Wednesday, November 26, 2008

လုပ်ငန်းခွင်အတွင်း ဆောင်ရန်ရှောင်ရန်

လုပ်ငန်းခွင်အတွင်း ဆောင်ရန်ရှောင်ရန်ဆိုလို့ အများကြီး အသုံးတည့်မယ်လို့တော့ အာမမခံဘူး
ကျမအလုပ်မရသေးခင်က သွားတွေ့မိတဲ့ employment agency တစ်ခုက ကချင်လူမျိုး အစ်မတစ်ယောက်က သင်ပေးလိုက်တာလေးပါ။ Probation ကာလမှာ သုံးခွန်းသောစကားပဲဆိုတဲ့။အလုပ်ဆက်ခန့်စေချင်ရင်တဲ့။ ပြီးတော့ အလုပ်ကိုပဲပိုကြိုးစားလုပ်ပြတဲ့။ အဲဒီသုံးခွန်းက ဘာစကားလဲဆိုတော့ Yes, No and Sorry တဲ့။(ဟုတ်ကဲ့၊ ဟုတ်ပါတယ်၊ မဟုတ်ပါဘူးနဲ့ မှားသွားရင်တောင်းပန်တာတဲ့လေ) အဟီး..ကျမကတော့ မလိမ္မာဘူး။ သင်ပေးတုန်းခဏပဲမှတ်ထားတာ။ ပြီးတော့ စွာတတ်တဲ့ကျမ ဒီနေ့တော့ team mate ကသတိပေးလာတယ်။ သူက indonesia ကလာတာ။ singaporean မဟုတ်တဲ့ other peoples ချင်းမို့ထင်တယ်။ သူနဲ့ကအဆင်ပြေတယ်။ သူဘာပြောလဲဆိုတော့ “မင်း အခု အလုပ်ခွင်ထဲမှာရှိတဲ့သူတွေက အားလုံး nice person လို့မထင်ပါနဲ့တဲ့။ စကားပြောရင် သတိထားပါတဲ့။ ကိုယ်က ကိုယ့်အလုပ်အချိန်မီပီးအောင် အကူအညီတောင်းလဲ သူတို့က attitude တွေ တမျိုးလေတဲ့။ ဘာဖြစ်ဖြစ် ပြဿနာတခုခုပေါ်ရင် စီနီယာနဲ့ သူ့ကိုအရင်ပြောပြပါတဲ့။ ကိုယ်တိုင် အရင်မဖြေရှင်းမိစေနဲ့တဲ့”

