဲ့Programming....ဘယ်ဟာပိုလွယ်သလဲ????

အဲဒီမေးခွန်းနဲ့ပတ်သက်ပြီး ကျမအမြင်လေးရေးခဲ့ဖူးတာ ဒီအတိုင်းပါ။

programming လဲလုပ်တယ် hardware & networking လဲလုပ်တတ်တယ်
service center အနေနဲ့ မိုးကုတ် KMD မှာ ၁နှစ်ခွဲလောက် စာသင်ရင်း တာဝန်ယူဖူးတယ်
အဆင်ပြေသလောက်ကိုယ်လုပ် မပြေတာ မန်းလေးထိပို့ အဲဂလိုနဲ့ ရန်ကုန်ကို လာတော့ hardware & networking အတွက် အလုပ်မရဘူးဗျ
Yangon KMD က နာ့ကို sales မှာပဲအလုပ်ခန့်ချင်တယ်တဲ့ ကဲ
မိုးကုတ်မှာ စာမသင်ခင်ကတည်းက C/C++ နဲ့ program တွေရေးခဲ့ဖူးတယ်
ရန်ကုန်မှာ programming ဘက်ပြန်လိုက်ပြီး အထူးသဖြင့် web development လုပ်တယ် ပိုအဆင်ပြေတယ်
ဝါသနာပါလို့ ရန်ကုန်က ရုံးအလုပ်တစ်ခုမှာလဲ sales & marketing တာဝန်ယူရင်း ရုံးရဲ့ hardware & networking တွဲကိုင်ပေးတယ် အဆင်ပြေပါတယ် (အလကားတွဲလုပ်ပေးတာကိုး)
အဲဂလိုနဲ့ စင်ကာပူမှာ လာအလုပ်လုပ်ဖို့ကျ သေချာ လမ်းကြောင်းရွေးတော့ ဖြစ်နိုင်ချေရှိတာရယ် ပိုဝါသနာပါတယ် ထင်ရတာရယ်ကြောင့် programming အနေနဲ့ web developer လုပ်ဖို့ပဲ ဆုံးဖြတ်ပြီးလာခဲ့ရင်း ခုတော့လဲ web developer အနေနဲ့ပဲ programming ဘက်လုံးဝရောက်နေပြန်ပါတယ်။ ၀ါသနာအရကတော့ နှစ်ခုစလုံးစိတ်ဝင်စားလို့ရှိရင် လွယ်တယ်လို့ပြောလို့ရပေသိ specialization အနေနဲ့ဖြစ်ဖြစ် ကိုယ့်အတွက် professional ဖြစ်ဖြစ်ကတော့ နှစ်ခုစလုံးလုပ်ကြည့်ရင်း အားသန်တဲ့ဟာ ပိုလွယ်တဲ့ဟာက လူတိုင်းအတွက်မတူသလိုပါပဲလေ။ သူ့ပညာနဲ့သူ တဘက်ကမ်းခတ်တတ်အောင်ပဲလုပ်ဖို့ခက်ပါတယ်။ အမှန်မှာက ကျွမ်းကျင်ရာလိမ်မာပဲထင်တယ်။ အင်း..တော့ပစ်ချော်သွားပီလားမသိဘူး။ ပြန်ပြီးနိဂုံးချုပ်ရင် အတွေ့အကြုံအရတော့ hardware & networking က တကယ်ပဲ straight forward ဖြစ်ခဲ့တယ်။ သိပ်ပြီး challenging မဖြစ်ခဲ့ပါဘူး။ (ကိုယ်က မိန်းကလေးမို့ အလုပ်ရှာရခက်တာကလွဲရင်လေ) programming ပိုင်းကတော့ တချိန်လုံး challenging ဖြစ်နေရုံမက လိုက်လုပ်လို့ကို မပီးနိုင်မစီးနိုင်ပဲလေ ခုလဲ web analytic tools တခုဖြစ်တဲ့ omniture သုံးပြီး tagging တွေလုပ်နေရတာမို့ ကိုယ်ရွေးတဲ့လမ်း ကိုယ်ဆက်လျှောက်ရုံပဲဗျိုးးးးးး :P

