Saturday, November 1, 2008

Great Greeting To the Earth

စက်ရပ်သတင်း

မယ်လိုဒီ နေမကောင်းပါ အသီးများ မုံ့များနှင့်လူနာလာမေးနိုင်ကြောင်း၊
သို့သော် ကြိုတင်appointment ယူရန်လိုအပ်ပါကြောင်း၊
ဖြစ်စဉ်မှာ ယခင်သီတင်းပတ်၏ ဗုဒ္ဓဟူးနေ့တွင် ကုဒ်ဒင်းများနှင့် အိပ်ရေးပျက်ခြင်းသည်တစ်ကြောင်း၊ ဂဏာန်းသင်္ချာများအား အင်တိုက်အားတက်တွက်မိသည်တစ်ဖုံ၊ သုံးရက်ဆက်တိုက်အိပ်ရေးပျက်သောဒဏ်အကျိုးဆက်ဖြင့် သွေးအားကျ၍ ရုတ်တရက်ရှော့ခ်ဖြစ်ကာ Jurong East MRT ၏ Toilet တွင် Great greeting to the Earth အဲ..လေ.. မူးလဲပြုတ်ကျကာ မေးကွဲသွားကြောင်း၊ မျက်နှာလဲ အညိုအမည်းစွဲကာ သွားနှစ်ချောင်းခန့်ပဲ့သွားကြောင်း၊
Toilet ဘေးရှိ ဆေးခန်းတွင်ပင် dressing လုပ်၍ ၅ရက်ခန့်ပလာစတာ ကပ်ထားရန်လိုကြောင်းနှင့် နက်ဖန် ဆန်းဒေးတွင် လူလူသူသူ လှတပတ လျှောက်လည်နိုင်ပြီဖြစ်ကြောင်း၊
သို့သော် တနင်္လာနေ့တွင် အလုပ်စဆင်းရမည်ဖြစ်၍ စနေ၊ တနင်္ဂနွေနေ့များတွင်လည်း ပဲသီး၊ဘူးသီးဖြစ်နေကြောင်း၊
သို့ဖြစ်၍ ပို့စ်များအတင်ကျဲနေဦးမည်ဖြစ်ကြောင်း မယ်လိုဒီ၏ ဘလော့ဖတ်ပရိတ်သတ်များအား သိစေရန် ကြေငြာအပ်ပါသည်။

10 comments:

sin dan lar said...

ဖြစ်မှဖြစ်ရလေ..လူနာလာမေးမယ်လေ..
လိပ်စာလည်းမပါဘူး...:(((

khin oo may said...

အလုပ်ရပြီဆိုလို့ ဝမ်းသာလိုက်တာ အခြေကျပြီးရင် အဆက် မပြတ် ဖတ်ရတော့မယ်ပေါ့. သတိထားပါ. ကျန်းမာရေး ။ လူနာလာမေးပါတယ်။ စတော်ဘယ်ရီလေး နဲ့ စားပါ။
http://clipart.coolclips.com/300/tjm/tf05243/CoolClips_wb046299.jpg

Myo Kyaw Htun said...

ကျွတ်...ကျွတ်...ကျွတ် တနားပါဒယ်။

MrDBA said...

အနော်လဲ အိမ်ပြောင်းနေရလို့ လူနာကို ဒီကနေဘဲ မေးလိုက်ပါရစေဗျာ။ ကုဒ်ဒင်းတွေ ကူဖို့လိုရင်ပြောပါဗျို့ ..

မိုးကြယ် said...

မမီရေ ဒီတပတ်မအားလို့ နောက်တပတ်မှလူနာလာမေးတော့မယ်.

နောက်တပတ်ကျရင် ထပ်လဲဦးနော်... သတိထားပြီးမှလဲ.. အဲဒါမှသွားမကျိုးမှာ..

ဟီးဟီးဟီး

Anonymous said...

သတိတ၇ားထားပါ။ မိမိကိုယ်ကိုသိတ်မနှိတ်စက်ပါနဲ.။ မတ္တာပို.ပေးနေပါတယ်၊ အမြန်ဆုံးကျမ်းမာပါစေ..

HAK

MELODYMAUNG said...

sdl, KOM, MKT, KoDB, MoeKyel, HAK>> အားလုံးကျေးဇူးပါနော်

CMS said...

အမြန်ဆုံးနေကောင်းပါစေ အန်တီမီ :D

တောင်ပေါ်သား said...

သြော် လုပ်ပြီ ငါ့အမကြီးတော့ ဖြစ်ရမယ် .. ကျန်းမာရေးကို ဂရုစိုက်ဦး အမရေ အမြန်ဆုံး နေကောင်းပြီး ကုတ်နိုင်ပါစေ။ :P

missthonnthonn said...

အသိတောင်နောက်ကျသွားတယ်။ ဂရုစိုက်နော် မမီ။