ဖြစ်ပုံကတော့.. ဒီနေ့ ကျမ ကိုင်ထားတဲ့ ပရောဂျက်ကို server မှာ တင်တော့ error တစ်ခုဖြစ်နေတာနဲ့ testing အတွက် တစ်ခါ ၊ အမှားရှာတွေ့လို့ ပြင်ပြီးလို့ ရှိရင် နောက်ထပ်တစ်ခါလောက်လေး server ပြန်တင်ပေးဖို့ အကူအညီတောင်းမိပါတယ်(ကိုယ့်မှာလဲ အဲဒီ server မှာ hosting လုပ်ဖို့ အခွင့်မှမရှိပဲကိုး) ဘာပြန်ပြောလဲဆိုတော့ အဲလို ထပ်ခါတလဲလဲ လုပ်လို့မရဘူး။ သေချာ အပြင်မှာ စမ်းပြီးမှ final version မှ တင်လို့ရမယ်တဲ့။ ကျမလဲ ထုံးစံအတိုင်း ထစ်ကနဲဆို ဒေါကပွနှင့်ပြီးသား။ “ငါ မင်းကို ပြချင်တယ်၊ ငါ လုပ်ထားတုန်းက logic အရရော coding အရပါ မှန်အောင် run နေပြီးသား၊ မင်းရဲ့ staging server မှာမှ မင်းသုံးထားတဲ့ Ajaxtoolkit control တွေကြောင့် ကပေါက်ကချာဖြစ်လို့ ငါ့မှာ ထပ်စမ်းဖို့လိုနေတာလို့ ပြန်ပြောလိုက်တော့” အဟဲ သူက သဘောတူပြီး လိုက်လုပ်ပေးပါတယ်။(မနေ့ကတစ်ရက်လုံးလဲ သူ့ပရောဂျက် dead line ဆိုလို့ ကိုယ့် ဒီနေ့ dead line ကိုအသာမေ့ထားပြီး စိတ်ရှည်သီးခံ စောင့်ပေးနေခဲ့တာပေပဲလေ) ဒါပေသိ စီနီယာနဲ့ အဲဒီ team mate က ဘာဖြစ်လဲမေးတော့ ကိုယ်က ပွစိပွစိ ပြောပြလိုက်တာပေါ့။ စီနီယာကတော့ မဆူပါဘူး (ကိုယ်တွေ မှန်မှန်း သူသိတယ်လေ) ဘာပဲဖြစ်ဖြစ် team mate ကတော့ သတိပေးလာတယ်။ “မင်းပြောတဲ့ သူ့ရဲ့ မန်နေဂျာက ကိုယ်တွေရဲ့ office က အကြီးဆုံးနဲ့ တယ်ရင်းနှီးတယ်ဆိုပဲ။ မင်း အပြောမတော်လို့ သူစိတ်ဆိုးပြီး ပြဿနာရှာခဲ့ရင်တဲ့ မင်းကို ဘယ်သူမှ ကယ်လို့မရတော့ဘူးတဲ့”

အွန် .. စင်ကာပူမှာလဲ အဲလိုအဖြစ်မျိုးရှိတာပဲလား
အော်..မှတ်သားလောက်ပါရဲ့
အိုကေ အိုကေ နောက်နေ့ကစပြီး Yes, No & sorry ဆိုတဲ့ သုံးခွန်းသောစကားပဲဆိုဖို့ ကျင့်ရဦးမှာပ
ဟူးးးးးးးး လွယ်ဘူး Singapore ဆိုတာကလဲ Asia ပေပဲမဟုတ်လား။

5 comments:

MrDBA said...

ဘာမှဖြစ်ဘူး သုံးလလောက် ငြိမ်ငြိမ်လေးနေလိုက်။ တစ်ခါတစ်လေ သူ့ဘက် ကိုယ့်ဘက် စီနီယာချင်းတွေ့ပေးလိုက်။ နည်းပညာမှာဘဲ ကိုယ်အညံ့မခံနဲ့ သူများနဲ့ဆက်ဆံရမှာဆို စီနီယာကို အကူအညီတောင်း။ မိန်းခလေးဘဲဗျာ နဲနဲတော့ အခွင့်သာပါတယ်။ အနော်တို့ ယောကျာင်္းတွေသာ သတိထားရတာ။

ဟန်လင်းထွန်း said...

မိန်းခလေးပဲ အဆင်ပြေမှာပါ။ ကိစ္စမရှိပါဘူး။ :)

shin said...

ha ha...I absolutely agree with that... It's easier to work for a gal in IT field... cause most of the ppl are guys...

M.Y. said...

သြ..အလုပ်ရသွားတာ အကြောင်းလေးတွေမကြားပါလား။့ ကျွေးရမှာ..ကကျွေးရမှာပဲ. :P

MELODYMAUNG said...

ကွန့်မန့်မှာ လာအားပေးထားတာ သိုင်းခရု ဒါပေသိ
မိန်းကလေးငယ်ငယ်ဆို ဟုတ်မှာပေါ့ ဟွန့်
နာက အတက်ကြီးပီယေ :P

ကိုမောင်ရင်>>ကျွေးပါတယ်ဗျာ သူများ တံခါးလာခေါက်ရင်သာ တံခါးပိတ်မထားနဲ့..အဲ့ ဘိုင်ဒဝေး အနော့ကို ဖုန်းနံပါတ် မေးလ်နဲ့ပြန်ပို့ပေးပါဦး