စာကြွင်း။ ။ ကျမပြောတဲ့ challenging ကိုရှာမတွေ့ဘူးဆိုတဲ့သူတွေကို ပြန်ပြောချင်တာကတော့ dot net မှာ ဆိုရင် 2.0 လုပ်တုန်း 3.0, 3.5 လိုက်လုပ်ဦးဟဲ့ ပြီးတော့ sharepoint server လိုမျိုး silver light တို့ wpf တို့လိုမျိုးလုပ်ရဦးမတဲ့တို့ flash မှာဆိုလဲ action script 2 ကနေ 3 ဖြစ်ပြန်ပြီ
အဲဒီလိုနဲ့ပဲ challenging ဖြစ်နေတယ်ပြောတာပါ။ cosmetics တွေ တမျိုးပြီးတမျိုးအသစ်ပေါ်တိုင်း မိန်းကလေးတွေက ပိုက်ဆံကုန်မှာလောက်တော့ don't care, သာတောင်ပျော်သေး ဆိုတဲ့သဘောထားမျိုးကို programmer တွေလဲ new updated version နဲ့ new technology တွေပေါ်တိုင်း challenging ကို အရသာတွေ့နိုင်တာမျိုးကိုပြောတာပါလေ။

(လွတ်လပ်စွာ သဘောကွဲလွဲကြတိုင်း အငြင်းအခုန်ပြင်းထန်လို့ ရန်ဖြစ်ပြီး ပွဲသိမ်းတာမျိုးမဟုတ်ခဲ့ပဲ မြန်မာအိုင်တီပရိုမှာ အပြုသဘောဆောင်တဲ့ ကိုယ့်အတွေးကိုယ့်အမြင်လေးတွေကို အေးဆေးစွာတင်ပြ ဆွေးနွေးထားတဲ့အခါမျိုးတွေများကျတော့လဲ ငြိမ်းချမ်းစွာဖလှယ်ခွင့်ရဲ့ အရသာကို ထင်ထင်ရှားရှားခံစားခဲ့ရတယ်)

5 comments:

သဉ္ဇာ - Thinzar said...

သဉ္ဖာလည်း programming ပိုင်းဖက်ကို ပိုအားသန်ပါတယ်။ သဉ္ဖာ့အတွက်တော့ networking အပိုင်းက ပိုပြီး ဦးနှောက်ခြောက်ဖို့ ကောင်းပါတယ်။ challenging လည်း ပိုများတယ်လို့ ထင်တာဘဲ။ Final Year Project ကို networking နဲ့ ပါတ်သက်တာ လုပ်ပြီးကတည်းက တာ့တာ ပြလိုက်တာဘဲ။

networking ပိုင်းက ပို technical ဆန်ပြီး programming ပိုင်းက logic ပိုဆန်တယ်လို့ ကောက်ချက်ချရင် ရမယ်ထင်တယ်။ တစ်ခုခု error တက်လာရင် programmer တွေက debug လုပ်ရသလို network သမားတွေက troubleshoot လုပ်ရပါတယ်။ နှစ်ခုစလုံးကတော့ သူ့ထက်ငါ အပြိုင် challenging ဖြစ်တာဘဲ။ ဒါပေမယ့် အခု ကမ္ဘာ့ ဈေးကွက်မှာတော့ network သမားတွေရဲ့လစာ ပိုကောင်းပါတယ်။ senior programmer တစ်ယောက်ရဲ့လစာနဲ့ junior network analyst တစ်ယောက်ရဲ့လစာ ညီတူညီမျှ နီးနီးလောက်ကို ရှိပါတယ်။

MELODYMAUNG said...

Thanks a lot for your valuable comment, sis.
Nice to know we are on same board naw

Myo Kyaw Htun said...

ဘယ်ဘုတ်မှာရဲဟင်? ဒလဆိပ်ကမ်းမှာကပ်ထားတဲ့ မော်တော်ဘုတ်ရေးရား? :P

MrDBA said...

မလေးရှားနဲ့ စင်ကာပူ လှေဘယ်လိုအတူစီးလဲဟင် မမီ။ :P

ksanchaung said...

မိန်းမနဲ့ ယောက်ျား ဘယ်သူသာလဲ မေးသလိုဖြစ်နေပြီ။ နားအေးပြီးရော မင်းတို့မိန်းမတွေပိုသာပါတယ်ကွာလို့ ဖြေရမလို ဖြစ်နေပြီ။