Sunday, November 2, 2008

ဝေးလွင့်ခြင်းရဲ့သံစဉ်များ

ဘယ်ဘက်ရင်အှုံဆီက သေတ္တာထဲ
ကြင်နာသူအဖြေမရှာလဲ
တကယ်သာ အသေအချာပဲ
သံစဉ်ချိုတွေ တည်နေဆဲ..

ထာဝစဉ်သာ အဖြူရောင်
တခါတလေမှာ သူပန်းရောင်
ဖြူစင်ချင်ယောင် သူဟန်ဆောင်သမို့
ကြင်နာသူ တကယ်မကြားခဲ့လေသလား...

လောကဓံလေလှိုင်းကြား
ဝေးလွင့်ခြင်းရဲ့သံစဉ်များ
ရင်နာစွာလေ လွင့်မျောသွား
(ခုတော့) မဖြေသာတဲ့ တစ်ကိုယ်ရေညများ...

5 comments:

khin oo may said...

ဖြေသာအောင် အသစ်ကလေး ရှာပါလား။ :P

အရက်နာကျရင် အရက်နဲ့ဖြေရသလို အချစ်ကို အချစ် နဲ့ ကုလို့ရတယ်လို့ သော်တာဆွေ ကပြောခဲ့တယ်။သူငယ်စဉ် ကပေါ့။

MELODYMAUNG said...

အသစ်ကြီးချိဒယ် အဟိဟိ :P
ဘူလဲရှိုတာကြောဘူး အတေတတ်ချင်တတ် ဒါပဲ ဟွင်းဟွင်း

missthonnthonn said...

ငါ့အမတော့ အသည်းလည်းကွဲ၊ မေးလည်းကွဲ ဖြစ်နေတယ်ထင်ပါ့။

MrDBA said...

အဟမ်း အဟမ်း ... အနော်ရှာပေးရဦးမလား .. ဟီးဟီး

အရုပ်ကလေး said...

ကဗျာလေးရဲ့ အပိုဒ်အားလုံး ကောင်းတယ်
စိတ်အသိထဲ စွဲငြိစေတဲ့ ကဗျာလေးပါ
ဆက်လက် ရေးဖွဲ့နိုင်ပါစေ